Thursday, September 22, 2011

ဖျားနာနေသော ဧရာဝတီကို ၀ိုင်းဝန်းကုစားကြဖို့ ( အပိုင်း ၂)



ချစ်သော ဧရာဝတီ

ကြည်လင်တောက်ပတဲ့...
ငွေရောင်လှိုင်းကြပ်ခွပ်တွေကြား
ဧရာဝတီဟာ...နံနက်ခင်းတိုင်းမှာ
ကြည်လင်အေးမြစွာ...နိုးထမြဲ...
“ ဧရာဝတီ ”
မြေကမ္ဘာတည်သရွေ့
ရွှေမြန်မာရဲ့ နတ်သမီး
အသီးသီးသော ...အလှတရားတို့နဲ့
ထုံးခွေ....ရစ်ပတ်
အတိတ်နေ့ရက်တိုင်းမှာ...
မြန်ပြည်သားတို့ရဲ့ အသိဥာဏ်ကို
လှုံ့ခတ် ကြည်နူးစေတယ်....

သဲသောင်ပြင် ဖြူဖြူအောက်
ခရုကောက်ကြတဲ့ ကမ်းစပ်မှာ..
ရေလှိုင်းသံ တလွင်လွင်
မှိုနတို...နဖားရွက်နဲ့
စားစရာပေါတဲ့ တို့မြန်ပြည်
ဧရာဝတီ....ရစ်ခွေမြဲ
အသည်းနှလုံးစိုင်တွေမှာ
အဘယ်သို့သော အကြောင်းတရားတွေနဲ့မှ
မပျောက်ကွယ်စေချင်....

အို....ဧရာဝတီ
ငါတို့ချစ်တဲ့ မြစ်တစ်စင်း
သင်ပေးဆပ်တဲ့ချစ်ခြင်းကို
လူတချို့က...မြစ်တစ်စင်းအသွင်မမြင်ခဲ့
ဘောင်ကွပ်...ထိမ်းချုပ်...
လျှပ်စစ်ဓါတ်တွေ...ထုတ်ကြမတဲ့..
ငိုကြွေးလိုက်ပါ...ဧရာဝတီ
ငါတို့ တာဝန်မကျေကြဘူး
သင့်သွေးကိုသောက်...
သင့်ဦးနှောက်ကိုဖောက်..
လူတွေက..တာတမံတွေ ဆောက်ကြဦးမယ်

တတ်စွမ်းသမျှ
ငါတို့အားလုံး....တတ်စွမ်းသမျှ
ဧရာဝတီရဲ့...အလှ
တစ်စက်မှ အထိမခံ
ဝိုင်းကာဝန်းကာကြံစည်ကြလို့
ကာကွယ်ထိန်းချုပ်
ဖွေးဖွေးလှုပ်တဲ့ ရေလှိုင်းသံတွေ..
အားမာန်အပြည့်...စိတ်ဓါတ်တွေနဲ့
ငါတို့...ကာကွယ်တားဆီးကြမယ်

ကုန်သွယ်ရေကြောင်း
တဂျောင်းဂျောင်းမြည်တဲ့ ..
စက်သမ္မာန် တွေကြား
ဧရာဝတီဟာ...အစဉ်အမြဲ တာဝန်ကျေလို့
ငါတို့အတွက်ဆို....
သင့်အသက်ကိုပါ...ပေးအပ်ဝံ့ခဲ့တယ်

အလင်းရောင်မရချင်နေပါစေ...
လောင်ကျွမ်းပြာကျစေပြီးမှ...
နှလုံးသားကို ဖောက်ထုတ်ရမယ့်အလုပ်
ဒီ..မဟုတ် တရုတ် တွေကိုလည်း
ငါတို့ မပြုပါရစေနဲ့

မေခ...မလိခ
မစားရ ၀ခမန်း
လူတွေက ..စီးပွားဆန်တယ်
အတ္တနဲ့ မာနတွေ နောက် တကောက်ကောက်
ပါးစပ်တွေကလည်း..
ပေါက်ပေါက်မြည်အောင်ဖောက်တယ်
တိုင်းတပါးနဲ့ ပူးပေါင်းလို့
ဆူးဖယောင်းအသွင် ပုံသွင်း
အသက်ပြင်းတဲ့ စနစ်ဆိုးအောက်
ငါတို့...ဒူးထောက်ရပေါင်းလည်းများပြီ

အို...ငါတို့ ချစ်မြတ်ရသော
မိခင် ဧရာဝတီ...
ဘေးလည်းမသီ...ရန်လည်းမခ
မာန်စွယ်တွေ တမြမြ
စူး ရှရှ..သံစဉ်တွေကြား
မြစ်ကမ်းတွေကို ဘောင်ခတ်လို့
နောင်အသက်..ရှည်သထက်ရှည်အောင်
ဝိုင်းဝန်းကာဆုတောင်း..
“ ဧရာဝတီ ” ....
သင်ချစ်သော..သားသမီးတို့အလယ်
အစဉ်အမြဲ.....
ရစ်ခွေစီးဆင်းစေသား....
ရ စ်ေ ခွ စီး ဆ င်းေ စ သား . . .
ရ စ်ေ ခွ စီး ဆ င်းေ စ သား . . . .

သက်တန့်ချို
၂၂ ရက် စက်တင်ဘာ ၂၀၁၁ ခုနှစ်

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. ကောင်းလိုက်တဲ့ ဧရာဝတီကဗျာ နက်ဖြန် Bloggers for Ayeyarwadi အတွက်ဒီကဗျာလေးနဲ့ ဧရာဝတီတိုက်ပွဲကို ၀င်ပြီးဆင်နွှဲစေချင်ပါတယ်....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  2. အရမ်းကိုလှပတဲ့ဧရာဝတီကဗျာလေးကို ခံစားရင်း အားမာန်တွေအပြည့်နဲ့ ဧရာဝတီကိုကာကွယ်ဖို့ ဆက်လက်တိုက်ပွဲဝင်နိုင်ကြပါစေလို့ .......

    ReplyDelete
  3. ဟူးရေး ကိုသက်တန့်

    ရင်ကို ထိတဲ့ ကဗျာလေးဘဲဗျာ

    ငါတို့ ဒူးထောက်ပေါင်း များလှပြီ
    ဧရာဝတီ ကိုတော့ ချမ်းသာပေးပါ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  4. ကိုသက်တန့်ရေ
    ကဗျာလေးဖတ်ပြီး..ဧရာဝတီအတွက်
    ထပ်တူခံစားရပါတယ်...

    ReplyDelete
  5. ဧရာဝတီ လွတ်လပ်စွာစီးဆင်းခွင့်ပေးပါ လို့ ဆန္ဒပြုပါတယ်။


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  6. ထာဝစဉ် ရစ်ခွေ စီးဆင်းနိုင်ပါစေ ဧရာဝတီ။

    ခင်မင်လျှက်

    ReplyDelete
  7. ဧရာဝတီနဲ့ မြန်မာပြည်
    ဧရာဝတီနဲ့ ဗမာလူမျိုး
    ခွဲခြားလို့မရဘူး...။
    ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

    ReplyDelete
  8. ဧရာဝတီနဲ့ မြန်မာပြည်
    ဧရာဝတီနဲ့ ဗမာလူမျိုး
    ခွဲခြားလို့မရဘူး...။
    ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

    ReplyDelete
  9. ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

    ReplyDelete