အမှန်တရားရဲ့မျက်နှာပြင်..
အေးစက်တဲ့လေနဲ့တွေ့ထိလိုက်တော့မှ……သူ့တစ်ကိုယ်လုံးလန်းဆန်းသွားသလိုထင်လိုက်ရ၏
..အရင်ရက်ပေါင်းများစွာကသူကအိပ်မောကျနေသည့်နှယ်….ယခုတော့ကမ္ဘာမြေကြီးပေါ်သူ
ဆင်းသက်ခွင့်ရပြီဖြစ်၏….ကမ္ဘာမြေပေါ်ရောက်ရောက်ခြင်းသူအငမ်းမရတောင့်တမိသည်ကသူ့
မိခင်၏နို့ရည်ပင်…သူ့မိဘတွေကဒီအိမ်ကြီးမှာအခိုင်းအစေတွေဖြစ်၏….သခင်နှစ်ပါးကတော့ဒီ
အိမ်ကြီးမှာသြဇာအာဏာအရှိဆုံးပင်…..တိုက်တိုက်ဆိုင်ဆိုင်သူမွေးသည့်နေ့မှ…သခင်မကြီးမှာ
လဲသားယောက်ျားလေးမွေးသတဲ့….သခင်ကြီးရဲ့မျက်နှာပြင်မှာဖြစ်ပေါ်နေတဲ့ဝမ်းသာမှုတွေက..
ဘာနဲ့မှဖုံးဖိလို့မရပါဘူး…..သခင်ကြီးကတော့သူနှင့်သားလေးတစ်ပြိုင်တည်းတစ်ချိန်တည်းမွေး
သည့်အတွက်…အလုပ်သမားအားလုံးကိုခွင့်ပေးပြီး…အစားအသောက်များကျွေးမွေး၏….ဒီလိုနဲ့
သခင်တို့တစ်အိမ်လုံးအပျော်ကြီးပျော်နေကြလေ၏….
ဒီလိုနဲ့သူသိတတ်စအရွယ်ကစပြီး မိဘများနှင့်ညနေပိုင်းတွင်သာတွေ့ရ၏..မိဘများသည်သခင်
များအတွက်မနက်နှင့်နေ့လည်ပိုင်းတွင်အလုပ်လုပ်ပေးရသည်…..ညနေစောင်းမှနားခွင့်ရ၏….
သူလမ်းလျှောက်နိင်သောအရွယ်သို့ရောက်သောအခါ မိဘများအလုပ်လုပ်သောနေရာသို့လိုက်
ခွင့်ရ၏…မျက်စိတဆုံးကျယ်ပြန့်သောလွင်ပြင်ကြီး….စိုက်ပျိုးခင်းတွေနှင့်မိုးကောင်းကင်ကြီးကို
ကြည့်ကာ..သူအပျော်ကြီးပျော်နေမိ၏….မိဘများသည်သခင်တို့အတွက်အားကြိုးမာန်တက်အ
လုပ်လုပ်ပေးကြသည်ကိုလည်းတွေ့မြင်ရ၏…သူရဲ့စိတထဲမှာတော့ သူလည်းအလုပ်လုပ်နိင်
သောအရွယ်ရောက်လျှင် သခင်တို့အတွက်အလုပ်လုပ်ပေးရမည်ဟု စွဲမှတတ်ယူထား၏……
ဒီလိုနဲ့တစ်နေ့မှာတော့သူ့ကိုနားဖားကြိုးထိုးမည်ဟုဆိုကာတစ်နေရာသို့ခေါ်ဆောင်သွား၏…..
နာကျင်တဲ့ဝေဒနာကိုကျိတ်မှိတ်ခံစားရင်း သခင်တို့ပြုသမျှသူနုခဲ့ရသည်…..အဲဒီနေ့နောက်ပိုင်း
မှာတော့သူမိဘများနှင့်အတူ သခင်တို့အတွက်တစ်နိင်တစ်ပိုင်အလုပ်ဝင်လုပ်ပေးရ၏….ဒီ
တော့မှဆင်းရဲပင်ပန်းခြင်းဆိုသည်ကိုသူစတင်ခံစားမိလာ၏……ဒါပေမယ့်မိဘတွေတောင်လုပ်
ပေးသေးတာဘဲသူလဲလုပ်ပေးရမည်ဟုခံယူကာ မငြီးမညူလုပ်ဆောင်ပေးခဲ့၏……….
လတွေနှစ်တွေကုန်ဆုံးပြီးတစ်နေ့သောညနေနေ၀င်ရီတရောအချိန်မှာပေါ့….သခင်တို့၏စကား
သံကိုသူအတိုင်းသားကြားနေရ၏….
” ရှင်မရယ်…ဒီနွားမကြီးကအိုနေပါပြီကွာ…ကိုသောင်းတို့
ပြောတဲ့ဈေးနဲ့ဘဲရောင်းလိုက်ရအောင်ကွာ….”
“ အိုတော်…သူတို့ကဈေးနှိမ်လွန်းအားကြီးပါတယ် ကိုယ့်ဘာသာ ဖျက်ပြီး..ရောင်းရင်တောင်ဒီ
ထက်မြက်တယ်”
“ တော်ပြီကွာမင်းနဲ့မပြောတော့ဘူး..ပြောလိုက်ရင်ဒီအတိုင်းကြီးဘဲ …”
အမှန်တော့ဒီစကားတွေကအတိအကျဘာကိုဆိုလိုမှန်းသူသိပ်မသိခဲ့….အဲဒီညမှာတော့မိခင်
မျက်ရည်ကျတာကိုတော့မြင်လိုက်မိ၏…..နောက်တစ်နေ့မှာတော့မိခင်ကိုမနက်စောစောလူ
နှစ်ယောက်ကလာရောက်ခေါ်ဆောင်သွားခဲ့သည်..အဲဒီတုန်းကမိခင်ကသူ့ကိုကြည့်ခဲ့သော
အကြည့်ကိုသူမေ့မရနိုင်ခဲ့…..ထိုအကြည့်ကလဲ ..သူနဲ့မိခင်နောက်ဆုံးခွဲခွာရမည့်အထိမ်းအမှတ်
မှန်းသူမသိခဲ့ပေ…
ဒီလိုနဲ့ဘဲနောက်ရက်တွေမှာမိခင်ကိုသူမတွေရတော့ပေ…သူယူကြုံးမရခံစားခဲ့ရသည်….ပျင်းရိ
ငြီးငွေ့ဖွယ်နေ့ရက်များအား..သခင်တို့အတွက်လုပ်ဆောင်ပေးရင်းနှင့်သူလုပ်ဆောင်ပေးရင်း
ကုန်ဆုံးစေခဲ့သည်…ဒီလိုနဲ့…ဒီလိုနဲ့ဘဲ………………..
သူ့အသက်အရွယ်လည်းတစ်ဖြည်းဖြည်းကြီးရင့်လာခဲ့သည်……သူနဲအတူကြီးပြင်းခဲ့သော…ဒီ
လောကကြီးထဲသို့တစ်ရက်တည်းရောက်ရှိခဲ့သော…သခင်၏သားလေးသည်ပင်..လူပျိုပေါက်
အရွယ်ရောက်ခဲ့၏…တစ်နေ့တော့သူ..အလုပ်ခွင်ထဲတွင်ခြေချောင်းဒါဏ်ရာရခဲ့၏….သူထိုနေ့
မှစတင်ပြီး သခင်တို့အတွက်..အလုပ်မလုပ်ပေးနိုင်တော့ပေ…သခင်တို့ရဲ့လစ်လျှူရှူခြင်းကိုနေ့
စဉ်ခံခဲ့ရသည်….အော်သူတို့အတွက်အလုပ်မှမလုပ်ပေးနိုင်တော့တာဘဲလေ…..
ဒီလိုနဲ့..သခင်လေးရဲ့မွေးနေ့ပွဲရောက်ချိန်နီးလာပေပြီ….သူကတော့အိုကြီးအိုမကြီးတစ်ကောင်
လို….ဘာမှမလုပ်ပေးနိုင်….
တစ်နေ့သောညနေခင်းလေးမှာပေါ့….သူ့မိခင်သေဆုံးသောခပ်ဆင်ဆင်ညနေခင်းလေးမှာပေါ့
…သခင်တို့ရဲ့စကားသံကိုသူကြားလိုက်မိ၏…
“ရှင်မရေ..သားလေးရဲ့မွေးနေ့ပွဲအတွက်ငွေနဲနဲလိုနေတယ်ကွ….ဟိုကောင်ကြီးကိုရောင်းလိုက်
ရအောင်ကွာ….”
“ဒီတစ်ခါတော့တော့သဘောပါဘဲတော်…သားအတွက်ကအရေးကြီးတယ်..ရှင်ကြိုက်သလို
စီစဉ်ပါ….”
သူ့သဘာဝအရ..သူ့အတွက်နေ၀င်ချိန်ရောက်ခဲ့ပြီမှန်းသူနားလည်လိုက်၏….ထိုတစ်ညလုံး
မိဘတွေကိုသူသတိရတမ်းတမိ၏….
နောက်တစ်နေ့မနက်စောစောမှာတော့..သူ့အမေတုန်းကလိုပင်…သူ့ကိုလူနှစ်ယောက်လာခေါ်
ဆောင်ပြီး.တောနက်တစ်နေရာသို့ခေါ်ဆောင်သွားခဲ့၏…သူတို့ပုံစံများကတော့ အသက်တစ်
ချောင်းအား ရက်စက်စွာ…သတ်ဖြတ်ကြမည့်နှယ်…တစ်ခါမှမကြောက်ရွံခဲ့ဘူးသောသူ့အတွက်
ပထမဆုံးသောကြောက်ရွံထိတ်လန့်မှုတွေနင့်……ရွံ့ ရှာမုန်းတီးမှုတွေကိုခံစားမိသည်……..
သားသတ်သမား၏လက်မှဓါးတစ်ချောင်းကသူ့ကို လှောင်ပြောင်နေသည့်နှယ်….တစ်ဖြေးဖြေး
တိုက်ခက်နေသော..လေပြေလေးတွေကသူ့အတွက်တော့..မုန်တိုင်းတစ်ခုစတင်ဖို့အစပျိုးနေ
သလိုပင်….သူ့မျက်ဝန်းမှာမျက်ရည်တို့ပြည့်လာခဲ့၏….
……………………..ရုတ်တရက်ကျေးငှက်တစ်ချို့….ထပျံသွားခဲ့သည်……………………………
လင်းကနဲလက်လာသောဓါးရောင်ကသူ့အပေါ်ဝဲပျံသွားချိန်မှာတော့………………………………..
……….သူတစ်ခုဘဲဆုတောင်းမိခဲ့၏…ရင်ထဲကနာကျည်းချက်တွေက.ရင်တစ်ခုလုံးဖုံးလွှမ်းသွား
ခဲ့သည်…………………..ဆို့နင့်နေတဲ့နှလုံးသားကရေရွတ်မိတာကတော့…သူတို့ကိုခိုင်းပြီး..သူတို့
အသားကိုရက်ရက်စက်စက်စားမျိုတတ်တဲ့……..လူသားတွေနဲ့…………………..
………ဘ၀ဆက်တိုင်းဆက်တိုင်း……..ကွေကွင်းရပါလို၏…………………………
စာရေးသူ…သက်တန့်ချို ( ၁၁း၀၀ ည ၁၈.၈.၀၉)
ရင်ထဲမှာတစ်မျိုးကြီးဘဲ
ReplyDeleteပြောမပြတက်အောင်ခံစား
ခဲ့ရပါတယ်..
တော်တော်ရေးတတ်တာပဲ သက်တန့်ကနော်။ ရင်ထဲရောက်တယ်။ ကောင်းတယ်ကွ ။ ဒါပဲပြောတတ်တယ်။
ReplyDeleteရေးလိုက်ရင် စိတ်မကောင်းစရာတွေ ချည်းပဲ သက်ရာ ကောင်းပါတယ် ရေးထားတာ ဒါပေမယ့် ရင်နင့်အောင် ခံစားရတော့ အဟင့် ရွှတ် နိုချင်တယ် အဲ ငိုတာ မိန်းကလေး အလုပ်မဟုတ်ဘူးတဲ့ ဟိဟိ ဒီတော့ ငိုတော့ဘူးဟယ် အဲဒါ နင်တို့အလုပ်တဲ့ ဟားဟားးးးးးးးး ဘာလဲ သိချင်ရင် ဆောင်းမြူအိုးဆီလာခဲ့ ဟဲဟဲ သိလိမ့်မယ် ဟိဟိ
ReplyDeleteဖတ်ရတာ စိတ်မကောင်းဘူး။ ဒါပေမယ့် ညီမလေးဝက်ဝံကလေး မန့်ထားတာကြည့်ပြီး ရယ်မိတယ်။
ReplyDeleteနောက်တစ်ခါ ဝမ်းနည်းစရာဆို ဝက်ဝံပိစိကလေးထက် အရင်မန့်မှ =)
သက်တန့်ရေ... တမျိုးကြီးပဲ.. ရင်ထဲမှာ...
ReplyDeleteသိတော့သိပြီးသားပါ... ဒါပေမယ့် သူတို့နေရာကနေမျိုးရေးထားတာ မဖတ်ဖူးလို့ပါ....
ငယ်ငယ်လေးတုန်းက ဖတ်ဖူးတယ် အဲ့တာက သတ်တဲ့အချိန်သူတို့ရဲ့ပုံစံကို ရေးထားတာလေ... အဲ့တည်းက အမဲသားမစားချင်ခဲ့တာ.. ဒါပေမယ့် အသားမစားရင် မေတို့ကဆုတယ်လေ... ဒါပေမယ့် ခုနောက်ပိုင်းမစားတော့ဘူး.. အမဲသားမှမဟုတ်ဘူး... ဘာသားမှသိပ်မစားဖြစ်တော့ဘူး... မဖြစ်မနေ သူများအိမ်ဧည့်သည်သွားလုပ်တာမျိုးဆိုရင်တော့စားတယ်...
i feeling so sad. :'(
ReplyDelete