Monday, September 12, 2011

ပရိုတိန်းအကြောင်း သိကောင်းစရာများ

ပရိုတိန်းအကြောင်း သိကောင်းစရာများ




အာဟာရလို့ပြောတဲ့နေရာမှာ ကာဗိုဟိုက်ဒရိတ် (ကစီဓါတ်) ၊ပရိုတိန်း ( အသားဓါတ်) နဲ့ အဆီဓါတ်တို့ ပါဝင်ကြောင်း ကို ကျွန်တော်တို့ သိရှိခဲ့ကြပြီးဖြစ်ပါတယ် ။ အခုတင်ဆက်ပေးသွားမှာကတော့ ပရိုတိန်းဓါတ် အကြောင်း ပဲဖြစ်ပါတယ် ။ ပရိုတိန်းဆိုတာ peptide အစည်းတွေက တဆင့် တွယ်နှောင်ထားတဲ့ အမိုင်နို အက်ဆစ်တွေ နဲ့ပြုလုပ်ထားတဲ့ Polymer Chain တွေဖြစ်ကြပါတယ် ။ အမိုင်နိုအက်ဆစ်တွေကို Essential amino acid နဲ့ Non- essential amino acid ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ် ။ ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေမှာ အာဟာရ တန်ဖိုး 4kcal/gram ပါဝင်ပြီး Lipid လို့ခေါ်တဲ့အဆီမှာတော့ 9kcal/gram ပါဝင်ပါတယ် ။ အစား အသောက်တွေကနေရရှိတဲ့ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကတော့ Leucine , Isolucine, Valine , Lysine , Threonine, Tryptophan, Methionine, Phenylalanine နဲ့ Histidine တို့ဖြစ်ကြပါတယ် ။ Non essential amino acid တွေကတော့ တခြားအမိုင်နိုအက်ဆစ်တွေမှတဆင့် ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပါတယ် ။ Non-essential amino acid တွေကတော့ Arginine, Alanine, Asparagine , Aspartic Acids, Cysteine, Glutamine, Glutamic acid, Glycine, Proline, Serine နဲ့ Tyrasine တို့ဖြစ်ကြပါတယ် ။

အာဟာရ ရှုထောင့်ကနေကြည့်မယ်ဆိုရင် အစာချေဖျက်ချိန်မှာ Protease လို့ခေါ်တဲ့ အင်ဇိုင်းရဲ့အကူအညီနဲ့ ပရိုတိန်းတွေဟာ အစာအိမ်ထဲမှာ ကျေပျက်ပါတယ် ။ ပြီးတော့ သေးငယ်တဲ့ Polypeptides တွေအဖြစ်ပြောင်းပြီး ခန္ဓာကိုယ်အတွက် အမိုင်နိုအက်ဆစ်တွေကကိုထောက်ပံ့ပေးပါတယ် ။ ဒါကြောင့်လူတစ်ယောက် ရဲ့အစား အသောက် မှတဆင့်ပရိုတိန်းဟာ Protein synthesis အတွက် Essential amino acid ရော Non essential amino acid ရော နှစ်မျိုးစလုံကိုထောက်ပံ့ပေးပါတယ် ။ အသားအများစုနဲ့ အချို့သောဟင်းသီး ဟင်း၇ွက်တွေ မှာပါတဲ့ ပရိုတိန်းဟာ Essentail amino acid တွေ အချိုးတူညီစွာပါဝင်တဲ့ Complete protein တွေဖြစ်တယ်လို့ ယူဆရ ပါတယ် ။ ကျန်းမာရေးကြောင့်ဖြစ်စေ ဘာသာရေးကြောင့်ဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့်ဖြစ်စေ အသားရှောင်တဲ့သူတွေဟာ သူတို့ရဲ့အစားအသောက်တွေကတဆင့် Essential amino acid တွေရရှိအောင် ပရိုတိန်းဓါတ်တွေရရှိအောင် ဘယ်လိုစားသုံးရမယ်ဆိုတာဟာလည်း အရေးကြီးလွန်းလှပါတယ် ။

ပရိုတိန်းတွေက ခန္ဓာကိုယ်ထဲမှာဘာလုပ်ပေးသလဲ



ပရိုတိန်းဟာ ခန္ဓာကိုယ်ရဲ့ကြီးထွားမှု ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ် ။ ရေမှလွဲပြီး ပရိုတိန်း ဟာ ခန္ဓာကိုယ်ထဲမှာ ပေါများစွာတွေ့ရတဲ့ မော်လီကျူးတွေဖြစ်ပါတယ် ။ ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးမှာ ပရိုတိန်း ကိုတွေ့ရှိနိုင်ပြီး ဆဲလ်အားလုံးရဲ့အဓိက အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် ။ (အထူးသဖြင့် ကြွက် သား များ) ပရိုတိန်းလို့ ဆိုလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့အတွင်းကလီစာ အစိတ်အပိုင်းတွေ ၊ ဆံပင်တွေ နဲ့ အရေပြားတွေ ကအစပါဝင်ပါတယ် ။ Membranes တွေကနေပြီး (အထူးသဖြင့် Glycoprotiens) ပရိုတိန်း ကိုသုံး စွဲကြပါတယ် ။ အမိုင်နိုအက်ဆစ်အဖြစ်ပြိုကွဲပျက်ဆီးသွားတဲ့အခါမှာတော့ သူတို့ဟာ nucleic acid နဲ့ ဗီတာ မင်တွေရဲ့ precursor အဖြစ် အသုံးပြုခြင်းခံရပါတယ် ။ အမိုင်နိုအက် ဆစ်တွေ ကနေတ ဆင့်ဖြစ်ပေါ်လာတဲ့ ဟော်မုန်းတွေနဲ့ အင်ဇိုင်းတွေဟာ ဇီဝဖြစ်ပျက်မှု ( metabolism) ကိုပုံမှန်အ တိုင်း ဖြစ်အောင်ဆောင်ရွက်ပေးပါတယ် ။ နောက်ဆုံးမှာတော့ သွေးဆဲလ်တွေပြုလုပ်ဖို့အတွက် ပရိုတိန်း ကိုလိုအပ် ပါတယ် ။

ပရိုတိန်းနှင့်လေ့ကျင့်ခန်း

အားကစားတွေမှာ အောင်မြင်ဖို့ဆိုတာဟာလည်း ပရိုတိန်းကအ ဓိက Key nutrient အနေနဲ့ ပါဝင်ဆောင်ရွက်ပေးပြန်တယ် ။ ပရိုတိန်းရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့အ မိုင်နိုအက်ဆစ်တွေကို တစ်ရှူးအသစ်တွေဖြစ်ပေါ်ဖို့ ၊ ပျက်ဆီးသွားတဲ့တစ်ရှူးတွေကိုပြန်လည်ပြုပြင်ဖို့ အသုံးပြုကြပါတယ် ။ ပရိုတိန်းတွေဟာ ကြွက်သားလေ့ကျင့်ခန်းအတွက် Fuel ( လောင်စာ) ကိုအနည်းငယ်သာ ထောက်ပံ့ပေးသော်လည်း ကာဗိုဟိုက်ဒရိတ်နဲ့ lipid တွေနည်းနေတဲ့အခြေအနေမျိုးမှာ သူတို့ကို အဓိက fuel အဖြစ်သုံးကြရပါတယ် ။

ပရိုတိန်းတွေကို ဘယ်ကနေရရှိသလဲ

ပရိုတိန်းတွေကို အမျိုးမျိုးသော အစားအသောက်တွေကနေတဆင့်ရရှိနိုင်ပါတယ် ။ ပရိုတိန်းအ များဆုံးပါ ၀င်တဲ့အစား အစာတွေဖြစ်တဲ့ နို့ ၊ သား ၊ ငါး ၊ ဥများနဲ့အသီးအရွက်များ ၊ ပရိုတိန်း powders တွေပါဝင်တဲ့ ( ဆန် ၊ ပဲပုပ် ၊ ဂျုံ) စသည်တို့မှ တဆင့်လည်း ရရှိနိုင်ပါတယ် ။ ပရိုတိန်းနဲ့ ပင်ရင်းဇစ်မြစ်ကို အဆင့် ဆင့်ပြောင်း လဲထုတ် လုပ်ရင် ပရိုတိန်းပေါင်ဒါကိုရရှိပါတယ် ။ Protein Powders ဟာ လှုပ်ရှားနေတဲ့ကြွက်သားတွေအတွက် လိုအပ် တဲ့ ပရိုတိန်းတွေကို ဖြည့်စွက်ထောက်ပံ့ပေးပါတယ် ။ ကြွက်သားတွေရဲ့ လေ့ကျင့်ခန်းလုပ်ဆောင်မှု Performance ကတော့ ဘယ်လို ပရိုတိန်းအမျိုးအစားလဲ ဆိုတဲ့အပေါ်မူတည်ပါတယ် ။ မတူညီတဲ့ Physical နဲ့ Chemical ဂုဏ် သတ္တိတွေက Protein digestion နှုန်းကို သက်ရောက်မှု ရှိစေပါတယ် ။

ပရိုတိန်းများအား ချေဖျက်ခြင်း

ပရိုတိန်းအများစုဟာ ချေဖျက်ခြင်း ( Digestion) မှတဆင့် အမိုင်နိုအက်ဆစ်တွေရတယ်လို့ အထက်မှာ တင်ပြခဲ့ ပြီးဖြစ် ပါတယ် ။ Digestion ဆိုတဲ့ဖြစ်စဉ်ကို အစာအိမ်ထဲမှာ အစပျိုးစေခဲ့တာကတော့ Hydrocloric acid တွေရဲ့ အ ကူအညီနဲ့ Pepsinogen တွေဟာ Pepsin အဖြစ်ပြောင်းသွားခြင်းမှ စတင်ပါတယ် ။ ပြီးတဲ့အခါ အူလမ်းကြောင်းမှာ Trypsin နဲ့ Chymotrypsin စသဖြင့် အမျိုးမျိုးပြောင်းလဲဖြစ်ပေါ်ပါတယ် ။ အူအသေး ထဲကနေ စုပ်ယူခြင်းမပြုခင် ပရိုတိန်းအများစုဟာ အမိုင်နိုအက်ဆစ်တစ်ခု ဒါမှမဟုတ် များစွာ သော အမိုင်နိုအက် ဆစ်တွေရဲ့ Peptides တွေအဖြစ်ပြောင်းကြရပါတယ် ။ အမိုင်နိုအက်ဆစ်လေးခုထက်ပိုတဲ့ Peptides တွေ ကိုတော့ စုပ် ယူခြင်းမပြုနိုင်ပါဘူး ။ အမိုင်နိုအက်ဆစ်တစ်ခုခြင်းစီရဲ့ စုပ်ယူမှုနှုန်းကတော့ Protein source အပေါ် မူတည်ပါတယ် ။

အစားအစာများအား အလာ့ဂျစ်ဖြစ်ခြင်း

အချို့သော အစားအစာတွေမှာ ပါဝင်တဲ့ အချို့သော ပရိုတိန်းတွေဟာ အလာ့ဂျစ်နဲ့ ဓါတ်မတည့် ခြင်းဖြစ်စဉ်တွေ ကို ဖြစ်စေပါတယ် ။ ဒါဟာ ဘာကြောင့်လည်းဆိုရင် ပရိုတိန်းတစ်ခုစီရဲ့ တည်ဆောက်ပုံဟာ ကွဲပြားခြားနား တာကြောင့်ဖြစ်ပြီး တချို့ ခန္ဓာကိုယ်ခုခံအားကို ဆန့်ကျင်နေချိန်မှာ တချို့ကတော့ အန္တရာယ်မဖြစ်စေပါဘူး ။ လူအများစုဟာ နို့ထဲမှာ ပါတဲ့ ပရိုတိန်းတစ်မျိုးဖြစ်တဲ့ Casein ကိုအလာ့ဂျစ်ဖြစ်ကြပြီး ဂျုံနဲ့တခြားအစား အစာတွေမှာပါဝင်တဲ့ Gluten ကိုလည်း အလာ့ဂျစ်ဖြစ်ကြပါတယ် ။ ပင်လယ်စာတွေနဲ့ မြေပဲ ၊ ပင်လယ်ငါးတ ချို့ကို လူတွေ အလာ့ဂျစ်ဖြစ်ကြတာကို သင်ကြားဖူးမှာပါ ။

ဖွံ့ဖြိုးဆဲတိုင်းပြည်များနှင့် ပရိုတိန်းဓါတ်ချို့တဲ့မှု

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာပရိုတိန်းဓါတ်ချို့တဲ့ခြင်းဟာ သေဆုံးမှုများစွာသော ရောဂါတို့ကိုဖြစ်စေတဲ့အကြောင်း
အရင်း တစ်ခုဖြစ်နေလို့ပါ ။ ပရိုတိန်းဓါတ်ချို့တဲ့ခြင်းဟာ Kwashiorkor ( ကွာရှာကော) လို့ခေါ် တဲ့ ရော ဂါဖြစ်စေခြင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် ။ လူဦးရေထူထပ်ခြင်းနဲ့ တခြားအကြောင်း အရာများ စွာဟာ အာဟာရချို့တဲ့ခြင်း (malnutrition) နဲ့ Protein Deficiency တို့ကိုများစေပါတယ် ။ ပရိုတိန်း ဓါတ် ချို့တဲ့ရင် ဥာဏ်ရည်ဥာဏ်သွေးနိမ့်ပြီး ဥာဏ်မမှီခြင်း ( Mental Retardation) ကိုလည်းဖြစ်စေပါတယ် ။ ပရိုတိန်းချို့တဲ့တဲ့ တိုင်းပြည်တွေကို လေ့လာကြည့်မယ်ဆိုရင် အသီးအရွက်စားတာကများပြီး အဲဒါတွေက သင့်တင့် မျှတဲ့ စွမ်းအင်နဲ့ ပရိုတိန်းဓါတ်ရရှိအောင် စွမ်းဆောင်ဖို့ ခဲယဉ်းလှပါတယ် ။ ကွာရှာကော ရဲ့လက္ခဏာတွေ ကတော့ ၀မ်းသွားခြင်း ၊ လှုပ်ရှားမှုနည်းခြင်း ၊ ခန္ဓာကိုယ်မကြီးထွားခြင်း ၊ အရေပြားမွဲခြောက်ပြီး အသည်း အဆီဖုံးခြင်း ၊ ၀မ်းဗိုက်သားနဲ့ ခြေလက်တွေမှာ ဖောယောင်ခြင်းစသည်တို့ ဖြစ်ကြပါတယ် ။

ဒါကြောင့် ပရိုတိန်းဓါတ်တွေမချို့တဲ့အောင် အသားနဲ့ သစ်သီးသစ်ရွက်တွေကို သင့်တင့်မျှတစွာ စားသုံးကြပါလို့ အကြံပေး ရင်း နိဂုံးချုပ်လိုက်ပါတယ် ။

Ref : Wikipedia ( Protein Nutrition)

သက်တန့်ချို

(Living Life Journal , Vol 2 - No.1 )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ဘယ်အစား အသား ဟင်းသီးဟင်းရွက် တွေမှာ ပရိုတိန်း ဘယ်လောက်ပါလဲ

    ပြုတ် ဖုတ် ကင် ကြော် ချက်နည်းတွေမှာ ပရိုတိန်း ဘယ်လောက် ပျက်စီးနိုင်သလဲ ချက်ပြီးဟင်းမှာ ပရိုတုန်း ဘယ်လောက်ကျန်မလဲ ဆိုတာ ခန့် မှန်းပြီး ရေးပေးပါလား

    အဲဒါကို ဖတ်ပြီး ဘယ်လို စားသောက်ရင် ဘယ်လောက် ပရိုတိန်းရမယ် ဆိုတာ တွက်ချက်နိုင်တာ ပေါ့။ ပရိုတိန်းအစားများရင်ရော ဘာဖြစ်နိုင်မလဲ ရေးပေးပါလား

    ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ပရိုတင်းအကြောင်းကို ဖတ်သွားပါတယ်။ :))

    ReplyDelete
  3. အန်တီလေးမေခင်August 22, 2012 at 11:56 AM

    ပရိုတိန်းအကြောင်းလေးအားပေးသွားပါတယ်။
    အပေါ်မှဆောင်း။ပြောသလိုလေးရေးပေးပါအုံးကွယ်
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete