Tuesday, September 13, 2011

သားအိမ်အသားလုံး Myoma/Fibroid အကြောင်း

သားအိမ်အသားလုံး Myoma/Fibroid အကြောင်း




လောကကြီးက ခေတ်မှီလာတာနဲ့အမျှ ရောဂါတွေက လည်းဆန်းသထက်ဆန်းလာပါတယ် ။ ကင်ဆာတွေ အလုံးအကျိတ်တွေကလည်းများမှများ ။ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့အကြောင်းကတော့ Myoma လို့ခေါ်တဲ့ သားအိမ်အသားလုံး ၊ သားအိမ်မှာ အလုံးတည်ခြင်းအကြောင်းဖြစ်ပါတယ် ။ ကင်ဆာမဟုတ်တဲ့ ဒီသားအိမ်အလုံးဟာ အမျိုးသမီးထုတွေမှာ အဖြစ်များလေ့ရှိပါတယ် ။ အိမ်ထောင်ပြုသားမွေးမပြုလုပ်ကြတဲ့အပျိုကြီးတွေမှာ အဖြစ်များပါတယ် ။ အပျိုကြီးတွေမှာသာမကပဲ အိမ်ထောင်ကျပြီးတချို့ က သားသမီးမယူကြဘူး နောက်ပြီးသားသမီးဦးရေ နည်းတဲ့သူတွေပေါ့ အဲဒီလိုလူတွေမှာလည်းဖြစ်လေ့ရှိကြပါတယ် ။ အသက် ၄၀ ၀န်းကျင်လောက်ရှိတဲ့အမျိုးသမီးတွေ အယောက် ၂၀၀ လောက်ကိုသာ Ultrasound ရိုက်ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်းနှုန်းလောက်အမျိုးသမီးတွေမှာ အရွယ်အစားအမျိုးမျိုးနဲ့အသားလုံးတွေကို တွေ့ရမှာဖြစ်ပါတယ် ။ တချို့တွေကတော့ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး ။ ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ဘာရောဂါလက္ခဏာမှလည်းမပြ ၊ နောက်ဆက်တွဲ စီစစ်ကြည့်တဲ့အခါမှာလည်း အရွယ်အစားဟာ ဆက်လက်မကြီးထွားလာတဲ့သူတွေဖြစ်ပါတယ် ။


ဘယ်လိုနေရာတွေမှာဖြစ်တတ်သလဲ ?



ဒီလိုအသားလုံးတွေဟာ သားအိမ်တစ်ခုလုံး နေရာအနှံ့ဖြစ်ပွားနိုင်ပါတယ် ။ အမျိုးအစားနေ နဲ့ကြည့်မယ် ဆိုရင်တော့ သားအိမ်နံရံအတွင်းဖြစ်ပွားခြင်း ၊ သားအိမ်နံရံအပြင်တွင်ဖြစ်ပွားခြင်း နဲ့သားအိမ် လှိုဏ်ခေါင်း အတွင်းဖြစ်ပွားခြင်းဆိုပြီး သုံးမျိုးခွဲခြားနိုင်ပါတယ် ။ သားအိမ်နံရံအပြင်ဖက်နဲ့ သားအိမ်လှိုဏ်ခေါင်းအတွင်း ဖြစ်တဲ့ အမျိုးအစားတွေဟာ ညှာတံရှည်နဲ့အလုံးတွေဖြစ်နိုင်ပါတယ် ။

ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ ?

အလုံးအရွယ်အစား ကြီးတဲ့အခါ ၀မ်းဗိုက်အောက်ပိုင်းမှာ စမ်းမိပါတယ် ။ လက္ခဏာတွေကတော့ ဓမ္မတာ သွေးပေါ် မှု မူမမှန်ခြင်း ၊ ရက်ရှည်ကြာစွာ သွေးဆင်းခြင်း ၊ သွေးဆင်းချိန်တွေမှာ ကိုက်ခဲခြင်း စတာတွေ ဖြစ်နိုင် ပါတယ် ။ သားဥပြွန်တွေရှိတဲ့ သားအိမ်ထိပ်ပိုင်းနေရာတွေမှာ ဖြစ်တဲ့အခါ သားဥပြွန်တွေ ကျဉ်းသွား တတ်ပါ တယ် ။ ပြီးတော့ ပိတ်ဆို့မှုတွေဖြစ်တဲ့အခါ သားသမီးမရနိုင်တဲ့ ပြဿနာတွေပါ ကြုံတွေ့ရနိုင်ပါတယ် ။ သားအိမ် လှိုဏ်ခေါင်းအတွင်းမှာ အလုံးတည်တဲ့အခါမှာလည်း အကယ်၍ ကိုယ်ဝန်ရလာခဲ့အခါ သန္ဓေသား တွယ်ကပ် မှုကို အနှောက်အယှက်ဖြစ်စေတဲ့အတွက် ကိုယ်ဝန်ပျက်ကျခြင်းတွေကြုံရနိုင်ပါတယ် ။

အကယ်၍ ကိုယ်ဝန်မပျက်ကျခဲ့ရင်လည်း အဲဒီအလုံးတွေကြောင့် သန္ဓေသား အနေအထားမမှန်ခြင်း ၊ လမစေ့ ခင်မွေး ဖွားခြင်း (Preterm labour) ၊ သားအိမ်ဝတွင် တစ်ဆို့နေခြင်းကြောင့် ဗိုက်ခွဲမွေးရခြင်းတွေ လုပ်ရလေ့ ရှိပါတယ် ။ မွေးပြီးတဲ့အခါမှာလည်း သားအိမ်ကျုံ့အား (Uterine contraction force) အားနည်းတဲ့အတွက် အချင်း ကပ်ခြင်း ( retain placenta) ၊ မွေးဖွားပြီးသွေးသွန်ခြင်း ( Post Partum Haemorrhage) စသည်တို့ ကြုံတွေ့ ရနိုင်ပါတယ် ။ အသားလုံးကြီးသော်လည်း ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားကို အနှောက်အယှက် မပေးပဲ သီး သန့် ရှိနေတဲ့အခါဆိုရင်တော့ လစေ့မှ ခွဲမွေးပေးလေ့ရှိပါတယ် ။ တခါတလေဆိုရင် အသား လုံးဟာ နှစ်ရှည်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီး ၀မ်းဗိုက်တစ်ခုလုံးပြည့်တဲ့အထိ ၊ ကိုယ်ဝန်လစေ့ အရွယ်အ ထိကြီးမားနိုင်ပါတယ် ။ သားအိမ်ရဲ့ အရှေ့ဖက်မှာ အလုံးကြီးပါက ဆီးအိမ်ကို ဖိနေတဲ့အတွက် ဆီးခဏခဏ သွားလိုခြင်း ၊ ဆီးသွားလို့ မ၀ပဲ ဆီးကျန်ခြင်းနဲ့ ဆီးမသွားနိုင်တဲ့အထိ ဖြစ်တတ် ပါတယ် ။ သားအိမ်ရဲ့အနောက်မှာ အလုံးကြီးတဲ့အခါမှာလည်း ၀မ်းသွားရ ခက်ခဲခြင်း ၊ ၀မ်းကျန်ခြင်းတွေ ခံစားရနိုင်ပါတယ် ။ တချို့သော လူနာတွေမှာဆိုရင် အသားလုံးများစွာရှိပြီး သားအိမ်ရဲ့ နေရာအနှံ့အပြည့်ရှိနိုင်ပါတယ် ။ ဆီးသီးအစေ့ အရွယ်ကနေ ပြီးတော့ ရှောက်သီး ၊ ကျွဲကောသီးအရွယ်ထိ အလုံးပေါင်းရာကျော်တဲ့အထိရှိတတ်ပါတယ် ။

ဘယ်လိုကုသ သလဲ?

အလုံးသိပ်မကြီးရင်တော့ ဗိုက်ခွဲစရာမလိုပဲ မှန်ပြောင်း ( Hysteroscopy) နဲ့ အောက်ဖက်နေထုတ်နိုင်ပါတယ် ။ အလုံးကြီး လို့ဖြစ်စေ ရောဂါလက္ခဏာ ရှိလို့ဖြစ်စေ ၊ လူနာက အသက်၄၀ ကျော်ပြီးတဲ့အခါတွေမှာတော့ သားအိမ် ထုတ်လေ့ ရှိပါတယ် ။ လူနာက အသက်ငယ်သေးပြီးတော့ သားသမီးရယူလိုသူတွေအတွက်ကတော့ အလုံးကို သီးသန့်ထုတ်တဲ့ ( Myomectomy) ကို ပြုလုပ်လေ့ရှိပါတယ် ။ အသားလုံးတွေရဲ့ သဘာဝ ဟာ သွေး ဆုံးပြီးတဲ့အခါ ဆက်လက်မကြီးထွားနိုင်ခြင်း ၊ သေးငယ်သွားခြင်းတွေဖြစ်နိုင်ပါတယ် ။ ဒါဟာ အမျိုးသမီးတွေ ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပါတယ် ။ သိပ်မကြာသေးခင်က ပေါ်လာတဲ့ Luproid Depot လိုပခေါ်တဲ့ ထိုးဆေးကတော့ ဒီအသားလုံးတွေကို ကျုံ့စေနိုင်ပြီးတော့ ဆက်လက်ကြီးထွား မှုကို ဟန့်တားစေ ပါတယ် ။ မီးယပ်ပေါ်နေစဉ်ကိုက်ခဲခြင်းများကိုလည်း သက်သာစေပါတယ် ။ သားအိမ်ကို သွားတဲ့ သွေး လွှတ်ကြောကိုပိတ်ဆို့ ကုသတဲ့ Embolization နည်းနဲ့လည်းကုသကြပါတယ် ။ တချို့အသက် ကလည်း ၄၀ ကျော် အောက်ပိုင်းအလုံးကလည်းသေးပြီး ဘာလက္ခဏာမှလည်းမခံစားရဘူး Ultrasound ရိုက်ကြည့်လို့ အလုံးရှိမှန်း သိရပြီး စိတ်သောက ရောက်နေရတဲ့ သူတွေရှိပါတယ် ။ ရှင်းပြဖို့လိုအပ်ပါတယ် ။ သားအိမ် ထုတ်ဖို့မ လိုအပ်သလို ၆ လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် Ultrasound နဲ့ စစ်ဆေးပေးဖို့သာ လိုအပ်ပါတယ် ။

သားအိမ်အသားလုံးနဲ့ပတ်သတ်ပြီးဘာတွေသိထားလို့လိုအပ်သလဲ ?

၁ ။ ကိုယ်ဝန်ယူမယ်ဆိုပြီး သားအိမ်ချန် ၊ အသားလုံးချည်းသီးသန့်ထုတ်မယ်လို့ ရည်ရွယ်ထားသော်လည်း အလုံး အရွယ် အစားက ကြီးမားတယ် နောက်ပြီး အရေအတွက်လည်းများတယ် ခွဲစိတ်တဲ့အခါ အလုံးကြီးပဲသီးသန့် ထုတ်လို့ ခက်ခဲတဲ့အခါ ၊ ခွဲစိတ်နေစဉ်မှာ သွေးထွက်များ ( Massive bleeding) ရှိ၍ လူနာရဲ့အသက်ကို ကယ်တင်နိုင် ဖို့အတွက် သားအိမ်ကို ထုတ်လိုက်ရတာမျိုးလည်းကြုံတွေ့ရနိုင်ပါတယ် ။

၂ ။ ဒါကြောင့် အဲဒီအခြေအနေတွေကို ကာကွယ်ဖို့ ခွဲစိတ်မှု မပြုမီမှာ လိုအပ်ရင် သားအိမ်ပါ ထုတ်ပစ်ဖို့ သဘော တူတဲ့အကြောင်း သဘောတူညီမှု လက်မှတ် ၊ သွေးသွင်းဖို့ အနည်းဆုံး သွေး ၄ လုံး အဆင်သင့်ထားရှိဖို့လည်း လိုအပ်ပါတယ် ။

၃ ။ အလုံးတွေဟာ သားဥပြွန်တွေကို ပိတ်ဆို့နေခြင်းရှိမရှိ သားအိမ်လှိုဏ်ခေါင်းအတွင်းဘယ်လောက် ထိုးဝင်နေ သလဲ ဆိုတာကိုသိဖို့အတွက် ဆေးဓါတ်မှန်လို့ခေါ်တဲ့ Hystosalpingogram ရိုက်ပေးခြင်း ၊ သားအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်း Hystoscopy တို့လို မျိုးကို ပြုလုပ်ဖို့လိုအပ်ပါတယ် ။

၎ ။ ခွဲစိတ်မှု မပြုခင်မှာလဲ ခင်ပွန်း သို့မဟုတ် ခင်ပွန်းလောင်းရဲ့ သုတ်ပိုး စစ်ဆေးခြင်း မှုမှန်ခြင်းရှိမ ရှိကိုလည်း စစ်ဆေးထားဖို့လိုပါတယ် ။

၅ ။ ခွဲစိတ်မှု အောင်မြင်ပြီးတဲ့အခါမှာလည်း အနည်းဆုံး ၆ လကြာမှသာလျှင် ကိုယ်ဝန်ယူဖို့ ခွင့်ပြုပါတယ် ။ သိထားဖို့ ကတော့ သားအိမ်ရဲ့အဓိကတာဝန်ဟာ ဓမ္မတာ သွေးပေါ်ဖို့နဲ့ သားသမီးမွေးဖွားဖို့ပဲဖြစ်ပါတယ် ။ လိင်မှု ကိစ္စ ၊ အမျိုးသမီးတွေရဲ့အရည်အသွေးပြောင်းလဲခြင်းအရည်အသွေးယုတ်လျော့မှု အဲဒါတွေနဲ့ ဘယ်လိုမှ မပတ်သတ် ပါဘူး ။

၆ ။ အကယ်၍ အလုံးတွေသာထုတ်ပြီး သားအိမ်ချန်ထားခဲ့ရင်တော့ နောင် ငါးနှစ်မှ ဆယ်နှစ်အတွင်း ထပ်မံမဖြစ် ပွားတော့ပါဘူးလို့ အာမခံချက် မရှိပါဘူး ။

နောက်ဆုံးပြောချင်တာကတော့ Ultrasound အကြောင်းဖြစ်ပါတယ် ။ အယူအဆ လွဲမှားနေ တာလေးတွေ ကိုပြော လိုခြင်းဖြစ်ပါတယ် ။ အမျိုးသမီးမျိုးပွားဆိုင်ရာရောဂါတွေနဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းတွေမှာ အာထ ရာဆောင်း ဟာ မရှိမဖြစ်လိုမျိုး အလွန်ကို အသုံးဝင်တဲ့ အရာဖြစ်ပါတယ် ။ အာထရာဆောင်းဟာ ဓါတ်ရောင် ခြည်မဟုတ်ပဲ အဏုမြူဓါတ်နဲ့လည်းဆက်စပ်မှုမရှိပဲ အသံလှိုင်းလေးတွေကြောင့် ပဲ့တင် အရိပ်ထင် လာတဲ့ ပုံရိပ်သာဖြစ်ပါတယ် ။ ဒါကြောင့် လူနာနဲ့ သန္ဓေသားကို ဆိုးကျိုးမရှိပါဘူး ။ ကိုယ်ဝန်ရှိစ သုံးလေးပတ် ကနေစပြီး ကိုးလအချိန်ထိ သိရှိ ရှာဖွေလိုတဲ့ရောဂါတွေကို တိကျစွာ ရှာဖွေနိုင်ပါတယ် ။ အမျိုးသမီး အဂါင်္တွေဖြစ် တဲ့ သားအိမ် ၊ သားဥပြွန် ၊ မမျိုးဥ စတဲ့ အတွင်းအဂါင်္တွေမှာဖြစ်တဲ့ရောဂါတွေကိုလည်း ရှာဖွေနိုင်ပါတယ် ။ သားအိမ်နဲ့ ကပ်လျှက်ရှိတဲ့ ဆီးအိမ် ၊ အူမကြီး ၊ သားငံရေ အကျိတ်တွေနဲ့ တခြား အလုံးအဖုများ ကိုပါ တွေ့မြင်နိုင်ပါတယ် ။ ဒါကြောင့်အာထရာဆောင်းရိုက်ရင်ကလေးကိုအန္တရာယ်ဖြစ်စေတယ် ကင်ဆာတွေ ဘာတွေ နဲ့ဥာဏ်ရည်မမှီတော့ဘူးစတဲ့ အယူအဆအလွဲအမှားများကို ရှောင်ရှားသင့်ရပါမယ် ။ အမှန်ကို လည်း မသိသေးတဲ့လူတွေကို လက်ဆင့်ကမ်းပေးရင်း ကျန်းမာရေး ဗဟုသုတများဖြန့်ဝေနိုင်ကြပါစေ ။

Ref : Health Education for Reproductive Health by Prof. Myint Mg Mg
Internet

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

17 comments:

  1. Thanks you very much thettant.

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် ဆရာသက်တန့်ရယ်။ အကြိတ်ရှိတာနဲ့ ကင်ဆာဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲမသိဘူးရှင်။


    ခင်တဲ့

    ReplyDelete
  3. Thanks you very much Doctor CHO

    ReplyDelete
  4. ကင်ဆာဟုတ်မဟုတ်ကတော့ အသားလုံးကို ခွဲစိတ် အသားစနမူနာယူပြီး ဓါတ်ခွဲခန်းမှာ Biopsy စစ်လိုက်ရင်ကင်ဆာ ဟုတ်မဟုတ်သိနိုင်ပါတယ် ။

    ReplyDelete
  5. Good post for acknowledging women health.

    KIM

    ReplyDelete
  6. အမလေး ကိုသက်တန့်ရေ သိချင်နေတာအဲဒါပေါ့
    မဒိုးကန်က posterior fibroid ဖြစ်နေတာပါ
    နောက်ပြီး ovariancyst ဖြစ်လို့ ခွဲစိတ်ထားရပါတယ်
    အဲနောက်မှ အဲအလုံးဖြစ်လာတာပါ ..
    ဘယ်ပါရဂူနဲ့ပြသင့်ပါသလဲ ဖြေပေးပါဦးနော်

    ReplyDelete
  7. This comment has been removed by a blog administrator.

    ReplyDelete
  8. အိုဂျီနဲ့ပဲ ပြသင့်ပါတယ် မဒမ်ကိုးရေ Fibroid ကြောင့် ဘာလက္ခဏာတွေရှိလဲ ဆန်းစစ်ရပါမယ် ။ အတော်ဆိုးရွားရင်တော့ ခွဲဖို့လိုပါမယ် ။ အလုံးအရွယ်စားအပေါ်လည်းမူတည်ပါတယ် ။ လက္ခဏာ လည်းမပြ အလုံးကလည်းမကြီးရင်တော့ ဘာမှလုပ်ဖို့မလိုပါဘူး ။ အိုဂျီနဲ့တိုင်ပင်ကြည့်ပါမဒမ်ကိုးရေး)

    ReplyDelete
  9. Can Myoma/Fibroid be genetical , I mean "myo yo lite" ? My mom had it and she had to operate and remove the uterus.
    If it can "myo yo lite", anything I can do to prevent it.
    Thanks.

    ReplyDelete
  10. လွမ်းနေခွင့်September 15, 2011 at 3:40 AM

    မိန်းမဖြစ်ရတာမလွယ်ပါလားနော်..... ဗဟုသုတလေးတွေအတွက်ကျေးဇူးကမ္ဘာနော်... :)

    ReplyDelete
  11. Anonymous > အသားလုံးကိုဖြစ်ပွားစေတဲ့အကြောင်းရင်းက တိတိကျကျမရှိပါဘူး အမျိုးသမီးဟော်မုန်း အီစရိုဂျင်ကြောင့်ဖြစ်တယ်လို့ခန့်မှန်းရပါတယ် အသားလုံးတွေဟာ အမျိုးသမီး ဟော်မုန်းစမြင့်လာတဲ့ ငယ်ရွယ်စဉ်အချိန်အသက်အရွယ်ကနေစတင်လေ့ရှိပါတယ် ။ အ၀လွန်သူတွေနဲ့ ကလေးမမွေးသူတွေအဖြစ်များပါတယ် မျိုးရိုးလိုက်လေ့မရှိပါဘူး ကင်ဆာဆိုရင်တော့မျိုးရိုးလိုက်ပါတယ် ။ (ရိုးရိုးအသားလုံးမဟုတ်ပဲ ကင်ဆာ အကြိတ်အလုံးလိုမျိုးကိုဆိုလိုပါတယ် ကာကွယ်ဖို့အနေနဲ့ကတော့ တစ်နှစ်တစ်ခါ ၆ လတစ်ခါလောက်သားအိမ်ကို ပုံမှန် Ultrasound ရိုက်ပြီးစစ်ဆေးစေချင်ပါတယ် )

    ReplyDelete
  12. Will we know that fibroid has or not by the following check ?

    TSH (THYROID STIMULATING HORMONE)

    PROLACTIN

    HCG (HUMAN CHORIONIC GONADOTROPIN), URINE

    URINALYSIS, AUTOMATED (WITH MICROSCOPY IF INDICATED, NO CULTURE)

    kim

    ReplyDelete
  13. င်္Fibroid ရှိမရှိကို အသေချာဆုံးနည်းကတော့ Ultrasound စစ်ဆေးခြင်းပါပဲ ( တခြားဟော်မုန်းတွေနဲ့ အင်ဇိုင်းတွေလိုက်စစ်တာထက်စာရင် ဈေးသက်သာပြီး ပိုထိရောက်ပါတယ် )

    အထက်ဖော်ပြပါတွေမစစ်ရဘူးလို့တော့မဟုတ်ပါဘူး ။ Ultrasound ထက်စာရင်သိပ်အသုံးမ၀င်တာကိုပြောချင်တာပါ ။ နောက်တစ်ခုက Secondary cause တွေကို ရှာချင်တဲ့အခါမှာတော့ ဒါတွေဟာလည်း အသုံးဝင်လာပါလိမ့်မယ် ။

    ReplyDelete
  14. အဲဒီ သွေးလုံးခေါ်မှာပေါ့နော် အရပ်အခေါ်ကျတော့. အဲဒီရောဂါမျိုးကို မငုံ သူငယ်ချင်းတယောက် ဖြစ်ဖူးလို့ သိရတယ်။ အဲဒါလေ ကိုသက်တန့်ချို... သူက ပထမတခါဖြစ်ပြီး ခွဲစိတ်ထုတ်ပြီးနော်။ အဲဒါကို နောက် ၂နှစ်လောက်နေတော့ ထပ်ဖြစ်တယ်လို့ သတင်းကြားရတယ်. သူက ခွဲစိတ်ထုတ်လိုက်ပေမဲ့လဲ ဆက်လက်ဖြစ်နေတုန်းလား။

    ဟုတ်တယ်နော် အာထရာဆောင်း ရိုက်ပြီး သေချာစစ်ဆေးထားတာ အကောင်းဆုံးပဲ။ မငုံတော့ အင်မတန်ကြောက်တတ်တယ်။ ကိုယ့်အသားနာမဲ့ အလုပ်ဆို တော်တော်တန်တန်မလုပ်တတ်ဘူး. နာမှာကြောက်လို့။ အဲတော့ရောဂါကို ကြိုပြီးကာကွယ်ချင်လို့ တနှစ်တခါတော့ (အမှန် ခြောက်လတခါလုပ်သင့်တယ်လို့ဆိုတယ်) စစ်ဖြစ်တယ်။

    ReplyDelete
  15. အဲဒီ သွေးလုံးခေါ်မှာပေါ့နော် အရပ်အခေါ်ကျတော့. အဲဒီရောဂါမျိုးကို မငုံ သူငယ်ချင်းတယောက် ဖြစ်ဖူးလို့ သိရတယ်။ အဲဒါလေ ကိုသက်တန့်ချို... သူက ပထမတခါဖြစ်ပြီး ခွဲစိတ်ထုတ်ပြီးနော်။ အဲဒါကို နောက် ၂နှစ်လောက်နေတော့ ထပ်ဖြစ်တယ်လို့ သတင်းကြားရတယ်. သူက ခွဲစိတ်ထုတ်လိုက်ပေမဲ့လဲ ဆက်လက်ဖြစ်နေတုန်းလား။

    ဟုတ်တယ်နော် အာထရာဆောင်း ရိုက်ပြီး သေချာစစ်ဆေးထားတာ အကောင်းဆုံးပဲ။ မငုံတော့ အင်မတန်ကြောက်တတ်တယ်။ ကိုယ့်အသားနာမဲ့ အလုပ်ဆို တော်တော်တန်တန်မလုပ်တတ်ဘူး. နာမှာကြောက်လို့။ အဲတော့ရောဂါကို ကြိုပြီးကာကွယ်ချင်လို့ တနှစ်တခါတော့ (အမှန် ခြောက်လတခါလုပ်သင့်တယ်လို့ဆိုတယ်) စစ်ဖြစ်တယ်။

    ReplyDelete
  16. ရှင်းလင်းစွာသိရလို့ အထူးကျေးဇူးတင်ပပါတယ်

    ReplyDelete
  17.ှုI'm 33 yrs old and married on March,2013. Unfortunately, I knew that I had sub mucous fibroid as the size of 3.9 x 4 cm. I do afraid not to get baby and so worry on my health.

    Let me advice can I get a kit or not.

    If I do operation, can I remove the fibroid safely?

    Kindly advice in soon please.

    with BR,
    Shelly

    ReplyDelete