Tuesday, March 9, 2010

Angkor ဘုရားကျောင်းရဲ့ ထူးဆန်းအံ့သြဖွယ်ရာများ ( အပိုင်း ၁)

Angkor ဘုရားကျောင်းရဲ့ ထူးဆန်းအံ့သြဖွယ်ရာများ ( အပိုင်း ၁)


ကန်ဘောဒီးယား နိုင်ငံရဲ့ တောနက်နက်တွေထဲမှာ အလွန်ရှေးကျတဲ့ ကုန်းမြေဖွဲ့စည်းမှုများအပြင် ယဉ်ကျေးမှု အနှစ်သာရများ ၊ ရှေးဟောင်းအနုပညာလက်ရာများ တိမ်မြှုပ်ပျောက်ကွယ်လို့ နေပါတယ် ။ တစ်ခါတုန်းက Khmer ဆိုတဲ့လူတစ်ယောက် အခြေချနေထိုင်ခဲ့တဲ့ Angkor ဘုရားကျောင်းဟာ ယခုဆိုရင် ကမ္ဘာ လှည့်ခရီး သည် သန်းပေါင်းများစွာဟာ ဒီအံ့သြဖွယ်ရာ မြို့တော်ကြီးရဲ့ ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ် တွေကို ဖျက်ကနဲမြင်ယောင်ကြည့်ဖို့ အတွက် လာရောက်လို့ နေကြပါတယ် ။



ဧည့်သည်အများစုဟာ မြို့တော်ကြီးရဲ့ ရှေးဟောင်း ဘုရားကျောင်းတော်တွေကို အာရုံစူးစိုက်နေစဉ်မှာ အခြားသော သူတွေကတော့ အဆောက်အအုံတွေသဖွယ် ဖြစ်ပေါ်နေတဲ့ ကျောက်တုံးလှိုဏ်ဂူတွေထဲ ၀င်ရောက် လေ့လာကြဖို့ ကြိုးစားကြံစည်နေကြပါတယ် ။ ဒီအရာတွေအားလုံးဟာ နေ့စဉ်လူ့ ယဉ်ကျေးမှု ဘ၀တွေကို ထင်ဟပ် ပြနေစေပြီးခမ်းနားကြီးကျယ်တဲ့ စစ်မက်ရေးရာ လှို့ဝှက်ကြံစည်မှုတွေနဲ့ ဒီလှို့ဝှက်အစီ အစဉ်တွေအား လုံးဟာ ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်သော အရာများ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။



Angkor ဘုရားကျောင်းမှာ ဆွဲပြထားတဲ့ ထူးဆန်းသော တိရိစ္ဆာန်များ ပုံတွေဟာ ဒဏ္ဍာရီသက်သက် ဖြစ်ပေမယ့် အချို့သော သတ္တ၀ါများဟာ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများစွာက တကယ်ပဲ နေထိုင်ခဲ့ကြတာ ဖြစ်ပါသလား ။ Khmer ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်က ကန်ဘောဒီယား နိုင်ငံရဲ့ ဦးဆုံး လူ့ယဉ်ကျေးမူကို စတင်ခဲ့ သူပဲ ဖြစ်ပါတယ် ။ အိန္ဒိယ ကုန်သည်တွေရောက်ရှိလာပြီးနောက် ဖွံ့ဖြိုးတိုးတက်လာတဲ့ လူနေမှုစနစ်အပေါ် များစွာ လွှမ်းမိုးသက်ရောက်မှု ရှိခဲ့ပြီး ကန်ဘောဒီးယားရဲ့ ပင်လယ်ကမ်းခြေဒေသတ၀ှိက်ကို စိုက်ပျိုးရေး ၊ သင်္ချာ ပညာနဲ့ အသိပညာ အတတ်ပညာတွေ သယ်ဆောင်ရောက်ရှိလို့ လာပါတယ် ။



အိန္ဒိယကုန်သည်တွေနဲ့ ကန်ဘောဒီးယား နိုင်ငံရဲ့ ဆက်သွယ်မှုဟာ ဟိန္ဒူ ယုံကြည်မှုကို သယ်ဆောင်လာခဲ့ပြီး Vishnu နဲ့ Shiva နတ်ဘုရားတွေကို ၀တ်ပြုတဲ့ အလေ့အထများလည်း ထွန်းကားလာခဲ့ပါတယ် ။ နောက်ပိုင်း နှစ်များမှာတော့ မဟာ ယာနဗုဒ္ဓ ဘာသာကို Khmer ကစတင်ကိုးကွယ်စေခဲ့ပါတယ် ။ ၁၃ ရာစုနှစ်က ပွင့်တော် မူခဲ့တဲ့ Theravada ဘုရားရှင်ကိုလည်း ယုံကြည်ကိုးကွယ်ခဲ့ပါတယ် ။ Angkor ဘုရားကျောင်းရဲ့ ဂူနံရံတွေက အမှတ်တမဲ့ ဖတ်မိတဲ့ စာတွေတောင်မှ ဒီရှေးကျတဲ့ လူမျိုးစုတွေရဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာအပေါ်ကို အလွန်ကိုးကွယ် ဆည်းကပ်ခဲ့ကြတဲ့ အရေးကြီး အချက်အလက်များကို တွေ့နိုင်ပါတယ် ။



အဆောက်အအုံအများစုဟာ ဟိန္ဒူ ဘာသာကို ကိုယ်စားပြုနေပါတယ် ။ ထင်ရှားတဲ့ ရုပ်ထုကြီးကတော့ Garuda လို့အမည်တွင်ပြီး လူ့ခန္ဓာကိုယ်မှာ သိမ်းငှက်တစ်ကောင်ရဲ့ ဦးခေါင်း တောင်ပံနဲ့ အမြီးပါရှိပါတယ် ။ ဟိန္ဒူ ဒဏ္ဍာရီရဲ့ ကိုယ်စားပြုဖြစ်ပြီး Garuda ဟာ ငှက်အပေါင်းရဲ့ ဘုရင်ဖြစ်သလို မြွေနဂါးတွေရဲ့ ရန်သူလည်း ဖြစ်ပါ တယ် ။ Angkor ဘုရားကျောင်းတွေရဲ့ အပြင်ဖက် နံရံတွေမှာ Garuda ငှက်ရဲ့ အချို့သော ထင်ရှားသော အမှတ် အသားများကို တွေ့နိုင်ပါတယ် ။




ဒီထင်ရှားတဲ့ အဆောက်အအုံတွေထဲမှာ အလွန်အံ့သြဖွယ်ရာကောင်းတဲ့ ကြီးမားတဲ့ သစ်ပင်ကြီးတွေနဲ့ ကျောက် တုံး တွေဟာ သဘာဝအလျောက် ပေါင်းစပ်ဖြစ်တည်နေကြတာကိုလည်း တွေ့မြင်နိုင်ပါတယ် ။



Garuda ငှက်ဟာ သိန်းငှက်နဲ့ လူရဲ့ ဖွဲ့စည်းပုံကို မူတည်ဆင်းလက်လာပါတယ် ။ Angkor ကို လာရောက်လည်ပတ်တဲ့ ခရီးစဉ်ဟာ အလွန်ကို ကျယ်ပြောလှပြီး အန်ကောဝတ်လို့ခေါ်တဲ့ ဘုရား ကျောင်း တော်ကြီးလည်း ပါဝင်ပါတယ် ။ အပြင်ဖက် ဂိတ်တံခါွးေကို ဖြတ်သန်းပြီးတဲ့အခါမှာ ဦးခေါင်း ၇ လုံးရှိတဲ့ မြွေနဂါး ရုပ်ထုနဲ့ တာရိုးလမ်းကြောင်းကြီးဟာ အန်ကောဝတ်ဘုရားကျောင်းရဲ့ အလယ်တည့်တည့်ကို ညွှန်ပြ လို့နေပါတယ် ။

ဆက်လက်ရေးသားပါဦးမည် ။

စာရေးသူ.....သက်တန့်ချို (၉.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

12 comments:

  1. What I know is that Angkor Wat is not a Buddha Temple or Monastery. This was build by a King for his beloved wife body inside the temple.
    I will confirm you.

    ReplyDelete
  2. ဟုတ်ပါတယ် ခင်ဗျာ အဲဒီအကြောင်းတွေကို အပိုင်း ၂ မှာ ဆက်လက်ဖော်ပြပေးသွားမှာပါ ။ ဒါပေမယ့် မဟာရာန ဗုဒ္ဓဘာသာတော့ ရောက်ရှိခဲ့ပါတယ် ။ လွန်ခဲ့တဲ့ တစ်ချိန်တုန်းကပေါ့ ။ အခုဆိုရင်တော့ ဟိန္ဒူအယူဝါဒက ကြီးစိုးသွားပါပြီ ။

    ReplyDelete
  3. လွမ်းစရာကောင်းတဲ့ ပုံရိပ်တွေပါပဲနော်၊ ကျမတော့ အန်ကောဘုရားရှိရာကို သိပ်ရောက်ဖူးချင်မိတယ်။ တခေါက်လောက်တော့ ရောက်ခွင့်ရပါစေလို့လည်း ဆုတောင်းမိပါတယ်

    ReplyDelete
  4. ကမ္ဗောဒီးယားကို အလည်ပို့ပေးလို့ ကျေးဇူးပါနော်း)

    ReplyDelete
  5. အိမ်းးး ပြောရရင် ပုဂံနဲ့ခပ်ဆင်ဆင်လားလို့ အဟီးးး ပုံတွေ ကြည့်သွားတယ်နော် မိသက်

    ReplyDelete
  6.း) ကျွန်တော်အရမ်းရောက်ချင်နေတဲ့နေရာဗျာ
    မသွားဖြစ်လိုက်ဖူးရယ် ပိုက်ဆံစုရင်းနဲ့ မပြည့်မပြည့်ဖြစ် ပြီး နောက်ဆုံး ပြည်တော်ပြန်ခဲ့ရလို့း)

    ReplyDelete
  7. ကိုသက်တန့်ရေ
    ခမယ်(ခမာ)ဆိုတာလူမျိုးပါ လူနာမည်မဟုတ်ပါဘူးရှင်။
    အမှန်တော့မြန်မာလူမျိုးတွေ မွန်ခမာလို့သိထားခဲ့ကြတဲ့ လူမျိုးများပါဘဲ။ အခုခေတ် ခမယ်လူမျိုးတွေက ဟိုးရှေး ခမယ်(ခမာ)လူမျိုးများကို ခမယ်မွန် လို့ခေါ်ကြပါတယ်။ အခုခေတ်ကမ္ဘောဒီးယားနိုင်ငံက လူများကိုတော့ ခမယ် (ခမာ) လို့ဘဲခေါ်ပါတယ်။ အန်ကော ကို စတင်ခဲ့ တာကတော့ အေဒီ ၈၀၂ လောက်ကနေ ၁၂၂၀ လောက်အတွင်း ခမာ မြို့ပြများတည်ထောင်ဖွံ့ဖြိုး လာတဲ့ အချိန်အခါကစခဲ့တာပါ။ အန်ကောဝပ် ဆိုတာက အဲဒီ အန်ကောမြို့ပြနိုင်ငံကြီးရဲ့ အဆောက်အဦး တစ်ခုပါဘဲ။ Temple လို့ခေါ်တဲ့ ဘုရားကျောင်း အဆောက်အဦတစ်ခုပေါ့။ ၁၂ ရာစု အစောပိုင်းလောက် မှာ ခမာဘုရင် ဆူရီယာဗာမင် (၂) (Suryavarman II) က တည်ဆောက်ခဲ့တာပါ။ ဟိန္ဒူ ဗရှ်နူး ဘုရား ကျောင်းတော် ပေါ့။ အဲဒီမှာ ဟိန္ဒူ အယူဝါဒ ကအရင်ထွန်းကားတာ။ နောက်မှ ၁၂ ရာစု နှောင်းပိုင်းလောက် ရောက်မှ ဗုဒ္ဓဘာသာ ပြန့်ပွားလာတာ။ မဟာယန နောက်တော့မှ ထေရ၀ါဒ။ အခု လက်ရှိ ကမ္ဘောဒီးယားနိုင်ငံကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံပါ။ ဒါပေမဲ့ သူတို့တွေ တစ်ကယ်ကိုးကွယ် တဲ့ပုံစံကတော့ မဟာယနလဲမကျ ထေရ၀ါဒ စစ်စစ်လဲမဟုတ် ဟိုမကျဒီမကျပုံစံမျိုး နတ်လဲတွဲပြီးကိုးကွယ်သေးတယ်။ ဟို သစ်ပင်မြိုထားတဲ့ တာပရွမ်း (Ta Prohm) ဆိုတဲ့ Temple က ဗုဒ္ဓဘာသာ တင်ပယ်လ်ပါ။ အဲဒါကိုဆောက်တာ အန်ကောဝပ် ဘုရားကျောင်းထက်ကို နောက်ကျပါတယ်။ ၁၂ ရာစု အနှောင်းပိုင်းလောက်ကျမှ ဂျာယာဗာမန် (၇) (Jayavarman VII) ဆိုတဲ့ ဘုရင်ကဆောက်ခဲ့တာပါ။ အဲဒီ ဘုရားကျောင်းဆောင် အတော်များများကို သစ်ပုပ်ပင် အကြီးကြီးတွေကမြိုထားတာပါ။ အပြင်မှာ ကြည့်ရတာ အရမ်းလှတယ်။ သစ်ပုပ်ပင် ပါးပျဉ်းကြီးတွေက မြွေကြီးတွေကျ နေတာဘဲ။ “အန်ဂျလီနာ ဂျိုလီက အဲဒီမှာ တွမ်ရိုက်ဒါ ၂ ကို လာရိုက်သွားတာလေ။ ခမာတွေ အဲဒီဟာကို ကြွားလို့မဆုံးဘူး။”း)

    ReplyDelete
  8. အေးဗျာ ကြားဖူးတာတော့ ရှိပါတယ်..ခုမှပဲသေသေချာချာသိရတယ်..
    ကျေးဇူး ကိုသက်တန့်...

    ReplyDelete
  9. ကိုသက်တန့် လိုက်ပို့ လို နေရာတော်တော်များများကို ရောက်ဘူးသွားပြီ။

    ခုလဲ လေယာဉ်ခ မကုန်ဘဲ ကမ္ဘောဒီးယားကို ထပ်ရောက်သွားတယ်။

    ကျေးဇူးးးးးးးးးးးးးးးးး
း)

    ReplyDelete
  10. ကမ်ဘောဒီးယားကို သွားဖို့အတွက် ဒီပိုစ့်လေးကို လာဖတ်ပါတယ်ရှင်။

    ReplyDelete
  11. Dear Bro & Sis,

    To be accurate, please view this link http://mandalayinn.com/about_temples.html

    I do expect Ko They Tant Cho will re-write this article too.

    Best Regards,
    MM

    ReplyDelete
  12. Dear Bro, Sis and Ko Thet Tant,

    Thank you very much for your sharing your knowledge and i would like to give u all a link to get accurate info about Angkor Wat and Surrounding Temples..
    Do clip there n see http://mandalayinn.com/about_temples.html

    I do believe that ko thet tant will re-write this article soon.

    Best Regards,
    Maung Maung

    ReplyDelete