Friday, November 25, 2011

တောင်ကြီးမြို့ ပတ္တမြားလှိုဏ်ဂူနှင့်ရွှေဘုန်းပွင့်ဘုရားသို့အလည်တစ်ခေါက်

တောင်ကြီးမြို့ ပတ္တမြားလှိုဏ်ဂူနှင့်ရွှေဘုန်းပွင့်ဘုရားသို့အလည်တစ်ခေါက်



အဲဒီနေ့က တောင်ကြီးကနေ ရန်ကုန်ကိုပြန်မယ့်နေ့ပါ ။ ရာသီဥတုကတော့ ထုံးစံအတိုင်း အေးစိမ့်ပြီး သာယာ လျှက် ။ တောင်မရိုးကားဂိတ်ကနေ နေ့လည် ၁၂ ခွဲ တောင်အောက်ဆင်းမယ်တဲ့ ၁နာရီနောက် ဆုံးတဲ့ သေ ချာကိုမှာလိုက်တယ် ။ ကံကောင်းလို့ အလည်လွန်နေတာ တစ်နာရီထိုးဖို့ ငါးမိနစ်လောက်နေမှ ကားဂိတ် ကိုရောက် တယ် :P ။ အဲဒီမနက်က တောင်ကြီး MMA မှာ တစ်ချက် ပြခန်းဆင်တာတွေဝင်ကြည့်ပြီး ဆိုင်ကယ် နဲ့ပဲ တော်ပေါ်ကိုတက်လာခဲ့ပါတယ် ။ ကျွန်တော်မှတ်မိသလောက် ဘေးပတ်ဝန်းကျင်တွေက အလွန်သာယာ လှပြီး အေးချမ်းလှပါတယ် ။ ဆိုင်ကယ်လေးတွေရပ်ပြီး တောင်တက်လမ်းတလျှောက်မှာ အတွဲလေးတွေ ကြည်နူးနေ တာလည်းတွေ့ခဲ့ရသေးတယ်။ ဒါနဲ့ တောင်ပေါ်မှာတော့ ပတ္တမြားလှိုဏ်ဂူ နဲ့ ရွှေဘုန်းပွင့် ဘုရားတို့ကို ၀င်ရောက် ဖူးမျှော်ခဲ့ပါတယ် ။ ပတ္တမြားလှိုဏ်ဂူကတော့ ရှုခင်းတွေ ရိုက်လို့ကောင်းတဲ့ လွန်စွာ လှ ပသော နေ ရာလေးတစ်ခုပါပဲ ။

ပထမရက်ကသွားခဲ့တဲ့ ထမ်စမ်းဂူလောက်မကျယ်ဝန်းပေမယ့် ဂူအထဲမှာ အေးစိမ့်လှပြီး ဘုရားရုပ်ထုလေးတွေ ဆင်း တုတော်တွေနဲ့ ဘိုးဘိုးအောင် နဲ့တကွ နတ်ရုပ်တွေလည်းတွေ့ခဲ့ရပါသေးတယ် ။



ဒါကတော့ပတ္တမြားလှိုဏ်ဂူကို မ၀င်ခင် အရှေ့ဖက်ကနေ တောင်ကြီးမြို့တစ်ခုလုံးကို စီးပြီးမြင်ရတဲ့ပုံဖြစ်ပါတယ် ။ သာ ယာလှပတဲ့ တောင်ကြီး မြို့လေးဟာ တစ်မျိုးပဲ ချစ်စရာကောင်းနေပြန်ပါတယ် ။








ဒီတောင် ကို သဘောကျလွန်းလို့ ခေါင်းငုံ့ပြီးတော့ ရိုက်ယူခဲ့တယ် ။



လှိုဏ်ဂူအ၀င်အ၀မှာ ရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။ အထဲမှာတော့ မီးရောင်မှိန်ပြပြသာ အလွန်ပဲ အေးစိမ့်ပါတယ် ။



ဂူထဲမဆင်းခင် အပေါ်စီးကနေ လှမ်းရိုက်ထားခြင်းဖြစ်ပါတယ် ။လှကားတွေနဲ့ဝေ့၀ှိုက်ပြီးဆင်းရတာဖြစ်ပါတယ် ။



ဂူနံရံတွေမှာ ဒီလို ရုပ်ပွားတော်လေးတွေကို ကြည်ညိုဖွယ်ရာ ဖူးမြင်ခဲ့ရပါတယ် ။







ဒါကတော့ နတ်ရုပ်ထုဖြစ်ပါတယ် ။



ကြည်ညိုဖွယ်ရာ ဘုရားဆင်းတုတော်တစ်ဆူကို ဖူးမျှော်ရပုံဖြစ်ပါတယ် ။



အပေါ်က ဘုရားကို ဖူးမျှော်ချင်ရင် ဒီလှေကားကနေ တက်သွားရတာဖြစ်ပါတယ် ။







ဘိုးဘိုးအောင် ရုပ်ထုဖြစ်ပါတယ် ။



ဟိုးယခင်က ဘုန်းကြီးတစ်ပါး တရားထိုင်ခဲ့တဲ့နေရာလို့သိရပါတယ် ။ တိတ်ဆိတ်အေးချမ်းလှပြီး ငြိမ်သက်လှ တာကြောင့် သူတော်စင်တွေ မွေ့လျှော်တဲ့နေရာပဲဖြစ်ပါတယ် ။ အချိန်လလည်းသိပ်မရတော့တာနဲ့ပဲ ပတ္တမြား လှိုက်ဂူထဲကနေပြန်ထွက်ပြီး ရွှေဘုန်းပွင့်ဘုရားဆီကို ဆိုင်ကယ်နဲ့ပဲ တက်ခဲ့ပါတယ်။ နီးနီးလေးပါပဲ ။



ရွှေဘုန်းပွင့်စေတီတော် ။


ဒီရုပ်ထုကလည်းရာဇ၀င်ရှိတယ်လို့သိရပါတယ် ။ ဘုန်ဘုန်းတစ်ပါးက ရွာထဲကို သွားပြီး ညဖက်ကြီးမှာ ပန်းရံဆ ရာတစ်ယောက်ကို သွားခေါ်ပါတယ် ။ ပန်းရံဆရာလည်း သူ့ပစ္စည်းတွေယူပြီး လိုက်သွားတာပေါ့ ။ အချိန်က တရုတ်တွေ မြန်မာကို တိုက်ဖို့လာနေတဲ့အချိန်ပါ ။ ဒါနဲ့ ဘုန်းကြီးက ဒီနေရာမှာ ဒီလိုရုပ်ထုလုပ်ဆိုပြီး ပိတ်ဖြူကို ကပ်ကြေး နဲ့ကိုက်ကာ ပုံသဏ္ဍာန် ဆွဲပြပါတယ် ။ ညမှောင်မှောင်ထဲမှာမို့ သိပ်မမြင်ရဘူးပေါ့လေ ။ ဒီလိုနဲ့ မနက်ရောက် တဲ့အခါ ဒီရုပ်ထုကို မြင်ရပါတော့တယ် ။ အဓိပ္ပါယ်ကတော့ တရုတ်တွေ လာမတိုက်ပါနဲ့ ပြန်သွား ကြ ပါလို့ လက်ကာပြနေတဲ့ပုံပါ ။ မျက်နှာမူထားတာကလည်း တရုတ်တွေ လာတိုက်မယ့် လမ်းကြောင်းပါတဲ့ ။ ဒီလို နဲ့ အဲဒီတုန်းက တရုတ်တွေ မလာဖြစ်ခဲ့ပါဘူး ။ ပါးစပ် ရာဇ၀င်လေးဖြစ်ပေမယ့် စိတ်ဝင်စားတာကြောင့် မှတ်သား လာခဲ့ပါတယ် ။



ရွေဘုန်းပွင့်ဘုရားရဲ့ ဆောင်ပုဒ်လေးကလည်း ကြည်ညိုစရာ ။



မတ်တပ်ရပ်ပြီး လက်ညှိုးညွှန်ပြနေသော ဆင်းတုတော် ။ ဒီဘုရားဟာ ၂၄နာရီလုံး မီးထွန်းထားတဲ့အတွက် ညဖက် တောင်ကြီးမြို့ထဲကတောင်ပေါ်ကို လှမ်းကြည့်ရင် မီးရောင်တွေ ထိန်ထိန်လင်းနေ တာကို တွေ့မြင် ရမှာဖြစ်ပါတယ် ။



ကားထွက်ဖို့အချိန်ကလည်းကပ်နေတဲ့အတွက် ဆိုင်ကယ်နဲ့အနီးဆုံးလမ်းကနေပြန်ဆင်းလာခဲ့ပါတယ် ။



ဒီအိမ်ကတော့ လူကြီးတွေလာရင်တည်းဖို့လို့သိရပါတယ် ။ အမှတ်တရ ရိုက်ယူခဲ့ပါတယ် ။



ဒါကတော့ ၀ါသနာအရပါ ။ :P



အပြန်မှာ ဒေသထွက်ဖြစ်တဲ့ traditional wine တွေ ၀ယ်လာခဲ့ပါသေးတယ် ။ ငါးဥ ၀ိုင် ၊ စပျစ်ဝိုင် ၊ မက်မန်းဝိုင် ၊ စတော် ဘယ်ရီဝိုင် ၊ သီးစုံဝိုင် စသဖြင့်အမျိုးအစားစုံလင်စွာရှိပြီး အရသာကလည်း လတ်ဆက်ကောင်း မွန်လှ ပါတယ် ။

ဒီလိုနဲ့ တစ်နာရီ ထိုးဖို့ ငါးမိနစ်မှာ ကားဂိတ်ကိုရောက်လာခဲ့ပါတယ် ။ ကံကောင်းလို့ ၁ နာရီဆို ကား က တောင်အောက်ကိုဆင်းပြီ ဟီး :P

ခရီးသွားဆောင်းပါးလေးကိုဖတ်ရှူရင်း အားလုံးပဲ ဒေသန္တရ ဗဟုသုတ တွေပြည့်ဝပြီး အမိမြန်မာပြည်ကြီးကို ဒီထက်မ က ရင်ထဲကနေ ချစ်မြတ်နိုးနိုင်ကြပါစေ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. မင်္ဂလာပါရှင်..ကိုသက်တန့်.postလေးတွေကြည့်ပြီးတော့အဲဒီနေရာတွေကိုသွားချင်လိုက်တာ..တောင်ကြီးမြို့ကတကယ်သာယာတာပဲနော်..postလေးတွေကဗဟုသုတလည်းရတယ်။မှတ်သားဖွယ်ရာလေးတွေပါပဲ..postလေးတွေအတွက်ကျေးဇူးတင်ပါတယ်ရှင်။အမြဲအားပေးလျက်........:)

    ReplyDelete
  2. တောင်ကြီးကိုအရမ်းလွမ်းနေတဲ့အချိန်မှာ
    ဒီပုံလေးတွေအတွက်ကျေးဇူးတင်ပါတယ်
    ကျွန်မနေထိုင်ရာအရပ်ကတော့ မြစိမ်းတောင်ခြေရင်း
    မှာပါ..မြစိမ်းတောင်ကို အိမ်ရှေ့ လမ်းမကြီးကနေတက်ရပါတယ်
    ခင်ခင်မင်မင် jasmine

    ReplyDelete
  3. ဂူအ ၀င်က ဆင်းတုတော် သေးသေး လေး တွေ က အရင် နှစ် ကမှ တည်ထားတာပါ။ အောက် ကဆင်းတုတော် ကြီး တွေက တော့ ကြာပါ ပြီ. အား ပေး လျှက်ပါ။

    ReplyDelete
  4. တောင်ကြီးကိုတခါမှမရောက်ဖူးဘူး
    ကိုသက်တန့်ရေ
    တခါလောက်တော့ရောက်အောင်
    သွားကြည့်ဦးမယ်..

    ReplyDelete
  5. တောင်ကြီးသားတစ်ယောက်လာပြီးအလွမ်းတည်သွားပာ
    တယ်...

    ReplyDelete
  6. မြန်မာပြည်ပြန်လာလည်ရင် အဲဒီလှတဲ့နေရာလေးတွေကို မောင်နဲ့ တူတူသွားလည်မယ်.

    ReplyDelete
  7. အင့်....၂၀၀၄ ကနေ စပြီးမေ၇ာက်ဖြစ်တော့တာပါ..။အ၇မ်းလွမ်းတယ် ..။မွေး၇ပ်မြေ...

    ReplyDelete
  8. ပြောသားပဲ..တောင်ကြီးကို သွားဖြစ်အောင်သွားပါလို့..
    တောင်ကြီး ချစ်စရာကောင်းတယ် လှတယ်လို့..
    တောင်ကြီးသူတွေ ပိုတောင်ချစ်စရာကောင်းတယ် မဟုတ်လား.. ဟား..ဟား

    ReplyDelete
  9. တောင်ကြီးကို၁ခါမှမရောက်ဘူးသေးဘူး...
    ကိုသက်တန့်သွားတဲ့ပုံတွေကြည့်ပြီ....
    အရမ်းကိုသွားချင်လာပြီ....
    ပိုက်ပိုက်ချိရင်......:P

    ReplyDelete
  10. မောင်သက်တန်.ရဲ.ခ၇ီးသွားဆောင်းပါးအားလုံးအားပေးထားတယ်နော်နောက်ရှိသေးရင်တင်ပေးအုံးနော်ခင်တဲ.အန်တီလေး

    ReplyDelete