Thursday, August 20, 2009
အဆိပ်သင့်ပန်းသီးတစ်လုံး
အဆိပ်သင့်ပန်းသီးတစ်လုံး
သူ့နာမည်ကမောင်လှတဲ့….နာမည်ကသာမောင်လှ…လူကတော့အသားမဲမဲ…ပုကွကွနဲ့ လေ
တိုက်ရင်လဲကျတော့မယ့်အတိုင်း…..ပိန်လှီတဲ့သူ…လောကဓံကိုဘယ်လောက်ခံခဲ့ရသလဲဆို
တာ….သူ့ရဲ့မျက်နာနဲ့အသားအရကိုကြည့်တာနဲ့သိနိုင်တယ်….ဆီမရှိတဲ့ဆံပင်နီကြောင်ကြောင်
ခြောက်ကပ်ကပ်က….သူ့ဦးခေါင်းထက်မှာပျင်းရိစွာ…..တွဲခိုလို့ပေါ့…..
သူကငယ်ငယ်ကတည်းကကျည်းတန်စုတစ်ရွာလုံးရဲ့ခိုင်းဘက်……လူပျိုပေါက်အရွယ်ရောက်
လာတော့
…..သူတို့တစ်ရွာလုံးကသူ့ကိုဒီအတိုင်းတော့မဖြစ်ချေဘူးဆိုပြီင်္း….သူတို့ရွာမှာလှိုင်
လှိုင်ထွက်တဲ့….ပန်းသီးရောင်းခိုင်းတယ်……တစ်ရွာလုံးကသူ့ကိုစကားလည်းနားထောင်တယ်
….ခိုင်းရတာလည်းကောင်းလို့…..၀ိုင်းချစ်ကြတာပေါ့……ဒီလိုနဲ့ပန်းသီးသည်လေးမောင်လှအ
ဖြစ်ကိုရောက်ရှိလာပါတယ်…..
မောင်လှ….သူရောင်းရတာနဲ့…သူ့အမေမျက်မမြင်ကြီးနဲ့လုံးလည်ချာလည်နဲ့……နွေမှမိုး….မိုးမှ
ဆောင်း…ပေါ့…မှန်မှန်လေးနဲ့..ဘ၀ကိုရုန်းကန်လာပါတယ်……..တစ်နေ့တော့သူတို့ရွာကိုမြို့က
နေပြီးနှင်းဆီဆိုတဲ့….ကောင်မလေးတစ်ယောက်ရောက်ရှိလာပါတယ်……..သူတို့ရွာနဲ့တစ်မိုင်
လောက်ဝေးတဲ့နေရာမှာ…..ရထားဘူတာလေးတစ်ခုရှိပါတယ်…..အတန်အသင့်ကြီးမားတဲ့ဘူ
တာလေးပါ….သူတို့လိုခေါင်းရွက်ဗျက်ထိုးဈေးသည်တွေအတွက်တော့……..အရမ်းကိုကြီးမားတဲ့
ဈေးကွက်တစ်ခုပေါ့….နင်းဆီဆိုတဲ့ကောင်မလေးကိုစတွေ့မိတာဟာ..အဲဒီဘူတာလေးအ
တွင်းမှာပေါ့…စတွေ့တဲ့အခိုက်အတန့်လေးအတွင်းမှာဘဲ…မောင်လှရဲ့ရင်ထဲမှာဗြောင်းဆန်
အောင်လှုပ်ရှားသွားခဲ့တယ်….ရင်ထဲမှာဖားဖိုကြီးတစ်ခုလိုတုန်ခါနေတယ်…..သူ့စိတ်ထဲကထူး
ထူးဆန်းဆန်းစိတ်တွေနဲ့..နှလုံးသားတစ်ခုလုံးနိမ့်ချည်မြင့်ချည်ပေါ့……(အဲဒီလိုစတွေ့ခြင်းဟာ
သူ့ဘ၀အတွက်….မှောင်မိုက်တဲ့ကျိန်စာတစ်ခုကိုသင့်ခဲ့မိလိမ့်မယ်လို့….သူမသိခဲ့မိဘူး…)
ဒီလိုနဲ့ကောင်မလေးကလည်းသူတို့ရွာမှာတစ်လလောက်လာတည်းပါတယ်……အဲဒီနေ့ကစပြီး
မောင်လှတစ်ယေက်တစ်ပါတ်တစ်ခါလောက်ဘဲဘူတာကိုရောက်တော့တယ်…..ရွာနီးစပ်တွေလှည့်ရောင်းပြီး….
ဒီရွာထဲမှာဘဲတစ်ဝဲလည်လည်ပေါ့…….နှင်းဆီဆိုတဲ့ကောင်မလေးကလဲနာ
မည်နဲ့လိုက်ပါတယ်…..သူ့မျက်နာမှာမြို့သူတစ်ယောက်ရဲ့အတ္တနဲ့…နှုင်းဆီနီရဲ့ရဲတစ်ပွင့်ကို….အ
မြဲတမ်းခေါင်းမှာပန်ထားတယ်….မောင်လှကတော့မနက်မိုးလင်းတာနဲ့….နှင်းဆီတို့အိမ်ရှေ့သွား
ပြီ…..ရစ်သီရစ်သီနဲ့ယောင်လည်လည်လုပ်ပြီးမှ……တခြားရွာတွေသွားတယ်…..နေ့လည်ပြန်လာတယ်….
နင်းဆီကိုပြန်လာကြည့်တယ်…နောက်ဈေးသွားရောင်းပြန်တယ်……ညနေဆိုစော
စောပြန်လာပြီး…နင်းဆီတည်းတဲ့အိမ်ကိုလှမ်းမြင်ရတဲ့နေရာက….သစ်ပင်ကြီးအောက်မှာ….
ညနေစောင်းမိုး
ချုပ်တဲ့အထိ…..ထိုင်ပြီးငေးကြည့်နေလေ့ရှိတယ်….
အစကတော့ရွာကလူတွေကသတိမထားမိခဲကြဘူး……နောက်တော့မှရိပ်မိလာတယ်…
အကုန်လုံးပြုံးစိစိနဲ့ပေါ့…
..သူတို့စိတ်ထဲမှာဒါဟာဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့……အချိန်တန်ရင်သူ့အလို
လိုပြီးသွားလိမ့်မယ်လို့ထင်ခဲ့မိကြတယ်…..မောင်လှလိုအညတရလေးရဲ့နလုံးသားမှာ….
ကြီးမားတဲ့ချစ်ခြင်းတေ
ွရှိခဲ့မိလိမ့်မယ်လို့…ဘယ်သူမှမယုံမိကြဘူး……
ဒီလိုနဲ့ကောင်မလေးရွာကိုရောက်ပြီး၁၅ ရက်နေ့လောက်မှာ….ညနေခင်းလေးမှာပေါ့..ကောင်မ
လေးကသူ့အဖော်တစ်ယောက်နဲ့အိမ်အပြင်ကု..ထွက်လာပါတယ်…….မောင်လှလည်းဘာလုပ်ရမှန်းမသိဘဲ…..
ထိုင်ရမလိုထရမလိုဖြစ်သွားတယ်……..တဖြေးဖြေးနဲ့ကောင်မလေးကသူ့အ
နားရောက်လာခဲ့တယ်…မောင်လှရင်ထဲမှာဗြောင်းဆန်နေပြီပေါ့…..ကောင်မလေးရဲ့အဖော်က
“ဟဲ့မောင်လှ….နှင်းဆီအတွက်သူပန်ဖို့…နှင်းဆီပန်းပန်ကရနိုင်မလဲဟပြောစမ်းပါဦး…..”
“ဟာ..ထွေးမြကလဲ….ငါခူးပေးမှာပေါ့..ဟ ..နင်ကလဲ..ငါ့ကိုပြောတာမဟုတ်ဘူး….”
“ကူညီပါအုန်း..ကိုမောင်လှ..ကျွန်မကပန်းပန်နေကြဆိုတော့…အခုချိန်မှာနှင်းဆီကလည်းအ
ရမ်းရှားနေတော့…မပန်ရဘူးဖြစ်နေတယ်……”လို့ကောင်မလေးက၀င်ပြောပါတယ်…ကောင်မ
လေးရဲ့အသံကိုလည်းကြားရော..ဘာပြောကောင်းမလဲ…မောင်လှရင်ထဲမှာဆွေ့ဆွေ့ခုန်နေတာ
ပေါ့….ဒီလိုနဲ့..မောင်လှအလုပ်တစ်ခုပိုရသွားပါတယ်….မနက်တိုင်းနင်းဆီပန်ဖို့ပန်းရှာပေးရတာပေါ့..
ဒီလိုနဲ့သူနဲ့ကောင်မလေးရင်းနှီးစပြုလာပါတယ်…..(သူတစ်ဖတ်သတ်ထင်တာပါ)…
ကောင်မလေးမြို့ကိုပြန်မယ့်ရက်လဲနီးလာတယ်…….ဘယ်နေ့ပြန်မလဲလို့လဲ….မောင်လှမမေးရဲ
ဘူး….ကြောက်တာလဲပါတယ်…….မပြန်စေချင်တာလဲပါတာပေါ့…..
ဒီလိုနဲ့ကောင်မလေးမြို့ပြန်မယ့်ရက်ကိုမောင်လှသိသွားပါတယ်…..အဲဒီသိတဲ့ညက..မောင်လှ
တစ်ယောက်…သစ်ပင်ကြီးအောက်မှာတစ်ယောက်ထဲ…ငုတ်တုတ်ကြီးငူငူကြီးထိုင်နေတယ်….
ပြန်ခါနီးနှစ်ရက်အလိုမှာ…ကောင်မလေးကမြို့ကိုပြန်ဖို့အတွက်…….ပန်းသီးလက်ဆောင်ဝယ်
သွားချင်တယ်လို့မောင်လှကိုပြောတယ်….မောင်လှလည်းဘူတာအထိလိုက်ပို့မယ်ဆိုပြီးတိုင်
ပင်ထားကြပါတယ်……ဒါပေမယ့်…ကံကဆိုးချင်တော့…ကောင်မလေးကအရေးပေါ်အကြောင်း
တစ်ခုနဲ့..တစ်ရက်စောပြီးပြန်ဖြစ်သွားပါတယ်…….အဲဒီအကြောင်းကိုမောင်လှတစ်ယောက်ပြန်
မယ့်ရက်မနက်ပိုင်းမှသိရပါတယ်….နှင်းဆီကဘူတာကိုရောက်နေပါပြီ..ရထားကတော့မလာ
သေးပါဘူး….
မောင်လှတစ်ယောက်ပန်းသီးခြင်းကြီးထမ်းလက်ထဲနင်းဆီပန်းလေးကိုင်ပြီး…..ဘူတာကိုသုတ်
ခြေတင်ပြေးပါတော့တယ်…..ဘူတာကိုရောက်တော့…ရင်ထဲမှာအဆမတန်မောဟိုက်နေပါပြီ…
ခြေထောက်တွေကိယိုင်နဲ့နဲ့..နင်းဆီကိုသူအလောတကြီး…ရှာနေမိတယ်…..ဟော…ရထားလာ
နေပါပြီ……….နှင်းဆီတက်သွားတာကို…သူရိပ်ကနဲမြင်လိုက်ရတယ်……ရထားဘီးစလိမ့်တော့
နှင်းဆီပါတဲ့…အတွဲကိုသူပြေးလိုက်သွားတယ်…………………..
ရထားကိုမှီလုမှီခင်မှာ…..ရုတ်တရက်…..ယိုင်နဲ့နေတဲ့ခြေထောက်ကခဲလုံးကိုတိုက်မိပြီးရထားသံလမ်း
ပေါ်ကိုလဲကျသွားပါတယ်….ပန်းသီးတွေကပြန့်ကျဲလို့ပေါ့…..လက်ထဲကနှင်းဆီလေးက
တစ်ဖက်ရထား….လမ်းသံဘောင်ပေါ်မှာ….နှင်းဆီပန်းလေးကိုသူ…ရူးသွပ်စွာနဲ့သွားကောက်မိတယ်…
…အဲဒီအချိန်မှာဘဲ….သူ့မျက်လုံးထဲမှာမြင်လိုက်ရတာက…….သူ့ဆီပြေးဝင်လာနေတဲ့
တစ်ဖက်ကရထားခေါင်းတွဲကြီး………………………………………………………….
…………………………………………..
“ဟာ….ဟင်……ဟာ….တိုက်သွားပြီ….”အသံတွေကဆူညံကုန်၏….သူ့အသိတွေအားလုံး
မှောင်မိုက်သွား၏….အဆိပ်သင့်ပန်းသီးလေးကတော့…..နှင်းဆီပန်းလေးလွင့်သွားတဲ့ဆီတ
လိမ့်လိမ့်………………………..ကောင်မလေးကိုတင်ဆောင်သွားတဲ့…ရထားကြီးကတော့……..
ဟိုး……အဝေးကြီးမှာ…..တရွေ့ရွေ့…..တရွေ့ရွေ့……….တရွေ့ရွေ့…………..
စာရေးသူ..သက်တန့်ချို..(၁း၃၀ မနက် ၂၀.၈.၀၉)
8 comments:
  1. ဝက်ဝံလေးAugust 20, 2009 at 2:28 PM
    အွန့် သက်ရယ် ဖတ်ပြီး မျက်ရည်ဝဲလိုက် တာ သနားလိုက်တာဟာ နင်လေ အဲလိုတွေ သိပ်ရေးတာပဲ ဟွန်းးးမကောင်းဘူး
    အေးပါ ငါ မနေ့က လင့်ခ် တွေ ပြန်လုပ်တာ နင့်ကို ချိတ်ဖို့မေ့သွားလို့ပါဟ ဆော်တီးးးး အခုချိတ်လိုက်ပြီနော် စိတ်ချိုးနဲ့ သက်ရေ ဘိုင် တာ့တာ
    ReplyDelete
  2. သက်တန့်ရေ ရေးထားတာက အင်း သီချင်းထဲက ကိုပေါ ဒီထဲက မောင်လှ
    ဘဝတွေအများကြီးဖြစ်နေကြတယ်နော်။ မေလေး စိတ်ထဲထိဝင်သွားပါတယ်။
    ReplyDelete
  3. သက်တံရေ...ပြန်လာလည်သွားပါတယ်။ စာအရေးအသားတွေ အရမ်းကောင်းတယ်နော်။ ကျွန်တော့ဆိုက်မှာ Link ပေးထားပါတယ်။
    ReplyDelete
  4. သက်တံရေ...ပြန်လာလည်သွားပါတယ်။ စာအရေးအသားတွေ အရမ်းကောင်းတယ်နော်။ ကျွန်တော့ဆိုက်မှာ Link ပေးထားပါတယ်။
    ReplyDelete
  5. မောင်လှ ကမှ နှင်းဆီးပန်းလေးတွေ ခူးပေးခွင့်ရသေးတယ်ဗျ....ဟင်း....
    ဘာပဲဖြစ်ဖြစ် ဘ၀ဆိုတာကတော့ဒီလိုပါပဲလေ... ရတာမလို လိုတာမရ ဆိုတဲ့
    စကားကလည်းရှိသားကိုး......
    ReplyDelete
  6. မောင်လှအတွက် စိတ်မကောင်းပါဘူးစာဖတ်ပြီးတော့လေ ။ နောက်ဝတ္ထုတွေကို အလုပ်ပြီးမှ တစ်ခေါက်လာဖတ်မယ်နော်။ ငါးစာလည်းကျွေးသွားတယ်။
    ReplyDelete
  7. စာအရေးအသားဆွဲဆောင်မှုရှိတယ်နော်။ ဇာတ်အိမ်ကလည်း တော်တော်သနားဖို့ကောင်းတယ်။
    ReplyDelete
  8. snwchitthu88@gmail.comMarch 20, 2012 at 10:19 AM
    ကိုသက်တန့်မောင်လှအတွက်စိတ်မကောင်း
    ဖြစ်ပြီးညီမတောင်ငိုချင်လာပြီ.....ဟင့်
    အဲဒါတစ်ဖက်သတ်အချစ်မလို့ထင်တယ်နော်
    ကောင်မလေးကအဲဒါဆိုမောင်လှကသူ့ကိုစိတ်
    သနားပါတယ်
    ReplyDelete