Friday, August 21, 2009

တွေးမိတာလေးတွေ…

တွေးမိတာလေးတွေ…



ဒီညတော့…ဘလော့ဂါတစ်ယောက်အနေနဲ့…တွေးမိတာလေးတွေကိုချရေးမိတယ်……ဟိုးအ
ရင်တုန်းက…အင်တာနက်တွေစပေါ်ကာစက….ဘလော့ဂါဆိုတာလက်ချိုးရေလို့ရအောင်ရှား
ပါးခဲ့ပါတယ်….အခုအချိန်မှာတော့…ဘလော့ဂါတွေမြန်မာနိင်ငံမှာများပြားလာတာဟာ…၀မ်း
သာဂုဏ်ယူစရာပါ….တစ်ချို့ကလည်းရည်ရွယ်ချက်တစ်ခုကိုဦးတည်ပြီးရေးကြတယ်……….
တစ်ချို့ကလည်းရည်ရွယ်ချက်မရှိကြဘူး…စိတ်ထဲရှိတာချရေးကြတယ်…(ကျွန်တော်အပါအ၀င်ပေါ့)ဒီလိုဘလော့ဂါတွေများပြားလာတာဟာ…အင်တာနက်သုံးစွဲသူများပြားလာတာနဲ့.ဘလော့တွေကိုအလွယ်တကူဖန်တီးနိုင်ခွင့်ရလာတာနဲ့လည်းဆိုင်ပါတယ်…Social Network တွေများ
လာသလို..ဘလော့တွေများလာတနဲ့အမျှ..အကောင်းနဲ့အဆိုးတွေလည်းရောထွေးနေပါတယ်..ကျွန်တော်ကိုယ်တိုင်လည်း၂၀၀၉ မတိုင်ခင်အထိ..ဘလော့ကိုဘယ်လိုစလုပ်ရမှန်းမသိပါဘူး.
Wordpress ကလုပ်ရတာလွယ်တယ်ဆိုပြီ်း…စလုပ်တယ်..နောက်..multiply ကိုပြောင်းတယ်.
ပြီးတော့..www.ning.com ကိုရောက်လာတယ်…နောက်ဆုံးblogspot ပေါ့…ဒါပေမယ့်သူများ
ပေးထားတဲ့ဘောင်လေးအတွင်းမှာ..လုပ်ရတဲ့အတွက်မကျေနပ်မိဘူး…ကိုယ်ပိုင်ဒိုမိန်းနိမ်းယူ
မယ်ဆိုပြီး…စာအုပ်တွေဖတ်…co.cc မှာသွားယူ…နောက်ဘာဆက်လုပ်ရမှန်းမသိတာနဲ့..ဟော
Co.cc ပါပျောက်သွားရော…အဲဒီလိုဟိုစပ်စပ်ဒီစပ်စပ်..ပြောချင်တာက..ကျွန်တော်တစ်ယောက်
တည်းတောင်..ဒီနာမည်နဲ့လေးငါးခုရှိနေပြီ..ဒါဆိုနာမည်တွေတူနေတဲ့ကိစ္စ…ဘလော့တွေများလာတာ
ရဲ့အကျိုးဆက်တစ်ခုပေါ့..ငှက်ကလေးဆိုတဲ့ဘလော့ကနှစ်ခုရှိနေတယ်တဲ့…ဒါကို(မ
နိုင်းစီဘောက်မှာ သိခဲ့တဲ့ငှက်ကလေးက..) ၀က်ဝံလေးဆိုပြီးပြောင်းလိုက်တယ်…မေလေးက
လည်းနှစ်ယောက်ဖြစ်နေတယ်..ဒီတော့ ( မနိုင်းစီဘောက်မှာသိတဲ့မေလေး)က..မေလေးလွင်
ဆိုပြီးပြောင်းလိုက်တယ်…သူတို့ကဂျူနီယာတွေမို့လို့တဲ့…အရင်ကတည်းကရှိခဲ့တဲ့သူတွေကိုဦး
စားပေးတာတဲ့…ဘယ်လောက်စည်းကိုတန်ဖိုးထားသလဲလို့…ဒါဟာဘယ်သူကမှစည်းကမ်းချ
မှတ်ထားတဲ့အရာမဟုတ်ပါဘူး…ဘလော့ဂါလို့ခံယူထားတဲ့သူအားလုံးမှာ..ရှိကြတဲ့ချစ်စရာအယူအဆလေးပါ…
နောက်တစ်ခုကစီဘုံးပါ….နာမည်တစ်ခုရှိရင်ရပြီ..ရေးချင်တာရေးလို့ရတယ်.
ဒီမှာပြသာနာတက်ရော…နာမည်အတုတွေရေး..(တစ်ချို့ကတော့တစ်ကယ့်ကိုနာမည်တွေတူ
နေတာပါ)..တစ်ချို့ဆိုဘလိုင်းကြီးစီဘုံးတွေမှာလိုက်ဆဲနေတာတွေ့ရတယ်…ကဲဒီလိုဆို.လူတစ်
ယောက်ရဲ့တန်ဖိုးဟာ..ကိုယ့်ကိုဘယ်သူမှမမြင်နိုင်တဲ့အခါမှာ..စောင့်ထိန်းစရာမလိုဘူးတဲ့လား….
ကိုယ့်ရဲ့လုပ်ရပ်ဟာတစ်ကယ်တော့..ကိုယ့်ရဲ့သိက္ခာ..တန်ဖိုးကိုရည်ညွှန်းတာပါပဲ..ဒါတွေဆဲ
နေမယ့်အစား…လာလည်သွားပါတယ်လို့…စီဘုံးမှာတစ်ကြောင်းတည်းရေးကြည့်ပါ…အဲဒီဘ
လော့ပိုင်ရှင်ရဲ့ရင်ထဲမှာဖြစ်ပေါ်သွားတဲ့ဝမ်းသာအားရကျေနပ်မှုတွေကိုဖောက်ထွင်းပြီးဝင်ကြည့်
ကြပါ…မနက်ရောက်တာနဲ့…ကိုယ့်ရဲ့လလော့လေးကိုလူဘယ်နှစ်ယောက်လာသွားသလဲဘယ်သူတွေ
မန့်သွားသလဲ…
စီဘုံးမှာဘယ်သူတွေလာရေးသွားသလဲဆိုတာ..ဘလော့ဂါတိုင်းအရင်ဆုံးကြည့်
့်ကြတဲ့ရူးသွပ်မှုတစ်ခုပါ…(ကျွန်တော်လဲပါပါတယ်..)နောက်ဆုံး comment မရေးရင်

တောင်…အော်စီဘုံးမှာဘာတွေရေးသွားပါလိမ့်..စီဘုံးမှာမထူးခြားဘူးဆိုရင်တောင်မှ.အွန်လိုင်းမှာ
ဒီနေ့ဘယ်နှစ်ယောက်ကြည့်သွားကြသလဲ…Hit counter မှာလူဘယ်နှစ်ယောက်တိုးလာသ
လဲ…ကြည့်ပြီးပျော်လို့ ဟားဟား.(တစ်ခါတစ်လေကိုယ့်ဘလော့ကိုကိုယ်ဖွင့်လိုက်ပိတ်လိုက်နဲ့
Hit တွေများနေတာကို..ကျွန်တော်ကိုယ့်ကိုယ်ကိုအထင်တွေကြီးလို့)..ညဘက်ဆိုရင်အရင်က
အိပ်ရေးအပျက်မခံနိုင်တဲ့ကိုယ်..အခု ၁၂ နာရီ ၁ချက်…အဲဒီလောက်ထိရူးသွပ်သွားခဲတာ……
နောက်တစ်ခုကအိမ်လည်တာပါ…ကိုယ်ကသူများအိမ်သွားလည်ရင်ကိုယ့်အိမ်ကိုလည်းပြန်
လာလည်ကြတယ်…အရမ်းကိုချစ်ဖို့ကောင်းတဲ့ဓလေ့လေးပါ…ကိုယ့်ရဲ့နာမည်လေးနဲ့ကိုယ်ရေး
တဲ့စာတွေကို..share လုပ်ကြရင်..အရမ်းကိုပျော်တာ..တစ်ချို့ကကိုယ်ရေးတဲ့စာကိုနောင်တစ်
ချိန်ပြန်တွေ့တဲ့အခါ..ကိုယ့်နာမည်ပါမလာဘူး…စိတ်မကောင်းဖြစ်ကြရပြန်ရော…share လုပ်တဲ့
သူတွေလဲ…သတိထားပြီး..နာမည်လေးပါထည့်ပေးကြပါလို့…အများစုဘလော့ဂါတွေက……..
Professional တွေမဟုတ်ပါဘူး…တစ်ပိုင်တစ်နိုင်နဲ့..ကိုယ်ပြောချင်တာ…ခံစားမိတာလေးတွေ
ကို…ကဗျာလေးစာလေးနဲ့ချရေးယုံသက်သက်ပါ…(ကျွန်တော်လဲပါပါတယ်)..ဒါကြောင့်ဝေဖန်
ကြပါ..အကြံပေးကြပါ…ဖေးမကူညီကြပါ…ဘလော့ဂါတစ်ယောက်ရဲ့နှလုံးသားကို.ပျက်စီးသွား
စေတဲ့အထိတော့…မတိုက်ခိုက်ကြပါနဲ့လို့…………………………………..

စာရေးသူ…သက်တန့်ချို..( ၁၀း၄၂ ည ၂၀.၈.၀၉)

7 comments:

  1. စာလေးကောင်းပါတယ်။ ထိခိုက်တာ ခံရပြီး ဘလော့ပိတ်သွားတဲ့ မိတ်ဆွေနှစ်ယောက်ရှိခဲ့လို့ ခံစားနားလည်ရပါတယ်။
    အဲဒီထဲက တစ်ယောက်က တော်တော်စာရေးကောင်းတော့ အခုထိနှမျောလို့ မဆုံးပါဘူး။

    ReplyDelete
  2. ဝက်ဝံလေးAugust 21, 2009 at 12:13 PM

    သက်ရေ သက်ရဲ့ အမငီးးးးး ငါ့ကို ထည့်ရေးပေးထားတယ်ဟဲ့ ဟိဟိ ကျေးဂျူးးးးးးး သက်ရေ နင်ပြောတာမှန်တယ်ဟ အခု မစနေလဲ ဟို ဂျာနယ်မှာ ထည့်မယ့် ပို့စ်အတွက် သုံးလို့မရဘူးတဲ့ သူ့ပို့စ်ကြီးကို သူများ ဂျာနယ်က သုံးပြီးသားကြီးမို့လို့တဲ့ ဟာ ဟူးးးးးးးးးးးးး ပြောချင်တော့ပါဘူး ဟယ်

    ReplyDelete
  3. စာရေးကောင်းပါတယ်။ မေလေးနာမည်ထည့်ရေးထားတာ အခုမှသိတယ်။
    တို့နာမည်အရင်းကိုက မေလေးပါ။
    မမနိုင်းနိုင်းဘလော့မှာ ယူတွေ့ခဲ့တဲ့ မေလေးဆိုတာ သူ့နာမည်အရင်းမဟုတ်ဘူးလို့လဲ တို့သိထားပါတယ် တစ်လုံးမှကိုမတူဘူးဆိုတာလဲ တို့သိတယ်
    တို့လာရန်တွေ့တာ မဟုတ်ဘူးနော်
    သူကမေလေးရှိမှန်းသိသလို ရှိမှန်းသိလို့ ဦးစားပေးပြီး မေလေးလွင်လို့ပေးခဲ့တာ မဟုတ်ဘူးဆိုတာ မင်းသွားဖတ်ကြည့်ရင် သိပါလိမ့်မယ် ။ ဘာကြောင့်ဒီလိုတွေ တို့ပြောနိုင်တာလဲ ဆိုတော့ သူ့သူငယ်ချင်းတွေလာပြောလို့ပါ။ သူ့နာမည်က လဲ့လဲ့ဝါ ပါ။ တို့ကနုာမည်တူ့ရုံလောက်နဲ့ အဲလောက်ဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ တို့လိုလိုနဲ့ ဘလော့တွေမှာလိုက်လည်တာတော့ မကောင်းဘူးပေါ့ကွာ။ တို့ပို့စ်မှာ ရေးထားပါတယ်။ ရပ်မလားစောင့်ကြည့်နေတာ မရပ်လို့ တို့တင်လိုက်တာပါ။
    ဘလော့ရေးတာ ဝါသနာအရရေးနေကြတာ ဘယ်သူကိုမှ ဘယ်သူကမှ မတိုက်ခိုက်ရင် အကောင်းဆုံးပါဘဲ။
    ပျော်ရွှင်ပါစေ။
    အရေးအသားကောင်းတယ်
    ဆက်အားပေးနေမယ်နော်

    ReplyDelete
  4. အင်းမထင်းထင်းရေ....ကျွန်တော်လဲပြောတတ်တော့ပါဘူး..ကျွန်တော်ကတော့
    မေလေးလွင်ရော..မထင်းထင်းရောကို ဘလော့ဂါမောင်နှမတွေလို့ဘဲသတ်မှတ်
    ထားပါတယ်.....ခင်လဲခင်တယ်အားလဲနာတယ် နှစ်ယောက်စလုံးကို..(.ဒီမနက်
    မှ..မနိင်းနိင်းရဲ့စကားကိုယူသုံးထားတာ)

    ReplyDelete
  5. ကျွန်တော်ကတော့ ခုမှ မြေစမ်းခရမ်းပျိုးတုန်းရှိသေးသမို့  အစ်ကို အစ်မတွေဆီကနေ ဓလေ့ထုံးစံ ယဉ်ကျေးမှုလေးတွေ ကို လေ့လာ စဲဖြစ်ပါတယ် ကိုသက်တန့် ချို ပြောသလို ကျွန် တော်လည်း ခံစားရ ပါတယ် ဘလော့ကိုဖွင့်လိုက် သူဟာသူ နေအကောင်းသား webpage ကို reload လုပ်လိုက် နဂိုကမှ အလုပ်များနေတဲ့  စီဘုံးကို refresh လုပ်လိုက်နဲ့  ဟဟ ... အပြုံးပုံမျက်နှာလေး တွေရင်တောင် လှိုက်ကနဲပျော်ရတာ ဘာနဲ့ မှ မလဲနိုင်ဘူး မောင်နှမတွေကို ကျေးဇူးလည်းတင်တယ် ခင်လည်းခင်မင်မိတယ် စာဖတ်ပရိတ်သတ်တွေဆိုလည်း ကျေးဇူးတင်စရာ အရမ်းကောင်းတယ် ...... မန့် တစ်ကြောင်းကို ဖတ်လိုက် ပီတိတွေကို အတင်း မျိုချလိုက်နဲ့ ထမင်း တောင် မစားနိုင်ဘူး အဟုတ် :D (တွေးမိတွေးရာတွေပါဗျာ ..... စပ်မိလို့ .... :D )

    အေးမြသာယာပါစေ
    ရန်ကုန်သား

    ReplyDelete
  6. ကိုသက်တန့်ချိုရေ ... နာမည်တူတဲ့ အကြောင်းလေးနဲ့ ပတ်သက်လို့ သံယောဇဉ်လည်းလေ "သံယောဇဉ်"ဆိုတဲ့ဒီနာမည်ကို ကြိုက်လွန်းလို့ ရွေးထားတာ။ နာမည်တူတွေရှိနှင့်လိမ့်မယ်ဆိုပြီးတော့ TYZ ဆိုတဲ့ သင်္ကေတလေးနဲ့ ရှင်သန်နေရတာလေ။ ကိုသက်တန့်ချိုပြောသလိုပေါ့ အရင်လူတွေကို ဦးနှောက်မခြောက်စေချင်သလို နာမည်တူနဲ့ ခရီးမဆက်ချင်တာလဲ ပါပါတယ်။ အမှားပါရင် ခွင့်လွှတ်ပါရှင်။ ခင်မင်စွာဖြင့် သံယောဇဉ် (TYZ)

    ReplyDelete