နောက်ဆုံးမှာ ဒေါသထွက်နေတဲ့ငှက်ရဲ့ တိုက်ခိုက်မှုကို အရှုံးပေးလိုက်ရတယ်လို့မြင်မိပါတယ် ။ သူ့နာမည်က Jose Luis Ochoa ပါ အသက်ကတော့ ၃၅ နှစ်ရှိပါပြီ ။ California ပြည်နယ် Lamont မှ ဖြစ်ပြီး Tulare ပြည်နယ် မှာ သူ ဒါဏ်ရာတွေ ရခဲ့ပြီးနောက် ၂ နာရီကြာတဲ့အခါ ဆေးရုံမှာပဲ သေဆုံးသွားခဲ့ရပါတယ်လို့ Kern Country coroner က ပြောဆိုခဲ့ပါတယ် ။
မှုခင်းဆရာဝန်တွေရဲ့ စစ်ဆေးချက်အရတော့ Ochoa ဟာ ညာဖက် ခြေသလုံးကြွက်သားမှာ မတော်တဆ ချွန် ထွက်သော အရာနှင့် ထိုးသွင်းခံရ၍ သေဆုံးမှု ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ် ။ ဒီလို မတော်တဆမှုမျိုး တခါမှ မတွေ့ဖူးပါဘူး လို့ Sheriff's department မှ အသက် ၂၄ နှစ်အရွယ် Sgt Martin King ဆိုသူက Bakersfield California ကိုပြောဆိုခဲ့ပါတယ် ။
တာဝန်ရှိသူတွေရောက်လာတဲ့အခါ Ochoa ဟာ အခင်းဖြစ်ပွားရာနေရာမှာ လဲကျနေခဲ့ပါတယ် လို့ King က သတင်းစာကိုပြောခဲ့ပါတယ် ။ ရဲတွေဟာ သေဆုံးနေတဲ့ ငှက် ငါးကောင်နဲ့ ငှက်တွေ တိုက်ခိုက်ထားမှုကိုလည်း အခင်းဖြစ် ပွားရာနေရာမှာ ရှာတွေ့ခဲ့ရပါတယ် ။ Kern Country Superior Court ရဲ့ မှတ်တမ်းတွေအရ Ochoa ဟာ လွန်ခဲ့တဲ့နှစ်တုန်းက တိရိစ္တာန်တွေကို တိုက်ခိုက်တတ်စေရန် သင်ကြားပေါ်မှု အတွက် တရားစွဲခံခဲ့ရပါတယ် ။ သူက မဟုတ်မမှန်ကြောင်းလျှောက်ထားခဲ့ပြီး ဒေါ်လာ ၃၇၀ ပေးဆောင်ခဲ့ရပါသတဲ့ ။ အပြင်ပန်းကြည့် ရှုချက်တွေအရတော့ Jose ဟာ နီးကပ်တဲ့ဒါဏ်ရာ၂ ခုကို ရရှိခဲ့ပြီး အဲဒီဒါဏ်ရာတွေကလည်း သင်တုန်းဓါးမြမြ နဲ့ လှီးဖြတ်ထားသလို ဖြစ်ပါတယ် ။ ငှက်ရဲ့ခြေထောက်မှာ သင်တုန်းဓါးတပ်ပြီးတော့ တိုက်ခိုက်တတ်အောင် စနစ်တကျ လေ့ကျင့်ထားခဲ့ဟန်တူပါတယ် ။
သက်တန့်ချို
Source : Strange news
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သူသင်ပေးထားနဲ့ဌက်တွေရဲ့ ပြန်လည်တိုက်ခိုက်ခြင်းခံရပြီးသေဆုံးသွားရတယ်လို့ ဆိုလိုတာလား။
ReplyDeleteကြက်လား ငှက်လားကွာ စိတ်ပျက်စ၇ာကောင်းလိုက်တဲ့ ဘာသာပြန်။ နားကလောတယ်ကွာ။ ငှက်အမျိုးနွယ်ဘဲ ဘာညာလာမပြောနဲ့ကွာ။ ။
ReplyDeleteဗုဒ္ဓေါ Bird attack လို့ရေးထားတာကို ငှက်တိုက်ခိုက်မှု လို့ ဘာသာမပြန်လို့ ကြက်လို့ပြန်ရမလား အနောနီးမက်ရေ ပုံကတော့ အင်တာနက်ထဲမှာ အဲဒီခေါင်းစဉ်အောက်က ပုံပြန်ထည့်ထားတာပဲ လွန်တာရှိမှားတာရှိ ခွင့်လွှတ်သည်းခံပါဗျာ မလိမ်မိုးမလိမ္မာလေးမို့ပါ ကြက်ကလည်း ငှက်မျိုးနွယ်လို့ ဖတ်ဖူးသသကိုးဗျး)
ReplyDeleteအဟိ .....ငှက်ရုပ်လဲထွက်ဘူး ...
ReplyDeleteကြက်နဲ့ပိုတူတယ်။
ငှက်နဲ့ပဲတူတူကြက်နဲ့ပဲတူတူဟိုလူကတော့သေသွားပြီ
ReplyDeleteကြက်နဲ့ပဲတူတူငှက်နဲ့ပဲတူတူဟိုတစ်ယောက်တော့သေသွားပြီ
ReplyDeleteငှက်နဲ့ပဲတူတူကြက်နဲ့ပဲတူတူဟိုလူကတော့သေသွားပြီ
ReplyDelete