Tuesday, March 30, 2010

အံ့သြဖွယ်ရာ တောင်တက်ဆိတ်များ

အံ့သြဖွယ်ရာ တောင်တက်ဆိတ်များ



အလွန်ကို အံ့သြစရာ ကောင်းလောက်အောင် ထူးခြားတဲ့ တောင်တက်ဆိတ်များပဲ ဖြစ်ပါတယ် ။ သာမန်လူတို့ တက်ဖို့တောင် ခက်တဲ့ တောင်ထိပ်ဖျားတွေဆီကို သူတို့ ခွာတွေနဲ့ မြဲမြံစွာကုပ်တွယ်ပြီးတော့ တက်လေ့ ရှိပါတယ် ။ တောင်ကမ်းပါးယံတွေကိုတွယ်တက်တာကို ကြည့်ခြင်းအားဖြင့် သူတို့ခွာတွေရဲ့ မြဲမြံမှုကို တွေ့မြင်နိုင်ပါတယ် ။ သူတိုရဲ့ မျိုးစိတ်က Oreamnos americanus ဖြစ်ပြီး သူတို့ဟာ ပင်လယ်မြေမျက်နှာပြင်အထက် အမြင့်ပိုင်း တွေ မှာ နေထိုင်လေ့ ရှိပါတယ် ။











သူတို့ကို Rocky Mountain Goat လို့ ခေါ်ပြီး မြောက်အမေရိက မှာ နေထိုင်ကျက်စားလေ့ရှိပါတယ် ။ သူတို့မှာ အံ့သြစရာကောင်းတဲ့ နောက်တစ်ချက်က သူတို့ဟာ တောင်တက်နေရင်းနဲ့ တောင်နံယံတွေမှာ တွယ်ပြီး နား နေလေ့ ရှိပါတယ် ။ အထီးရော အမရော နှာယောင်တိုပြီး ရှည်လျှားနက်မှောင်တဲ့ ဦးချိုများရှိပါတယ် ။ ဦးချို တွေ က ၁၅ မှ ၂၈ စင်တီမီတာ ထိရှည်လျားပါတယ် ။ ဆောင်းရာသီမှာ သူတို့ရဲ့ သားမွှေးကာတွေဟာ အအေး ချိန် -50'F (-45.6'F) ထိခံနိုင်ရည်ရှိပြီး လေတိုက်နှုန်း 100 mph (160km/h) လောက်ထိကို ကာကွယ်နိုင်စွမ်း ရှိပါတယ် ။

စာရေးသူ.....သက်တန့်ချို(၃၀.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ၁ ရပြန်ပြီ။ အသည်းတယားယားနဲ့ ကြည့်သွားပါတယ်။

    ReplyDelete
  2. သြော်

    တောင်ဆိတ်ဆိုတာ အဲဒါကိုပြောတာနဲ့ တူတယ်နော်။
    တော်တော်ကဲတာဘဲ ဆိတ်တွေက။
း)

    ReplyDelete
  3. တောင်ဆိတ်ကလေးသနာပါတယ်

    ReplyDelete
  4. တော်တော် ကနာမညိမ်တဲ့ ဆိတ်တွေနော် အေးဆေးကိုမနေချင်ကြဘူး

    ReplyDelete
  5. စွန့်စားသွားလာ တောင်ဆိတ်များတဲ့ အသိဖူးလား

    ReplyDelete