Friday, September 30, 2011

ကဗျာ ချစ်သူ များအား ဖိတ်ခေါ်ခြင်း

ကဗျာ ချစ်သူ များအား ဖိတ်ခေါ်ခြင်း



ရင်နှင့်ယက်လုပ်သော.......တဲ့..........

http://poemsfromdeepheart.blogspot.com

ရင်ထဲက အတွေးတွေ....ခံစားချက်တွေကို ကဗျာလှလှလေးတွေအဖြစ် ယက်လုပ် ကြမယ်တဲ့ ... ခေါင်း စည်းမှာရေးထားတဲ့ အရာလေးကတော့...

မျှော်လင့်ခြင်းဆိုတာ...အမြဲစိမ်းလန်းမှိုင်းညို့နေတဲ့ တောအုပ်တစ်အုပ်ဖြစ်တယ် .... ဘယ်တော့မှ မသေဆုံးနိုင် တဲ့ အမှန်တရားလည်းဖြစ်တယ် ....ဘယ်တော့မှပြီးဆုံးမှာမဟုတ်တဲ့ ကဗျာတစ်ပုဒ်လည်းဖြစ်တယ်......



သက်တန့်ချို

Professional ကဗျာဆရာကြီးမဟုတ်ပေမယ့် သူက ကဗျာတွေကို အရမ်းချစ်တယ် ။ ကဗျာရေးနေရပြီဆိုရင် အရာအားလုံးကိုမေ့လျော့လို့ စီးမျောလိုက်ပါသွားလေ့ရှိတယ် ။

“ ကောင်းကင်ပြာပြာ .......မြူနှင်းဖြူဖြူ...... ဓါးသွားဆန်ဆန် အလင်းပြာများ....... ဖွာလန်ပွင့်ကျဲ......... ကျွန်တော် တို့ အတွေးရဲရဲ နဲ့ ....ကဗျာတွေရေး ကြရအောင်......”


လွမ်းနေခွင့်

ဖေ့ဘုတ်စ်မှာ သူ့ကဗျာတွေက လူကြိုက်များတယ် ကဗျာ နုနုလေးတွေနဲ့ ... မနှင်းဆီ........ ထိပ်ထား........... ရင်ထဲက ပျို့အန်မှုတွေကို ကဗျာတွေအဖြစ် ပွင့်ဝေစေခဲ့တယ် .....

“ နေ့ရက်တွေကို

အလွမ်းစာမျက်နှာတွေပေါ်မှာ သီကုံးလို့

နင်ပြုံးပြုံးလေးနေပေးပါ

နင့်အတွက်..အသက်ထက်ဆုံးပေးဆပ်မဲ့

ငါ့ကဗျာ..ခပ်အက်အက်တွေမှာ

နှင်းဆီတချို့...ငါပျိုးထားတယ်

ထိပ်ထားရယ်....”

အစရှိသဖြင့် သူဟာ ကဗျာတွေအတွက်...ထိပ်ထားအတွက်.... မနှင်းဆီအတွက် အမြဲ ပွင့်လန်းနေ တဲ့ အေးစက် စက် ကဗျာ ဆရာတစ်ယောက်ဖြစ်တယ် ။


ငွေအိမ်စံ

ကဗျာတွေကို အရမ်းချစ်မြတ်နိုးလို့ အိပ်မက်ထဲတောင်ကဗျာတွေ ရွတ်ဆိုတတ်တဲ့ ကဗျာရေးသူ တစ်ယောက် ဖြစ်တယ်.........ပင်လယ်လှိုင်းလုံးတွေကြား.....ရွှေအိုရောင်ဆံနွယ်တွေပင့်သက်.........
အိုး......တလျှပ်လျှပ်.............

“ လည်သလိုလိုနဲ့“အ”သူ... အနုပညာကိုမြတ်နိုးသူ... ခံစားချက်ကို ရှေ့တန်းတင်တတ်သူ... စိတ်နုသူ.....တဲ့ ”

ဒီလို ကဗျာချစ်သူတွေ ဖွဲ့စည်းထားတဲ့ ဆိုက်လေးမှ နေပြီး Contributor ရေးလိုသူ ကဗျာ ချစ်သူများကို ဖိတ်ခေါ် လိုက် ပါတယ် ။

၁ ။ ကိုယ်ပိုင်ဘလော့ဂ် ရှိရှိ မရှိရှိ ကဗျာတွေကို အမှန်တကယ်ချစ်မြတ်နိုးသူဖြစ်ပြီး Blogger မှာဘလော့ဂ်ရေး တတ် သူဖြစ်ရပါမယ် ။
၂ ။ မိမိရေးလိုသော ဂျီမေးလ်အကောင့်ကို ကွန်းမန့်တွင် သို့မဟုတ် ရင်နှင့်ယက်လုပ်သော ဆိုက်လေးမှ စီဘောက် တွင်ရေးသွားနိုင်ပါတယ် ။
၃ ။ ထိုဂျီမေး လ်များကို မကြာခင် Contribution link ပေးပို့မှာဖြစ်ပြီး ကဗျာတွေ လာရောက် တင်နိုင်ပြီ ဖြစ်ပါ တယ် ။

“ ကဗျာချစ်သူ ကဗျာရေးလိုသူ များကို လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ် ”

သက်တန့်ချို
စက်တင်ဘာ ၃၀ ရက်နေ့

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

19 comments:

  1. ကဗျာချစ်သူတစ်ဦးအနေဖြင့်လေ့လာသွားပါသည်။
    ကောင်းပါသည် ခင်ဗျား။

    ReplyDelete
  2. ကျွန်တော်လင့်ချိတ်ထားလိုက်ပါသည်။ ခွင့်ပြုနိုင်မည်ဟုမျှော်လင့်ပါသည်။

    ReplyDelete
  3. လာလည်ပါတယ်။စာတွေလည်းဖတ်သွားတယ်။နောက်လည်းလာပါဦးမယ်။ဒီထက်မကအောင်မြင်ပါစေ။ဦးဇင်းဘလော့လည်းလာရောက်လည်ပတ်စေချင်ပါတယ်။

    ReplyDelete
  4. ကဗျာမရေးတတ်ပေမဲ့ ကဗျာတွေကိုချစ်တတ် ခံစားတတ်သူတဦးအနေနဲ့ ရင်နှင့်ယက်လုပ်ထားတဲ့ကဗျာလေးတွေကို သွားအားပေးပါ့မယ်နော် :)

    ReplyDelete
  5. လွမ်းပိုင်ရှင်: လည်တစ်ခေါက်ရောက်ခဲ့ပါ၏ ဟိဟိ ကဗျာတွေကိုစိတ်ဝင်စားပါ၏
    ဖတ်သွားတယ်နော်
    လင့်ချိတ်ပေးနော့ မျှော်နေပါမယ်

    တားတားကျန်ပြီနော်

    ReplyDelete
  6. ကဗျာ စိတ်ဝင်စားသူမို့ လင့်ခ်ယူထားလိုက်ပါတယ်..။

    ReplyDelete
  7. လာလည်သွားပါသည်။ကျွန်တော်လည်းကဗျာရူးသွပ်သူတစ်ယောက်ပါခင်မျာ။ပါဝင်ရေးသားချင်ပါသည်။
    link ချိတ်ပေးနော်အားပေးနေမယ်။

    ReplyDelete
  8. အမြဲအားပေးနေပါမယ်ဗျာ။ကျွန်တော်ကိုလည်းlinkလေးချိတ်ပေးပါနော်။

    ReplyDelete
  9. ကျွန်တော်လည်း ကဗျာချစ်သူတစ်ယောက်ပါ ။ လေးလေးစား အားပေးသွားပါတယ် ခင်ဗျာ ... ။

    ReplyDelete
  10. ကဗျာတွေက အရေးအသား အရမ်းကောင်းပါတယ်......ကျွန်တော်လည်း ကဗျာ တွေကို ကြိုက်နှစ်သက်ပါတယ်.......အမြဲတမ်းအားပေးနေပါတယ်..........

    ReplyDelete
  11. ကျွန်တော်လဲကဗျာရေးတာကိုဝါသနာပါတယ်

    ဖတ်တာကိုလည်းဝါသနာပါတယ်အထူးသဖြင့်

    ကျွန်တော်ရဲ့၇င်ကိုထိစေတဲ့ကဗျာဆို၇င်

    မျက်ေ၇တောင်ကြမိတယ်.......ဗျာ

    ReplyDelete
  12. ကဗျာတွေကို တကယ်မြတ်နိုးပါတယ်
    အများကြီးလည်း လေ့လာချင်သလို
    ကိုယ်တိုင်လည်း ဖန်တီးချင်ပါတယ်
    နာမည်လေးလည်းတော်တော်လှပါတယ်
    ရင်နဲ့ယက်လုပ်သော ကဗျာတဲ့
    ကဗျာတွေကို ကာရံထက် နှလုံးသားနဲ့ ရေးတဲ့ ကဗျားတွေကို ပိုသဘောကျပါတယ် ခေတ်လူငယ်မို့လို့လားတော့မသိဘူး

    ပန်းပန်းပု

    ReplyDelete
  13. ကဗျာ ကို မ ရေး ဘဲ မ နေ တ တ် သူ ပါ ။ ဘေ လာ့ ဘယ် လို ရေး တယ် ဆို တာ နား မ လယ် လို့ ဆန္ဒ မ ပြု့ ရဲ ပါ ။လေ့ လာ ဆဲ ပါ ။ဖြ စ် နီု င် ရ င် ချိ တ် ချင် ပါ သည် ။

    ReplyDelete
  14. ကဗျာကိုချစ်တယ်

    ReplyDelete
  15. ကဗျာလေးတွေကိုအရမ်းချစ်တယ်

    ReplyDelete
  16. အော် ဒီလိုမျိုးပေါ့ ကဗျာ
    ကျွန်တော်ဟာ သိဖူးဘူး
    ဖတ်ဖူးဘူး

    ReplyDelete

  17. ညီမကကဗျာေ၇းတာဝါသနာပါတယ် ဒါပေမဲ. သိပ်မေ၇းတက်တော. လေ.လာတုန်းပါ ကဗျာလေးတွေကအ၇မ်းကောင်းပါတယ်

    ReplyDelete
  18. ကဗျာကအရမ်းထိတယ်ကောင်းတယ်ကျနော်ကခုမှဝင်ကြည့်မိတာ

    ReplyDelete
  19. အမြဲအားပေးပြီး ဖတ်နေပါမယ်

    ReplyDelete