မနေ့က ညီမလေး ဖတ်ဖို့ အပိုင်း (၈) ထဲမှာ စင်ကာပူက မြန်မာတွေအကြောင်း ကျွန်တော်ထည့်ရေးမိတော့ ချက်ချင်း ပဲ မေလ်းထဲကို စာပြန်ဝင်လာပါတယ် ။ စင်ကာပူက စာဖတ်သူတစ်ဦးဆီကပါ ။ တချို့ အရာတွေ ကိုတော့ လက်ခံတယ် တချို့အရာတွေကိုတော့ လက်မခံပါဘူး စသဖြင့်ပေါ့ စင်ကာပူက သူတို့ရဲ့ ဘ၀တွေ အကြောင်း စာလုံးတွေပေါင်းပြထားတာ စာအရှည်ကြီးပါပဲ ။ ပေးပို့သူရဲ့ privacy အရ စာကိုပြန် လည်မဖော် ပြတော့ပါဘူး ။ တကယ်တော့ ကျွန်တော်ရေးတဲ့စာက စင်ကာပူရောက်မြန်မာအားလုံးကို မရည်ညွှန်း ပါဘူး အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်မြေကိုယ့်ရေကို ခွဲခွာပြီးတနယ်တကျေးမှာ ရောက်ရှိနေသူရဲ့ ဘ၀ကို ကျွန်တော် နားလည်စာနာပါတယ် ။ တချို့သော မြန်မာဖြစ်ရမှာ ရှက်တဲ့သူတွေကိုသာ အဓိက ထားရည် ညွှန်းပြော ချင်တာပါ ။ ဒါပေမယ့် ကျွန်တော့်စာကိုဖတ်ပြီး အထင်လွဲသွားပုံရပါတယ် ။ ဒါကြောင့် ကျွန်တော့် စာကြောင့် ဒါဏ် ရာတွေများရသွားခဲ့မယ်ဆိုရင် ကျွန်တော်က ကဗျာလေး တစ်ပုဒ်နဲ့ တောင်းပန်ချင်ပါတယ် ။ စင်ကာပူရောက်ရွှေမြန်မာများ အေးချမ်းသာယာပါစေး)
သိပ်နာသွားသလား သူငယ်ချင်းရယ်
အရမ်းများ ထိသွားခဲ့သလား
အဖြူရောင်နှလုံးသားတွေကို
ဒါဏ်ရာအနာတရဖြစ်စေခဲ့မယ်ဆိုရင်ဖြင့်
. . . . . . . . ..
ငါပစ်လွှတ်ခဲ့တာ ပန်းတို့အတိပြီးသော
စေတနာ မြှားအစင်းစင်းရယ်ပါ
တခါတခါများ
သေချင်လောက်အောင်ကို
အမှန်တရားဟာခါးသီးလွန်းတယ် သူငယ်ချင်း
လျှောက်တော့လျှောက်နေကြတာပါပဲ
တို့တွေ . . . ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ
“ လမ်းဆုံးရင်ရွာတွေ့မယ် ” လို့တော့
ကံကြမ္မာက အာမခံချက်မပေးထားဘူးလေ
ဓါးနဲ့ထိုးမှ သွေးထွက်တာမဟုတ်ပါဘူး
စကားတစ်ခွန်းနဲ့တင် လူကို သေစေနိုင်သတဲ့
ကမ္ဘာကြီးအပေါ် . . . . . .
သူတို့ကိုယ်သူတို့ “ ပညာတတ်” ဘွဲ့ခံယူထားသူတွေရဲ့အလယ်
တို့တွေ ပျောက်ဆုံးမသွားစေရဘူး
ဘာအကြောင်းကြောင့်နဲ့မှ
ဘာ အေ ကြာ င်းေ ကြာ င့် နဲ့ မှ . . . .
ကိုယ့်အထာနဲ့ကိုယ်ပေါ့သူငယ်ချင်း
ဘာအတွက် ရှင်သန်နေကြသလဲဆိုတာထက်
ဘာတွေ လုပ်နေကြသလဲဆိုတာက ပိုအရေးကြီးတာပါ
ကိုယ့်အတွက်လား
ကိုယ့်မိသားစုအတွက်လား
ကိုယ့်နိုင်ငံအတွက်လား
ကိုယ့်လူမျိုးအတွက်လား
အများစုအတွက်တော့ ပုစ္ဆာပေါင်းများစွာဟာ
အဖြေမဲ့နေခဲ့ကြရ . . . . .
သိပ်များ နာသွားသလား သူငယ်ချင်းရယ်
တစ်နေ့တစ်နေ့ ငါတို့ ဆုံးရှုံးနေကြရတယ်
စိတ်ဓါတ်ပေါင်းများစွာနဲ့ ခံယူချက်တွေ
ဝေါကနဲဝေါကနဲ ပျောက်ဆုံးနေကြရ
ခေတ်သစ်ရေစီးကြောင်းတွေအကြောင်း
ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း
တွင်တွင်ပြောဆိုနေကြ . . .
ပညာတတ်ကြီးတွေဆီက ဖွားကနဲလွင့်စင်သွားသော
စကားလုံးမီးပွားများ
သိပ်နာသွားသလား သူငယ်ချင်းရယ်
အဘိဓါန်လှန်စရာမလိုပါဘူး
အကွပ်မဲ့တာနဲ့ပဲ
“ ကြမ်း ” က ပရမ်းပတာ ဖြစ်ရမတဲ့လား
ဟင့်အင်း . . . .
အသိတရားတွေနဲ့ ထိမ်းချုပ်ကြ
အရှိတရားတွေကို ခင်းကျင်းလို့
လူပီသအောင်တော့ နေကြရမယ်
နားလည်ပါတယ်
အထီးကျန်ဆန်မှုနဲ့သည်းခံခဲ့ရတဲ့ ဥာဉ့်နက်တွေအကြောင်း
ကျွန်တော် ကဗျာပေါင်းများစွာလည်းရေးခဲ့ဖူးတယ်
စက်ရုပ်လူသားတွေအကြောင်း
လောကပါလအကြောင်း
သောင်းပြောင်းထွေလာပေါ့
ခွင့်လွှတ်ပါသူငယ်ချင်း
သိပ်များနာသွားခဲ့မယ်ဆိုရင်ပေါ့
အားလုံးကို မရည်ညွှန်းခဲ့ပါဘူး
တချို့ တချို့ သော . . .
အသားထဲကထွက်တဲ့ “ လောက် ” ကောင်တွေကို ထိစေချင်တာပါ
မြန်မာဖြစ်ရမှာရှက်တဲ့ “ သစ္စာဖောက်” တွေကို သိစေချင်တာပါ
တချို့သော . . . တချို့သော . . .
. . . . . . . . . . . . .
သိပ်များ နာသွားသလား သူငယ်ချင်းရယ်
ငါ့ကဗျာ . . စာသားတွေနဲ့ ဒါဏ်ရာတွေကုသ
ချမ်းမြေ့ခြင်းတွေ မုချ ရရှိပါစေကွယ် . . .
သက်တန့်ချို
နိုဝင်ဘာ ၁၂ ရက်နေ့
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
သိပ်နာသွားသလား သူငယ်ချင်းရယ်
အရမ်းများ ထိသွားခဲ့သလား
အဖြူရောင်နှလုံးသားတွေကို
ဒါဏ်ရာအနာတရဖြစ်စေခဲ့မယ်ဆိုရင်ဖြင့်
. . . . . . . . ..
ငါပစ်လွှတ်ခဲ့တာ ပန်းတို့အတိပြီးသော
စေတနာ မြှားအစင်းစင်းရယ်ပါ
တခါတခါများ
သေချင်လောက်အောင်ကို
အမှန်တရားဟာခါးသီးလွန်းတယ် သူငယ်ချင်း
လျှောက်တော့လျှောက်နေကြတာပါပဲ
တို့တွေ . . . ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ
“ လမ်းဆုံးရင်ရွာတွေ့မယ် ” လို့တော့
ကံကြမ္မာက အာမခံချက်မပေးထားဘူးလေ
ဓါးနဲ့ထိုးမှ သွေးထွက်တာမဟုတ်ပါဘူး
စကားတစ်ခွန်းနဲ့တင် လူကို သေစေနိုင်သတဲ့
ကမ္ဘာကြီးအပေါ် . . . . . .
သူတို့ကိုယ်သူတို့ “ ပညာတတ်” ဘွဲ့ခံယူထားသူတွေရဲ့အလယ်
တို့တွေ ပျောက်ဆုံးမသွားစေရဘူး
ဘာအကြောင်းကြောင့်နဲ့မှ
ဘာ အေ ကြာ င်းေ ကြာ င့် နဲ့ မှ . . . .
ကိုယ့်အထာနဲ့ကိုယ်ပေါ့သူငယ်ချင်း
ဘာအတွက် ရှင်သန်နေကြသလဲဆိုတာထက်
ဘာတွေ လုပ်နေကြသလဲဆိုတာက ပိုအရေးကြီးတာပါ
ကိုယ့်အတွက်လား
ကိုယ့်မိသားစုအတွက်လား
ကိုယ့်နိုင်ငံအတွက်လား
ကိုယ့်လူမျိုးအတွက်လား
အများစုအတွက်တော့ ပုစ္ဆာပေါင်းများစွာဟာ
အဖြေမဲ့နေခဲ့ကြရ . . . . .
သိပ်များ နာသွားသလား သူငယ်ချင်းရယ်
တစ်နေ့တစ်နေ့ ငါတို့ ဆုံးရှုံးနေကြရတယ်
စိတ်ဓါတ်ပေါင်းများစွာနဲ့ ခံယူချက်တွေ
ဝေါကနဲဝေါကနဲ ပျောက်ဆုံးနေကြရ
ခေတ်သစ်ရေစီးကြောင်းတွေအကြောင်း
ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း
တွင်တွင်ပြောဆိုနေကြ . . .
ပညာတတ်ကြီးတွေဆီက ဖွားကနဲလွင့်စင်သွားသော
စကားလုံးမီးပွားများ
သိပ်နာသွားသလား သူငယ်ချင်းရယ်
အဘိဓါန်လှန်စရာမလိုပါဘူး
အကွပ်မဲ့တာနဲ့ပဲ
“ ကြမ်း ” က ပရမ်းပတာ ဖြစ်ရမတဲ့လား
ဟင့်အင်း . . . .
အသိတရားတွေနဲ့ ထိမ်းချုပ်ကြ
အရှိတရားတွေကို ခင်းကျင်းလို့
လူပီသအောင်တော့ နေကြရမယ်
နားလည်ပါတယ်
အထီးကျန်ဆန်မှုနဲ့သည်းခံခဲ့ရတဲ့ ဥာဉ့်နက်တွေအကြောင်း
ကျွန်တော် ကဗျာပေါင်းများစွာလည်းရေးခဲ့ဖူးတယ်
စက်ရုပ်လူသားတွေအကြောင်း
လောကပါလအကြောင်း
သောင်းပြောင်းထွေလာပေါ့
ခွင့်လွှတ်ပါသူငယ်ချင်း
သိပ်များနာသွားခဲ့မယ်ဆိုရင်ပေါ့
အားလုံးကို မရည်ညွှန်းခဲ့ပါဘူး
တချို့ တချို့ သော . . .
အသားထဲကထွက်တဲ့ “ လောက် ” ကောင်တွေကို ထိစေချင်တာပါ
မြန်မာဖြစ်ရမှာရှက်တဲ့ “ သစ္စာဖောက်” တွေကို သိစေချင်တာပါ
တချို့သော . . . တချို့သော . . .
. . . . . . . . . . . . .
သိပ်များ နာသွားသလား သူငယ်ချင်းရယ်
ငါ့ကဗျာ . . စာသားတွေနဲ့ ဒါဏ်ရာတွေကုသ
ချမ်းမြေ့ခြင်းတွေ မုချ ရရှိပါစေကွယ် . . .
သက်တန့်ချို
နိုဝင်ဘာ ၁၂ ရက်နေ့
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
နားလည်မှုလေးတွေမလွဲစေချင်ပါဘူး...........
ReplyDeleteစာရေးကောင်းတယ် ဆိုတာထက် မှန်ကန်တဲ့အတွေးအခေါ်တွေမှာ ရပ်တည်ပြီးအပြုသဘောမျိုးရေးတာ ကိုပိုကြိုက်တယ်
ReplyDeleteဟုတ်တယ် ဝမရှိဘဲဝိလုပ်တယ်ဆိုတယ် စကားဆင်းသက်ပုံကို သေချာဇစ်မြစ်မလိုက်တတ်ပေမဲ့ တချို့ဗမာတွေ တော်တော်များများ အပြင်မှာတွေနေရတယ် မထိစပ်တာ စိတ်ချမ်းသာပေမဲ့တိုင်းပြည်အတွက်တော့ မကောင်းဘူးပေါ့ ရေးချင်တာရေးသွားပြီ ညီလေးရေ
ကျွန်တော့်အတွက်ကတော့ရှင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်(ကျွန်တော့်၊ဇနီး)အတွက်ရယ်၊မိဘတွေအတွက်ရယ်ဒီလိုပဲနိုင်ငံခြားမှာလုပ်နေတာပါ။ ကျွန်တော့်နိုင်ငံကိုချစ်တာအမြဲပါ။ ၀န်ထမ်းခြောက်နှစ်ကျော်လုပ်ပြီးမှရှေ့ ရေးအတွက်စလုံးကိုထွက်ခဲ့တာပါ။ဒီနေ့အထိလည်းပျော်လို့နေတာမဟုတ်ပါဘူး။နေသင့်လို့နေတာပါ။အီးမေးလ်ရေးသူ ဘာရေးလည်းတော့မသိပါဘူး။ကိုသက်တန့်ချိုရဲ့ညီမလေးဖတ်ဖို့ကိုဖတ်ပြီးသူနာချင်နာမယ်ဆိုတာကို ကျွန်တော်သဘောပေါက်မိပါတယ်။ကျွန်တော်အဲဒါတွေတောတော်ရေးခဲ့ပြီးပါပြီ။ဒီမှာကတော်တော်ဆိုးနေပါပြီ။ ကျွန်တော်တို့အနေနဲ့လည်းတစ်ကိုယ် ကောင်းဆန်ပြီးနေနေတာမဟုတ်ဘူးဆိုတာပြောပြချင်ပါသေးတယ်။ကိုသက်တန့်ချိုရဲ့ကဗျာကို နားလည်ပါတယ်။ဒါပေမဲ့တချို့ကနိုင်ငံခြားနေတိုင်း တိုင်းပြည်မချစ်လို့ချည်းပဲထင်နေလို့ပြောပြတာပါ။ ခင်ဗျားရဲ့စေတနာကိုလူငယ်ဆောင်းပါးတွေရေးနေဆဲ ကျွန်တော်နားလည်ပါတယ်။သဘောလည်းပေါက်ပါ တယ်။တစ်ခါတစ်ခါမှာတော့ကျွန်တော်တို့မတတ်နိုင်တဲ့ကိစ္စတွေအတွက်ကျွန်တော်လည်းစာထဲကပဲ အသိပေးနေရတာပါပဲ။ဘယ်လိုပဲဖြစ်ဖြစ်စာရေးသူမှာစေတနာရှိရင်အဲဒီစေတနာကိုစာဖတ်သူအသိအမှတ်ပြုမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ ကိုယ်ရေးစရာရှိတာကိုတော့ဆက်ရေးပါ။
ReplyDeleteVery good poem. I love it. I'm always proud to be Burmese. Even though one cannot participate to develop his/her country, then one should try the best situation for his/her life by educating oneself and getting a good job. At least that person can help his/ her family and no other people can look down on our Burmese people. Take our own responsibel for our lives.
ReplyDeleteလူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ ဖြစ်တတ်ပါတယ်ကွယ်။ ကိုယ့်အမြင် သူ့အမြင် တူချင်မှ တူမှာလေ။
ReplyDeleteဒီမှာလဲတချို့ ရှိပါတယ်။ မြန်မာပြည်သားပြောရမှာကိုပဲရှက်သလိုလို။ တချို့ ကျတော့လဲ မြန်မာပြည်သားပြောရင်သူတို့ ကိုမြန်မာလူမျိုးလို့ အထင်မခံချင်တာတွေတွေ့ ရတယ်။ စိတ်မကောင်းစရာပါ။ ကိုယ့်ရဲ့ စေတနာကတော့ လူတိုင်းအတွက်ဖြစ်ပေမဲ့ လူတိုင်းတော့မရနိုင်ပါဘူး။ ဒီတော့ ရသွားတဲ့သူတွေရှိနေရင်ပဲ ရေးရကျိုးနပ်ပြီထင်ပါတယ်။
ReplyDeleteအမြဲအားပေးလျှက်
Thanks for the info! We're making a custom pair of slippers for you :)” oh wow thank you!!
ReplyDeleteရောက်တယ် ကို သက်တန့်ရေ..
ReplyDeleteထိတယ်ကွာ....
ReplyDeleteထိတယ်ကွာ....
ReplyDeleteကျွန်တော်လဲ ကဗျာတပုဒ်ရေးဖူးတယ်
ReplyDeleteကျွန်တော်ရဲ့ ကဗျာဆိုလိုရင်းကိုသဘောမပေါက်ရှာကြဘူးထင်ပါရဲ့ 
ရန်တောင်အတွေ့ ခံရတယ် ... တခါတလေများ
စေတနာ နဲ့ ရေးလိုက်တာ သရော်တယ်ထင်သွားကြသလားမသိပါဘူး
ကိုယ့်ကဗျာကိုတောင် စိတ်နာမိတယ်
http://firstaprilpoems.blogspot.com/2012/03/blog-post_4348.html