Wednesday, November 16, 2011

ဟေမိုဂလိုဘင်

ဟေမိုဂလိုဘင်



ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥလို့ လူသိများကြပြီး သူ့ကို ကိုယ်စားပြုတဲ့ စကားလုံးကတော့ Hb သို့မဟုတ် Hbg ဖြစ်ပါ တယ် ။ Haemoglobin ဟာ သက်ရှိ ကျောရိုးရှိသတ္တ၀ါတွေ အကုန်လုံးမှာ သွေးနီဥဆဲလ် (red blood cells ) တွေ မှ တဆင့် iron ပါဝင်တဲ့ အောက်ဆီဂျင်တွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ Metalloprotein တွေဖြစ် ပါတယ် ။ ဒါပေမယ့် အဲဒီသက်ရှိသတ္တ၀ါတွေမှာ Channichthyidae မျိုးရိုးရှိတဲ့ ငါးတွေတော့ မပါဝင်ပါဘူး ။ ဘာကြောင့် လည်းဆိုတော့ သူတို့ဟာ ကျောရိုးမဲ့ တစ်ရှူးတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်ဖြစ်ပါတယ် ။ သွေးထဲမှာ ရှိတဲ့ ဟေမိုဂလိုဘင်ဟာ အသက်ရှုလမ်းကြောင်းအစိတ်အပိုင်းတွေဖြစ်တဲ့ အဆုတ် (သို့မဟုတ်) ပါးဟက် တွေမှ တဆင့် တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေ (ဥပမာ တစ်ရှူး ) စသည်တို့ကို အောက်ဆီဂျင်ကို သယ်ယူ ပို့ဆောင်ပေးပါတယ် ။ အဲဒီ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာတော့ nutrients တွေကို လောင်ကျွမ်းဖို့အတွက် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးပြီး သက်ရှိ organism တွေရဲ့ တာဝန်ကိုထမ်းဆောင်ဖို့ စွမ်းအင်ကို ထုတ်လုပ်ပေးပါတယ် ။ ဖြစ်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုစည်းပြီး အသက်ရှု လမ်းကြောင်း မှတ ဆင့် ပြင်ပသို့ ပြန်လည် စွန့်ထုတ်ပေးပါတယ် ။

နို့တိုက်သတ္တ၀ါတွေမှာ သွေးနီဥဆဲလ် dry content ရရဲ့ ၉၇ % ကို ပရိုတိန်းတွေနဲ့ ပြုလုပ်ထားပြီး ရေအပါအ၀င် စုစုပေါင်း ပမာဏနဲ့ ၃၅% လောက် ကိုလည်း ပရိုတိန်းနဲ့ပဲပြုလုပ်ထားပါတယ် ။ ဟေမိုဂလိုဘင်မှာ အောက်ဆီဂျင်ကို တွယ်ကပ်ပူးပေါင်းနိုင်တဲ့ အစွမ်း (oxygen binding capacity ) 1.34 ml/O2/gram ရှိပါတယ် ။ နို့တိုက်သတ္တ၀ါတွေရဲ့ ဟေမိုဂလိုဘင် မော်လီကျူး ဟာ အောက်ဆီဂျင် မော်လီကျူး လေးလုံးထိအောင် သယ် ယူနိုငိပါတယ် ။ ဟေမိုဂလိုဘင်ဟာ အခြား gas တွေ သယ်ယူပို့ဆောင်တဲ့နေရမှာလည်း ပါဝင် ပတ်သတ် ပါသေး တယ် ။ ဟေမိုဂလိုဘင်ဟာ ခန္ဓာကိုယ်ရဲ့ အသက်ရှုထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ကို carbaminohemoglobin အနေနဲ့ သယ်ဆောင်ပေးပြီး အဲဒီမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ globin ပရိုတိန်းနဲ့ သွား ရောက်ပူး ပေါင်းပါတယ် ။ ဟေမိုဂလိုဘင် မော်လီကျူးဟာ globin protein thiol အုပ်စုနဲ့ ပူးပေါင်း သော အရေးကြီးတဲ့ regulatory မော်လီကျူးဖြစ်တဲ့ nitric oxide ကိုလည်း သယ်ယူပို့ဆောင်ပေးပြီး တချိန်တည်းမှာပဲ အောက်ဆီဂျင်ကိုလည်း ထုတ်လွှတ်ပါတယ် ။ ဟေမိုဂလိုကို သွေးနီဥဆဲလ် အပြင်ဖက်မှာလည်း တွေ့ရ လေ့ရှိပါတယ် ။



ဟေမိုဂလိုဘင် ပါဝင်တဲ့တခြားဆဲလ်တွေကတော့ substantia nigra, macrophages, alveolar cells, နဲ့ ကျောက်ကပ် ထဲမှာရှိတဲ့ mesangial cells တွေထဲက A9 dopaminergic neurons တွေဖြစ်ကြပါတယ် ။ အဲဒီတစ်ရှူးတွေမှာဆိုရင် ဟေမိုဂလိုဘင်ဟာ အောက်ဆီဂျင်ကို မသယ်ယူတဲ့ ဓါတ်တိုးဆန့် ကျင်ပစ္စည်း အဖြစ်ဆောင်ရွက်ပေးပြီး iron metabolism ကို ပုံမှန်အတိုင်းလည် ပတ်နိုင်အောင်လည်း ဆောင်ရွက် ပေးပါတယ် ။ ဟေမိုဂလိုဘင်နဲ့ ဟေမိုဂလိုဘင်နဲ့တူတဲ့ မော်လီကျူးတွေကို တခြား ကျောရိုးမဲ့သတ္တ၀ါ တွေမှာ လည်း တွေ့နိုင်ပါသေးတယ် ။ အထူးသဖြင့် fungi နဲ့ အပင်တွေမှာဖြစ်ပြီး အဲဒီသက်ရှိတွေမှာတော့ ဟေမိုဂလိုဘင် ဟာ အောက်ဆီချင်ကို သယ်ယူပေးနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ၊ နိုက်ထရစ်အောက်ဆိုက် ၊ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် နဲ့ ဆာလ်ဖိုက် တို့ကို ပုံမှန်အတိုင်းလည်ပတ်နိုင်အောင်ဆောင်ရွက်ပေးပါတယ်။ တခြားမော်လီ ကျူးဖြစ်တဲ့ leghemoglobin ကိုတော့ အောက်ဆီဂျင် ရှာဖို့ အတွက်အသုံးပြပါတယ် ။ ယေဘူယျအ နေနဲ့ကြည့်မယ်ဆိုရင်တော့ ဟေမိုဂလိုဘင်ဟာ အောက်ဆီဂျင်မော်လီကျူးတွေနဲ့ oxyhemoglobin အဖြစ် ပျော်ဝင် နိုင်ပြီး မပျော်ဝင်တဲ့ desatureated အခြေအနေကိုတော့ deoxyhemoglobin လို့ခေါ်ပါတယ် ။ Oxyhemoglobin ဟာ သွေးနီဥဆဲလ်တွေဲမှာ ဟေမိုဂလိုဘင် ပရိုတိန်းရဲ့ heme အစိတ်အပိုင်းကို အောက်ဆီဂျင ကို ပေါင်းတဲ့အခါ ဇီဝကမ္မအသက်ရှုခြင်းဖြစ်စဉ်အတွင်းမှာ ဖြစ်ပေါ်လာရပါတယ် ။ ဒီဖြစ်စဉ်ဟာ အဆုတ်ထဲက alveoli တွေနဲ့ကပ်နေတဲ့ အဆုတ်ဆံချည်မျှင် သွေးကြောလေးတွေမှာ ဖြစ်ပေါ်ပါတယ် ။

အောက်ဆီဂျင်ဟာ သွေးစီးကြောင်းတလျှောက်ပါသွားပြီး Glycolysis ဖြစ်စဉ်မှာ သုံးစွဲဖို့ဆိုရင်တော့ အဲဒီနေရာ မှာပဲ လွှတ်ချခဲ့ပါတယ် ။ အဲဒီမှာတော့ oxidative phosphorylation ဖြစ်စဉ်ကနေတဆင့် ATP တွေကို ထုတ်လုပ်ပေးပါတယ် ။ ဟေမိုဂလိုဘင်မှာ taut form (T) နဲ့ relaxed form (R) ဆိုပြီး ပုံစံနှစ်မျိုးရှိပါသေးတယ် ။ များစွာ သောအချက်အလက်တွေဖြစ်တဲ့ PH နည်းပါးခြင်း ၊ ကာဗွန်အောက်ဆိုက်များခြင်း နဲ့ တစ်ရှူးတွေ ရဲ့အဆင့်မှာ 2,3 BPG များပြားနေခြင်း စတာတွေဟာ taut form ဖြစ်အောင် တွန်းအားပေးပြီး အဲဒီအခြေအ နေမှာ တော့ oxygen affinity နည်းပါးပြီး တစ်ရှူးတွေထဲမှာ အောက်ဆီဂျင်ကိုထုတ်လွှတ်ပါတယ် ။ ပြောင်းပြန် ကြည့်မယ်ဆိုရင်တော့ PH များခြင်း ၊ ကာဗွန်ဒိုင်အောက်ဆိုက် နည်းခြင်းနဲ့ 2,3 BPG နည်းခြင်းဟာ relaxed form ဖြစ်ဖို့တွန်းအားပေးပြီး အောက်ဆီဂျင်ကိုလည်းပိုပြီးပူးပေါင်းနိုင်ပါတယ် ။ Deoxygenated ဟေမိုဂလိုဘင် ဆိုတာ ကတော့ အောက်ဆီဂျင်ကို မပူးပေါင်းထားတဲ့ ဟေမိုဂလိုဘင်ပုံစံကိုခေါ်ပါတယ် ။ oxyhemoglobin နဲ့ deoxyhemoglobin ရဲ့ absorption spectra ကလည်းကွာခြားပါသေးတယ် ။ အဲဒီကွာခြားချက်ကို လူနာရဲ့ သွေးထဲက အောက်ဆီပမာဏကို Pulse oximeter လို့ခေါ်တဲ့ ပစ္စည်းနဲံ့စမ်းသပ်ကြည့်ရှုခြင်းအားဖြင့် သိရှိနိုင် ပါတယ် ။

လူတွေမှာ ဟေမိုဂလိုဘင် ပုံစံဘယ်နှစ်မျိုးရှိသလဲ ?

ဟေမိုဂလိုဘင် အစိတ်အပိုင်းများစွာဟာ သန္ဓေသား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြီးထွားဖို့အတွက် အစိတ်အပိုင်း တွေဖြစ် ပါတယ် ။ ဒါပေမယ့်လည်းမျိုးရိုးဗီဇ ပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ လူထုထဲက ရောဂါဖြစ်စေတဲ့ ဟေမို ဂလိုဘင်ရဲ့ pathologic mutant forms လည်းပါဝင်နိုင်ပါတယ် ။ လူသိများတဲ့ ဟေမိုဂလိုဘင်မူကွဲဖြစ်တဲ့ sickle cell anemia ကတော့ ရောဂါတစ်မျိုးဖြစ်ပြီး အဲဒါကို ဟေမိုဂလိုဘင်နဲ့ဆိုင်သောရောဂါများ ( hemoglobinopathies ) အဖြစ် ထည့်သွင်းစဉ်းစားကြပါတယ် ။ တခြားမူကွဲတွေကတော့ ရောဂါဖြစ်စေ လောက် အောင် သိသာထင်ရှားခြင်းမရှိပဲ သူတို့ကိုတော့ non-pathological variants အထဲ ထည့်သွင်းကြပါတယ် ။

သန္ဓေသားလောင်းထဲမှာ ရှိတဲ့ ဟေမိုဂလိုဘင်မူကွဲတွေကတော့
Gower 1 (ζ2ε2)
Gower 2 (α2ε2) (PDB 1A9W)
Hemoglobin Portland (ζ2γ2) တို့ဖြစ်ကြပါတယ် ။ ကြီးထွားလာတဲ့ သန္ဓေသား fetus မှာတော့ Hemoglobin F (α2γ2) (PDB 1FDH) အဖြစ် တည်ရှိပါတယ် ။ လူကြီးတွေမှာတော့ Hemoglobin A (α2β2) , Hemoglobin A2 (α2δ2) , Hemoglobin F (α2γ2) စသည်တို့ ရှိကြပါတယ် ။ Hemoblogin F ကတော့ F cells လို့ခေါ်တဲ့ သွေးနီ ဆဲလ်ဖြစ်ပြီး လူထုထဲ ကန့်အသတ်အနေနဲ့သာရှိပါတယ် ။ ဒါပေမယ့် လူတစ်ယောက်မှာ sickle cell ရောဂါနဲ့ ဘီတာ သာလက်ဆီးမီးယား ရောဂါရှိတယ်ဆိုရင်တော့ Hb F ဟာလည်း မြင့်တက်လာနိုင်ပါတယ် ။ ဟေမိုဂလိုဘင်ရဲ့ ရောဂါဖြစ်စေတဲ့ မူကွဲတွေကတော့

- Hemoglobin H (β4) : Beta chains တွေရဲ့ tetramer တွေကြောင့်ဖြစ်ပေါ်လာ့ပြီး သာလက်ဆီးမီးယား ရောဂါ တစ်မျိုးကိုဖြစ်စေပါတယ် ။

-Hemoglobin Barts (γ4) : γ chains တွေရဲ့ tetramer တွေကြောင့်ဖြစ်ပေါ်လာရပြီး သာလက်ဆီးမီးယား ရောဂါတစ်မျိုးကိုဖြစ်စေပါတယ် ။

- Hemoglobin S (α2βS2) : Sickle cell ရောဂါရှိတဲ့လူတွေမှာတွေ့ရတဲ့ ဟေမိုဂလိုဘင် မူကွဲဖြစ်ပါတယ် ။ ဘီတာ ချိန်းတွေရဲ့ ဂျင်းန် မှာ ပြောင်းလဲမှုရှိပြီး ဟေမိုဂလိုဘင်ရဲ့ ဂုဏ်သတ္တိကိုလည်းပြောင်းလဲစေ ပါပြီးသွေး နီဥဆဲလ်တွေကို တံစဉ်ပုံ (sickle) ဖြစ်စေပါတယ် ။

- Hemoglobin C (α2βC2) : beta chain gene မှာ ပြောင်းလဲမှုဖြစ်တဲ့ မူကွဲတစ်ခုဖြစ်ပြီး mild chronic hemolytic anemia ကိုဖြစ်စေပါတယ် ။

- Hemoglobin E (α2βE2) : beta chain gene မှာ ပြောင်းလဲမှုဖြစ်တဲ့ မူကွဲတစ်ခုဖြစ်ပြီး mild chronic hemolytic anemia ကိုဖြစ်စေပါတယ် ။

- Hemoglobin AS : adult gene တစ်ခုနဲ့ sickle cell disease gene တစ်ခုနဲ့အတူ Sickle cell trait ကိုဖြစ်စေတဲ့ Heterozygous form တစ်ခုဖြစ်ပါတယ် ။

- Hemoglobin SC disease : Sickle cell gene တစ်ခုနဲ့ တခြား hemoglobin C ပါဝင်တဲ့ heterozygous ပုံစံတစ်မျိုးဖြစ်ပါတယ် ။ ဆေးပညာ ဝေါဟာရတွေနဲ့ မနီးစပ်တဲ့ သာမန်စာဖတ်သူတွေအတွက် တချို့အရာ တွေ ဟာ နားလည်ဖို့ခက်ခဲနိုင်ပေမယ့် ဆရာဝန်တွေနဲ့ ဆေးပညာကို လေ့လာဆည်းပူးနေသော သူတွေအတွက် လည်း ရည်ရွယ်ပါတယ် ။

ရောဂါတွေမှာ ဟေမိုဂလိုဘင်ရဲ့ အခန်းကဏ္ဍ

ဟေမိုဂလိုဘင်ချို့တဲ့ခြင်းဟာ သွေးအားနည်းရောဂါမှာဆိုရင်တော့ ဟေမိုဂလိုဘင် မော်လီကျူးပမာဏ နည်းပါးလာ ခြင်းကြောင့်ဖြစ်စေ အောက်ဆီဂျင် မော်လီကျူးတွေကို ပူးပေါင်းနိုင်တဲ့အစွမ်းလျော့နည်းလာ လို့ဖြစ်စေ ဖြစ်ပေါ်လာရပါတယ် ။ ဘယ်လို ပုံစံမျိုးမှာမဆို ဟေမိုဂလိုဘင်ချို့တည့်ခြင်းဟာ သွေးကနေ အောက်ဆီဂျင် ကို သယ်ယူပို့ဆောင်ပေးနိုင်တဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ် ။ ယေဘူယျကြည့်မယ်ဆိုရင် ဟေမိုဂလို ဘင်ချို့တည့်ခြင်း ဟာhypoxemia နဲ့ကွဲပြားခြားနားပါတယ် ။ Hypoxemia ဆိုတာကတော့ သွေးထဲမှာ အောက် ဆီဂျင်ရဲ့ partial pressure လျော့နည်းခြင်းကို ဆိုလိုပါတယ် ။ တခြား ဟေမိုဂလိုဘင်ကို လျော့နည်း စေတဲ့အချက်ကတော့ သွေးအမြောက်အများဆုံးရှုံးခြင်း ၊ အစားအသောက်ချို့တဲ့ခြင်း ၊ ရိုးတွင်းချဉ်ဆီ ပြဿနာ များ ၊ ဓါတ်ရောင်ခြည်ပေးခြင်း ၊ ကျောက်ကပ်ချို့တဲ့ခြင်း သို့မဟုတ် မူမမှန် ဟေမိုဂလိုဘင် စသည့်အချက် များပဲဖြစ်ပါတယ် ။ ဟေမိုဂလိုဘင်မြင့်မားတဲ့အချက်တွေကတော့ ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသော အရပ်ဒေသ တွင်နေထိုင်ခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ ရေဓါတ်ချို့တဲ့ခြင်းနဲ့ ကင်ဆာ အဖုအကြိတ်များ ကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်တဲ့ ဟေမိုဂလိုဘင်ရဲ့စွမ်းရည်ကို သွေးထဲက Ph သို့မ ဟုတ် CO2 တွေကြောင့် ပြောင်းလဲမှု ဖြစ်ပေါ်စေနိုင်ပြီး oxygen-hemoglobin dissociation curve ကိုပြောင်း လဲစေပါတယ် ။ ဥပမာ carbon monoxide poisoning.

သွေးနီဥဆဲလ်တွေလျော့နည်းခြင်းရှိသေဖြစ်စေ မရှိသည်ဖြစ်စေ ဟေမိုဂလိုဘင် လျော့နည်းခြင်းဟာ သွေးအား နည်းခြင်းရဲ့လက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ် ။ သွေးအားနည်းခြင်းဆိုတာမှာ များစွာ သော ဖြစ်ပွားစေ တဲ့အချက်တွေရှိပြီး western နိုင်ငံတွေမှာဆိုရင်တော့ သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ iron deficiency anemia ဟာ အဖြစ်အများဆုံးပါပဲ ။ သံဓါတ်ချို့တဲ့အခါ Heme ထုတ်လုပ်တဲ့ဖြစ်စဉ်ကိုလျော့ နည်း စေပြီး ဒီလိုအခြေအနေမှာ သွေးနီဥဆဲလ်တွေဟာ ပုံမှန်ထက်သေးနေခြင်း ( microlytic) နဲ့ သွေးနီရောင်ခြယ်မရှိခြင်း ( hypochromic ) စတာတွေဖြစ်ပေါ်ပြီး Hypochromic microcytic anemia ကို ရစေပါတယ် ။ သွေးနီဥဆဲလ်တွေ လျှင်လျှင်မြန်မြန် ပျက်ဆီးတဲ့ Hemolysis လို့ခေါ်တဲ့ရောဂါကတော့ Hemoglobin metabolite bilirubin တွေကြောင့်ဖြစ်ပေါ်လာရတဲ့ အသားဝါခြင်း Jaundice နဲ့လည်းဆက်နွယ် မှုရှိပြီး ဒီလို Circulating hemoglobin ဟာ ကျောက်ကပ်ပျက်ဆီးခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ် ။ ဟေမိုဂလို ဘင်ပမာဏမြင့် တက်ခြင်းဟာ သွေးနီဥဆဲလ်တွေ အရွယ်အစား သို့မဟုတ် ပမာဏ များလာတဲ့ အခြေအနေနဲ့ဆက်နွယ်မှုရှိပြီး အဲဒါကို တော့ Polycythemia လို့ခေါ်ပါတယ် ။ ဒီလိုမြင့်တက်လာခြင်းဟာ မွေးရာပါ နှလုံးရောဂါများ ၊cor pulmonale, pulmonary fibrosis, erythropoietin အလွန်အမင်းများပြားခြင်း ,သို့မဟုတ် polycythemia vera စ တာတွေကြောင့်ဖြစ်ပါတယ် ။

လတ်တလော စစ်သပ်ထားမှုအရ ယောဂ ကျင့်စဉ်ဖြစ်တဲ့ (ယောဂ အိပ်စက်ခြင်း ) Yoga Nidra ကို တစ်နေ့လျှင် နေ့စဉ် တစ်နာရီခွဲပြုလုပ်ပေးခြင်းအားဖြင့် ဟေမိုဂလိုဘင် မြင့်တက့်လာခြင်းကိုတွေ့ရပါတယ် ။ ဒါ့အပြင် အိန္ဒိယ Puducherry မှာပြုလုပ်ထားတဲ့ စမ်းသပ်မှုအရ Coronary artery disease မှာလည်း အလွန် အရေးကြီးတာကို တွေ့ရှိခဲ့ရပါတယ် ။

ဟေမိုဂလိုဘင်ရဲ့ ပုံမှန်ပမာဏတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ် ။

Men: 13.8 to 18.0 g/dL (138 to 182 g/L, or 8.56 to 11.3 mmol/L)
Women: 12.1 to 15.1 g/dL (121 to 151 g/L, or 7.51 to 9.37 mmol/L)
Children: 11 to 16 g/dL (111 to 160 g/L, or 6.83 to 9.93 mmol/L)
Pregnant women: 11 to 12 g/dL (110 to 120 g/L, or 6.83 to 7.45 mmol/L) စသည်တို့ဖြစ်ကြပါတယ် ။

ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဟေမိုဂလိုဘင်ပုံမှန်ပမာဏဟာ ကိုယ်ဝန်ဆောင်ချိန် 1st နဲ့ 3rd trimesters မှာ အနည်းဆုံး 11 g/dl ရှိသင့်ပြီး 2nd trimester မှာတော့ 10.5 g/dl အနည်းဆုံးရှိသင့်ပါတယ် ။ ရေဓါတ်ချို့ တဲ့ခြင်းနဲ့ ရေဓါတ်များခြင်းကလည်း ဟေမိုဂလိုဘင်ပမာဏကို တိုင်းတာနဲ့နေရာမှာ များစွာ လွှမ်းမိုးမှုရှီပါတယ် ။ အောက်ဆီ ဂျင်ကို ပူးပေါင်းနိုင်တဲ့ အခြားပရိုတိန်းတွေကတော့ Myoblobin , Hemocyanin , Hemerythrin , Chlorocruorin , Vanabins , Erythrocruorin , Pinnaglobin , Leghemoglobin နဲ့ Coboglobin တို့ဖြစ်ကြပါတယ် ။ အချုပ်အနေနဲ့ပြောရရင်တော့ ဟေမိုဂလိုဘင်ဟာ သွေးထဲမှာ အောက်ဆီဂျင် သယ်ယူပို့ ဆောင်ရေးအပြင် မူကွဲပေါင်းများစွာရှိကြောင်း ဗဟုသုတတွေတိုးပွားပြီး ကျန်းမာပျော်ရွှင်သော လူနေမှု ဘ၀ပုံစံများပိုင်ဆိုင်နိုင်ကြပါစေ ။

သက်တန့်ချို

Ref : http://en.wikipedia.org/wiki/Hemoglobin

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ကျေးဇူးပါဆရာရေ။ ဆေးပညာနဲ့ ပတ်သက်ပြီး လုံဝနားမလည်ဘူး။ ဆရာ့ပို့စ်တွေလာလာဖတ်မှ တော်တော်ကို ဗဟုသုတရသွားတယ်။

    ReplyDelete
  2. ဖတ်သွားတယ် ဆရာ. :)
    ရေးပေးပါဦး သာလဆီးမီးယား အကြောင်းလေး၊ဘာလေး ဖတ်ရအောင်. ဒီရက်ပိုင်း sign တွေ ပြန်ပေါ်လာလို့ နေမကောင်းဖြစ်၊နုံးချိ နေ၏။း(

    ReplyDelete
  3. အစ်ကိုရေ၊ နည်းနည်း ပြင်ပေးပါလား? က သွေးနီဥပါ။ က သွေးနီဥထဲက အောက်ဆီဂျင်ကို သယ်ပေးတဲ့ အနီရောင်ရှိတဲ့ ဒြပ်ပေါင်း ဖြစ်ပါတယ်။

    ReplyDelete
  4. အစ်ကိုရေ၊ နည်းနည်း ပြင်ပေးပါလား? erythrocyte က သွေးနီဥပါ။ Hb က သွေးနီဥထဲက အောက်ဆီဂျင်ကို သယ်ပေးတဲ့ အနီရောင်ရှိတဲ့ ဒြပ်ပေါင်း ဖြစ်ပါတယ်။

    ReplyDelete
  5. နန်းသက်November 18, 2011 at 4:38 AM

    ဟေမိုဂလိုဘင်အကြောင်းလာဖတ်သွားပါတယ်။ သိပ်တော့နားလည်ဘူး။ တုံးတယ်ပြောပြော ...

    ReplyDelete
  6. I appreciate, cause I found just what I was looking for. You've ended my 4 day long hunt! God Bless you man. Have a nice day. Bye

    ReplyDelete