Monday, March 22, 2010

စိုက်ပျိုးခင်း အနုပညာ

စိုက်ပျိုးခင်း အနုပညာ



နှစ်စဉ်နှစ်တိုင်းမှာ Aomori နိုင်ငံ Inakadate ရဲ့ မြို့တော်မှ လယ်သမားများဟာ သီးနှံစိုက်ခင်းများနဲ့ ဖန်တီး ထားတဲ့ အနုပညာတွေကို ပြသလေ့ရှိပါတယ် ။ သူတို့ဟာ နှစ်စဉ် ခရမ်းရောင်နဲ့ အ၀ါရောင်ရှိတဲ့ Kodaimai ဆန် ကို သူတို့ ဒေသအစိမ်းရောင်အရွက်အမျိုးအစားဖြစ်တဲ့ tsugaru-roman နဲ့ တွဲဖက်စိုက်ပျိုးလေ့ရှိပါတယ် ။ ဒီနှစ် မှာ တော့ ထူထဲတဲ့ မြက်ပင်များသဏ္ဍာန် နဲ့ Hokusai ရဲ့ ၃၆ ဖက်မြင်နိုင်တဲ့ ဖူဂျီတောင်ကြီးကို စိုက်ခင်း တွေပေါ်မှာ ဖော်ဆောင်ပြသနိုင်ခဲ့ပါပြီ ။ ဒီဖူဂျီတောင်စိုက်ခင်း အနုပညာပြသမှုကို စက်တင်ဘာလ လယ်သမား တွေ ကောက်ပဲသီးနှံတွေကို မရိတ်သိမ်းခင်အထိ တွေ့မြင်နိုင်ပါတယ် ။



2006

2005

2002

၁၉၉၃ ခုနှစ်ကတည်းက Inakadate မှာ နေထိုင်သူတွေဟာ ဆန်စပါးတွေနဲ့ ပုံအမျိုးအမျိုးကို ရေးဆွဲခဲ့ကြပါတယ် ။ ဒီပုံတွေကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တွေ့ခဲ့ရတဲ့ စိုက်ပျိုးခင်း အနုပညာ ခြယ်သမှုများပဲ ဖြစ်ပါတယ် ။

Yonezawa, Yamagata prefecture, 2007

Yonezawa, Yamagata prefecture, 2006

Nishio, Aichi prefecture (2005, 2006)

Inakadate ဟာ ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံး သီးနှံစိုက်ခင်းတွေ ဖြစ်လာတဲ့အခါ ဂျပန်နိုင်ငံတွေမှ အခြား နေရာတွေကလည်း ဒီလိုမျိုး အနုပညာတွေကို ဖော်ဆောင်လို့လာကြပါတယ် ။

စာရေးသူ......သက်တန့်ချို (၂၃.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ကိုသက်တန့်ရေ အကိုကတော့ ရေးလိုက်ရင် ထူးထူးဆန်းဆန်းကြီးပဲ ဟောခုလည်းကြည့် theme logo ပြောင်းသွားပြန်ပြီ
    တော်လိုက်ကြတာနော်

    ReplyDelete
  2. ကိုသက်တန့်ရေပုံတွေအ၇မ်းမိုက်တယ်သိလား
    အစ်ကိုရောဒီပုံတွေဘယ်လိုများရှာတွေ့ထားတာလဲတကယ်မိုက်တယ်

    ReplyDelete