Friday, March 12, 2010

Biomedical Theory အတွေးစုများ

Biomedical Theory အတွေးစုများ



ကျွန်တော်တို့ရဲ့ ဆမမွမ်းမံသင်တန်း (၁/၂၀၁၀) ပြီးဆုံးလို့သွားပါပြီ ။ ဆေးကျောင်းသားဘ၀တုန်းက စာတွေကို လက်တွေ့ ဆေးကုတဲ့အခါ ဘယ်လို Input လုပ်မလဲ ။ လူတွေကို လက်တွေ့ကျကျ ဆေးကုသတဲ့အခါ စာတွေ့ တင်မဟုတ်ပဲ လက်တွေ့ သူတို့တွေရဲ့ ရောဂါဝေဒနာကို ဘယ်လိုကုသကြမလဲ ။ ဒါတွေကို အဓိကထားပြီး ပြန် လည် သင်ကြားပို့ချ ပေးတာပါ ။ ကျွန်တော့်ရဲ့ ခံယူချက်လည်း ပိုမို ခိုင်မာလို့ လာခဲ့ပါတယ် ။ အဲဒါကတော့ ဆေးကု သတဲ့အခါ လူနာရဲ့ လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာ သက်သာပျောက်ကင်းယုံအပြင် သူ့ရဲ့ ရေရှည်ဘ၀ (Life Long ) ကိုပါ ထည့်သွင်း စဉ်းစားရမယ်ဆိုတဲ့ အချက်ပါပဲ ။ ကျွန်တော်သဘောတူ လက်ခံ ကျင့်သုံးနေတဲ့ အချက်တစ်ခုဖြစ်ပါတယ် ။ ဆမ မွမ်းမံသင်တန်းကြီးပြီးဆုံးသွားတဲ့အခါ အဲဒီမှာ သင်ကြားပေးတဲ့ သင်ခန်းစာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရင်ထဲမှာ ပုစ္ဆာတွေ အများကြီး ကျန်ခဲ့ပါတယ် ။

အဲဒီပုစ္ဆာတွေကို ကျွန်တော်ကိုယ်တိုင် ယခုထိ အဖြေထုတ်နိုင်သေးခြင်း မရှိသေးပါဘူး ။ အဖြေကတော့ လူတစ်ဦး ချင်း တစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ သက်ဆိုင်မယ်လို့ ထင်ပါတယ် ။ အခုပြောပြမယ့် Biomedical Theory တွေကတော့ ကျွန်တော့အတွက် အဖြေမရှိတဲ့ ပုစ္ဆာတွေပါပဲ ။ Theory ဖြစ်တဲ့အတွက် နဲနဲတော့ ပျင်းစရာ ကောင်း ပါလိမ့်မယ် ။ ဒါပေမယ့် တွေးနိုင်မယ်ဆိုရင်တော့ လူ့သဘာဝရဲ့ အမှန်တရားတွေကို တွေ့ရှိနိုင် ပါလိမ့်မယ် ။



Biomedical Theory မှာ အစိတ်အပိုင်း ၂ ခုပါဝင်ပါတယ် ။ တစ်ခုက Utilitarianism ဖြစ်ပြီး နောက်တစ်ခု ကတော့ Deontology ပဲ ဖြစ်ပါတယ် ။ Utilitarianism ကတော့ အဖြေရဖို့အတွက် အပေါ်ဆုံးကနေ အောက်ခြေ ရောက်အောင် စဉ်းစားပါတယ် ။ နောက်ဆုံး အဖြေရဖို့အတွက် အဓိကထားတဲ့ အတွက် သူ့ကို Top Down Reasoning လို့ခေါ်ပါတယ် ။ Deontology ကတော့ သူနဲ့ ဆန့်ကျင်ဖက်ပါ ။ အောက်ခြေကနေ အဖြေရဖို့ အပေါ် ဖက်ကို စဉ်းစားရတဲ့အတွက် Buttom Up Reasoning လို့ခေါ်ပါတယ် ။

ထပ်ပြီးရှင်းရမယ်ဆိုရင် Utilitarianism က လုံးဝ သူများ အသက် မသတ်ရ ။ အသက်ရှင်ဖို့အတွက် ကြိုက်တဲ့ နည်းလမ်းကို သုံးလို့ရပါတယ် ။ လိမ်လည်းရတယ် ။ ညာလည်းရတယ်။ အဓိကဖြေက အသက်ရှင်ဖို့ပါပဲ ။ Deontology က တော့ အဖြေဘာပဲ ဖြစ်နေဖြစ်နေ လုံးဝမလိမ်ရ မညာရပါဘူး ။ မှန်ကန်တဲ့နည်းလမ်းကိုပဲ (လုံးဝ) အ သုံးပြုရမှာ ဖြစ်ပါတယ် ။ ကဲဒါဆို စာဖတ်သူက ဒီသီအိုရီနှစ်ခုထဲက တစ်ဖက်ဖက်မှာ နေလိုက်ပါ ။ ကျွန်တော် ပုစ္ဆာလေးတွေ တင်ပြပေးပါ့မယ် ။ အဲဒီအခါ သီအိုရီတစ်ခုအတွက် မှန်ပေမယ့် အခြား သီအိုရီတစ် ခုအတွက် မှားနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ် ။ အဓိကက ကိုယ် ဘယ်ဖက်က နေမလဲဆိုတာပါပဲ ။

ပုစ္ဆာ (၁)

ဒုတိယ ကမ္ဘာစစ်တုန်းက ဂျာမန်တွေက ဂျူးတွေကို တွေ့ရာ သင်္ချိုင်း ဓါးမဆိုင်းပဲ လိုက်လံ သုတ်သင်လို့နေပါတယ် ။ အဲဒီ ချိန်မှာ ဂျူးတစ်ယောက်ဟာ ကြောက်လန့်တကြားနဲ့ ကျွန်တော့်ရဲ့ အိမ်တံခါးကို လာခေါက်ပါတယ် ။ ကျွန်တော် ဘာလုပ်ရမလဲ ။ ဖွင့်ပေးရမလား ။ ပိတ်ထားရမလား ။ ဖွင့်ပေးလိုက်ရင် ဂျူးအသက်ရှင်မယ် ။ ဂျာမန်တွေ လာမေးတဲ့အခါ ကျွန်တော်လိမ်ရမယ် ။ ဒါဆို ကျွန်တော် Utilitarianism ဖြစ်သွားပါပြီ ။ ပိတ်ထား လိုက်မယ် ။ ကျွန်တော်အမှန်အတိုင်းပဲ ပြောမယ် ။ မလိမ်ဘူးဆိုရင် ဂျူးသေမယ် ။ ဂျှူးသေတာ ကျွန်တော့ကိစ္စ မဟုတ်ဘူး ။ အဖြေကို ကျွန်တော်မစဉ်းစားဘူး ။ ကျွန်တော်မှန်တဲ့အတိုင်း နေတယ် ။ ဒါဆို ကျွန်တော် Deontology ဖြစ်သွားပါပြီ ။ ကဲ သင်ဆိုရင်ရော ဘယ်လို လုပ်မှာပါလဲ ။

ပုစ္ဆာ (၂)

လူနှစ်ယောက်ဟာ ကားမောင်းလို့လာပါတယ် ။ တောင်ကုန်းတစ်ခုရဲ့ ကုန်းဆင်းမှာပေါ့ ။ အဲဒီအခါ ရုတ်တရက် ဘရိတ်ပေါက်သွားပါတယ် ။ ကုန်းဆင်းဖြစ်တဲ့အတွက် ကားကအရှိန်နဲ့ သွားနေပါတယ် ။ အဲဒီအခါ ရှေ့တည့် တည့်မှာ သစ်ပင်ကြီးတစ်ပင်ကို ရုတ်တရက်တွေ့လိုက်ရပါတယ် ။ သစ်ပင်ရဲ့ ညာဖက်မှာ လူ ငါးယောက်ရှိပါတယ် ။ သစ်ပင်ရဲ့ ဘယ်ဖက်မှာ လူတစ်ယောက်ရှိပါတယ် ။ Utilitarianism နည်းအရ စဉ်းစားမယ်ဆိုရင် သူဟာ အသက်တွေကို ရေတွက်ရတော့မှာပါ ။ ဘယ်လိုနည်းနဲ့ဆို အသက်အများဆုံး ရှင်မလဲပေါ့ ။ လူ ငါးယောက်ကို ရှောင် ၊ သစ်ပင်ကို တိုက်မယ်ဆို ကားပေါ်က ၂ သက် ။ ကဲ ဒါဆို ဘေးက တစ်ယောက်ထဲရပ်နေတဲ့လူကို ၀င် တိုက် လိုက်ယုံပါပဲ ။ တရားမျှတပါရဲ့လား ။ Utilitarianism မှာ ဒါတွေကို မစဉ်းစားပါဘူး ။ အသက်ရှင်ဖို့ အဓိက ပါပဲ ။ Deontology နည်းနဲ့ ကြည့်မယ်ဆိုရင် အမှန်အတိုင်း လုပ်ရမယ်ဆိုတဲ့အတွက် ကိုယ်မှားကိုယ်ခံ သစ်ပင် ကို ၀င်တိုက်လိုက်ယုံပါပဲ ။ ကဲ သင်ဆိုရင်ရော ဘယ်လိုလုပ်မှာပါလဲ ။

ပုစ္ဆာ (၃)

ရောမခေတ်မှာ ရေပန်းအစားဆုံးက လူတစ်ဦးနဲ့ တစ်ဦး သတ်ပုတ်တာကို လက်ခုပ်လက်ဝါး တွေတီးပြီး ထိုင် ကြည့်ရတဲ့ ပွဲတွေပါပဲ ။ အဲဒီလို သတ်ပုတ်ရတဲ့ လူတွေကို Giladiator လို့ခေါ်ပါတယ် ။ ကဲ ဒါဆို Utilitarianism နည်းနဲ့ စဉ်းစားရအောင် ။ သူများ အသတ်မသတ်ရဘူး ဆိုတဲအတွက် ဒီပွဲတွေကို လုံးဝ ဆန့်ကျင်ရမှာပါ ။ ဒီပွဲတွေ မရှိတော့တဲ့အတွက် သူဌေးသူကြွယ်တွေ ဆူပူ တိုင်းပြည်ပျက်သွားလည်း ဂရုစိုက်စရာမလိုပါဘူး ။ အသက်တွေ ရှင်သန်နေဖို့ အဓိကပဲလေ ။ Deontology နည်းအရဆိုရင် လူပေါင်းများစွာ ကြည့်ရှုနေတဲ့ပွဲ ဖြစ်တဲ့အတွက် လူအများအကြိုက် ဒီပွဲတွေကို အားပေးရမှာပါ ။ မှန်ကန်တဲ့ နည်းလမ်းအဖြစ်ရွေးချယ်ရမှာပါ ။ ကဲ သင်ဆိုရင်ရော ဘယ်လိုလုပ်မှာပါလဲ ။

ပုစ္ဆာ (၄)

ဒုတိယကမ္ဘာစစ်ကပဲ ဂျာမန်တွေဟာ ဂျူးတွေကို နည်းမျိုးစုံနဲ့ သတ်ပါတယ် ။ မသတ်ရသေးတဲ့ လူတွေကို စမ်း သပ်ဖို့ ထောင်ထဲကို ထည့်ထားပါတယ် ။ ဆေးပညာမှာ တစ်ခါမှ မစမ်းသပ်ဖူးသေးတဲ့ Hypothermia လို့ခေါ်တဲ့ လူသေတဲ့အခါ ဘယ်အချိန်လောက်မှာ ခန္တာကိုယ် အေးစက်သွားသလဲ ။ အဆင့်ဆင့် ကိုယ် အပူချိန် ဘယ်လိုပြောင်း လဲသွားသလဲ ဆိုတာကို စမ်းသပ်ဖို့အတွက် ဖြစ်ပါတယ် ။ စမ်းသပ်ပုံကတော့ လူကို ကိုယ်တုံးလုံး တီးထားပြီး အေးစက်တဲ့ အခန်းထဲမှာ ထားပါတယ် ။ ပြီးတော့ ဂျာမန်တွေက စောင့်ကြည့်ပါတယ် ။ Utilitarianism နည်းအရဆိုရင် ဒီနည်းလမ်းဟာ အလွန်ကို ရက်စက်ရာကျပါတယ် ။ ဒါကြောင့် ဂျူးတွေကို သတ်ပြီး ဆေးပညာတွေ့ရှိမှု အတွက် အသုံးချတာကို ရှံ့ချရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် Deontology အရဆိုရင် အများ အကျိုးအတွက် ဆေးပညာ စမ်းသပ်ချက် ဖြစ်တဲ့အတွက် လက်ခံပါတယ် ။ ဂျူးတွေသေယုံမက ဘာပဲ ဖြစ်ဖြစ် အများအတွက် မှန်ကန်တဲ့ နည်းလမ်း ဖြစ်တဲ့အတွက် လက်ခံပါတယ် ။ ကဲ သင်ဆိုရင်ရော ဘယ်လို လုပ်မှာပါလဲ ။

စာရေးသူ......သက်တန့်ချို (၁၂.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. အလယ်ကဖြတ်ပြီးစဉ်းစားမယ်ဗျာ...

    ReplyDelete
  2. တော်တော်ကို ဦးနှောက်ခြောက်သွားပါပြီ.. တကယ်လည်း စဉ်းစားရခက်ပါတယ်... ပရဟိတအတွက်ဆိုရင်တော့ ပထမနည်းလမ်းကကောင်းပါတယ်.. ကိုယ်တစ်ယောက်တည်းအတွက် ဆိုရင်တော့ ဒုတိယနည်းကပိုအသုံးတည့်ပါလိမ့်မယ်.. အဖြေကတော့ အဲဒီအချိန်မှာ ဖြစ်နေတဲ့ emotion နဲ့ဆိုင်လိမ့်မယ်ထင်ပါတယ်... Theory တစ်ခုဟာ Practical နဲ့အမြဲကိုက်ညီဖို့ဆိုတာမဖြစ်နိုင်ပါဘူး... ဒါကြောင့် ဒီ Theory ထဲက တစ်ခုကို အမြဲဆုပ်ကိုင်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.. According to the Circumstance of the satuation လို့ပဲထင်ပါတယ်..

    ReplyDelete
  3. တားတော့ ခေါင်းမမှီဖူးဗျး)

    ReplyDelete
  4. စိတ်ဝင်စားစရာပါပဲ၊ ကိုယ်ဟာကိုဖြေကြည့်သွားတယ်၊ အဖြေသိရင် ကိုယ်အကြောင်းလူ သိသွားမှာမို့။
    Behavior Technology ကို ဂျပန်နှင့် အမေရိကန်တွေက စီးပွားရေးနယ်ပယ်မှာ သုံးနေတယ် ဘယ်လို deal လုပ်ရမလဲ ကြိုတင်ပြင်ဆင်နိုင်အောင်၊

    ReplyDelete
  5. အားအားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ကိုယ်တိုင်ကြုံမှပဲသိနိုင်တော့မယ်ဗျာ

    ReplyDelete