Tuesday, November 1, 2011

ကြက်မျက်သင့်ရောဂါ သို့မဟုတ် ညဖက် အမှောင်မမြင်ရခြင်း (Night Blindness)

ကြက်မျက်သင့်ရောဂါ သို့မဟုတ် ညဖက် အမှောင်မမြင်ရခြင်း (Night Blindness)





ဒီပို့စ်လေးကတော့ ဗီတာမင်အေအကြောင်း ရေးတုန်းက ကိုမျိုး (အညာမြေ) က မေးမြန်းသွားတဲ့ ပို့စ်လေး ဖြစ်ပါတယ် ။

တချို့သောလူတွေမှာ ညဖက် အမှောင်ကိုမမြင်ရခြင်း အလင်းလေးနည်းနည်း လေး နည်းသွားတာနဲ့ ရုပ်လုံးမသဲ ကွဲတော့တဲ့အခြေ အနေတွေကြုံရတတ်ပါတယ် ။ အဲဒီလို အလင်းနည်းတဲ့အချိန်ညအခါမှာ မမြင်ရခြင်း ကိုတော့ ဆေး ပညာအရ Nyctalopia လို့ခေါ်ပါတယ် ။ ဒါဟာ မျက်စိရောဂါတွေရဲ့ လက္ခဏာတစ်ခု လည်းဖြစ်ပါ တယ် ။ ကြက်မျက်သင့်ရောဂါလို့ မြန်မာလိုခေါ်ကြပြီး Night Blindness ဟာာ မွေးကတည်းက ပါလာတာလည်း ဖြစ်နိုင်ပြီး နောက်တစ်မျိုးက မျက်လုံးကို ထိခိုက်ဒါဏ်ရာရလို့ဖြစ်စေ ( အာဟာရချို့တဲ့မှု - ဗီတာမင်အေ ) ကြောင့် ဖြစ် ရနိုင်ပါတယ် ။ ကြက်မျက်သင့်ရောဂါအဓိကအဖြစ်များစေတဲ့ရောဂါကို Retinitis pigmentosa လို့ခေါ်ပါ တယ် ။ အဲဒါဟာ မျက်လုံးရဲ့ အမြင်ပုံရိပ်လွှာ retina မှာ rod cells လို့ခေါ်တဲ့အချောင်းသဏ္ဍာန် ဆဲလ်တွေဟာ အလင်းရောင်ကို တန့်ပြန့်နိုင်တဲ့စွမ်းရည်တဖြည်းဖြည်းလျော့နည်းဆုံးရှုံးလာလို့ဖြစ်ပါတယ် ။ မွေးရာပါအခြေ အနေ ဖြစ် တဲ့ Nyctolopia သာခံစားနေ ပြီဆိုရင်တော့ တဖြည်းဖြည်းပိုဆိုး လာနိုင်ပြီး နောက်ပိုင်း ဆိုရင်တော့ နေ့ဖက် မှာ ပါ မမြင်ရတဲ့အခြေအနေတွေကြုံရနိုင်ပါတယ် ။ နောက်မွေးရာပါ အခြေအနေတစ် ခုဖြစ် တဲ့ X-linked congenital stationary night blindness မှာဆိုရင်တော့ ဒီ rods လေးတွေ အလုပ် လုပ်တာ နည်းခြင်းသို့မဟုတ် လုံးဝအလုပ်မလုပ်တာဖြစ်နိုင်ပြီး ဒါပေမယ့်အခြေအနေ ကတော့ပိုဆိုး သွားခြင်းမ ရှိပါဘူး ။



နောက်ထပ် Night blindness ကိုဖြစ်စေတဲ့အကြောင်းရင်းကတော့ ဗီတာမင်အေလို့ခေါ်တဲ့ retinol ချို့တဲ့ ခြင်းကြောင်ံဖြစ်ပါတယ် ။ ဗီတာမင်အေကိုတော့ ငါးဆီ ၊ အသည်းနဲ့တခြားစားသောက်ဖွယ်ရာတွေမှာ ရနိုင်ပါ တယ် ။ ဒုတိယကမ္ဘာစစ်တုန်းကတော့ပေါ့ ဗြိတိသျှ လေတပ်ပိုင်းလော့တွေက ညဖက် အမှောင်အတွက် ညဖက် စစ် ဆင်ရေးတွေအတွက် အထူးစိုးရိမ်ခဲ့ကြရတယ် ။ ဒါပေမယ့်လည်း သူတို့အောင်မြင်ခဲ့ကြပါတယ် ။ ဘာကြောင့် လည်းဆိုတော့ ပိုင်းလော့တွေဟာ ညဖက်စစ်ဆင်ရေးအတွက်ပျံသန်းနေစဉ်မှာ မုန်လာဥတွေပေါ များစွာ စားခဲ့ကြ တယ် ။ မုန်လာဥတွေမှာ Carotenoids တွေများစွာပါဝင်ပြီး အဲဒါတွေက ဗီတာမင်အေလို့ခေါ်တဲ့ Retinol အဖြစ်ကိုပြောင်းလဲပေးနိုင်တယ် ။ ဒါကြောင့်သူတို့က တကယ့်အကြောင်းပြချက်မှာတော့ ဒီစစ် ဆင်ရေးတွေအောင် မြင်ရခြင်းဟာသူတို့ရဲ့နောက်ဆုံးပေါ် Advanced rader technologies တွေကို အသုံးပြုခဲ့ကြ လို့ဖြစ်တယ်လို့ဆိုပါတယ် ။

နောက်ထပ် ဆန့်ကျင်ဖက် အလင်းစူးရှရှတွေကိုမမြင်ရတဲ့အခြေအနေကိုတော့ hemeralopia လို့ခေါ်ပြီးဖြစ် တာတော့ ရှားပါတယ် ။

ဘာကြောင့်ဖြစ်တာလဲ ?

ကြက်မျက်သင့်ရောဂါကိုဖြစ်စေတဲ့အကြောင်းအချက်များစွာ ရှိပါတယ် ။ အဲဒါတွေကတော့

Vitamin A deficiency (ဗီတာမင်အေ ဓါတ်ချို့တဲ့ခြင်း )
retinitis pigmentosa
congenital night blindness (မွေးရာပါ ညဖက်မမြင်ရခြင်း)
Sorsby's fundus dystrophy
pathological myopia
peripheral cortical cataract
oguchi disease
refractive surgery (RK, PRK, LASIK) စတဲ့အကြောင်းတွေကြောင့်ဖြစ်ပါတယ် ။

(အချို့သော စကားစုများမှာ မြန်မာလို တိုက်ရိုက်ပြန်ရန်ခက်ခဲသောကြောင့် ချန်လှပ်ထားခဲ့ပါသည် )

ဟိုးရှေးရှေးတုန်းကတော့ ဒီလို Nyctalopia ကို moonblink လို့ခေါ်ပြီး ဒါဟာ ယာယီညဖက်မမြင်ရခြင်း လရောင် နဲ့ အိပ် မိတဲ့အတွက်ဖြစ်ရတယ်လို့ အယူအဆတွေလည်းရှိကြပါသေးတယ် ။ ကဲ ဒီလိုဆို ညဖက်မမြင် ရခြင်း Night Blindness အတွက် ဘယ်လို စမ်းသပ်မှုတွေလိုအပ်သလဲဆိုတာကိုလည်း ကျွန်တော် တို့ကြည့်ကြရအောင် ။

၁ ။ မျက်စိမှ အရောင်ကိုခွဲခြားနိုင်မှုအားစစ်ဆေးခြင်း ( Color vision testing)
၂ ။ မျက်စိသူငယ်အိမ်မှ အလင်းရောင်အားတုံ့ပြန်နိုင်မှုအားစစ်ဆေးခြင်း ( Pupil light reflex)
၃ ။ အလင်းယိုင်ခြင်းအားစမ်းသပ်ခြင်း ( Refraction )
၎ ။ မျက်စိအမြင်အာရုံခံလွှာ စစ်ဆေးခြင်း ( Retinal examination)
၅ ။ Slit lamp examination
၆ ။ Visual acuity စသည်တို့ဖြစ်ပါတယ် ။

တခြားစစ်ဆေးမှုတွေအနေနဲ့ ERG လို့ခေါ်တဲ့ Electroretinogram ရိုက်နိုင်ပြီး Visual field စတဲ့စစ်ဆေး မှုတွေပြုလုပ်နိုင်ပါတယ် ။

Night Blindness အားကုသခြင်း

ကြက်မျက်သင့်ရောဂါရှိနေတဲ့သူတစ်ယောက်ကိုတွေ့ပြီဆိုပါတော့ သင်ကူညီပေးနိုင်တာတွေရှိပါတယ် ။ အ လင်းရောင် နည်းတဲ့နေ ရာတွေမှာ သွားလာလှုပ်ရှားတဲ့အခါ လူနာ ထိခိုက်ဒါဏ်ရာမရရှိစေဖို့အတွက် လုံခြုံစိတ် ချ ရအောင် ကူညီပေးရမှာဖြစ်ပါတယ် ။ အကယ်၍ လူနာဟာ ဆရာဝန်ရဲ့ထောက် ခံချက်ရတယ် ဆိုရင်တောင်မှ ညဖက် ကားမောင်းခြင်းကိုတော့ရှောင်ရှားရမှာဖြစ်ပါတယ် ။ ဗီတာမင်အေ ချို့တဲ့ခြင်းအတွက် ဗီတာမင်အေ ပါတဲ့ဆေးလုံးတွေ အစားအစာတွေ စားသုံးရမှာဖြစ်ပါတယ် ။

Night Blindness ကို ကုသမှုတွေကတော့သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပေါ်မူတည်ပါတယ် ။ ကုသမှုဟာ အချို့ဆိုရင် တော့ ဆရာဝန်က ညွှန်ကြားသော မျက်မှန်အသစ်လဲ တပ်လိုက်ယုံနဲ့ ကောင်းသွားတာ လည်းရှိပါတယ် ။ အချိှု့ကတော့ပ Glaucoma လို့ခေါ်တဲ့ ရေတိမ် ရှိရင်ကုသရမှာဖြစ်ပြီးတော့ အကယ်၍ ဒီလို night blindness ဟာ Cataracts လို့ခေါ်တဲ့ အတွင်းတိမ် ကြောင့်ဖြစ် တယ်ဆိုရင်တော့ခွဲစိတ်ကု သရမှာဖြစ် ပါတယ် ။ ဒါကြောင့် ကြက်မျက်သင့်ရောဂါဟာ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ Causes ပေါ်မူတည် ပြီးကုသ မှုတွေဟာ လည်း အမျိုးမျိုးပြောင်းလဲသွားမှာဖြစ်ကြောင်းတင်ပြပေးရင်း အဆုံးသတ်လိုက်ပါတယ် ။

သက်တန့်ချို
1st Nov 2011

Ref :
http://en.wikipedia.org/wiki/Nyctalopia
http://my.clevelandclinic.org/disorders/night_blindness/hic_night_blindness.aspx

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ကိုသက်တန့် ရေ..
    ကျေးဇူးပါဗျာ။
    ရန်ကုန်မှာ အဆင်ပြေပြေ ကုသလို့ ရနိုင်ရင် ကျုပ်ရဲ့ လုပ်ငန်းစဉ် စလိုက်ချင်ပြီဗျာ။
    ရွာမှာ စာရင်းကောက်ထားတာ ၁၀ ယောက်ကျော်နေပြီ။ အားလုံးနီးပါးက မွေးရာပါ ဖြစ်ကြတယ်လို့ ယုံကြည်တယ်။ တချို့လဲ ရှက်လို့ မပြောကြဘူး ထင်ပါရဲ့။ ကုသလို့ အောင်မြင်ရင် ပြောလာကြမယ် ထင်ပါတယ်။
    ကုသိုလ်ရေးမို့ ကိုသက်တန့်ရေ.. ဆေးခန်းဖြစ်ဖြစ်..ဆေးရုံဖြစ်ဖြစ် ညွှန်းပါအုံး။

    ခင်မင်လေးစားလျှက်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  2. ကြွေရုပ်ကောင်းကင်November 1, 2011 at 6:08 PM

    ကြက်မျက်စိအကြောင်းဖတ်သွားပါတယ်။ ဒီလိုသိထားတော့လဲပိုကောင်းတာပေါ့။မျက်လုံးကအရမ်းကိုအရေးကြီးတာဆိုတော့။ :)

    ReplyDelete
  3. ကြက်မျက်သင့်ရောဂါအကြောင်းကို မှတ်သားသွားပါတယ် ကိုသက်တန့်ရေ။။ ကျန်းမာရေး ဗဟုသုတနဲ့ အလှမ်းဝေးတဲ့ သူဆိုတော့ ပါရာစီတမောတောင် စာရေးမထားရင် သေချာမသိတဲ့ဘွ။။ ဒါကြောင့် ခုလိုဗဟုသုတလေးတွေအတွက် ကျေးဇူးတင်မိပါတယ်။။။

    ReplyDelete