Thursday, November 24, 2011

မိန်းမ ၃၉ ယောက်နဲ့ အာဂ လူသား

မိန်းမ ၃၉ ယောက်နဲ့ အာဂ လူသား



အမှန်တော့ မိန်းမ ၃၉ ယောက်ယူထားတဲ့ အန္ဒိယလူသားပါ ။ ကျွန်တော်က အံ့သြ လွန်းလို့ အာဂလူ သားလို့ခေါ်လိုက်ရတာပါ ။ သူ့နာမည်က Ziona Chana တဲ့ အသက်ကတော့ အခု ၆၆ နှစ်ရှိပါပြီ ။ အံ့သြ ဖွယ်ကောင်းလောက်အောင်ပဲ သူ့မှာမိန်းမ ၃၉ ယောက် ကလေး ၉၄ ယောက်နဲ့ မြေး ၃၃ ယောက်ရှိသတဲ့ ။ ကမ္ဘာ့အ ကြီးဆုံးမိသားစုကို ပိုင်ဆိုင်တဲ့ လူသားလို့တောင်ခေါ်တွင်နိုင်ပါတယ် ။ ကဲ ကိုယ့်လူတို့အား ကျသွား ကြပြီလား :P မိန်းမတွေအများကြီးကို ညီညွှတ်မျှတအောင်ထိမ်းထားနိုင်တဲ့ နည်းလမ်းတော့ သူမှာရှိလို့ နေမှာပေါ့ :P










သက်တန့်ချို
ှSource : Xinhua

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. အာဂျီးမားNovember 24, 2011 at 5:06 PM

    သူ့ မိသားစုနဲ့ တင်ရွာတည်လို့ ရနေပြီ။ သူ့ မိန်းမတွေကလဲအရွယ်စုံပဲ။ နာမည်အားလုံးကိုရော သူကိုယ်တိုင်မှတ်မိရဲ့ လားမသိ။ အာဂလူသားဆိုတဲ့နာမည်နဲ့ တော့လိုက်ပါပေတယ်။ တို့ မောင်သက်တန့် နဲ့ များကွာပါ့....:P

    ReplyDelete
  2. တို့..မင်းတုန်းမင်းက ပိုသာပါတယ်..။ တရားဝင်တင်ကို ၅၀ ကျော်တယ်။ တရားမ၀င်တဲ့ မောင်းမတွေက အများကြီး...။ ဒါကြောင့် နန်းလုကြတာ။ သူ့ကို နမူနာယူပြီး သီပေါမင်းကျတော့ စုဖုရားလတ်က တစ်လင်တစ်မယားစနစ်ကို စတည်ထောင်ပြီး ဘုရင်ကို ကြပ်လိုက်တယ်။ ဒါတောင် မလွှဲသာလို့ ခွင့်ပြုပေးရတဲ့ စုဖုရားကြီး၊ စုဖုရားလေး မိဖုရား ၂ ပါးက ရှိသေး။ မူဆလင်က တရားဝင် မိန်းမ ၄ယောက် ယူလို့ရတယ်။ တို့ မြန်မာမှာတော့ ကျွေးနိုင်ရင် မယားပြိုင်တဲ့။ ကဲ... ဘယ်လောက် မကောင်းလိုက်တဲ့ ဥပဒေကြီးလဲလို့!!! ပြီးတော့ လောကနီတိရဲ့ မယားအမျိုးအစားတွေကလဲ ရှုပ်ရှက်ခတ်နေတာပဲ...။ ငွေဖြင့်ဝယ်သောမယား၊ ကျွန်ကဲ့သို့မယား၊ သူတစ်ပါး စေ့စပ်ထားပြီးသောမယား (ဗိုက်ထဲက မမွေးသေးတဲ့ကလေးတောင် ကြိုတင် စရံရိုက် စေ့စပ်ထားလို့ရတယ်... အဲဒီလို မိန်းကလေးမျိုးဆိုရင် တစ်ပါးသော ယောကျာ်းလေးက သွားပြီး မပစ်မှားကောင်းဘူးတဲ့။ ဘယ်မှာလဲ အဲဒီမိန်းကလေးရဲ့ ကိုယ်ပိုင် Human Right, Woman Right???) အံ့ရော၊ အံ့ရော...!!! (Comment က ရေးရင်းရေးရင်းနဲ့ မူရင်းပို့စ်ရဲ့ ဆိုလိုရင်းကို သွေဖည်သွားရင် Sorry ပါ။ တို့ မြန်မာက မိန်းမယူတာ ဟိုးအရင်တည်းက သာကြောင်း ပြောချင်တာ ဆိုလိုရင်းပါ။ ဘာပဲဖြစ်ဖြစ် ကျမတို့ မိန်းမသားထုကြီးဘက်ကတော့ ဒီလို စည်းမဲ့ကမ်းမဲ့မိန်းမယူတာကို အပြတ်အသတ် ရှုတ်ချပါသည်။)

    ReplyDelete
  3. ကိုသက်တန့်ကရောအားကျနေပြီလားယောင်လို့များအားမကျလိုက်နဲ့နော်ငါးပါးတင်မကဘူးသံဃာစင်ပါမှောင့်နေမယ်နော်
    အလကားစတာ

    ReplyDelete
  4. မကျေနပ်ရင် အစ်မလဲ အပြိုင်ယူပေါ့

    ReplyDelete