Monday, November 28, 2011

ကျောက်ကပ်ထဲမှာ stone ၄၂၁ ခုကို အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးဆီမှ ဖယ်ထုတ်ခဲ့ရခြင်း

ကျောက်ကပ်ထဲမှာ stone ၄၂၁ ခုကို အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးဆီမှ ဖယ်ထုတ်ခဲ့ရခြင်း




ထိုင်းဆရာဝန်တွေဟာ အသက်၆၀ အရွယ်ရှိတဲ့အမျိုးသမီးတစ်ဦးဆီမှ ကျောက်ကပ် stone ၄၂၁ ခုကို ခွဲစိတ်ဖယ် ထုတ်ပေးခဲ့ရပါတယ် ။ သူမဟာ ဆေးရုံလာစဉ်က အစာအိမ်နာတယ်ဆိုပြီးရောက်လာခဲ့ခြင်းဖြစ်ပါတယ် ။ Nong Khai ပြည်နယ်မှ Somdej Phraupharajthabo ဆေးရုံမှ ဒါရိုက်တာ Dr.Wattana Parisri ဟာ လူနာဆီကနေ သူနဲ့ သူ့ရဲ့ လက်ထောက်တွေပူးပေါင်းပြီး ကျောက်ကပ်ထဲက ကျောက်တည်တာတွေကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့တယ်လို့ Thai Rath newspaper ကဖော်ပြထားပါတယ် ။



လူနာဟာ ဆေးခန်းပေါင်းများစွာကို အစာအိမ်အောင့်တယ်ဆိုပြီး ခဏခဏ ရောက်လာခဲ့ပါတယ် ဆီး လမ်းကြောင်း ပြဿနာတွေလည်းရှိနေခဲ့ပါတယ် ။ ဒါပေမယ့် Ultrasound မှာကတော့အ နာကြောင့်ဖြစ် တယ်ဆို ပြီး မှားယွင်းပြီး ဖော်ပြခဲ့တာကြောင့် အခုလို ဖြစ်ခဲ့ရတာပါလို့ Wattana ကပြောခဲ့ပါတယ် ။



လူတစ်ယောက်မှာ ဆေးပညာ မှတ်တမ်းတွေထဲမှာရော ဒါဟာ ကျောက်ကပ်ထဲ stone တွေရှိနေတာ ဒီတစ်ကြိမ် ဟာ အများဆုံးဖြစ်ပါလိမ့်မယ်လို့ သူက ထပ်ပြောခဲ့ပါတယ် ။ ဆရာဝန်တွေ ရဲ့ပြောဆိုမှုအ ရ ကျောက်ကပ် ထဲ ကျောက်တည်ခြင်းဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပိုအဖြစ်များပြီး အဲဒီဖက်ကပဲ ပိုပြီးလာပြလေ့ ရှိကြတယ်လို့ ဆိုပါတယ် ။ ဒါဟာ အစားအသောက်ကြောင့်ဖြစ်စေ မျိုးဗီဇ geneitic proclivity ကြောင့်ဖြစ်စေ ဖြစ်နိုင်ပါတယ် ။

http://www.rxpgnews.com

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ဖျား.ဖျား..
    (ဒီလို)ပို့စ်တွေဖတ်ပါများ..
    ကြာရင်.နှလုံးရောဂါရနိုင်တယ်း))

    ဝေမျှပေးတဲ့အတွက်ကျေးဇူးပါ။
    ခင်မင်စွာဖြင့်
    မိစံ

    ReplyDelete
  2. နန်းသက်November 29, 2011 at 5:05 AM

    အာရိုရို.... တခါမှမကြားဖူးတဲ့ဖြစ်ရပ်ပဲ. အပ်ထရာဆောင်းရိုက်တာကလဲအဖြေမှားထွက်တယ်တဲ့. ကံကောင်းလို့ လူနာကကြားထဲကအသက်မဆုံးရှုံးတာပေါ့။

    ReplyDelete
  3. ဒီဘက်ခေတ်ရောက်ကာမှ ရောဂါတွေလည်း များလာပေါလာလိုက်တာ... (၉၆)ပါးဆိုတာ ကတောင်ကပါတော့မလားမသိပါဘူး...။။။

    ReplyDelete