Monday, November 21, 2011

တောင်ကြီးမြို့ ထမ်စမ်းဂူ သို့အလည်တစ်ခေါက်

တောင်ကြီးမြို့ ထမ်စမ်းဂူ သို့အလည်တစ်ခေါက်



အေးစိမ့်ချမ်းလွန်းလှတဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ တောင်ကြီးမြို့ကို ကိုသက်တန့်တစ်ယောက် ခရီးထွက်ခဲ့ပါတယ် ။ အလုပ် ကိစ္စနဲ့ဆိုတော့ တစ်ခေါက်မှမရောက်ဖူးတဲ့ သူစိမ်းတစ်ယောက်လည်းဖြစ်တဲ့အပြင် တောင်ကြီးမြို့ရဲ့ ချမ်းအေးမှုကို ထီမထင်ပြုခဲ့တဲ့ ကျွန်တော် လမ်းမှာတင် ပဲ တော်တော်ပညာရခဲ့ ပါတယ်။ ရွှေတောင် ရိုးကားနဲ့ တောင်ကြီး မြို့ ကိုရောက်လာခဲ့ပြီး အောက်ဂိတ်ကို ရောက်လာခဲ့ပါ တယ် ။ မနက် ငါးနာရီကျော်ကျော်ဝေလီဝေလင်းမှာ ကားပေါ်က စဆင်းလိုက်တာနဲ့ အသည်းခိုက်အောင် ကို အေးခဲလွန်းလှ တာမို့ ကျွန်တော့် လက် ဖျားတွေ အေးခဲထုံကျင်နေခဲ့တယ် ။ တစ်ခါတုန်းက မနိုင်းနဲ့တွေ့တုန်း က တောင်ကြီးရောက် ရင် သူ့အိမ်ကိုလာလည်ပါလို့ပြောခဲ့တာကို သွားအမှတ်ရမိသေးတယ် ။ ဒါပေမယ့်သူက အခု ပြည်ပ မှာဆိုတော့ သူနဲ့တော့မတွေ့ခဲ့ရပါဘူး ။ တခြား တောင်ကြီးမှာ ဘယ် ဘလော့ဂါတွေ ရှိမှန်းလည်း မသိပါဘူး ။ အသိရှိရင်တော့ သွားလည်ချင်သား ။ ဒါနဲ့အောက်ဂိတ်လည်းရောက်ရော ဟိုင်းလတ် ကားလေးတွေနဲ့ တောင်ပေါ်တက်ရပါတယ် မြို့ထဲကိုပေါ့ ။ တစ်ယောက်ကို ထောင့်ငါးရာလောက်ပဲပေးရပါတယ် ။ ရိုးသားပွင့်လင်းလှတဲ့ တောင်ကြီးမြို့သူမြို့သားတွေရဲ့ စရိုက်နဲ့လူနေမှု ပုံစံကို အရမ်းပဲ နှစ်သက်ခဲ့မိပါတယ် ။ တောင်ကြီးရုံးကနေ ကျွန်တော့်ကို ဟိုပိုးမြို့ကိုကျော်သွား၇တဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ အလွန်လှပသာယာသော ထမ်းစမ်းဂူကို လိုက်ပို့မယ်လို့ပြောပါတယ် ။ ဒီလိုနဲ့ ခရီးသွားမှတ်တမ်းတွေရေးရတာ အလွန်ဝါသနာပါတဲ့ ကျွန်တော့် အဖို့ အခွင့်အရေးတစ်ခု ထပ်ရပြန်ခဲ့ပါတယ် ။ ကင်မရာလည်းယူသွားတာမို့ အလွန်ပဲ အဆင်ပြေ ခဲ့ပါတယ် ။



ထမ်စမ်းဂူဟာ အရင်က ဆရာတော်တစ်ပါး (ဟိုပုံးကိုရင်လေး လှိုဏ်ဂူတော် ဘုန်းဘုန်း ရှင်ပေါရိဿ) ဂူသွင်းတ ရား ကျင့်ခဲ့တဲ့နေရာလို့သိရပါတယ် ။ သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ ကျောက်စက်ပန်းဆွဲတွေနဲ့ မြန်မာပြည် ရဲ့အရောင်မဆိုးသေးသော အလှတရားစစ်စစ် ။ ဒီလိုနဲ့ ကျွန်တော် တောင်ကြီးကို အလုပ်ကိစ္စနဲ့သွားရင်း ထမ်စမ်းဂူကို အလည်ရောက်သွားခဲ့ရပါတယ် ။ အသွား တစ်နာရီခွဲ ဆိုင်ကယ်စီး အပြန်တစ်နာ ရီခွဲ လမ်းမှာတင် သုံးနာရီကြာပါတယ် ။ တောင်ပတ်လမ်းမှာ အသည်းတယားယားနဲ့ ဒီနေရာမှာ တောင် ကြီးသူတောင် ကြီးသားတွေ ရဲ့ ဆိုင်ကယ်စီးကျွမ်းကျင်မှုကို လက်ဖျားခါခဲ့ရပါတယ် ။ ဆိုင်ကယ်စီးရတာက လည်း တောင်ကမ်း ပါးယံတွေပေါ်မှာ ဂိမ်းထဲက need for speed မောင်းနေရသလိုပါပဲ ။ ဆိုင်ကယ် နောက်ကယ်ရီခုံကို ဆုပ်ကိုင်ရင်း ဦးထုပ်ကို လည်းမကျွတ်အောင်ထိမ်း ဒီလိုနဲ့ ကိုသက်တန့်တစ်ယောက် ရင်တစ်ခုလုံးဗြောင်းဆန်ခဲ့ရပါတယ် ။ လမ်းတစ် ၀က်လောက်မှာ ထမင်းကြော်နဲ့ ကြက်ကြော် ၀ါးခဲ့ရပါသေးတယ် ။ ကြက်သားအရသာက ကျွန်တော်တို့ စားနေကြ အရသာနဲ့လုံးဝမတူလှပါဘူး ။ ဆီနဲ့ဆားနဲ့ ကျွတ်ရွနေအောင်ချက်ချင်းကြော်ပေးတာဖြစ်တဲ့အတွက် ပူပူနွေးနွေး စားရတဲ့အရာသာဟာ တစ်သက်စာ မမေ့နိုင်စရာပါပဲ ။



ဒါကတော့ ဆိုင်ကယ်စီးရင်းရိုက်ထားတဲ့ဘုရားပုံလေးပါ ။



မြင့်မားလှတဲ့ တောင်ကမ်းပါးယံတွေကို ဆိုင်ကယ်နောက်ကနေ စီးရင်းလက်တစ်ဖက် နဲ့ရိုက်ရတာသိပ်တော့မ လွယ်လှပါဘူး ။ ဒီပုံရိုက်ပြီးလမ်းကားလည်းကြမ်းလာတာကြောင့် သဘာဝရှူခင်းတွေ မရိုက်နိုင်တော့ပါဘူး ။



ဟော . . ရောက်ပါပြီ ဒါကတော့ဆိုင်ကယ်ရပ်ပြီး ထမ်စမ်းဂူကိုညွှန်တဲ့ဆိုင်းဘုတ်မှာအမှတ်တရ ရိုက်ခဲ့တာပါ ။ ဘေးနားက လမ်းကနေသွားရင် မိုင်းပွန်တို့ လွိုင်လင်တို့ရောက်တယ်လို့သိရပါတယ် ။ ဟိုးအောက်မှာ မြင်နေရ တာ ဆိုင်တွေဟာ ဘုရားလာဖူးတဲ့သူတွေကို အလကားထမင်းကျွေးတဲ့နေရာပါ ။ လုံးဝပိုက်ဆံ မယူပါဘူး ။ သွားကြိတ် ရကောင်းမလား စဉ်းစားသေးတယ် ဗိုက်ပြည့်နေလို့သာပေါ့ကွာ ။ ဂူထဲမှာ စေတီပုထိုး ပေါင်းများစွာနဲ့ မီးရောင် မှိန်မှိန်လေးတွေ ကြား တကယ့်ကို သဘာဝကျောက်ဂူကြီးထဲမှာ တချို့နေရာတွေက ဂူနံရံမျက်နှာ ကျက်တွေကနေ ရေတွေစီးနေသေးတယ် ။ ဂူအထဲ လှည့်လည်လေ့လာရင်းအမှတ်တရ ဓါတ်ပုံများစွာ ရိုက်ဖြစ် ခဲ့ပါတယ် ။



လှိုက်ဂူထဲမ၀င်ခင် အ၀င်ပေါက်ဝမှာ အလှူခံ မဏ္ဍပ်တွေ ရှိတဲ့နေရာပါ ။



အပေါ်ကိုမော့ကြည်တော့ သဘာဝလှိုဏ်ဂူဖြစ်တဲ့အလျှောက် ကျောက်စက်ပန်းဆွဲတွေနဲ့ သဘာဝအလှ တရားတို့ ကအပြည့် ။



ဂူထဲမ၀င်ခင် ကျွန်တော့်ကို လိုက်ပို့ကြတဲ့ တောင်ကြီးသူတောင်ကြီးသားများနှင့်အမှတ်တရ ။



ဟီးး ဒါကတော့ ၀ါသနာအရ တိုင်းရင်းသူ အမေကြီးနဲ့ အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့တာပါ ။ သူက မြန်မာစ ကားတောင် သိပ်နားမလည်ပါဘူး ။ ခြေဟန်လက်ဟန်နဲ့ ဓါတ်ပုံအတူတူရိုက်လိုကြောင်းပြောတဲ့အခါမှ သဘောပေါက် သွား တာပါ ။ ကိုယ်သူ့အနားကပ်သွားတော့ သူ့ခမျာ လန့်ပြီး ထွက်ပြေးတော့မလို့ မနည်းပြော ယူရတယ် :P



အိုး ... မလှဘူးလား ကြည့်လိုက်ပါဦး မျက်နှာကျက်မှာ ပုံသဏ္ဍာန် အမျိုးမျိုးဖြစ်ပေါ်နေတဲ့ သဘာဝအ လှတရားတွေ ။



နံရမှာ ဒီလို စေတီအဆူပေါင်းမြောက်မြားစွာ ဒီထမ်စမ်းဂူမှာ တည်ထားကိုးကွယ်ထားပါတယ် ။



ဂူမျက်နှာကျက်တွေရဲ့ အလှတရားပါ ။



ဒါကတော့ ဂူထဲမှာ ပဲ စေတီရှိတဲ့ဆီသွားတဲ ကျောက်လှေကားထစ်တွေမှာ ဘီလူးတွေ စောင့်ကြပ်နေပုံပါ ။ သူ့ရာဇ ၀င်နဲ့သူတော့ရှိမှာပါ ။





ဒီလို မျိုး ထိစက်နေတာတွေလည်းရှိတယ် မျက်နှာကျက်နဲ့ အောက်ခြေနဲ့ ကျောက်သားတွေ ထိစပ်တဲ့နေ ရာတွေအများကြီးရှိနေသေးတယ် ။



ဂူထဲမှာ လုပ်ထားတဲ့ ရေစီးတဲ့နေရာလေးပါ ပန်းတွေရော မြက်ခင်းရောဟာ နောက်ပိုင်းမှ ပြန်လုပ်ထားတဲ့ အရာတွေ ပါ ။ အစစ်တွေတော့မဟုတ်ပါဘူး ။ ဒါပေမယ့် အတော်လေးကို အစစ်နဲ့ဆင်တူပါတယ် ။





ဒါကြီးက ပန်းပွင့်ကြီးလိုလို ဆင်တူနေတာနဲ့ ရိုက်လာခဲ့တာ ။



အဝေးကကြည့်ရင် ဆင်ကြီးတွေနဲ့ ဆင်တူတာမို့ အတော့်ကို အံ့သြသွားခဲ့ရတယ် ။




ဒါကလည်း အလွန်အစီးသန်တဲ့ ရေတံခွန်ပုံဖန်တီးထားတာပါ ။ ဗီဒီယိုဖိုင်ရိုက်ခဲ့ပေမယ့် Upload တင်ဖို့ ခက်ခဲတဲ့ အခြေအနေကြောင့် မတင်တော့ပါဘူး ။



နတ်ရုပ်ထု တစ်ခုပါ ပဲ ။ မထိရ မကိုင်ရလို့ ရေးထားပေမယ့် နတ်ရဲ့နာမည်လိုက်ရှာတာမတွေ့လို့ ဓါတ်ပုံပဲ ရိုက်လာခဲ့တယ် ။



တောင်နံရံကို မြွေလား နဂါးလား ရစ်ပတ်နေတဲ့ ရုပ်ထုပါ ။




နတ်ကျားလို့ပဲခေါ်မလား ။ ကိုယ်လည်း တနင်္လာသား ကျား မို့ စိတ်ဝင်တစားရိုက်ယူခဲ့တယ် ။



ဟီးး ၀ါသနာအရ ဒီလို အောက်ခြေကျဉ်းကျဉ်းလေးတွေထဲ အများကြီးရိုက်ခဲ့သေးတယ် ။ အမှန်တော့ တင်ချင်တဲ့ပုံတွေအများကြီးပဲ ဒါတောင်လက်ရွေးစင် ရွေးထုတ်လိုက်တာ ပုံ ငါးဆယ်လောက်ဖြစ်သွားတယ် :P



မီးရောင်မှိန်မှိန်နဲ့ တစ်ခုခုကို လွမ်းမောနေရသလိုမျိုးကြီးပဲနေရတာ ။





ဝါသနာရှင်သုံးယောက် :P



ဓါတ်ပုံရိုက်ပေးတဲ့ သူက ကိုင်လိုက်ဆိုလို့ လှမ်းကိုင်လိုက်တာ အေးစိမ့်နေတာပဲ အဲဒီလို ကျောက် တိုင်တွေ ကနေ ရေတွေစိမ့်ထွက်နေတာတွေလည်းအများကြီးပါပဲ ။







အထဲထိဝင်မရတော့လို့ အပေါ်တက်လို့ရတဲ့အထိပဲ တက်ပြီးရိုက်ထားတာ ။



အပေါ်မှာ ပြခဲ့တဲ့ ပန်းပွင့်ကြီးနဲ့ မကျေနပ်လို့ ထပ်ရိုက်ထားတာ ။ :P









ဓါတ်ပုံရိုက်လို့မောသွားတာ ဟီး အနားယူနေတာကို လှမ်းရိုက်လိုက်သေးတယ် ။





ဒီနေရာလေးက ဗျူးကောင်းတယ်ဆိုလို့း)



အိုက်တင်တော့သိပ်မထုတ်တတ်ပါဘူး ။ သူများပြောတဲ့အတိုင်း လုပ်ကြည့်တာ တောင် ကြီးသားတွေ ကတော့ ထင်တော့မှာပဲ ဒီလူ အတော်ပဲများတယ်လို့ :P





ကျားရုပ်နဲ့ယှဉ်ရိုက်ထားတာ ဂူထဲမှာ အလင်းအမှောင် မညီမျှတာရယ် ကင်မရာတွေကလည်း အပျော်တမ်း ကင်မရာတွေဖြစ်တာကြောင့် ချောချင်တဲ့ရုပ်က ဒီလို ဆိုးတဲ့ရုပ်ထွက်လာရတယ် :P



နံရံမှာ ဟင်္သာရုပ်ထွင်းထားနဲ့အမှတ်တရ ။



ဂူအပြင်ဖက်ပြန်ရောက်လာပါပြီ အပြင်ဖက်မှာလည်း ကျောက်မြင်းပျံလိုလို နွားလိုလို ဘာအကောင် ကြီးမှန်းကိုမ သိဘူး ရုပ်ထုက အဲဒါနဲ့ ဓါတ်ပုံရိုက်ခဲ့တယ် ။



တောင်ပံလည်းပါတယ် နဂါးလည်ပင်း နှာမောင်း အိုး ..သတ္တ၀ါတွှေအကုန်းစုစည်းထားတဲ့အကောင်ကြီး ထူးဆန်း သတ္တ၀ါကြီးပေါ့ သက်တန့်ချို အကြိုက် :P



မိုက်တယ်နော်ဘေးမှာ စမ်းချောင်းလေးနဲ့ ။





မြေစိုက်တဲဝိုင်းလေးနဲ့ အမှန်တော့အဲဒါ လက်ဆေးတဲ့ဘေစင်ပါ မပြီးသေးလို့ မိုက်သလားမမေးနဲ့ ရိုမန့်တစ်ပဲ ။



ပြုတ်ကျရင်ကားဦးမယ် ရိုက်ချင်ဇောနဲ့ ခနော်နီခနော်နဲ့ တံတားလေးပေါ်တက်သွားတာ ဟိဟိ ။



ရုပ်တည်ကြီးနဲ့ တောင်ကြီး သဘာဝအလှရှုခင်းများနှင့်အတူ ။



အနောက်ကမြင်နေရတဲ့လမ်းကနေ လာရတာ အခု ရပ်နေတာ လမ်းအဆုံးပေါ့ ။



ကျောက်သပိတ်ဆိုလား ပဲ ထူးဆန်းတာနဲ့ရိုက်ခဲ့တယ် ။

ကဲ မျက်စိတွေညောင်းသွားကြပြီထင်ပ ။ အားတင်ထားကြပါဦး နောက်ရက်ကျရင် ပတ္တမြားလှိုဏ်ဂူ သွားတဲ့ အကြောင်းလေး တင်ပါဦးမယ် လာအားပေးကြပါဦး ။ တောင်ကြီးသွားတာ ဂူတွေထဲ ၀င် ၀ိုင်တွေ သောက် အရမ်းပျော်စရာကောင်းခဲ့ပါကြောင် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. အရမ်းလှတဲ့ရှုခင်းတွေပါပဲ
    ကိုယ်တိုင်ရောက်ဖြစ်ခဲ့ရင်
    ဒီနေရာတွေက..မစိမ်းတော့ဘူးပေါ့။
    ဝေမျှပေးတဲ့အတွက်
    ကျေးဇူးပါအစ်ကိုရေ
    လေးစားလျှက်
    မိစံ

    ReplyDelete
  2. ဆွေလေးမွန်November 21, 2011 at 10:29 PM

    ရောက်ဖူးချင်လိုက်တာ အစ်ကိုသက်တန့် ရေ..
    ပုံတွေ တစ်ဝကြီးလာကြည့်သွားတယ်..

    ReplyDelete
  3. အာဂျီးမားNovember 22, 2011 at 4:36 AM

    တောင်ကြီးအတွေ့ အကြုံလေးတွေအကြောင်းလာဖတ်ပါတယ်။ အရမ်းလှတဲ့ထမ်စမ်းဂူပါပဲ။ ချစ်သူနဲ့ သာသွားလည်လိုက်ရရင်တော့မိုက်ပြီ။ ပြန်မှရောက်အောင်သွားဦးမယ်.။

    ReplyDelete
  4. မင်းသား စတိုင် အပြည့်ပဲ.....ဟိဟိဟိ...

    ReplyDelete
  5. လူချောကြီးးးးးးးးးးးးးးးးးးးး

    ReplyDelete
  6. ကိုရင်လေးကျောင်းမှာ ပအိုဝ့်ဟင်းနဲ့ ထမင်းမစားခဲ့ဘူးလား

    ReplyDelete
  7. အော်...သူကြီးကလမ်းဆုံးရောက်ခဲ့တယ်ပေါ့လေ......ပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete
  8. အရမ်းကိုသွားချင်သွားပြီအကိုရေ.....
    အကိုသွားတာကိုတွေ့ပြီး...
    တခါမှမရောက်ဘူးသေးဘူး.......:)

    ReplyDelete
  9. သွားမယ်...ဒီတစ်ခေါက်ရောက်အောင်.လှတယ်ဗျို့...........

    ReplyDelete