Thursday, August 27, 2009

ပန်းတိုင်သော့ချက်


ပန်းတိုင်သော့ချက်


Catalina ကျွန်းဟာ ကယ်လီဖိုးနီးယား ပင်လယ်ကမ်းခြေကနေ ၂၁ မိုင်ကွာဝေးပါတယ်။ ဒီနေရာကို ဖြတ်သန်း ပြီးရေကူး သွားဖို့ဆိုတာ အရမ်းကိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်မှာ Florence Chadwick ဆိုတဲ့ မိန်းမတစ်ဦးဟာ Catalina ကျွန်းကနေ California ပင်လယ်ကမ်းခြေထိအောင် ဖြတ်သန်းပြခဲ့ပါတယ်။ သူမဟာ စစကူးခြင်းမှာတော့ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး။ ကြာလာတဲ့အခါမှာတော့ မောပန်းနွမ်းနယ်လာပြီး ရာသီဥတုကလည်း တဖြည်းဖြည်း အေးစက်လာခဲ့ပါတယ်။ သူမဟာဒါကိုခံနိုင်ရည်ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၅ နာရီကြာပြီးနောက် မှာတော့ သူမရဲ့တစ်ကိုယ်လုံး ထုံကျင် အေးစက်လာခဲ့ပါတယ်။ သူမဟာရေထဲကို နစ်မြုပ်လုနီးနီး ဖြစ်ခဲ့ပါတယ်။ သူမဟာ ရေထဲမှာ ကိုယ်ဖော့ရင်း ခတ္တမျှအနားယူပြီးနောက် လှမ်းကြည့်လိုက်တဲ့အခါ ပင်လယ်ကမ်းခြေကိုရောက်ဖို့ မိုင်ဝက်လောက် လိုသေးတယ် ဆိုတာ သိခဲ့ရပါတယ်။ သူမဟာ ကိုယ့်ကိုယ်ကို သတိပေးခဲ့တယ်။ ဒီကမ်းခြေကို မရောက်ရောက်အောင်ကူးနိုင် ရမယ် လို့ပေါ့။ အကယ်၍သာ မြူထူတွေနဲ့ မှိုင်းတွေဟာ သူမရဲ့အမြင်အာရုံကိုမနှောက်ယှက် ခဲ့ဘူးဆိုရင် သူမဟာ ကမ်းခြေကို ရေးရေးလေးနဲ့မှုန်ပြပြ လေးလှမ်းမြင်နိုင်ပါတယ်။ သူမဟာ ကိုယ့်ကိုယ်ကို သတိပေးခဲ့တယ်။ ဒါဟာသူမဘ၀ရဲ့နောက်ဆုံးအဆုံးသတ်သွားနိုင်တဲ့ တစ်ခုတည်းသော အချိန် ဖြစ်တယ်လို့ပေါ့။

သူမရဲ့စိတ်အာရုံတွေက ဟိုးယခင်က အလွန်ပြင်းထန်တဲ့ လေ့ကျင့်မှုတွေဆီပြန်ရောက်
သွားခဲ့တယ်။ ဟိုးလွန်ခဲ့တဲ့ ၂ လလောက်တုန်းကလဲဒီ ရေလက်ကြား လမ်းကြောင်းကိုသူမဖြတ်သန်းခဲ့ ဖူးပါတယ်။ အဲဒီတုန်းကလည်း ဒီလိုမျိုး အခြေအနေနဲ့ ကြုံခဲ့ရဘူးပါတယ်။ ပင်ပန်းနွမ်းနယ်မှုက သူမတစ်ကိုယ်လုံးကို ခြိမ်းခြောက်လာပြီး မြူတွေ ကလည်း ကမ်းခြေကိုမမြင်ရလောက်အောင်ကို ဖုံးလွှမ်းလာခဲ့ပါတယ်။ ဒီတစ်ခါတော့သူမဟာ ယုံကြည်မှုအပြည့်နဲ့ ကူးခတ်နေပြီး သူမရဲ့စိတ်အာရုံကို ကမ်းခြေဆီသို့သာ စူးစိုက်ထားခဲ့ပါတယ်။ သူမဟာ မြင်ကွင်းကိုဖုံးလွှမ်းနေတဲ့ မြူတွေရဲ့ အနောက်မှာ ကမ်းခြေရှိရမယ်လို့ ယုံကြည်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူမဟာ ကမ္ဘာပေါ်မှာ မည်သူမှ မလုပ်နိုင်တဲ့ အလုပ်တစ်ခုကိုအောင်မြင်ခဲ့ပါတယ်။ Catalina ရေလက်ကြားကို ကူးခတ်ပြနိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူမဟာ ပြိုင်ပွဲတိုင်းမှာလည်း ယောက်ျားတွေရဲ့ စံချိန်ကို အမြဲတမ်း ၂ နာရီစောပြီး ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် အောင်မြင်မှုရဲ့ သော့ချက်နဲ့နည်းလမ်းတွေက ဘာတွေပါလဲ။

သင်ဟာရည်မှန်းချက်တစ်ခုထားရှိတဲ့အခါ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမှာ အလွန်အမင်း မောပန်းနွမ်း နယ်လာပြီး စိန်ခေါ်မှုတွေအများကြီး ကြုံတွေ့ရတာတောင်မှ အဲဒီရည်မှန်းချက်ကိုပဲ စူးစူးစိုက်စိုက်ထားပါ။

သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို မျက်လုံးရှင်ရှင်ထားပြီးကြည့်ပါ။ သင့်ရဲ့ရည်မှန်းချက် အလင်းရောင်လေးသဲသဲ ကွဲကွဲမပေါ်လာခင်အထိ ဘယ်သောအခါမှ မည်သည့်အခါမှ လက်မလျှော့လိုက်ပါနဲ့။

ရောက်နေတဲ့နေရာကိုကြည့်ပါ။ ကိုယ့်အခြေအနေကို ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိပေးပါ။

နောက်ဆုံးမှာတော့
သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို သင် ထင်ထင်ရှားရှားကြီး မြင်လာပါလိမ့်မယ်။

စာရေးသူ....သက်တန့်ချို.....(၁၁း၄၅ ည ၂၆.၈.၀၉)
Ref:Visualise your goal (story)

5 comments:

  1. ကျော်ကျော်အောင်August 27, 2009 at 1:58 PM

    တစ်ကယ်ကောင်းတယ်ဗျာ
    ဇွဲမလျှော့တဲ့လူတစ်ယောက်ဟာ
    အမြဲအောင်မြင်မူ့နဲ့မဝေးပါဘူး။
    ကျေးဇူးဘဲဒေါက်တာ....

    ReplyDelete
  2. မှတ်သွားတယ် နော် ကျေးဇူး ဇွဲမလျှော့တော့ဘူး

    ReplyDelete
  3. မှန်ပါတယ်။ ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ဆိုတာ ရှိနေမှတော့ အရောက်သွားသင့်တာပေါ့။ လမ်းခုလတ်က အနှောက်အယှက်တွေကတော့ ကိုယ့်အတွက် အားဆေးတခွက်လို့ပဲ မှတ်ယူပြီး သွားကြတာပေါ့။

    ReplyDelete
  4. ပန်းတိုင်တစ်ခုထဲကိုပဲ အာရုံစိုက်ကြည့် စိတ်ကူးထဲပုံဖော်ပြီး ရှေ့ ဆက်လျှောက်နေရင် ကိုယ့်ကိုဘေးကလာ နှောင့်ယှက်မယ့် စကားသံတွေ စိတ်ပျက်အားလျော့စေမယ့် အခက်အခဲတွေဟာလဲ တဖြည်းဖြည်းေ၀၀ါးပြီး ပပျောက်သွားမှာပါပဲ...

    ReplyDelete
  5. တစ်ခုထဲကို အာရုံထားတာအကောင်းဆုံးပဲဗျ..။

    ReplyDelete