Saturday, March 20, 2010

ဂြိုလ်သားနဲ့ တူတဲ့ လူသား

ဂြိုလ်သားနဲ့ တူတဲ့ လူသား



အလွန်ကို ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့ ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။ Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။






Gene တစ်ခုဟာ Mutant ဖြစ်ပြီး လူခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲစေခြင်းပဲ ဖြစ်ပါတယ် ။ Mutant ဆိုတာ ကတော့ gene တွေ ပုံ သဏ္ဍာန်ပြောင်းလဲခြင်းလို့ အလွယ်တကူမှတ်ယူ နိုင်ပါတယ် ။ Progeria ရောဂါနဲ့ မွေးဖွား လာသူဟာ နှစ်ပေါင်း ၃၀ လောက်တော့ အသက်ရှင်လျှက်နေထိုင် နိုင်ပါတယ် ။ အချို့ ကတော့ ဆယ်ကျော် သက် အသက်နှစ်ဆယ်လောက်ထိပဲ အသက်ရှင်ဖို့ အခွင့်အလမ်းရှိပြီး လွန်စွာ ရှားပါးသော တစ်ယောက် တစ်လေ မှသာလျှင် အသက် ၄၀ လောက်ထိကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။






ဒီရောဂါ ဖြစ်စဉ်ဟာ အလွန်ဖြစ်ပွားမှု နည်းပါးပြီး 8 million အရှင်မွေးတွေမှာမှ ၁ ယောက်သာလျှင် ဖြစ်နိုင်ပါတယ် ။ ဒီ Leon Botha ဆိုတဲ့ လူကတော့ Progeria ရောဂါခံစားနေရပြီး အသက် ၂၄ ရှိပြီဖြစ်ပါတယ် ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သူဘယ်လောက်ထိ ဆက်လက် အသက်ရှင်နိုင်မလဲဆိုတာ မသိနိုင်ပါဘူး ။ ဒါပေ မယ့် သူကတော့ တကယ့်ကို ဂြိုလ်သားပုံသဏ္ဍာန်နဲ့ ဆင်တူလှပါတယ် ။





ဒီရောဂါအကြောင်းကို အခြေခံပြီးတော့ Mr.Amitabh က bollywood movie PAA မှာ AURO ကို ဖန်တီး ခဲ့ပါတယ် ။



ကဲ ကျွန်တော်တို့အားလုံး Leon Botha ဆိုတဲ့ လူ ဆက်လက် ပြီး နှစ်ပေါင်း များစွာ အသက်ဆက်ရှင်သန်နိုင်ဖို့ ဆု တောင်း ကြရအောင် ။



" Leon Botha ခင်ဗျား နောင်နှစ်ပေါင်းများစွာ ကမ္ဘာမြေကြီးပေါ်မှာ ဆက်လက် ရှင်သန်နိုင်ပါစေ "

စာရေးသူ....သက်တန့်ချို (၂၀.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. Leon Botha က model ဖြစ်လာသေးတာပဲ၊ ဘဝကို အရှုံးမပေးဘူးပေါ့

    ReplyDelete
  2. သနားပါတယ်နော်။ သူ့ လဲ သူများတွေလို လှချင်ရှာမှာဘဲ။

    ဒါပေမယ့် ကိုသက်တန့် ချိုဆုတောင်းသလိုဘဲ

    Leon Botha ဆိုတဲ့ လူ ဆက်လက် ပြီး နှစ်ပေါင်း များစွာ အသက်ဆက်ရှင်သန်နိုင်ဖို့ ဆု တောင်း ပေးလိုက်တယ်လို့ ။

    ခင်တဲ့
    ကျောပိုးအိတ်

    ReplyDelete
  3. ရောက်ခဲ့ပါတယ် ကိုသက်တန့်ရေ။ လင့်ခ်ချိတ်သွားပါတယ်ရှင်

    ReplyDelete
  4. ရင်တုန်စရာကြီး..... သက်တန့်ရာ....
    သနားပါတယ်ဟယ်.....

    ReplyDelete
  5. Mila ရေ..လင့်လေးချန်ပေးစေချင်ပါတယ် ပြန်လင့်လို့ရအောင်လေ..း)

    ReplyDelete
  6. တစ်ချို့ တစ်ချို့ တွေ
    ဘ၀ ပေး ကံကြမ္မာ ကြောင့်လားး..
    ရှေး က ကုသိုလ် ကြောင့်လားးး..
    အရမ်း သနားဖို့ ကောင်းတယ် ...

    ဆုတောင်းပေးပါတယ် ဗျာ ...
    နှစ်ပေါင်းများစွာ
    ဆက်လက် နေထိုင်သွားနိုင်ပါစေ ... !

    ReplyDelete
  7. မွေးတဲ့နေ့မှစ နှစ်တရာတိုင်

    ReplyDelete