Tuesday, November 22, 2011

မျှော့ကုထုံး (Hirudotherapy)

မျှော့ကုထုံး (Hirudotherapy)




ဥရောပ နိုင်ငံတွေမှာ မျှော့ကို ဆေးပညာဆိုင်ရာကုထုံး တစ်ရပ်အဖြစ်အသုံးပြုခြင်းဟာ လွန်စွာ ခေတ်စား လာခဲ့ပါတယ် ။ Hirudotherapy ဆိုတာ မျှော့တွေနဲ့ကုသတဲ့ ဆေးပညာ ကုထုံးတစ်ရပ်ကို ခေါ် ဆိုခြင်းဖြစ် ပါတယ် ။ ဒီကုသနည်းဟာ ဟိုးရှေးယခင်ကတည်းက အသုံးများခဲ့ပေမယ့် ယခုအချိန်မှာလည်း ဆက်လက်အ သုံးပြုနေကြဆဲဖြစ်ပါတယ် ။



ဟိုးတုန်းကဆိုရင် လူနာတစ်ယောက်ဟာ မျက်နှာ နီရဲနေပြီး သွေးရောင်လွှမ်းနေပြီဆိုရင် ဆရာဝန်က ဒီလူနာရဲ့ ကိုယ်ထဲမှာ သွေးတွေ အလွန်အမင်းရှိနေတယ်လို့ယူဆပါတယ် ။ ဒါကြောင့် ပိုနေတဲ့ သွေးတွေကို စုပ်ထုတ်ဖို့အ တွက် မျှော့တွေ ကို အသုံးပြုကြပြီး လူ့ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု စနစ်ကို ပုံမှန်ဖြစ်အောင် ပြန်လည် ထိမ်းညှိပေးပါ တယ် ။ Roman philospher နဲ့ အထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ Aelus Galenus ဟာဟစ်ပို ကရေးတီးရဲ့ humors theory ကိုယုံကြည်ပါတယ် ။ အဲဒီမှာ လူရဲ့ အတွင်းဓါတ်ခံ ဟာသဥာဏ်ဟာ ခန္ဓာကိုယ် ထဲက သွေးတွေ နက်မှောင်တဲ့ သည်းခြေရည်နဲ့ အ၀ါရောင် သည်းခြေရည်တွေဖြစ်တယ်လို့ဆိုပါတယ် ။ အဲဒီဟာသဓါတ်ခံတွေ မညီမျှတဲ့အခါ လူရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာတွေ ထိခိုက်လာရပါတယ်တဲ့ ။ ဒါကြောင့် အ၀ါရောင်သည်းခြေရည်တွေများလွန်းတဲ့အခါ ညှို့မှိုင်းလွမ်းဆွေးသလိုဖြစ်နေပြီး အဲဒီအခြေအနေ မှာ သွေးတွေအလွန်မင်းများနေခြင်းဟာ မျှော်လင့်ချက်အသွင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကို အများကြီးလွှမ်း မိုးမှုရှိပါ တယ်တဲ့ ။ သူတို့ပြောတာကတော့ ရိုးရာ traditional medicine နဲ့ နည်းနည်းဆင်တူနေပါတယ် ။



၂၀၀ ဘီစီ ခေတ်လောက်မှာ ဂရိ ဆရာဝန် နီကန်ဒါ ဆိုသူက Galen's သီအိုရီကို ယုံကြည်ပြီးတော့ မျှော့တွေကို ကုသတဲ့နေ ရာမှာ စတင်အသုံးပြုခဲ့တယ် ။ အရင်ဆုံးမျှော့တွေကို အသုံးမပြုခင်မှာ လူနာရဲ့အရေပြားကို ခွဲစိတ် ရာပေြးံပီး သွေးတွေထွက်စေပါတယ် ။ ပြီးတော့မှ ခွက်တစ်ခွက်ကို အဲဒီ ခွဲစိတ်ရာပေါ် တင်ပြီး လေ ဟာနယ်ဖြစ်စေခြင်းဖြင့် စုပ်ထွက်လာအောင်လုပ်ပါတယ် ။ နီကန်ဒါက တွေ့ရှိခဲ့ တာကတော့ မျှော့်တွေအသုံးပြုခြင်းဟာ ခွက်ကို လေဟာနယ်အဖြစ် စုပ်ယူစေခြင်းထက် ပိုပြီးလည်းလွယ် ကူတယ် ပိုပြီးလည်း ထိရောက်တယ်ဆိုတာပါပဲ ။



၁၂ ရာစု ရောက်လာတဲ့အခါမှာတော့ Abd-el-latif al -Baghdadi ဆိုသူက ခွဲစိတ်မှုပြီးတဲ့အခါ သန့်ရှင်းဖို့ အတွက် မျှော့ကို စတင်အသုံးပြုခဲ့ပါတယ် ။ သူဟာ ပိုလျှံနေတဲ့ သွေးတွေ ကို မျှော့တွေနဲ့စုပ် ယူစေခဲ့တယ် ။ အခုထိတိုင်အောင် သုံးနေကြဆဲပါပဲ ။ အထူးသဖြင့် သွေးတွေကို ခဲခြင်းကို ထိမ်းသိမ်းထားဖို့ microsurgery မှာ ဒီနည်းကို အသုံးပြုကြပါတယ် ။ ဒါ့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကို သွေးတွေပြန်လည် တွယ်ကပ်ခြင်း ကို ဖြေရှင်ဖို့အတွက် recontructive surgery မှာလည်း မျော့တွေက အသုံးဝင်ပါသေးတယ်ယ ။ ပုံသဏ္ဍာန်ကြည့် ရတာအသည်းယားဖို့ကောင်းပေမယ့် ဆေးပညာမှာတော့ အသုံးဝင်နေဆဲဖြစ်ပါတယ် ။

သက်တန့်ချို

Source : http://www.bizarremedical.com/bizarre-medical-practices-hirudotherapy/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. အောင်မလေး ကြောက်ပါတယ် ဆရာသက်တန့်ရယ်
    မြင်တာနဲ့တောင်ဒူးတုန်ရပါတယ်း)

    ReplyDelete
  2. ကြောက်စရာကြီး..လုပ်ဖူး....

    ReplyDelete
  3. ကိုယ့်ဟန်နီNovember 22, 2011 at 3:36 PM

    အား... အသည်းယားစရာကကောင်းလိုက်တာ။ မျှော့ကိုငယ်ငယ်လေးထဲကမုန်းတာ။ မတော်ကိုယ်ထဲဝင်သွားရင်တော့ သေပြီ...... ဟင့်

    ReplyDelete
  4. ဟင့်အင်း..သေပေ့စေ
    ကုဘူးးP
    (ဗဟုသုတတော့ရတယ်။)

    လေးစားလျှက်
    မိစံ

    ReplyDelete
  5. ကုဘူး.........ကုဘူး။

    ReplyDelete
  6. ကြောက်ထှာ ...

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  7. ဖလားဖလား............ မြင်ရတာနဲ့ တင် တွန့် တယ်။ ဟူး

    ReplyDelete
  8. ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
    မျှော့တွေနဲ့ ကုတာတော့မတွေ့ ဘူးဖူး-
    ကျနော်တို့ ရွာမှာနေတုံးကအင်းထဲမှာအလုပ်လုပ်နေတဲ့ 
    အရွယ်ရောက်ကောင်မလေးတစ်ယောက်ရဲ့ ကိုယ်ထဲကို
    မျှော့ဝင်နေပြီးမျှော့တွေပွားနေလို့ ဗိုက်ပူလာတာကိုတွေ့ ဖူး
    ပါတယ်။ အဲဒါမြန်မာဆရာက မီးဖိုပြီးမီးခိုးငွေ့ တွေနဲ့ 
    ကောင်မလေးကိုမီးဖိုတည့်တည့်ပေါ်မှာအပေါ်ကနေစေပြီး
    မျှော့တွေမှိုင်းတိုက်ချတာတွေ့ ဖူးပါတယ်။ ယခုအထိအသက်ရှင်ရက်ရှိနေပါသေးတယ်-အမည်ရင်း
    ပျောက်ပြီး “ မယ်မျှော့ ” လို့ခေါ်ကြပါတယ်။
    တကယ့်ဖြစ်ရပ်ပါ။ “မယ်မျှော့” အိမ်ထောင်မပြုချင်
    တဲ့ အပျိုကြီးတစ်ဦးဖြစ်နေပါတယ်။

    ReplyDelete
  9. မြင်ယုံနဲ့ ကြက်သီးထတယ်...
    ဟူးးး..အသည်းယားတယ်...

    ReplyDelete
  10. ကြက်သီးတဖြန်းဖြန်းထရပါတယ်ကွယ်...ဒါပေမဲ့အသက်အန္တရာယ်နဲ့ ယှဉ်လာရင်တော့လည်း...လုပ်မိမလားမသိဘူး... ဟီးဟီး

    ReplyDelete