Thursday, September 29, 2011

Copper နှင့်ကျန်းမာရေး

Copper နှင့်ကျန်းမာရေး






Copper ဆိုတာ သင်္ကေတ Cu လို့ သတ်မှတ်ထားတဲ့ ( လက်တင်ဘာသာအရ Cuprum) အက်တမ်နံပတ် ၂၉ ရှိတဲ့ ဓါ တု ဒြပ်စင်တစ်ခုဖြစ်ပါတယ် ။ လူတွေအမှုမဲ့အမှတ်မဲ့ဖြစ်နေကြတဲ့ ကော့ပါးဟာ တကယ်တော့ ကျန်း မာရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ် ။ ဒါ့အပြင်ကော့ပါးဟာ လူတွေရဲ့ကျန်း မာရေ့းအ တွက်မရှိမဖြစ်လိုအပ်တဲ့ အနည်းငယ်သော ဒြပ်စင်တွေထဲက တစ်ခုလည်းဖြစ်ပါတယ် ။ ကော့ပါးနဲ့တကွ အမိုင်နို အက်ဆစ်တွေနဲ့ ဖက်တီးအက်ဆစ်တွေ ၊ ဗီတာမင်တွေဟာ ပုံမှန် ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် Metabolic Process တွေ အတွက်လိုအပ်ပါတယ် ။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ဟာ ကော့ပါးကို ထုတ်လုပ်ခြင်းမပြုနိုင်ပါဘူး ။ လူတွေရဲ့အ စားအသောက်က တဆင့်သာလျှင် ပုံမှန်ပမာဏကို စုပ်ယူခြင်းအ တွက် ထောက် ပံ့ပေးနိုင် မှာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း တခြား သတ္တုဓါတ်တွေနဲ့ အာဟာရ ဓါတ်တွေ လိုပဲ ကော့ပါး အလွန် များခြင်းနဲ့ ကော့ပါး အလွန်နည်းပါးခြင်းအခြေအနေများဟာ ခန္ဓာကိုယ် ထဲမှာ ကော့ ပါးပိုလျှံခြင်း နဲ့ ကော့ပါး ချို့တဲ့ခြင်း အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ် ။ ဒီလို တစ်ဖက်စွန်းရောက် အခြေအနေမျိုးတွေမှာဆိုရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ် ။

ခန္ဓာကိုယ်ထဲ မှာ ကော့ပါးဘယ်လောက်လိုအပ်သလဲ ?



ကမ္ဘာတ၀ှမ်းလုံးမှာ များပြားလှတဲ့ ကျန်းမာရေး ဆိုင်ရာ အေဂျင်စီတွေက သတ်မှတ် ထားတဲ့ နေ့ စဉ် ကော့ ပါးလိုအပ်ချက် (standard) တွေ သတ်မှတ်ထားပြီးဖြစ်ပါတယ် ။ သတ်မှတ်ထား ချက်တွေအ ရ ကော့ပါး လိုအပ်ချက်ဟာ လူကြီး ၊ ကိုယ်ဝန်ဆောင်သည်တွေနဲ့ ၊ ကလေးငယ်တွေ ၊ မွေးကင်းစ ကလေး ငယ်စတာတွေမှာ အသက်အရွယ်အမျိုးမျိုးအလိုက် ကွဲပြားခြားနားမှု ရှိပါတယ် ။ အရွယ်ရောက်ကြီး လူတစ်ယောက် ဟာ ကိုယ်အလေးချိန်နဲ့တွက်ဆမယ်ဆိုရင် 1.4 - 2.1 mg / kg လိုအပ်ပါတယ် ။ အနည်းငယ် မျှသော ပမာဏဖြစ်ပေ မယ့်လည်း အသက်ရှင်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ် ။ ကော့ပါး ချို့တဲ့ခြင်းနဲ့ အဆိပ် အတောက်ဖြစ်မှုတွေဟာလည်း မျိုးရိုးဗီဇ (Genetic သို့မဟုတ် Non-genetic) ဇစ်မြစ် လည်း ဖြစ်နိုင်ပါတယ် ။

ဘယ်လိုအလုပ်လုပ်သလဲ ?

ကော့ပါးဟာ အင်ဇိုင်းတွေ ထုတ်လုပ်ဖို့အတွက် အချို့သော ပရိုတိန်းတွေနဲ့ ပေါင်းစည်းပါတယ် ။ အဲဒီ အင်ဇိုင်းတွေ ဟာ လူ့ခန္ဓာကိုယ်ရဲ့ များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီဖို့ အကူပစ္စည်း (Catalysts) အဖြစ်ဆောင် ရွက်ပေး ပါတယ် ။ အချို့ကတော့ ဇီဝဓါတု ဓါတ်ပြုခြင်းတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို ထုတ် လုပ်ဖို့ ကူ ညီပေးကြပြန်တယ် ။ အချို့ကတော့ အရေပြားမှာ ရောင်ခြယ်တွေအတွက် Melanin အဖြစ်ပြောင်းပေး ဖို့အ တွက် ကူညီပေးပြီး ကိုလာဂျင် ၊ အီလက်စတင် (elastin) နဲ့တခြား connective tissue တွေ ပြုပြင်ဖို့ ထိမ်းသိမ်းဖို့လည်း ကူညီပေးပါတယ် ။ ဒါဟာ နှလုံးနဲ့ သွေးလွှတ်ကြောတွေအတွက် အလွန်အရေးကြီးတဲ့ အချက် တစ်ချက်လည်းဖြစ်တယ်။ လေ့လာစမ်းသပ်မှုတွေရဲ့အဖြေအရ ကော့ပါးချို့တဲ့ခြင်းဟာ နှလုံးသွေးကြောကျဉ်း
ရောဂါ (Coronary Heart Disease) အဖြစ်များစေခြင်းရဲ့အချက်တစ်ချက်ဖြစ်တယ်လို့ဆိုပါတယ် ။

ကော့ပါးကို လုံလောက်စွာ ရရှိနိုင်သလား ?

အခုလတ်တလော အချိန်အထိ လိုအပ်တဲ့ ကော့ပါးတွေကို သင့်လျှော်တဲ့ပမာဏအလျှောက် စားသုံးနေ ကြတယ်လို့ လူအများစုက ယုံကြည်လက်ခံထားကြပါတယ် ။ ဥပမာအားဖြင့် United Kingdom နဲ့ United States မှာဆိုရင် အစားအစာတွေရဲ့ မီနူးအများစုမှာ ပါဝင်တဲ့ metals တွေကို ဖော်ပြထားလေ့ရှိပါတယ် ။ လတ် တလော ပြုလုပ်ထားတဲ့ လေ့လာမှုအရ US မှာရှိတဲ့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းသာ လျှင် နေ့စဉ်လို အပ်တဲ့ ကော့ ပါးပမာဏကို စားသုံးကြတယ်လို့ US Food and Nutrition board of National Academy of Sciences က ဖော်ပြထားပါတယ် ။ US မှာရှိတဲ့ ထိပ်တန်းအစားအသောက်တွေမှာ ဒီပမာဏရဲ့ တစ်ဝက်လောက် ကိုသာ ထောက် ပံ့ထားပြီး အချို့သော စက်မှုတိုင်းပြည်တွေက အစားအသောက်တွေ မှာဆိုရင် နေ့စဉ် လိုအပ်ချက် (RDA - Recommended Daily Allowance) ရဲ့ ၄၀% သောက် လျှင် ထောက်ပံ့ပေးနိုင် တာတွေ့ရ ပါတယ် ။ United Kingdom မှာဆိုရင် ၁ နှစ်မှ ၃ နှစ်အရွယ်သားဆိုရင် 0.4mg/day လိုအပ်ပြီး လူကြီးတွေ ကတော့ 1.2 mg/day လိုအပ်တယ်လို့ ထောက်ခံထားပါတယ် ။ နောက်ထပ်လေ့လာမှုအရ သင့်လျှော်မျှတတဲ့ အစားအသောက်တွေမှာ လူကြီးတွေအတွက် 1mg copper/day အောက်လျော့နည်းနေတယ်လို့ သံသယ ဖြစ်စရာ တွေ့လာရပြန်ပါတယ် ။ World Health Organization နဲ့ Food and Agricultural Administration (FAA) တို့က အကြံပြုထားတာကတော့ အမျိုးသားတွေမှာတော့ 12 mg/day ထက် မကျော်စေသင့်ပဲ အမျိုးသ မီးတွေမှာတော့ 10mg/kg ထက်မကျော်စေသင့် ဟူ၍ ဖြစ်ပါတယ် ။ ဒါဟာ လူထုထဲမှာ ဘယ်ပမာ ဏလောက် ကော့ပါးစားသုံးရင် ဇီဝဓါတု သက်သေအရ ဘယ်လောက်ထိ ဘေးထွက်ဆိုးကျိုးရှိနိုင်သလဲဆိုတာ ကို စမ်းသပ်ထားချက်အရ ဖော်ပြထားတာဖြစ်ပါတယ် ။

အိန္ဒိယ ကလေးငယ်တွေမှာဖြစ်တဲ့ အသဲခြောက်ရောဂါ နဲ့ မျိုရိုးဗီဇ ရောဂါတွေဖြစ်တဲ့ Wilson's disease တွေ မှာ ကော့ပါးဓါတ် အလွန်အမင်းများပြားမှုကြောင့်ဆိုတာ တွေ့ရပြီး အဲဒါဟာ အသည်းကို ထိခိုက်စေနိုင် ယုံသာ မက သေစေနိုင်တဲ့အထိပါ ဖြစ်စေပါတယ် ။ လတ်တလော ကော့ပါး အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေ ကတော့ ပျို့ခြင်းအန်ခြင်း ဗိုက်အောင့်ခြင်းနဲ့ကြွက်သားတွေနာခြင်းတို့ဖြစ်ပါတယ် ။ ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ကော့ ပါးတွေကိုတော့ သီးခြား ဓါတ်ပျယ်စေသော Chelating agents သို့မဟုတ် ဇင့်ဓါတ်တွေ အများကြီး သောက် သုံးခြင်း အားဖြင့် ဖယ်ထုတ်ပေးနိုင်ပါတယ် ။

ကော့ပါးများတဲ့ အစားအစာတွေက ဘာတွေလဲ ?

အချို့သော အစားအသောက်တွေမှာ ကော့ပါးဓါတ်များစွာ ပါဝင်ပါတယ် ။ အဲဒါတွေကတော့ အခွံမာသီးများ ၊ အစေ့အ ဆံများ ( နေကြာစေ့ ၊ ဘိန်းစေ့) ၊ ကုလားပဲ ၊ အသည်းအမြစ် ၊ ကမာ ၊ မုတ်ကောင်စသည်တို့ဖြစ်ပါတယ် ။ သဘာဝ အစားအစာတွေဖြစ်တဲ့ နှံစားပင် ၊ ကောက်နှံပင် ၊ အသားနဲ့ငါးတွေမှာ လိုအပ်တဲ့ကော့ပါးရဲ့ ၅၀ % လောက်ထိ ထောက်ပံ့ပေးနိုင်ပါတယ် ။ United Kingdom မှာဆိုရင်တော့ နေ့စဉ်လိုအပ်တဲ့ကော့ပါးဓါတ်ကို Copper pipes တွေကတဆင့် သောက်သုံးရေတွေကနေ ရရှိတယ်လို့ သိရပါတယ် ။ ဒါပေမယ့်နေရာ အများစု
မှာတော့ ရေထဲမှာပါဝင်တဲ့ကော့ပါးဓါတ်က နေ့စဉ်လိုအပ်တဲ့ ကော့ပါးပမာဏကို ထောက်ပံ့မပေး ထားနိုင်ပါဘူး ။ အချို့သော walter filters ( ရေစစ်) တွေက အရေးကြီးတဲ့ metals တွေဖြစ်တဲ့ ကော့ပါး လိုမျိုး ကို သောက်ရေထဲက စစ်ထုတ်လိုက်တဲ့အတွက် ကော့ပါးဓါတ်တွေနည်းပါးရခြင်းဖြစ်တယ်လို့ဆိုပါတယ် ။

ကော့ပါးနှင့် ဆေးဝါး

ရင်ဘတ်အနာတွေနဲ့ သောက်ရေတွေကို သန့်စင်စေဖို့အတွက် ရှေး နှစ်ပေါင်း များစွာကတည်းက ကော့ပါးကို ဆေးဝါးအဖြစ်အသုံးပြုခဲ့ကြပါတယ် ။ လတ်တလောလေ့လာထားမှုအရ ကော့ပါးဟာ အဆစ်အမြစ်ရောင်ခြင်း နဲ့တခြားရောဂါတွေမှာ ရောင်ရမ်းခြင်း ( inflammation) ကို လျော့ကျစေတယ်လို့ဆိုပါတယ် ။ အနာတွေကို ပျောက်စေခြင်းရှိမရှိနဲ့ ကော့ပါးပါဝင်တဲ့ အရောင်ကျဆေးတွေ ၊ ဓါတ်ရောင်ခြည် အခန်းကဏ္ဍ နဲ့ သတိလစ်ခြင်း တက်ခြင်းတို့မှာ အသုံးဝင်မှုတွေကို ဆက်လက်လေ့လာနေကြပါတယ် ။ အဆစ်အမြစ်ရောင်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သက်သေအတိအကျမရှိပေမယ့် ကော့ပါး ခြေကျင်းနဲ့လက်ကောက်တွေကို ၀တ်ဆင်ခြင်းဟာ ရောင်ရမ်းလက္ခဏာတွေ သက်သာဖယ်ရှားပေးနိုင်ပါတယ် ။

ကော့ပါးအဆိပ်အတောက်ဖြစ်ခြင်း

ရှားတော့ရှားပါတယ် ။ ကော့ပါးဆာလဖိတ် ၊ ကော့ပါးနိုတ်ထရိတ်ပါဝင်တဲ့ အရည်တွေကို အိမ်မှာ လွယ်လွယ်
ကူကူ မသောက်သုံးမိအောင် ကန့်သတ်ဖယ်ရှားထားသင့်ပါတယ် ။ အောဂဲနစ်ကော့ပါး ဆား တွေဟာ အလွန်ကောင်းတဲ့အအန်ပျောက်စေတဲ့အစွမ်းရှိပြီးမလိုလားအပ်တဲ့ ကော့ပါးအများကြီးစုပုံခြင်းကိုတော့
အန်စေခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ် ။ နာတာရှည်ကော့ပါး အဆိပ်အတောက်ဖြစ်ခြင်းကတော့ အလွန်ရှားပါးပြီး အသည်းရော ဂါရှိသူတွေမှာ အနည်းငယ်မျှသာတွေ့ရပါတယ် ။

ကော့ပါးနှင့်ကျန်းမာရေး

ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ဖို့အတွက် နေ့စဉ်စားသောက်တဲ့အစားအသောက်တွေမှာ ကော့ပါးဓါတ်တော့ပါဝင်
ရမှာဖြစ် ပါတယ် ။ အပင်တွေနဲ့တိရိစ္ဆာန်တွေဟာ ကျန်းမာဖွံ့ဖြိုးဖို့အတွက် ကော့ပါးဓါတ်ကိုတော့ လိုအပ်ပါတယ် ။ တခြားဖြည့်စွက်ကော့ပါး ဆေးတွေမသောက်ပဲနဲ့လည်းနေ့စဉ်စားသောက်နေတဲ့ အစားအစာ ၊ သင့်တင့်ညီ ညွတ်တဲ့ diet တွေကနေပြီးတော့လည်း ကော့ပါးကို ရရှိနိုင်ပါတယ် ။

ကော့ပါး ပါဝင်သောသောက်ဆေးများ

ကော့ပါး ပါဝင်တဲ့သောက်ဆေးတွေကတော့ ကော့ပါးဓါတ်ချို့တဲ့ခြင်းမဖြစ်အောင် ကာကွယ်တား ဆီးပေးနိုင် ပါတယ် ။ ဒါပေမယ့်လည်း ဒီသောက်ဆေးတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားမှုအောက် မှာပဲသောက် သုံးရမှာဖြစ် ပါတယ် ။ မတူညီတဲံ သောက်ဆေးတွေမှာ မတူညီတဲ့ စုပ်ယူမှုနှုန်းတွေရှိပါတယ် ။ ဥပမာအားဖြင့် cupric oxide supplement မှာပါဝင်တဲ့ကော့ပါးစုပ်ယူမှုနှုန်းဟာ copper gluconate , sulfate, carbonate ထက်စာ ရင် နည်းတာကိုတွေ့ရပါတယ် ။ တကယ်တော့ သောက်ဆေးတွေဆိုတာ သာမန်ကျန်းမာနေ တဲ့လူတွေအတွက် သောက်ကိုသောက်ဖို့လိုတယ်လို့ ထောက်ခံထားခြင်းမရှိပါဘူး ။ ဒါပေမယ့် လည်း နေ့မစေ့ လမစေ့ပဲမွေးတဲ့ကလေးတွေ ၊ ပေါင်မပြည့်တဲ့ကလေးတွေနဲ့ မိခင် နို့မသောက်ရပဲ ဖြည့်စွက်နို့ မှုန့်တွေ သောက်နေ တဲ့ ကလေးတွေမှာတော့ဆရာ ၀န်ရဲ့ညွှန်ကြား ချက်နဲ့ ကော့ ပါးဖြည့်စွက် သောက်ဆေးတွေ သောက်ဖို့လိုအပ်ပါတယ် ။ ဆရာဝန်တွေကအောက် ပါအခြေအနေတွေ မှာကော့ပါးပါ ၀င်တဲ့သောက်ဆေးတွေကိုညွှန်ကြားမှာဖြစ်ပါတယ် ။

၁ ။ အစာမကြေဖျားနာခြင်းများ ( ကလေးငယ်များတွင် ခဏခဏ၀မ်းပျက်ခြင်း ၊ ပိုးဝင်ခြင်း ၊ အရက်သောက် သုံးသူများ )
၂ ။ အစားအသောက်မမှန်ခြင်း (အသက်ကြီးသူများ ၊ အစာမစားနိုင်သောအခြေအနေများ)
၃ ။ ကော့ပါး အားတားမြစ်သော ဆေးဝါးများအား သောက်သုံးနေရသော လူနာများ
၎ ။ သွေးအားနည်းခြင်းကြောင့် အိုင်းယွန်းပါဝင်သောသောက်ဆေးများသောက်သုံးနေရသူများ
၅ ။ ဇင့် ဓါတ်ပါဝင်သော သောက်ဆေးများ သောက်သုံးနေရသူများ
၆ ။ အရိုးပွရောဂါ Osteoporosis ဖြစ်ပွားနေသူများ စသည်တို့ဖြစ်ပါတယ် ။

Ref : http://www.copperinfo.co.uk/health/
http://en.wikipedia.org/wiki/Copper_in_health

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ကော့ပါးအကြောင်း ဖတ်သွားပါတယ် ခင်ဗျ

    ReplyDelete
  2. မာမာ့ရဲ့ တစ်နေ့တာ Blog လေးကို စိတ်ပါဝင်စားတဲ့
    မိတ်ဆွေ အပေါင်းအသင်းတွေ ဖတ်နိုင်ပါတယ်နော်။
    http://marmarlay.blogspot.com/

    ReplyDelete
  3. မရှိမဖြစ်လိုအပ်တဲ့ကော့ပါးအကြောင်းဖတ်သွားပါတယ်။
    လူ့ ကိုယ်ထဲကဇီဝဖြစ်စဉ်တွေကတော့ အင်မတန်မှခက်ခဲရှုပ်ထွေးပြီး ထူးဆန်းအံ့သြဖွယ်ကောင်းလှပါတယ်... စက်ရုံကြီးတခုလိုပါပဲ....

    ReplyDelete
  4. မရှိမဖြစ်လိုအပ်တဲ့ကော့ပါးအကြောင်းလေ့လာသွားပါတယ်။ လူ့ ကိုယ်ထဲကဇီဝဖြစ်စဉ်တွေကတော့အင်မတန်မှကိုခက်ခဲနက်နဲရှုပ်ထွေးသလိုစိတ်ဝင်စားဖို့ လဲကောင်းပါတယ်။ စက်ရုံကြီးတခုလိုပါပဲ။

    ReplyDelete