Friday, March 19, 2010

စကားဝါမြေ လာလေအဆွေ ပုပ္ပါးမြေ

စကားဝါမြေ လာလေအဆွေ ပုပ္ပါးမြေ



ပုပ္ပါးတောင်ဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၅၁၈ မီတာ( ၄၉၈၁ ပေ) ရှိတဲ့ မီးတောင်သေ တစ်ခု ဖြစ်ပါတယ် ။ မြန်မာ နိုင်ငံ အလယ်ပိုင်းမှာ တည်ရှိပြီး ပုဂံဒေသမှ အရှေ့တောင်ဖက် ၅၀ ကီလိုမီတာ ( မိုင် ၃၀) အကွာ လောက်မှာ တည်ရှိပါတယ် ။ ရာသီဥတုသာ သာယာမယ်ဆိုရင် ဧရာဝတီမြစ်မှ ကီလိုမီတာ ၆၀ (မိုင် ၄၀) လောက်မှာ ပုပ္ပါး တောင်ကို တွေ့မြင်နိုင်ပါတယ် ။ မြေကြီးပေါ်ကို ကြွတက်လာတဲ့ မြေလွှာတစ်ခုဖြစ်တဲ့ ပုပ္ပါးတောင်ကလပ်ပေါ်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကြောင့်လည်း ပုပ္ပါးတောင်ဟာ လူသိများ ထင်ရှား လှပါတယ် ။ အထွတ် အမြတ် ထားရာ ပုပ္ပါးတောင်ကလပ်ဟာ ၃၇ မင်းသော မဟာဂီရိနတ်မင်းတွေနဲ့ တခြားနတ် အပေါင်းတို့ နေထိုင်ရာ ဖြစ်တယ် လို့ အယူရှိကြပါတယ် ။



ပုပ္ပါးဆိုတဲ့ အမည်ဟာ ပါဋ္ဌိဘာသာစကားကနေ ဆင်းသက်လာပြီး " ပန်း" ဟုအဓိပ္ပါယ်ရပါတယ် ။ မီးတောင် သေကြီးဟာ ၁.၆ ကီလိုမီတာ (၀.၉၉ မိုင်) အနက်ရှိပါတယ် ။ ပုပ္ပါးတောင်ရဲ့ အနောက် တောင်ဖက်မှာ တောင် ကလပ် တည်ရှိပြီး ၇၃၇ မီတာ (၂၄၁၇ ပေ) ခန့်ရှိတဲ့ မီးတောင်သေ အစွန်းက တိုးထွက်နေခြင်းပဲ ဖြစ်ပါတယ် ။ ပုပ္ပါးတောင်ကလပ်ရဲ့ အပေါ်မှာ ကြည်ညိုဖွယ်ရာကောင်းတဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း တွေ့ရှိနိုင်ပါတယ် ။ ဟိုးရှေးယခင်အချိန်အခါတုန်းက ရသေ့ကြီး ဦးခန္ဓီဟာ လှေကားထစ်ပေါင်း ၇၇၇ ခုကို တောင်ကလပ်ကို ရောက် ရှိဖို့အတွက် ပြုလုပ်ဖန်တီးခဲ့ပါတယ် ။



ဒါ့အပြင် ပုပ္ပါးတောင်မကြီးကိုလည်း တွေ့ရှိနိုင်ပြီး ပုပ္ပါးတောင်ကလပ်အပေါ်ကနေဆိုရင် အလွန်လှပတဲ့ ရှုခင်း များ ကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ် ။ ရှေးဟောင်းပုဂံမြို့တော်ကြီးကိုလည်း လှမ်းမြင်နိုင်ပြီး မြောက်ဖက် မှာဆိုရင် လည်း ဂျပန်နိုင်ငံမှ ဖူဂျီတောင်ကဲ့သို့ တောင်မကြီးကိုလည်း တွေ့မြင်နိုင်ပါသေးတယ် ။



ပုပ္ပါးတောင်နဲ့ ပါတ်သတ်ပြီးတော့ ဒဏ္ဍာရီပေါင်းမြောက်များစွာ ရှိပါတယ် ။ ဘီစီ ၄၄၂ လောက်တုန်းက ကြီးစွာ သော ငလျှင်လှုပ်ခတ်မှုကြောင့် မြေလွှာ ပြတ်ရွေ့မှုများကြောင့် မီးတောင်သေကြီး ဖြစ်ပေါ်လာရတယ်လို့လည်း ဆိုပါ တယ် ။ ပုပ္ပါးတောင်ကို နတ်တွေကြီးစိုးတယ်လို့ အယူရှိတဲ့အတွက် ဆုတောင်းမှုများ လာရောက် ပြုလုပ်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ် ။ ဧရာဝတီအပေါ်ပိုင်းမှ တကောင်းဒေသမှာ မဟာဂီရိ နတ်မောင်နှမ ဒဏ္ဍာရီ သူတို့ တွေ ဆုတောင်းခဲ့ကြလို့ ဒီဒေသမှာ နတ်လာဖြစ်ရတယ်လို့လည်း အစွဲရှိကြပါတယ် ။



ဒါ့အပြင် ပုပ္ပါးမယ်တော် မယ်ဝဏ္ဏ လည်း ပုပ္ပါးတောင်မှာ နေထိုင်ပါသေးတယ် ။ သူမက ဗျတ်ဝိ ဗျတ္တ ညီနောင် ထဲက ဗျတ္တနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ် ။ ဗျတ္တဆိုတာက ၁၀၄၄ မှ ၁၀၇၇ ခုနှစ်လောက်မှာ ဘုရင်မိဖုရားအတွက် ပုပ္ပါးတောင်မှ ပန်းတော်ဆက်တာဝန်ကို ယူထားသူ ဖြစ်ပါတယ်။ ဗျတ္တဟာ တာဝန်ပျက်ကွက်တဲ့အတွက် သူတို့ သားတွေဟာ နန်းတော်အပြင်ဖက်ကို စွန့်ပစ်ခြင်းခံခဲ့ရပါတယ် ။ မယ်ဝဏ္ဏ လည်း ဗျတ္တနည်းတူ ရင်ကွဲနာကျ သေဆုံးပြီး နတ်ဖြစ်လာရပါတယ် ။ သူတို့ သားနှစ်ယောက်ဟာလည်း မန္တလေးအနီးမှ တောင်ပြုန်းမှာ ဘုရား တည်တဲ့ လုပ်ငန်းကို ပျက်ကွက်တဲ့အတွက် ကွပ်မျက်ခြင်းခံခဲ့ရပါတယ် ။ သူတို့နှစ်ယောက်ဟာလည်း နတ်နှစ်ပါး ဖြစ်လာပြီး သူတို့ကို အမှတ်ရသော အားဖြင့် တောင်ပြုန်းဘုရားပွဲကို နှစ်စဉ်ကျင်းပလေ့ ရှိပါတယ် ။ ၀ါခေါင်လ - August လမှာ တောင်ပြုန်းပွဲကို စည်ကားသိုက်မြိုက်စွာ နတ်ကနားပွဲတွေနဲ့ ကျင်းပလေ့ ရှိပါတယ် ။ မင်းကြီး မင်းလေးလို့လည်း ခေါ်တွင်ပါတယ် ။



၃၇ မင်းနတ်အပေါင်း နေထိုင်တယ်ဆိုပေမယ့်လည်း တကယ်တော့ မင်းကြီး မင်းလေး မယ်ဝဏ္ဏ နဲ့ ဗျတ္တ တို့ နတ်လေး ပါးကတော့ ပုပ္ပါးတောင်ဟာ တကယ့် နေထိုင်ရာဖြစ်ပါတယ် ။ မြန်မာတစ်ပြည်လုံးက ဘုရားဖူး ပြည်သူ တွေဟာ နယုန် လပြည့် နဲ့ နတ်တော်လပြည့်နေ့တွေမှာ ဆိုရင် ပုပ္ပါးတောင်ကို အများအပြားလာရောက် ဖူးမျှော် လေ့ ရှိကြပါတယ် ။ အနော်ရထာမတိုင်မီက တိရိစ္ဆာန် ပေါင်း ရာပေါင်းများစွာကို ဒီပွဲတော်တွေမှာ ပူဇော်ပသလေ့ ရှိကြပါတယ် ။



အနီနဲ့ အနက်ရောင် မ၀တ်ရဘူး ။ အသား မယူဆောင်လာရဘူး အထူးသဖြင့် ၀က်သားပေါ့ နတ်တွေကို စော် ကား ရာရောက်တယ်ဆိုပြီးလည်း အယူတွေရှိပါတယ် ။ ပုပ္ပါးတောင်တက်ရာ လမ်းမှာလည်း ဖေဇော်ဂျီတွေ ဆေးမြစ် သွေးရာ ကျောက်ပြင်ကြီးကိုလည်း တွေ့နိုင်ပါတယ် ။



ပုပ္ပါးတောင်ရဲ့ ၀ိသေသ တစ်ခုကတော့ မျောက်တွေ အလွန်ပေါများခြင်းပဲ ဖြစ်ပါတယ် ။ လူတွေနဲ့ အလွန် နီးနီး ကပ်ကပ် နေလေ့ ရှိပြီး မျောက်စာများကိုလည်း ကျွေးနိုင်ပါတယ် ။ ဒူးလေးကိုင်ထားတဲ့ မုဆိုးရုပ်ထုကြီးနဲ့လည်း အမှတ် တရ ဓါတ်ပုံ ရိုက်နိုင်ပါသေးတယ် ။



ယခုဆိုရင် ပုပ္ပါးတောင်ဟာ ကမ္ဘာလှည့်ခရီးသည်တို့ နှစ်သက်ရာ ဒေသတစ်ခုလည်း ဖြစ်လို့နေပါပြီ ။ ရှေး ဒဏ္ဍာရီ များ စွာနဲ့ ထူးဆန်းဖွယ်ရာတွေဟာ အလည်လာသူတို့ကို စွဲဆောင်လေ့ရှိပါတယ် ။

စာရေးသူ......သက်တန့်ချို (၁၉.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. ကျောင်းတုန်းက ပုပ္ပါးတောင်မကို လေ့လာရေးရောက်ခဲ့ဖူးတယ် မီးတောင်သေဆိုတဲ့ နေရာကိုလည်းမြင်ခဲဖူးတယ်...။ တောင်မကိုမတက်ခင် တောစောင့်နတ်တွေကို မေတ္တာပို့ရတယ်...တစ်ခုခုဆို လမ်းပျောက်တာတို့ ဘာတို့ ဖြစ်တတ်တယ်တဲ့..။ တကယ် လက်တွေ့နော် အမတို့ အဖွဲ့ထဲက ကျောင်းသူတစ်ယောက် မအောင့်နိုင်လို့ အပေါ့သွားလိုက်မိတာ အပြန်လမ်းပျောက်လို့ သူ့ကို တော်တော် ကြာကြာစောင့်လိုက်ရတယ်...တော်ပါသေးတယ် ပြန်ရောက်လာလို့...။
    သက်တန့်ကို ရှမ်းပြည်ဘက်က ရှုခင်းနဲ့ ဗဟုသုတရစရာလေးတွေလဲ တင်စေချင်သေးတယ်...။ အင်းထဲက အကြောင်းတွေဖတ်ချင်တယ်..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  2. ဗဟုသုတရစေဖို့ ဘာသာပြန်ပေးတာ ကောင်းပါတယ်။ ကျွန်တော် အမှားလေးတွေတွေ့လို့ ပြောပါရစေ။

    ပုပ္ပါးတောင်ဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၅၁၈ ပေရှိတဲ့ မီးတောင်သေ တစ်ခုဖြစ်ပါတယ်။ ဆိုတဲ့ နေရာမှာ ၁၆၁၈ ဆိုတာ မီတာ ဖြစ်သင့်ပါတယ်။ ပေအားဖြင့်ဆိုရင် ၄၉၈၁ ပေပါ။ စာဖတ်သူတွေ အမှတ်မှားသွားမှာ စိုးလို့ပါ။

    Ref: http://en.wikipedia.org/wiki/Mount_Popa
    Mount Popa is a volcano 1518 metres (4981 feet) above sea level, and located in central Burma (Myanmar) about 50 km (30 miles) southeast of Bagan (alt: Pagan) in the Pegu Range.

    ReplyDelete
  3. ကိုသက်တန့်

    အမျိုးတွေ လာတွေ့သွားတယ်

    ခင်တဲ့
    ရွှေစင်ဦး

    ပုံမှန်လာလည်ပါ မလည်ရင် ခွင့်မလွှတ်ပါ
    ပြောမိတာ ခွင့်လွှတ်ပါ

    ရွှေစင်

    ReplyDelete
  4. ကိုသက်တန့်ရေ.. နောက်အမှားတစ်ခုထပ်ပြင်ပေးပါရစေ.. အမှားကတော့ သေးသေးလေးပေမယ့် အမှားမြင်ရင် မပြောပဲမနေနိုင်တဲ့ အကျင့်ရှိလို့ပါ.. ပါဠိရေးတာ မှားနေပါတယ်.. "ပါဋ္ဌိ" မဟုတ်ပါဘူး "ပါဠိ"ပါ.. Post ကအရမ်းကောင်းပါတယ်.. နောက်လည်း များများတင်ပေးပါဦးနော်... :) .. မြန်မာပြည်ကအလှတွေခံစားလို့ရတာပေါ့..

    ReplyDelete
  5. ပုပ္ပါးမှာ မြေကျွံတယ် ဆိုတာ
    ကြားဖူးလိုက် လား မသိဘူးးး ..
    အ၇င် တစ်ခါ
    ဆောင်းနှင်း သွားတုန်းကတော့
    ကြုံလို့ အဲ့ဒါပါ ကြည့်ခဲ့ရသေးတယ် ...
    တော်တော် ထူးဆန်းတယ် .....

    ReplyDelete
  6. စိတ်ဝင်စားစွာ ဖတ်ရှူသွားပါတယ်။ မကြာခင်ကလည်း ရောက်ခဲ့ပါသေးတယ်။ ပုပ္မါးက မြောက်တွေကတော့ အစာမ၀တဲ့အချိန်ဆို လူလက်ထဲမှာပါသမျှ (အစားအစာမဆိုထားနဲ့) ကင်မရာ၊ ဦးထုပ် အကုန် လုတော့တာပါဘဲ .... :-)

    ReplyDelete
  7. ငယ်ငယ်တုန်းက တခေါက်ရောက်ဖူးတယ်...
    မှတ်တောင်သိပ်မမှတ်မိတော့ဘူး..
    နောက်တခေါက်လောက် ပုပ္ပါးကို သွားလည်ချင်တယ်...
    မျောက်တော့ကြောက်တယ်...

    ReplyDelete