Monday, September 19, 2011

ဘီတာကယ်ရိုတင်း

ဘီတာကယ်ရိုတင်း




Living Life Journal မှာ ကျန်းမာရေး၊ အလှအပရေးရာနဲ့ပတ်သတ်ပြီး ဗဟုသုတရစေမယ့် အကြောင်း အရာအတော် များများကို Cover Story အဖြစ်တင်ဆက်ပေးပြီးတဲ့နောက် ယခုအပတ် တင်ဆက်ပေး မယ့်အကြောင်းက တော့ ဘီတာကယ်ရိုတင်းအကြောင်းဖြစ်ပါတယ် ။ အချို့သော အားဆေးတွေ နဲ့ ဆေးတောင့်တွေ မှာ ဘီတာကယ်ရိုတင်းပါဝင်တယ်လို့ ထည့်ပြီးဖော်ပြတာကို တွေ့ဖူးကြပါလိမ့်မယ် ။ ဒါပေမယ့် ဘီတာ ကယ်ရိုတင်းကို အသေးစိတ်ကျကျ သိရှိသူကတော့ နည်းပါလိမ့်မယ် ။ ဘီတာကယ်ရိုတင်းဆိုတာ အ ပင်တွေနဲ့ သစ်သီးတွေမှာ ပေါများစွာတွေ့ရလေ့ရှိတဲ့ အနီရောင် လိမ္မော်ရောင် ရောင်ခြယ်တစ်မျိုးဖြစ်ပါတယ် ။ ဓါတုဒြပ်ပေါင်း တစ်ခုဖြစ်ပြီး ဟိုက်ဒရိုကာဗွန်အမျိုးအစားဖြစ်ပါတယ် ။ Beta carotene ကို geranylgeranyl pyrophosphate ဆိုတဲ့ ဒြပ်ပေါင်းကနေပြီး ဇီဝနည်းနဲ့ထုတ်လုပ်နိုင်ပါတယ် ။ ဘီတာ ကယ်ရိုတင်း မှာ မော်လီ ကျူးတွေရဲ့ အစွန်း နှစ်ဖက်လုံးမှာ ဘီတာရင်းမ် (Beta rings) တွေပါရှိပါတယ် ။



ကာရိုတင်းဆိုတာ မုန်လာဥ၀ါမှာ တွေ့ရတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး လိမ္မော်ရောင်ဖက်သမ်းပါတယ် ။ အပင်တွေ မှာပေါများ စွာတွေ့ရပြီး အစားအသောက်တွေမှာ အရောင် အနေနဲ့သုံးချင်ရင်တော့ E number E160a ရှိပါတယ် ။ သဘာဝအတိုင်းဆိုရင် ဘီတာကာရိုတင်းဟာ ဗီတာမင်အေရဲ့ precursor (မလှုပ်ရှားသောပုံစံ) ဖြစ်ပြီး chromatography နည်းပညာကိုအသုံးပြုပြီး carotenoids ပေါများစွာပါရှိတဲ့ သစ်သီးတွေကနေပြီး ဘီတာ ကာရိုတင်းကိုခွဲထုတ်နိုင်ပါတယ် ။ အခြားcarotenoids တွေကနေ ဘီတာကယ်ရိုတင်းကိုခွဲထုတ်ခြင်းရာ ဒြပ်စင် တစ်ခုရဲ့ Polarity အပေါ်အခြေခံပါတယ် ။ ဘီတာကယ်ရိုတင်းဟာ non-polar ဒြပ်ပေါင်း တစ်ခုဖြစ် ပါတယ် ။ ဒါကြောင့်သူ့ကိုခွဲထုတ်ချင်တဲ့အခါ Non polar solvent ဖြစ်တဲ့ hexane ကိုအသုံးပြုရပါတယ် ။ အပင်တွေ မှာပါဝင်တဲ့ carotenoids တွေဟာ ပရိုဗီတာမင် အေတွေရဲ့ မူရင်းဟာအာရ ဇစ်မြစ်တစ် ခုလည်းဖြစ် ပါတယ် ။ လူသိအများဆုံးကတော့ Provitamin A carotenoids ဖြစ်ပြီး အခြား အနေနဲ့ a-carotene နဲ့ beta cryptoxanthin တို့ ပါဝင်ကြပါတယ် ။ Carotenoids တွေကို စုပ်ယူခြင်းကို အူသိမ်ဦးပိုင်း (duodenum) မှ ကန့်သတ် ထားပြီး ဒီစုပ်ယူခြင်းဟာ အမြှေးပါး ပရိုတိန်းဖြစ်တဲ့ SR-B1 receptor အပေါ်မူတည်ပါတယ် ။ ဒီပရို တိန်း ဟာဆိုရင် ဗီတာမင်အီး စုပ်ယူခြင်းနဲ့လည်းပါဝင်ပတ်သတ်ပါတယ် ။

ဘီတာကယ်ရိုတင်း မော်လီကျူးတစ်ခုကို အူအထဲမှာရှိတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ beta,beta-carotene 15,15'-monooxygenase ဆိုတဲ့ အင်ဇိုင်းကနေဖယ်ထုတ်ပေးပြီးဗီတာမင်အေ မော်လီကျူး နှစ်ခုကိုဖြစ်စေပါတယ် ။ Carotenoids တွေရဲ့ စုပ်ယူခြင်းနဲ့ပြောင်းလဲခြင်းဟာ ဘီတာကာရိုတင်းရဲ့ ပုံစံ ( ဥပမာ ချက်ပြုတ်ပြီးသား သို့မ ဟုတ် ဟင်းသီးဟင်းရွက်အစိမ်းများ ၊ အားဆေးတောင့် ) ပေါ် မူတည်ပါတယ် ။ ဒါ့အပြင် အဲဒီတပြိုင်နက်ထဲမှာ အဆီတွေ တပြိုင်နက်စားသုံးမှု ၊ လတ်တလော ဗီတာမင်အေ သိုလှောင်ထားမှု နဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘီတာ ကာရိုတင်းစတာတွေအပေါ်မူတည်ပါတယ် ။ ဘီတာကာရိုတင်းကို အ၀ါရောင်နဲ့လိမ္မော်ရောင်ရှိတဲ့ သစ်သီးများ ( သရက်သီး ၊ လိမ္မော်သီး ၊ မုန်လာဥ၀ါ ၊ ကျွေးဥ ၊ ၀ဥ ၊ ကန်စွန်းဥ ၊ ဒေါက်ခွ ၊ ကိုက်လန် ၊ အာလူး ၊ ဘူးသီး စတာတွေမှာပေါများစွာတွေ့ရပါတယ် ။ Vietmamese gac နဲ့ curde palm oil မှာ တခြား သစ်သီးသစ်ရွက်တွေထက်စာရင် ဘီတာကယ်ရိုတင်းမြင့်မားစွာပါဝင်ပါတယ် ။ ဥပမာ မုန်လာဥ၀ါ ထက်စာရင် ၁၀ ဆ ပိုမြင့်မားစွာပါဝင်ပါတယ် ။ ဒါပေမယ့် gac ဟာ ရှားပါးပြီး အရှေ့တောင်အာရှမှာ စိုက်ပျိုးဖြစ် ထွန်းနိုင်မယ့် နေရာ မသိရှိရသေးပါဘူး ။ ယေဘူယျ လူတွေစားသုံးနေတဲ့ ဘီတာကယ်ရိုတင်းဟာ တစ်နေ့ကို 2-7 mg ရှိပါတယ် ။ ဒါဟာ USA ၊ ကနေဒါနဲ့ဥရောပနိုင်ငံအချို့က အမျိုးသမီး ငါးသိန်းကို စမ်းသပ်ထားတဲ့ အဖြေ တစ်ခုဖြစ်ပါတယ် ။ ယူအက်စ် စိုက်ပျိုးရေး သုတေသနကနေပြီး ဘီတာကာရိုတင်း မြင့်မားစွာ ပါဝင်တဲ့အစား အစာ တွေကိုအောက်ပါအတိုင်းဖော်ပြထားပါတယ် ။

မုန်လာဥ၀ါဖျော်ရည် ( တစ်ခွက် = ၂၃၆ မီလီဂရမ် )
ရွှေဖယုံသီးဖျော်ရည် ( တစ်ခွက် = ၂၄၅ မီလီဂရမ် )
အာလူးချက်ပြီးသား ( တစ်လုံး = ၁၄၆ မီလီဂရမ် )
အာလူး ပြုတ်ပြီးသားအခွံမပါ ( တစ်လုံး = ၁၅၆ မီလီဂရမ် )
ဒေါက်ခွရွက်ပြုတ်ရည် ( တစ်ခွက် = ၁၉၀ မီလီဂရမ်)
မုန်လာဥချက်ပြီးသား ( တစ်ခွက် = ၁၅၆ မီလီဂရမ်)
ဒေါက်ခွ (တစ်ခွက် = ၂၁၄ မီလီဂရမ်)
အာလူး ပြုတ်ရည် ( တစ်ခွက် = ၂၅၅ မီလီဂရမ်)
မုန်လာဥ ချက်ပြီးသား ဆားမပါ ( တစ်ခွက် = ၁၄၆ မီလီဂရမ် )

ဘေးထွက်ဆိုးကျိုးများ

ဘီတာကာရိုတင်းရဲ့ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးကတော့ carotenodermia လို့ခေါ်ပါတယ် ။ လက္ခဏာ ကတော့ အရေပြားရဲ့အပြင်ဖက်ဆုံးအလွှာဖြစ်တဲ့ epidermis မှာ caroteinoid တွေစု ပုံလာခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ လိမ္မော်ရောင်လေးတွေသမ်းလာခြင်းဖြစ်ပါတယ် ။ အန္တရာယ်မရှိပါဘူး ဒါပေ မယ့် ရေရှည် မှာတော့ ဘီတာကာရိုတင်းပါဝင်တဲ့ သောက်ဆေးတွေအများကြီးသောက်သုံးမိခြင်းဟာ ဆေးလိပ်သောက် တဲ့လူတွေ အ တွက် အဆုတ်ကင်ဆာ ဖြစ်ပွားမှု နှုန်းမြင့်တက်ခြင်းနဲ့ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။ ဒါ့အပြင် ဘီတာ ကာ ရိုတင်းပါဝင်တဲ့သောက်ဆေးတွေဟာ ဆီးကြိတ်ကင်ဆာ ၊ ဦးနှောက်အတွင်းသွေးယိုခြင်း ( intracerebral hemorrhage) တို့ကိုများစေပြီး ဆေးလိပ်သောက်သူတွေမှာ နှလုံးရောဂါနဲ့ သေဆုံးမှုနှုန်းမြင့်တက်လာခြင်းတို့နဲ့ ဆက်နွယ်မှုရှိတယ်လို့ ဆိုပါတယ် ။ ဘီတာကာရိုတင်းကို အသည်းနဲ့တခြား သားဥအိမ် တို့လို နေရာတွေ မှာသိုလှောင် ပါတယ် ။ ကြွက်တွေမှာစမ်းသပ်ချက်အရတော့ ဒီလို သိုလှောင်ထား တဲ့ဘီတာ ကာရတိုတင်းကို ခန္ဓာကိုယ် ကနေ ဘီတာမင်အေအဖြစ် မပြောင်းပေးနိုင်ဘူးလို့ဆိုပါတယ် ။ အီကွေတာ နဲ့ ဝေးတဲ့နိုင်ငံတွေ မှာတော့ ဗီတာမင်ဒီတွေသိုလှောင်ထားခြင်းဟာ အေးခဲတဲ့ဆောင်းရာသီမှာဆိုရင် Osteoporosis ဆိုတဲ့အရိုး ပွရောဂါ ကို ကာကွယ်ပေးနိုင်ယုံသာမကပဲ တခြား ဗီတာမင်ဒီချို့တဲ့ခြင်းနဲ့ ဆက်နွယ်နေတဲ့အခြေအနေကိုပါ အဆင်ပြေစေ ပါတယ် ။ အများစုကတော့ annatto လို့ခေါ်တဲ့ အစားအစာအရောင် ကိုဘီတာ ကာရိုတင်းအ စားအသုံးပြုကြပါတယ် ။ ဒါဟာ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားခြင်းမပြုနိုင်ပါဘူး ။

ဘီတာကာရိုတင်းနှင့် အဆုတ်ကင်ဆာ

ဘီတာကာရိုတင်းပါတဲ့ သောက်ဆေးတွေအများကြီး ( high dose) သောက် သုံးခြင်းဟာ ဆေးလိပ်သောက် သူတွေမှာ အ ဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ကိုမြင့်တက်နိုင်ချေရှိပါတယ် ။ ဒါကြောင့် ဘီတာကာရိုတင်းရဲ့ Oncologyဟာ နေ့စဉ် ဆေးအချိန်အဆအများကြီးသောက်သုံးနေမှုနဲ့ ဆေးလိပ်သောက်သုံးနေမှု နှစ်ခုစလုံး
အပေါ်အခြေခံပါတယ် ။

ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု

ကာရိုတင်းတွေဟာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေရှိပါတယ် ။ ဗီတာမင်အေဟာ glycoproteins တွေ ထုတ်လုပ်မှုဖြစ်စဉ်မှာ ပါဝင်ရုံသာမကပဲ တခြား ဇီဝ လုပ်ငန်းဆောင်တာတွေအမျိုးမျိုးကို ထမ်းဆောင်ပေးပါတယ် ။ ဗီတာ မင်အေ တွေသာ ချို့တဲ့ခဲ့မယ်ဆိုရင်တော့ အရိုးဖွံ့ဖြိုးမှု မူမမှန်ဖြစ်လာခြင်း ၊ မျိုးပွားအဂါင်္ ဆိုင်ရာချို့ ယွင်းမှုများ ၊ မျက်ကြည်လွှာခြောက်သွေ့ခြင်း ( xerophthalmia) စသည်တို့ဖြစ်စေနိုင်ပါတယ် ။ ဈေးကွက်ထဲမှာ ၀ယ်ယူရရှိနုင်တဲ့ ဘီတာကာရိုတင်းထုတ်ကုန်တွေဟာ အများစုကတော့ မှို ၊ အပင် ၊ ရေညှိ နဲ့ palm oil ကနေ ထုတ်လုပ် ထားကြတာဖြစ်ပါတယ် ။ ဘီတာ ကာရိုတင်းဟာ retionol အဖြစ်ပြောင်းပေးပြီး ဒါဟာ အမြင်အာ ရုံအတွက် မရှိမဖြစ်လိုအပ်ပါတယ် ။ Retinoic acid အဖြစ်လည်း ဆက်လက်ပြောင်းပေးပြီး အဲဒါဟာ ဆဲလ်တွေခွဲခြားခြင်းနဲ့ ဆဲလ်တွေကြီးထွားလာခြင်းဖြစ်စဉ်တွေအတွက်လည်းအလွန်အဆုံးဝင်ပါကြောင်း တင်ပြ လိုက် ရပါတယ် ။

Ref : wikipedia

သက်တန့်ချို
(For Living Life Journal coming issue)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ဘီတာကို ဘီယာလို့ မှားဖတ်လိုက်မိရင်း ထပ်မံလာလည်ပါတယ်အကို။ ပိုစ့်အသစ်တင်တိုင်း တင်တိုင်း ပြေးပြေးပြီး ဖတ်ဖြစ်ပါတယ်။ အစ်ကို့ဆိုဒ်က ဗဟုသုတတွေ များကြီးရတယ်။

    ခင်မင်စွာဖြင့်
    AH

    ReplyDelete
  2. လွမ်းနေခွင့်September 20, 2011 at 3:07 AM

    ဘီတာကာရိုတင်းအကြောင်းဖတ်သွားပါတယ်.. ဒီမှာတော့ ဗီတာမင်ဒီအလုံအလောက်မရလို့ ရှိရင် ချမ်းအေးလှတဲ့ဆောင်းရာသီမှာအချမ်းဒဏ်မခံနိုင်ပါဘူး... အရိုးအဆစ်တွေလဲကိုက်ကြတယ်... ဒါကြောင့်ငါးကြီးဆီကိုနေ့ တိုင်းသောက်နေကြတာပေါ့....

    ReplyDelete
  3. ဒါဆိုအများကြီးစားရင်မကောင်းဘူးပေါ့အဲလိုလား
    မဒိုးကန်ကသည်းခြေမရှိတော့ အဲဒါတွေများရင်ဘာဖြစ်နိုင်သလဲဆရာသက်တန့်ရေ ..
    (ဟဲဟဲ ရောဂါကစုံတယ်နော် ဘာမှတ် )

    ReplyDelete