Thursday, March 4, 2010

New Face Myanmar Models (NFMM)

New Face Myanmar Models (NFMM)



လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းက read more function မရတော့တာနဲ့ စိတ်ညစ်ညစ်နဲ့ ဆူးလေ လမ်းတစ်လျောက် လျောက်သွားမိတယ် ။ အခုတော့ read more လည်း ဖြုတ်လိုက်ပါတယ် ။ တစ်ချို့ကတော့ ပြောပါတယ် ။ Javascript တွေက တခါတလေကြောင်ပြီး အဲဒီလို အလုပ်မလုပ်တတ်ဘူးတဲ့ ။ ထားပါတော့ ။ အဲဒီလို လမ်းလျောက်လာနေရင်း ကျနော်နဲ့ ငယ်သူငယ်ချင်း အရမ်းခင်မင်ခဲ့တဲ့ သူရဆိုတဲ့ ကောင်နဲ့ လမ်းမှာ တွေ့ပါတယ် ။ သူနဲ့ မတွေ့ရတာ ၂ နှစ်ကျော်လောက်ရှိပါပြီ ။ ဒါနဲ့ ကျနော်တို့ လည်း လဖ္ဘက်ရည်ဆိုင်သွားပြီး ရှေးဖြစ် နောက်ဟောင်းတွေ ပြောကြတယ် ။ ပြောရင်းနဲ့ အင်တာနက်အကြောင်းရောက်လာတယ် ။ ဒါနဲ့ သူကတလောကမှ စင်ကာပူကနေ ပြန်လာတာပါ ။ ဒီကောင်က အရမ်းရိုးတယ် ။ မဟုတ်တာ ဘာမှမလုပ်ဘူး ဆိုတာလည်း ကျနော်သိတယ် ။ ဒါနဲ့ အင်တာနက်အကြောင်းပြောနေရာကနေ သူလည်း ဘလော့တစ်ခု လုပ်မလို့ စဉ်းစားနေကြောင်း အစပျိုးထားကြောင်း ပြောပါတယ် ။ အဲဒါနဲ့ ကျနော်လည်း ဟ ..ကောင်းတာပေါ့ကွ ငါ့မှာလည်း ဘလော့လုပ်ထားတာ ရှိတယ်လို့သူ့ကို ပြောမိတယ် ။ အဲဒီတော့ သူက ကျွန်တော့်ကို ဘာဘလော့လည်းလို့ မေးပါတယ် ။ ကျွန်တော်က သက်တန့်ချို ဆိုတဲ့ ဘလော့လုပ်ထားကြောင်း ဖြေလိုက်တဲ့အခါ ဟို ကောင်က ထရီပါတယ် ။ ကျွန်တော်က ဘာဖြစ်လို့လည်း မေးတဲ့အခါ ဟေ့ကောင် လူကို အရူးမှတ်နေလားတဲ့ မင်းရုပ်ကြီးခွေးချီသွားတာတောင် မှတ်မိတယ်တဲ့ ။

ငါ သက်တန့်ချို ဘလော့ကို နေ့တိုင်းဝင်ကြည့်တယ်တဲ့ ။ သူ့ ဘလော့မှာ တင်ထားတဲ့ profile photo မင်းမဟုတ်ဘူးတဲ့ ။ ဒီတစ်ခါတော့ ကျွန်တော်က ထရီလိုက်ပါတယ် ။ မင်းကို ငါ့ပုံ တင်ထားတယ်လို့လည်း ငါဘယ်တုန်းကပြောထားလို့လဲ လို့ ။ ငါ့ပုံအစစ်က ပို့စ်တွေထဲမှာ ရှာကြည့်မှ ရမယ်လို့ ပြောတဲ့အခါ သူက လုံးဝကို မယုံသေးပါဘူး ။ မင်းသက်တန့်ချိုဆိုတာ ငါကဘယ်လိုယုံရမှာလည်းတဲ့ ။ ဒါနဲ့ သူ့ကို ပါ အင်တာနက်ဆိုင်ခေါ် သွားပြီး ကျနော့်ဘလော့ကို log in ၀င်ပြလိုက်တဲ့အခါမှ ကျွန်တော့ကို ယုံသွားပြီး တဖုန်းဖုန်း ရိုက်ပါတယ် ။ ဘာဖြစ်လို့လည်း မေးတဲ့အခါ သူ့ဘလော့လည်း အစပြုထားတဲ့အကြောင်းပြောပြီး ကျွန်တော့လို (သက်တန့်ချို ) ကို သိရတဲ့အတွက် ပေါက်စီဝယ်ကျွေးမယ်ဆိုပြီး ပေါက်စီဆိုင် သွားကြပါတယ် ။ နောက်တော့မှ သူက သူ့ဘလော့ကို လုပ်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ် ။

သူက သူ့ဘလော့ကို New Face Myanmar Models လို့နာမည်ပေးထားကြောင်း ။ အဲဒီဘလော့မှာ မြန်မာနိုင်ငံက မျက်နှာသစ်မော်ဒယ်လေး တွေကိုသူက စင်တင်ပေးချင်းကြောင်း ( အံမာ ကြီးကြီးကျယ်ကျယ် ဒင်းက) နောက်ပြီး သူ့ဘလော့က နာမည်ကြီးလာမဲ့ မျက်နှာသစ်မော်ဒယ်တွေအတွက် အခွင့်အရေးတစ်ခု ဖြစ်စေချင် ကြောင်း ။ အဲဒီဘလော့မှာ ဟိုပေါ်ဒီပေါ်တွေ (မောင်နှမ အတူကြည့်မကောင်းတဲ့ ပုံတွေ) လုံးဝတင်မှာ မဟုတ်ကြောင်း ။ နာမည်ကြီး မော်ဒယ်များကိုလည်း တင်မှာ မဟုတ်ကြောင်း ။ သူအာမခံပေးတဲ့အချက်က သူ့ရဲ့စိတ်ဟာ 18+ site လုံးဝမဟုတ်ကြောင်း မိဘ မောင်နှမ အတူအကွ ကြည့်နိုင်ကြောင်း ။ အထူးသဖြင့် ရွက်ပုန်းသီးတွေကို မြေတောင်မြှောက်ပေးချင်ကြောင်း စသဖြင့် အရှည်ကြီး ပြောပါတယ် ။ နောက်ပြီး သူ့ဘလော့ လေးအကြောင်းကို ကျနော့် ဘလော့မှာ ရေးပေးစေချင်ကြောင်း ညနေကျလျှင် ဘီယာ တိုက်မည်ဖြစ်ကြောင်း ပြောပါတယ် ။ ( လာဆွယ်နေတာပါ ဘီယာမျက်နှာကလည်း ရှိတော့ ) အေးလေ မင်းဆိုက်က 18+ မဟုတ်ရင်ပြီးတာပဲ လုပ်ပေးပါ့မယ်ဆိုပြီး ဂတိခံလိုက်ရပါတယ် ။

သူ့ရဲ့ ဆိုက်လိပ်စာက http://newfacemmmodels.blogspot.com/ ဖြစ်ပါတယ် ။ နောက်တစ်ချက်က သူ့ဆိုက် ကို porn ဆိုက်ထင်ပြီး ညစ်ညမ်းတဲ့ စကားတွေ ပြောမှာ စိုးတဲ့အတွက် C-box ကို ဖြုတ်ထားကြောင်း ။ Comment များကိုလည်း Moderate လုပ်ထားကြောင်း ပြောပါတယ် ။ ကျွန်တော်လည်း ခေါင်းတညှိတ်ညှိတ်နဲ့ လုပ်ပေါ့ကွာ မင်းတို့ ခေတ်ပဲလို့ ပြောလိုက်ပါတယ် ။ သူ့နာမည်က Black dream prince ဆိုပဲ ။ အိမ်မက်မည်းမင်းသားကြီး လို့ ကျနော်က ခေါ်လိုက်ပါတယ် ။ ဘယ့်နှယ့် နာမည်ကိုက ။ ဘာပဲပြောပြော တစ်ခေါက်တစ်ခါ အရောက်လာကြဖို့ ဖိတ်ခေါ်လိုက်ရပါကြောင်းပါခင်ဗျား ။

(မှတ်ချက် ။ ။ သူက ဓါတ်ပုံဆရာလည်း ဖြစ်ပါတယ် ။ မော်ဒယ်ဖြစ်လိုသူများနဲ့ အင်တာနက်မှာ နာမည်ကောင်းကောင်းလေးနဲ့ ကျော်ကြားချင်ရင် သူ့ရဲ့ E mail- blackdreamprince@gmail.com ကို ဓါတ်ပုံ အမည်နဲ့ လက်ရှိအလုပ်အကိုင်နှင့်တကွ ပေးပို့နိုင်ကြောင်းလည်း ပြောပါသေးတယ် ။ နောက်တစ်ချက် သူ့ရဲ့အားနည်းချက်ကတော့ မြန်မာလို typing မရိုက်တတ်ပါဘူး ။)

စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. ကြော်ငြာခ မုန့်စားလိုက်ရတယ်ပေါ့လေ....
    ဒီလိုဘယ်ရမလဲ...ရန်ကုန်ရောက်ရင် မုန့်လိုက်ကျွေးဖို့ပြင်ထား..။
    ဒါဗြဲ...

    ReplyDelete
  2. အင်း..အမြန်ဆက်သွယ်ရမယ်..ဖိုးဖိုး၊ဖွားဖွားတို့ အဖို့ဝတ်စုံတွေ မော်ဒယ်လုပ်ပေးချင်နေတာနဲ့အတော်ပဲ

    ReplyDelete
  3. တော်သေးတယ်.. newfacemodel မို့လို့..
    newfaceblogger တွေပုံသာတင်ရင် လူတွေပိုစိတ်ဝင်စားမှာ.. hahahha

    ReplyDelete
  4. သက် နင့်လူဂျီး ရိုးတာတော့ နာလက်ခံတွားဘီ ဘယ့်နှယ့်တော် ဟိဟိ profile photo က ကိုရီးယားမင်းသားတောင် မသိဘူးဆိုတော့ ဟားဟားးးးးး နီကလဲ ဒါမျိုးသိလို့ ဂလိုလုပ်တာမရားးး ဟွင့် နာတိတားပဲ နာကဒေါ့ နီ့ကို မြင်ဖူးပါတယ်အေ

    ReplyDelete
  5. ဟဲ့ ပြောဖို့ တခုကျန်နေလို့ ဓာတ်ပုံရိုက်ဖို့ ရှက်နေတဲ့ နာ့လိုလူမျိုးကိုရော ဟားဟားးးးးးးးးးးးးး ဘလော့ဂ်လာသူမရှိပဲ နေပါဦးမယ် နီ့သူငယ်ချင်း ထမင်းငတ်မယ့် အလုပ် လုပ်တော့ ဝူးနော် ဟားဟားးးးးးးးးးးး

    ReplyDelete
  6. ဟင်..
    စိတ်ဝင်စားစရာဘဲ အမြန်ဆက်သွယ်ဦးမှ
    လောလောဆည်တော့ ပလပ်စတစ်ဆာဂျရီ အရင်ပြေးလုပ်မှဖြစ်မယ်
    မဟုတ်ရင် ကိုယ့်ပုံကြည့်ပြီး
    လက်လှန်မှာသေချာတယ်..
    ဆာဂျရီလုပ်ပြီးရင် ဆက်သွယ်မယ်နော်... :)

    ReplyDelete
  7. ကဲကဲ အကြောင်းပြုလို့မောင်းထုလိုက်ပြီနော်... နုနုရွရွ ပုပုလှလှ... မမ ညီမလေးအလန်းလေးတွေအတွက်....

    ReplyDelete
  8. ရုပ်မလှတော့...မသွားတော့ပါဘူးအကိုရာ
    အဲဒီဆိုက်ဒ်ကို...

    ReplyDelete