Wednesday, August 26, 2009

ချီးကျူးဖွယ်စိတ်ဓါတ်နဲ့အံ့သြဖွယ်ကလေး

ချီးကျူးဖွယ်စိတ်ဓါတ်နဲ့အံ့သြဖွယ်ကလေး

ကျွန်တော်တို့နေထိုင်တဲ့ လောကကြီးမှာ လူအချို့ကမိမိရဲ့ဘ၀သာလျှင်အဆိုးဆုံး လို့ထင်နေကြပါတယ်။ တစ်ကယ်တော့လောကကြီးမှာမိမိထက် အဆပေါင်းများစွာဆိုးတဲ့ဘ၀ တွေများစွာရှိနေပါတယ်။ တစ်ချို့က မိဘမရှိကြဘူး။တစ်ချို့က ကိုယ့်ဘ၀ကိုယ် အရမ်းဆိုးတယ်ဆိုပြီး အားငယ်စိတ်တွေဝင် ငါလုပ်လုပ်အဆင်မပြေဘူး ငါ့ကိုဘယ်သူမှမချစ်ကြတော့ဘူး ငါ့မှာပိုက်ဆံမရှိဘူး စသဖြင့်ကိုယ့်ဘ၀ကိုယ် အားငယ်နေကြတယ်။ ဗုဒ္ဓဘာသာအယူအဆ နဲ့ဆိုရင်တော့ဒါတွေဟာ ကံကံ၏အကျိုးတွေပါပဲ။ တစ်ချို့က ကိုယ့်ဘ၀ကို မွေးကတည်းကကံဆိုးတယ် ဆိုပြီးအလုပ်တောင် လုပ်ချင်စိတ်မရှိဘူးတဲ့။ တစ်ချို့ဆို အိမ်ကမုန့်ဖိုးမပေးနိုင်လို့ ငါ့ဘ၀ကဘာမှအသုံးမကျပါလားတဲ့။ ဒါဆိုရင်တော့ကိုယ့်ဘ၀ကိုယ် အားငယ်နေပြီးမိမိ ဘ၀ အောင်မြင်တိုးတက်ရေးကို မလုပ်ဆောင်သူတွေဟာ ဒီကလေးလေးနဲ့ ယှဉ်လိုက်ရင်အရမ်းကို ရှက်ဖို့ကောင်းနေပါပြီ။













ဒီကလေးလေးဟာ မွေးစကတည်းကခြေ ၂ ချောင်းပါမလာခဲ့ပါဘူး။ ဒါပေမယ့်သူဟာ ဟော်ကီကစားနိုင်တယ် စက်ဘီးစီးနိုင်တယ် ဂေါ့ဖ်ရိုက်နိုင်တယ် အပြေးပြိုင်နိုင်တယ် ဆုတွေရပြီးအောင်မြင်မှုတွေ ဆွတ်ခူးနိုင်တယ်။ ဒီကလေးလေးရဲ့ စိတ်ဓါတ်ကို ကြည့်ပြီး အော်...... ဒီလောကကြီးမှာငါ့ထက်ဆိုးတဲ့ ဘ၀တွေရှိသေးပါလား လို့တွေးမိရင်ပဲ ကျေနပ်ပါပြီ။

စာရေးသူ...(သက်တန့်ချို).....(၅း၄၅ ညနေ ၂၆.၈.၀၉)

11 comments:

  1. ဒီလိုပိုစ့်လေးကိုတင်ပေးလို့ကျေးဇူးပါ။
    ဟုတ်ပါတယ်။လောကမှာကိုယ့်ထက်နိမ့်ကျသူတွေအများကြီးပါ။
    သူတို့လေးတွေအတွက်ဆုတောင်းမေတ္တာပေးပို့ဖို့အခွင့်လေးရှိတယ်။
    ဟုတ်တယ်သူတို့အတွက်ဆုတောင်းပေးမယ်။
    ခင်တဲ့
    ဂျာမုန်း

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. အင်းဗျာ သနားစရာကလေး လေးပါ မိဘတွေ
    ကျေးဇူးနဲ့ ကော သူ့ ရဲ့ ဇွဲ နဲ့ကော အင်မတန်
    ချီးကျူးစရာကောင်းလှပါတယ်
    ကျေးဇူး ကိုသက်တန့် ချို မျှဝေ
    တဲ့ အတွက်
    အေးမြသာယာပါစေ
    ရန်ကုန်သား :D

    ReplyDelete
  4. သူ့ကြည့်ပြီးပျင်းနေတဲ့ကိုယ့်ကိုယ်ကိုတောင်ရှက်တယ်။
    ကလေးလေးရဲ့စိတ်ဓာတ်ကိုဖြစ်ချင်တယ်ဗျာ

    ReplyDelete
  5. ဟုတ်ပါပေတယ်.. ကလေးလေးက ချစ်စရာ၊ သနားစရာ၊ လေးစားအတုယူစရာ။

    ReplyDelete
  6. စိတ်ဓါတ်ပေါ့ဗျာ....

    စိတ်က အရာအားလုံးကို ဆောင်ပါတယ်....
    ကိုသက်တန့်ချိုရေ... အောင်မြင်မှုတွေ ပိုင်ဆိုင်ပါစေဗျာ...

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. ခလေးလေးကတော်လိုက်တာနော်

    ReplyDelete
  9. ကလေးလေး တော်လိုက်တာ ချီးကျူးတယ် တကယ်ပဲ။ စိတ်ဓါတ်လေး က တော်တော် အားကျဖို့ကောင်းတယ်။ မျှဝေတင်ပေးတာ ကျေးဇူး သက်တန့်ရေ။ ကလေးလေး ကျန်းမာပျော်ရွှင်စွာ အောင်မြင်မှုပန်းတွေကို ဆက်ပြီး ဆွတ်ခူးနိုင်ပါစေ

    ReplyDelete
  10. ကိုယ့်ထက်သာတဲ့သူတွေရဲ့ဘ၀ကိုကြည့်ပြီး အားကျမက်မောနေတတ်ကြတာနဲ့ပဲ ကိုယ့်မှာရှိနေတာတွေကို တန်ဖိုးထားရကောင်းမှန်းမသိကြဘူးလေ။

    ဒါကြောင့်လည်း လူတော်တော်များများက ကိုယ့်ကိုယ်ကို ပြန်သနားနေတတ်ကြတာ...စိတ်ဓါတ်တွေက handicappedဖြစ်နေကြတာကို။

    တကယ်တော့ ဒီကလေးလေးက physically handicapped ဖြစ်နေပေမယ့် mentally handicapped ဖြစ်မနေပါဘူးလို့ပဲတွေးမိသွားတယ်...။
    သူလေးက အသက်ငယ်ငယ်လေးဆိုပေမယ့် သူလေးရဲ့စိတ်ဓါတ်က လူကြီးတွေအတွက်လေးစား အားကျစရာတော်တော်ကောင်းပါတယ်။

    ReplyDelete
  11. ဒီကလေးကိုကြည့်ပြီး ကိုယ်ဘယ်လောက်အသုံးမကျလဲဆိုတာပိုပြီးသိလိုက်တယ်ဗျာ...ကျေးဇူးတင်ပါတယ်ဆရာ။

    ReplyDelete