Thursday, November 24, 2011

ငှက် တိုက်ခိုက်မှုကြောင့် သေသွားရတဲ့လူ

ငှက် တိုက်ခိုက်မှုကြောင့် သေသွားရတဲ့လူ



နောက်ဆုံးမှာ ဒေါသထွက်နေတဲ့ငှက်ရဲ့ တိုက်ခိုက်မှုကို အရှုံးပေးလိုက်ရတယ်လို့မြင်မိပါတယ် ။ သူ့နာမည်က Jose Luis Ochoa ပါ အသက်ကတော့ ၃၅ နှစ်ရှိပါပြီ ။ California ပြည်နယ် Lamont မှ ဖြစ်ပြီး Tulare ပြည်နယ် မှာ သူ ဒါဏ်ရာတွေ ရခဲ့ပြီးနောက် ၂ နာရီကြာတဲ့အခါ ဆေးရုံမှာပဲ သေဆုံးသွားခဲ့ရပါတယ်လို့ Kern Country coroner က ပြောဆိုခဲ့ပါတယ် ။



မှုခင်းဆရာဝန်တွေရဲ့ စစ်ဆေးချက်အရတော့ Ochoa ဟာ ညာဖက် ခြေသလုံးကြွက်သားမှာ မတော်တဆ ချွန် ထွက်သော အရာနှင့် ထိုးသွင်းခံရ၍ သေဆုံးမှု ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ် ။ ဒီလို မတော်တဆမှုမျိုး တခါမှ မတွေ့ဖူးပါဘူး လို့ Sheriff's department မှ အသက် ၂၄ နှစ်အရွယ် Sgt Martin King ဆိုသူက Bakersfield California ကိုပြောဆိုခဲ့ပါတယ် ။



တာဝန်ရှိသူတွေရောက်လာတဲ့အခါ Ochoa ဟာ အခင်းဖြစ်ပွားရာနေရာမှာ လဲကျနေခဲ့ပါတယ် လို့ King က သတင်းစာကိုပြောခဲ့ပါတယ် ။ ရဲတွေဟာ သေဆုံးနေတဲ့ ငှက် ငါးကောင်နဲ့ ငှက်တွေ တိုက်ခိုက်ထားမှုကိုလည်း အခင်းဖြစ် ပွားရာနေရာမှာ ရှာတွေ့ခဲ့ရပါတယ် ။ Kern Country Superior Court ရဲ့ မှတ်တမ်းတွေအရ Ochoa ဟာ လွန်ခဲ့တဲ့နှစ်တုန်းက တိရိစ္တာန်တွေကို တိုက်ခိုက်တတ်စေရန် သင်ကြားပေါ်မှု အတွက် တရားစွဲခံခဲ့ရပါတယ် ။ သူက မဟုတ်မမှန်ကြောင်းလျှောက်ထားခဲ့ပြီး ဒေါ်လာ ၃၇၀ ပေးဆောင်ခဲ့ရပါသတဲ့ ။ အပြင်ပန်းကြည့် ရှုချက်တွေအရတော့ Jose ဟာ နီးကပ်တဲ့ဒါဏ်ရာ၂ ခုကို ရရှိခဲ့ပြီး အဲဒီဒါဏ်ရာတွေကလည်း သင်တုန်းဓါးမြမြ နဲ့ လှီးဖြတ်ထားသလို ဖြစ်ပါတယ် ။ ငှက်ရဲ့ခြေထောက်မှာ သင်တုန်းဓါးတပ်ပြီးတော့ တိုက်ခိုက်တတ်အောင် စနစ်တကျ လေ့ကျင့်ထားခဲ့ဟန်တူပါတယ် ။

သက်တန့်ချို
Source : Strange news

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. အာဂျီးမားNovember 24, 2011 at 5:10 PM

    သူသင်ပေးထားနဲ့ဌက်တွေရဲ့ ပြန်လည်တိုက်ခိုက်ခြင်းခံရပြီးသေဆုံးသွားရတယ်လို့ ဆိုလိုတာလား။

    ReplyDelete
  2. ကြက်လား ငှက်လားကွာ စိတ်ပျက်စ၇ာကောင်းလိုက်တဲ့ ဘာသာပြန်။ နားကလောတယ်ကွာ။ ငှက်အမျိုးနွယ်ဘဲ ဘာညာလာမပြောနဲ့ကွာ။ ။

    ReplyDelete
  3. ဗုဒ္ဓေါ Bird attack လို့ရေးထားတာကို ငှက်တိုက်ခိုက်မှု လို့ ဘာသာမပြန်လို့ ကြက်လို့ပြန်ရမလား အနောနီးမက်ရေ ပုံကတော့ အင်တာနက်ထဲမှာ အဲဒီခေါင်းစဉ်အောက်က ပုံပြန်ထည့်ထားတာပဲ လွန်တာရှိမှားတာရှိ ခွင့်လွှတ်သည်းခံပါဗျာ မလိမ်မိုးမလိမ္မာလေးမို့ပါ ကြက်ကလည်း ငှက်မျိုးနွယ်လို့ ဖတ်ဖူးသသကိုးဗျး)

    ReplyDelete
  4. အဟိ .....ငှက်ရုပ်လဲထွက်ဘူး ...
    ကြက်နဲ့ပိုတူတယ်။

    ReplyDelete
  5. ငှက်နဲ့ပဲတူတူကြက်နဲ့ပဲတူတူဟိုလူကတော့သေသွားပြီ

    ReplyDelete
  6. ကြက်နဲ့ပဲတူတူငှက်နဲ့ပဲတူတူဟိုတစ်ယောက်တော့သေသွားပြီ

    ReplyDelete
  7. ငှက်နဲ့ပဲတူတူကြက်နဲ့ပဲတူတူဟိုလူကတော့သေသွားပြီ

    ReplyDelete