Tuesday, November 8, 2011

အရိုးနှင့်ကယ်လ်စီယမ်ဓါတ်

အရိုးနှင့်ကယ်လ်စီယမ်ဓါတ်






သန်စွမ်းသောအရိုးများကိုတည်ဆောက်ပေးသော ကယ်လ်စီယမ်ဓါတ်

ကယ်လ်စီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ ပေါများစွာတွေ့ရတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ် ။ အထူးသဖြင့် အရိုးနဲ့ သွားတွေ မှာဆို ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၉၉ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ပါတယ် ။ သာမန်အ ချိန်မှာဆိုရင်တော့ အရိုးရဲ့ ဖွဲ့စည်းမှုဟာ ပုံသေဖြစ်ပြီး ကယ်လ်စီယမ်နဲ့ ဖော့စဖရပ် အချိုးဟာ ၂း၁ ဖြစ်ပါတယ် ။ အရိုးကို တည်ဆောက်တဲ့ဖြစ်စဉ်ဟာအလွန် ရှုပ်ထွေးလှပြီး အဲဒီမှာဆိုရင် သတ္တုဓါတ်တွေနဲ့ ဟော်မုန်းတွေဟာ ပါဝင် ပတ်ပြီး အထူးသဖြင့် dietary factor တွေရဲ့လွှမ်းမိုးမှုကိုခံရပါတယ် ။ Rickets လို့ခေါ်တဲ့ ကလေးတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဟာဆိုရင် calcium/phosphorous တို့ရဲ့ ဇီဝဖြစ်ပျက် မှုတွေကြောင့် ပြဿနာတွေကြောင့်ဖြစ်ရတာဖြစ်ပြီး ဗီတာမင် ဒီ နည်းပါးတဲ့အခြေအနေကြောင့်ဖြစ်ရတာလည်းဖြစ်ပါတယ် ။ အချို့သော အစား အစာတွေကို ဗီတာမင်ဒီပေါင်းထည့်ပေးခြင်းဟာလည်း rickets ကို တိုက်ထုတ်တဲ့အကောင်း ဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ် ။ လူအများစုမှာဆိုရင် ကယ်လ်စီယမ် အရိုးအတွင်းမှာ ဆုံးရှုံးခြင်းဟာ အဖြစ်များလေ့ရှိပြီး အထူးသဖြင့်အမျိုးသမီးတွေမှာဆိုရင် သူတို့ရဲ့အသက်အရွယ်အရ ဒီလိုအခြေအနေ မျိုးကြုံတွေ့ရလေ့ရှိပါတယ် ။ Osteoporosis လို့ခေါ်တဲ့အရိုးပွရောဂါဟာ ဆိုရင် အဓိက ကျန်းမာရေးပြဿနာ ကြီးဖြစ်လို့လာပါပြီ ။ အရိုးမှာ ကယ်လ်စီယမ်တွေဆုံးရှုံးမှုကို ကာကွယ်ဖို့ လတ်တလော နေ့စဉ်အစား အသောက်ထောက် ခံချက်တွေပြုလုပ်ထားပြီး နေ့စဉ်စားသောက်နေတဲ့ ပမာဏတွေ ထဲမှာ ကယ်လ်စီယမ် ဓါတ်တွေ တိုးပွားအောင် ပြုလုပ်ရပါတယ် ။

နို့နဲ့နို့ထွက်ပစ္စည်းတွေကို မကြိုက်နှစ်သက်တဲ့ သူတွေအဖို့ ကယ်လ်စီယမ်ဓါတ်ကို များပြားအောင်လုပ်ဖို့ဆိုတာ လွယ်ကူတဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး ။ ကယ်လ်စီယမ်ကို တခြာအစားအသောက်တွေကနေလည်း ရနိုင်ပါတယ် ။ ဒါပေမယ့်အစားအသောက်ထဲမှာ ကယ်လ်စီယမ် ပမာဏအပြင် အရိုးဖြစ်ပေါ် ခြင်းကို ဟော်မုန်း ကဲ့သို့ အရာတွေကလည်း လွှမ်းမိုး ထားပါသေးတယ် ။ လတ်တလော စမ်းသပ်ချက်တွေအရ Osteoporosis လို့ခေါ်တဲ့အရိုးပွရောဂါအတွက် အကောင်းဆုံးကတော့ အစားအေသာက်နဲ့ဟော်မုန်းကုသမှု ပူးပေါင်းထား ခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။

အရိုးထဲမှာ ဆိုရင်တော့ ရာခိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင်တော့ (% bone ash) ကယ်လ်စီယမ် ဖော့စဖိတ် ( Ca3(PO4)2) ဟာ ၈၄ ရှိပြီး တခြားကယ်လ်စီယမ် ကာဘွန်နိတ်နဲ့ ကယ်လ်စီယမ် စစ်ထရိတ်တို့ကတော့ ၁၀ နဲ့ ၂ မမာဏအ သီးသီးရှိကြပါတယ် ။ Bone ash ဆိုတာဟာ dry matter basis အပေါ်က အရိုးရဲ့ ငါးဆယ့်ငါးရာခိုင်နှုန်းကို ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပါတယ် ။ ဒါကြောင့် ကယ်လ်စီ ယမ် ရယ် ဖေ့စဖိတ်ကို ကြည့်မယ်ဆိုရင် (၀.၈၄ x ၅၅) = ၄၆.၂% လောက်အရိုးရဲ့အလေးချိန်ကို ပါဝင်ပတ်သတ်မှု ရှိပါတယ် ။ ကယ်လ်စီ ယမ်ကို အောက်ပါအတိုင်းအစားအစာတွေကနေ ရရှိနိုင်ပါတယ် ။

အစားအစာ ပမာဏ ကယ်လ်စီယမ်ဓါတ်ပါဝင်မှု (မီလီဂရမ်)
2%နို့ 250 ml 315 mg
မလိုင်ထုတ်ပြီးနွားနို့ 250 ml 317 mg
အ၀ါရောင်ဒိန်ခဲမာ 45 g 324 mg
ဒိန်ချဉ် 125 g 203 mg
ငါးကြီးဆီထုတ်ယူရသောပင်လယ်ငါး 90 g 27 mg
မက်ကရယ်ငါး 90 g 167 mg
ငါးသေတ္တာ 90 g 393 mg
မက်မွန်သီး 75 g 175 mg
နှမ်းစေ့ 58 g 673 mg
ပန်းဂေါ်ဖီစိမ်း 180 g 158 mg
ဒေါက်ခွ 190 g 176 mg
တရုတ်မုန်လာ 212 g 126 mg စသဖြင့်အသီးသီးပါဝင်ကြပါတယ် ။

အရိုးဟာ ခန္ဓာကိုယ်မှာ များစွာသော အခန်းကဏ္ဍတွေမှာပါဝင်ပါတယ်။ တည်ဆောက်ပုံများ ၊ ကိုယ်တွင်း ကလီစာများကိုကာကွယ်ပေးခြင်း ကြွက်သားများကို သန်မာစေခြင်းနဲ့ ကယ်လ်စီယမ်တွေကို သိုလှောင် ထားခြင်း စတဲ့အချက်များစွာကို ထမ်းဆောင်ပေးပါတယ် ။ သင့်လျှော်မျှတဲ့ကယ်လ်စီယမ်ပမာဏ စားသုံးခြင်း နဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဟာအရိုးတွေကို သန်မာစေပြီး မာဆယ်လို့ခေါ်တဲ့ ကြွက်သားတွေ ကိုလည်း သန်မာကြီးထွားစေယုံသာမက နောင်အသက်ကြီးလာတဲ့အခါ အရိုးပွရောဂါဖြစ်ပွား မှုနှုန်းကို လည်းလျော့ နည်းစေပါတယ် ။



Peak Bone Mass

Peak Bone Mass ဆိုတာဟာ အရိုးရဲ့သိပ်သည်းဆအတွက် မျိုးရိုးဗီဇ potential ကို ရည်ညွှန်းခြင်းဖြစ်ပါတယ် ။ အသက် ၂၀ အရွယ်လောက်မှာဆိုရင် အမျိုးသမီးအများးစုဟာ အရိုးဖွဲ့စည်းမှု (skeletal mass ) အတွက် လိုအပ်လာ ကြပါတယ် ။ အသက်ကြီးတဲ့ လူတွေမှာတော့ အရိုးသိပ်သည်းဆပမာဏဟာ လျော့ကျလာပြီး Osteoporosis လို့ခေါ်တဲ့ အရိုးပွရောဂါ ဖြစ်ပွားမှု ဟာ ပိုများလာပါတယ် ။ ဒီလိုဖြစ်ပွား တဲ့အမျိုးသမီးတွေ ဟာ သွေးဆုံးချိန် Meopause မှာ ကြုံရလေ့ရှိပါတယ် ။ ဒါကြောင့် ငယ်ရွယ်တဲ့ အမျိုးသမီးတွေအဖို့ ဘ၀တလျောက်လုံးမှာ ကျန်းမာသန်စွမ်းတဲ့ အရိုးတွေကို ပိုင်ဆိုင်ဖို့အတွက် သတ်မှတ်ထား တဲ့အသက်အရွယ်မှာ peak bone mass ကို ရရှိဖို့အရေးကြီးပါတယ် ။ ငယ်ရွယ်စဉ်မှာ အရိုးသိပ်သည်း ဆများတဲ့လူတွေဟာ အသက်ကြီးလာတဲ့အခါမှာလည်း higher bone mass ကိုပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ် ။ သင့်လျှော်မျှ တတဲ့ ကယ်လ်စီ ယမ်ပမာဏ ကိုလည်းအစားသုံးဘူး ကိုယ်လက်လှုပ်ရှားမှုလည်း မပြုလုပ်ဘူးဆို ရင်တော့ လူလတ်ပိုင်းအရွယ်မှာ peak bone mass ကို ရရှိမှာမဟုတ်ပါဘူး ။

အရိုးပွရောဂါဟာဆိုရင်လည်း နောက်တစ်မျိုး porous bone လို့လည်းခေါ်ကြပါတယ် ။ ဒါဟာ အရိုးတစ်ရှူးတွေ နည်းပါးခြင်းနဲ့ bone mass နည်းပါးခြင်းကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး အရိုးပွရောဂါဟာ တင်ပဆုံရိုး ၊ ကျောရိုးနဲ့ ပေါင်ရိုး စတာတွေ ကျိုးလွယ်ခြင်းကိုဖြစ်ပေါ်စေပါတယ် ။ ယောင်္ကျားရော မိန်းမရော အသက်အရွယ် အမျိုးမျိုးမှာ Osteoporosis ကို ဖြစ်ပွားနိုင်ချေရှိပါတယ် ။ အဖြစ်များစေတဲ့အချက် risk factors တွေကတော့

- အမျိုးသမီး
- အသားဖြူလူမျိုး
- မီးယပ်သွေးဆုံးအမျိုးသမီး
- အသက်ကြီးသူများ
- ပိန်သူများ
- ကယ်လ်စီယမ် စားသုံးမှု နည်းသူများ
- ကိုယ်လက်လှုပ်ရှားမှု နည်းသူများ စသည်တို့ဖြစ်ပါတယ် ။

နေ့စဉ်စားသုံးရမယ့် ကယ်လ်စီယမ် ပမာဏကို အသက်အရွယ်အလိုက် အောက်မှာ ဖော်ပြထားပါတယ် ။

အသက်ရွယ် ပမာဏ (mg/day)
မွေးကင်းစမှ ၆ လအရွယ် 210
၆လမှ တစ်နှစ် 270
၁ နှစ်မှ ၃ နှစ် 500
၎ နှစ်မှ ၈ နှစ် 800
၉နှစ်မှ ၁၃ နှစ်အထိ 1300
၁၄ နှစ်မှ ၁၈ နှစ်အထိ 1300
၁၉နှစ်မှ ၃၀ နှစ်အထိ 1000
၃၁ နှစ်မှ ၅၀ နှစ်အထိ 1000
၅၁ နှစ်မှ ၇၀ နှစ်အထိ 1200
၇၀ နှစ်မှ အထက် 1200
ကိုယ်ဝန်ဆောင်သည်နှင့်နို့တိုက်မိခင်များ 1000
14–18 1300
19–50 1000

မူရင်း - Source: Dietary Reference Intakes for Calcium, National Academy of Sciences, 1997

ဗီတာမင်ဒီဟာလည်း အရိုးတွေဖြစ်ပေါ်မှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ် ။ ဗီတာမင်ဒီဟာ ကယ်လ်စီယမ်တွေကို စုပ်ယူမှုကို ကူညီပေးပါတယ် ။ ကဲဆက်လက်ပြီး အရိုးကို သန်စွမ်းစေဖို့ ကိုယ်လက်လှုပ် ရှားမှုတွေဖြစ်တဲ့ Weight-bearing physical activity တွေကို ဆက်လက်လေ့လာကြည့်ရအောင် ။ တကယ်တော့ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အရိုးတွေသန်မာစေ ဖို့အတွက် ကောင်း တဲ့အချက်တွေ ကိုပေးစေပါတယ် ။ အလေးမလေ့ကျင့်ခန်းတွေဆိုတာ အရိုးကို မြေဆွဲအားနဲ့ ဆန့်ကျင်ပြီးလေ့ ကျင့်စေ တာဖြစ်တဲ့အတွက် အရိုးတွေနဲ့ကြွက်သားတွေကိုပိုပြီးသန်မာစေပါတယ် ။ အချို့သော weight bearing physical activities တွေကတော့

- လမ်းလျှောက်ခြင်း ၊ ဖြေးဖြေးနှင့်မှန်မှန်ပြေးခြင်း ၊ ပြေးခြင်း
- တင်းနစ်ရိုက်ခြင်း
- ဟော်ကီကစားခြင်း
- လှေကားတက်ခြင်း
- ဘတ်စကတ်ဘောကစားခြင်း
- ကြိုးခုန်ခြင်း
- ကခြင်း
- အပျော်ခြေလျှင်ခရီးထွက်ခြင်း
- ဘောလုံးကစားခြင်း
- အလေးမခြင်း စသည့်ကိုယ်လက်လှုပ်ရှားမှုများပဲဖြစ်ပါတယ် ။

ကယ်လ်စီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပေါ်လာရတဲ့အရိုးရောဂါတွေထဲမှာ အရိုးပွရောဂါဟာ အဆိုးဆုံးနဲ့ အဖြစ်အများ ဆုံးဖြစ်တာကြောင့် မိမိရဲ့ နေထိုင်မှု ဘ၀ပုံစံကို ကျန်းမာရေးရှုထောင့်တွေကနေပြောင်းလဲ သုံး သပ်ဖို့ လိုပါတယ် ။ ကိုယ်ဟာ ကိုယ်လက်လှုပ်၇ှားမှုနည်းတဲ့သူလား ဒါမှမဟုတ် စားတဲ့အစားအစာတွေမှာ ရော ကယ်လ်စီ ယမ်ဓါတ်ပါဝင်ရဲ့လား စတာတွေကိုကြည့်ရမှာဖြစ်ပါတယ် ။ ကာကွယ်ခြင်း သည် ကုသခြင်း ထက်ပို ပြီးထိရောက် သည်ဆိုတဲ့အတိုင်း အရိုးရောဂါတွေကို ကာကွယ်ဖို့အတွက် သွေးမဆုံးခင် လူလတ်ပိုင်း လူငယ်ပိုင်း ငယ်စဉ်ကတည်းက အရိုးတွေသန်မာစေဖို့ ဆိုတဲ့ရည်၇ွယ်ချက်နဲ့ နို့သောက်သုံးပေးခြင်း ကယ်လ်စီယမ် ပါသောအစားအစာများကို စားသုံးပေးခြင်းစသည်တို့ကိုပြုလပ်ပေးရမှာဖြစ်ပါတယ် ။ ကိုယ်လက်လှုပ်ရှား မှုကိုလည်းနေ့စဉ်တပိုင်တနိုင်ပြုလုပ်ပေးသင့်ပြီး ကျန်းမာရေး ရှုထောင့်ကနေကြည့် ရင်ဘယ်လိုမှ ကောင်းကျိုး မပေးနို င်တဲ့ ဆေးလိပ်အ ရက် ကွမ်း စတာတွေကို တတ်နိုင်သမျှ ရှောင်ရှားရင်း ကျန်းမာပျော်ရွှင်ပြီး အရိုးအ ဆစ်တွေ သန်မာတဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း အဆုံးသတ်လိုက်ရပါတယ် ။

သက်တန့်ချို
နိုဝင်ဘာ ၈ ရက်နေ့

Ref: links

http://www.medicinalfoodnews.com/bones.htm
http://www.cdc.gov/nutrition/everyone/basics/vitamins/calcium.html

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ကျန်းမာရေးနဲ.ပတ်သတ်တာတွေသိခွင်.ရတာအရမ်းကို
    ကျေးဇူးတင်ပါတယ် ဒေါက်တာ...
    ကျွန်တော.အဒေါ် က ပခုံး2ဖတ်လုံးကျီးပေါင်းတတ်တဲ.
    ရောဂါဖြစ်နေတာ ရှစ်နှစ်လောက်ရှိပါပီ
    အဲရောဂါက calcium ဓာတ်တွေအရိုးထဲမှာများနေလို.
    လို.ပြောပါတယ်
    အဲဒါကြောင်.ဟုတ်ပါသလားဆရာ...
    ရိုသေစွာဖြင်.
    MMT

    ReplyDelete
  2. ကိုသက်တန့်..သမီးအရိုးနှင့်ကယ်စီယမ်ဓာတ်များအကြောင်းကိုဖတ်သွားပြီးမှတ်သားသွားပါတယ်ရှင်...ဒီလိုဗဟုသုတရစရာတွေကိုသိခွင့်ရတယ့်အတွက်ကျေးကျေးပါရှင်..အားပေးလျက်....:)

    ReplyDelete
  3. အင်း.. လူဖြူတွေအဖြစ်များတာတော့အမှန်ပဲ။ ဒီမှာလဲသူတို့ တွေက နို့ နဲ့ နို့ ထွက်ပစ္စည်းတွေကိုနေ့တိုင်းစားသောက်တယ်။ ငါးကြီးဆီကိုလဲအတော်များများကနေ့ တိုင်းစားကြတယ်။ ဒါတောင်မှအသက်ကြီးတဲ့သူတွေမှာအတော့်ကိုအဖြစ်များတာတွေ့ ရတယ်။ မျိုးရိုးဗီဇနဲ့ လဲဆိုင်တာနေမှာပါ။ ကျေးဇူးတင်ပါတယ် ပြည့်ပြည့်စုံစုံတင်ပေးလို့ ။
    အမြဲအားပေးလျှက် :)

    ReplyDelete