မျှော်လင့်ခြင်းအသင်္ချေ
နွေမှ မိုး ၊ မိုးမှ ဆောင်းသို့ ရာသီအလီလီပြောင်းလဲခဲ့ချေပြီ။ ဆောင်းနှင်းတို့က လမ်းမထက်မှာတဖွဲဖွဲ …..
သူ့ရဲ့အတွေးတို့က အတိတ်ဆီသို့ ပြန်လည်မြင်ယောင်မိဧ။်…..
သူ့အမည်က မောင်မောင် …ငယ်စဉ်ကတည်းက ရိုးသား..စာကြိုးစားသောကလေးဖြစ်ခဲ့၏။ အတန်းတိုင်း..လည်းပထမဆုတိုင်းဟာသူ့အတွက်..သူလိုချင်တာကို ရအောင်ယူတတ်သူ ..ဇွဲကြီး..ရည်မှန်းချက်ကိုရောက်အောင်သွားတတ်၏် ။…
“မောင်မောင်ရေ မင်းပထမ ရတယ်ကွ” သူ့သူငယ်ချင်းက ၀မ်းသာအားရသူ့ကိုပြောသော်လည်း သူ့အတွကဘာမှမထူးသလိုပင်..အဖြေသိပြီးသားပုစ္ဆာတစ်ပုဒ်ကိုတွက်ရသည့်နှယ်…ဒီလိုနဲ့အတန်းတွေ တစ်တန်းပြီးတစ်တန်းကျော်လာပြီး ၁၀တန်းသို့ရောက်ရှိလာခဲ့၏။ ၁၀တန်းတွင်လည်း သူ့အတွက်က ဘာ
အခက်အခဲမရှိ အားလုံးပြည့်ပြည့်စုံစုံနှင့် ဖြေဆိုပြီးစီးခဲ့သည်။
“မောင်မောင်ရေ ငါတို့ ဒီနေ့စာမေးပွဲနောက်ဆုံးနေ့ကွ တစ်ခုခုပျော်ရအောင်ကွာ”
“ဟေ မင်းတို့က ဘာလုပ်ချင်လို့လဲ”ဲ
“အာ ဒီကောင် အတော်ဒုံးဝေးတာပဲ . ဒီမှာ…..”
ဆိုပြီး သူ့အနားသို့တိုးတိုးလေးကပ်ပြော၏ သူ့စိတ်ထဲလှုပ်ရှားသွား၏ ငယ်စဉ်ကတည်းက ရိုးသားအေးအေး
နေခဲ့သောသူ့အတွက်က အတွေ့အကြုံအသစ်တွေရှိသောနယ်ပယ်တစ်ခုသို့ သွားရောက်ရမည့်နှယ်….
“အေး သွားမယ်ကွာ..ဒါပေမယ့် အိမ်ကတော့ မသိစေနဲ့နော်..ဟေ့ကောင်”
“အေးပါကွာ မောင်မောင်ကလဲ စိတ်ချစမ်းပါ မင်းကလဲ ငါတို့နဲ့သာလိုက်ခဲ့စမ်းပါ မင်းပျော်စေရမယ်”
စာမေးပွဲနောက်ဆုံးနေ့မို့ သူငယ်ချင်းတွေနဲ့အပြင်လျှောက်လည်မည် ဟုအိမ်ကိုပြောခဲ့ပြီးသားဖြစ်၏…. ဒီလိုနဲ့သူတို့ခေါ်ဆောင်ရာသို့လိုက်သွားခဲ့မိ၏….. လမ်းတွင် သူငယ်ချင်းတွေက ဘာတွေဝယ်နေသည်ကိုမသိ
….. သူ့အိပ်ကပ်သို့ ထိုးထည့်ပေးလိုက်၏…
“ဟိုရောက်မှ ..ကြည့်ကွာ မင်းသတိတော့ထားကွာ. ဟိုဟာလည်းကြောက်ရသေးတယ်ကွ……”
သူ့သူငယ်ချင်းပြောသည်ကိုသူနားလည်လိုက်၏….ရင်ခုန်သံတို့က ပိုမိမြန်ဆန်လာခဲ့၏…..ဒီလို
နဲ့ဘယ်လမ်းတွေရောက်မှန်းမသိ….တစ်နေရာရောက်တော့ မထင်မရှားအိမ်လေးထဲ သူတို့ တစ်စုဝင်သွားကြ၏
……………….. သူလည်းကောင်းကင်ဘုံလို သာယာသည်ဟုထင်မိသောနေရာလေးသို့ရောက်လာခဲ့၏ …….သူငယ်ချင်းပေးလိုက်သော အိပ်ကပ်ထဲကအရာကို ထုတ်ကြည့်လိုက်တော့…… ကွန်ဒုံးလေးတစ်ခု……
…………………….
သူသည် စာပေတွေလေ့လာထားခဲ့ဘူး ဒီအကြောင်းအရာတွေကို မကြာခဏနားယဉ်ခဲ့သူပင်..
ဒါပေမယ့် တကယ်တမ်းတွေ့ကြုံလာရသောအခါ သူ့အတွေးတွေ တိမ်းစောင်းခဲ့သည်။ အတွေ့အကြုံလေးတစ်ခ
ုကပေးသော ………………………….မိုက်မဲမှုကို သူရုန်းမထွက်နိုင်ခဲ့။ သူငယ်ချင်းပေးလိုက်သော ကွန်ဒုံးလေးက ကြမ်းပြင်ပေါ်တွင်ဒီအတိုင်းပင်… ……….အိမ်သို့ပြန်ရောက်သည့်တိုင်သူ၏ ရင်ခုန်သံတို့က မပြေနိုင်သေး။
သူ့စိတ်ထဲမှာတော့ တစ်စုံတစ်ခု မှားယွင်းမိခဲ့သလို နောင်တရသလိုမျိုးခံစားနေရသလိုပင်………………………
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာကာ ၁၀တန်းအောင်စာရင်းထွက်လာသည့်နေ့ သို့ရောက်ရှိ လာခဲ့၏။ …အချိန်ကြာလာလျှင်မေ့တတ်သည့်လူတို့၏ သဘာဝအတိုင်း သူ၏နောင်တတို့က အချိန်ကြာလာသည့်နှင့်အမျှ
ပျောက်ပျယ်စ ပြုလာ၏။ ……………………….
“မောင်မောင်ရေ မင်းအောဒီ ပါတယ်ကွ မင်းအရမ်းတော်တယ်ကွာ”
သူ့သူငယ်ချင်းတွေ ချီးကျူးသံတို့က သူ၏ နားထဲသို့ သကာရည်လောင်းချသည့်နှယ် သူအရမ်းပျော်မိ၏။….
အဘယ်ကြောင့်ဆိုသော် သူ၏ မိဘများနှင့် အပေးအယူတစ်ခုရှိခဲ့၏ သူအောဒီမပါလျှင် မြန်မာနိုင်ငံတွင် သူ့တို့
တတ်ခိုင်းသော University တက်ရမည်။ အောဒီပါလျှင် နိုင်ငံခြားသို့ အင်ဂျင်နီယာပညာ………………………..
သွားသင်မည်ဟု သူကို့ ကတိရှိခဲ့၏။ ဒါကြောင့်အောဒီပါလာသောအခါ သူ့ဆန္ဒအတိုင်း နိုင်ငံခြားသို့ အင်ဂျင်နီယာပညာ သွားရောက်သင်ယူရမည်ဖြစ်၏။
နိုင်ငံခြားသို့သွားရန် သူစတင်ပြင်ဆင်လေတော့၏။ ပတ်စ်ပို့ ကအစ အားလုံးအဆင်ပြေခဲ့၏။ တစ်ခုပင်
သူ၏ဆေးစစ်ချက်အဖြေကို ၂ရက်နောက်ကျပြီးမှ သွားယူနိုင်ခဲ့၏ ….ဆေးအဖြေကို ဆရာဝန်က counselling ဟုခေါ်သော အခန်းလေးထဲတွင် ပြောပြခဲ့၏။ သူ့၏ဆေးအဖြေက……..
……………………………. HIV positive တဲ့………………………………………………… သူ့နားထဲမှာ မိုးကြိုးပစ်သံလိုမည်ဟီးသွားသည်။ ရုတ်ချည်းပင်အားအင်တို့ကုန်ခမ်းသွားသလို..
သူ့ဘ၀တစ်ခုလုံးပျက်စီးသွားပြီဟုသူထင်လိုက်မိ၏…..သူ့ရည်မှန်းချက်တို့တစ်ခုမှဖြစ်မလာနိင်တော့……အားလုံးပျက်စီးသွားပြီ…….
မကြာခင်မှာပင်သူ၏သွေးစစ်ချက်အဖြေကို…အိမ်ကသိရှိသွား၏….သူ့ကိုမယုံကြည်သလိုပင်အံ့သြသောမျက်ဝန်းများနင့်ရင်ဆိုင်ရ၏….သူယခုအချိန်မှာအမြန်ဆုံးတွေ့ချင်နေမိသည်က…တစ်
ချိန်ကသူနှင့်အတူအတွေ့အကြုံသစ်ကိုရှာခဲ့ဘူးသော…သူငယ်ချင်းတွေပင်….
“မောင်မောင်…မင်းကိုအတန်တန်မှာထားရက်နဲ့ကွာ……မင်းကွန်ဒုံးမသုံးခဲ့ဘူးလား….”
သူဖြည်းညှင်းစွာ ခေါင်းခါမိ၏…..
“မင်းကွာ…တောက်……ဖြစ်ရလေ…..ငါတို့ဆီမှာလာဖြစ်ပါလားကွာ…မင်းဆီမှာမှ…..ကွာ…..”
ယူကြုံးမရပြောသောသူ့သူငယ်ချင်း၏စကားသံတို့က….သူ့ရင်ထဲသို့မထိုးဖောက်နိင်…….ဒီလိုနဲ့
…သူ depression ၀င်ပြီး..အအိပ်ပျက်အစားပျက်နှင့်…..တစ်လအတွင်းမှာပင်သိသိသာသာပိန်
ချုံးသွားခဲ့သည်…..သူ့မိဘတွေက ဆေးရုံသို့ပြရန်တိုက်တွန်းသော်လည်း…သူကသွေးစစ်ချက်
အဖြေကိုသိပြီးသည်နှင့်….အရူးတစ်ယေက်နှယ်ပုန်းအောင်းနေခဲ့သည်….နောက်ဆုံးသူ့မိဘ
တွေက…သူ့သူငယ်ချင်းတွေဆီအကူအညီတောင်းရလေ၏………………………..
“မင်းတို့သူငယ်ချင်းကိုကူညီနိုင်ရင်..ကူညီကြပါအုန်းသူငယ်ချင်းတို့ရယ်….ဒီအတိုင်းဆိုကြာရင်လွယ်မှာမဟုတ်ဘူး…”
“စိတ်ချပါဒေါ်ဒေါ်…..ကျွန်တော့်အသိဆရာဝန်ကိုအကျိုးအကြောင်းပြောပြပြီး…..ခေါ်လာခဲ့ပါမယ်…..”
ဒီလိုနဲ့အသိဆရာဝန်ကိုသူငယ်ချင်းကသူ့ဆီခေါ်လာခဲ့၏…………………….
“မောင်မောင်ဆိုတာသားလားကွယ့်…..ဆရာ့ဆီလာပါအုန်း…..အိမ်သားတွေနှင့်ဝေးရာ..သူ့စာ
ကြည့်ခန်းလေးထဲမှာ..သူနှင့်ဆရာနှစ်ယေက်ထဲ…….
“ဒီမှာသား…ဆရာပြောတာသေချာနားထောင်….သားရဲ့သွေးစစ်ချက်အဖြေမှာ…HIV + တွေ့လို့
သားစိတ်ဓါတ်ကျနေတာဆရာလက်ခံတယ်…..ဒါပေမယ့်သား…မင်းရဲ့ဘ၀တစ်ခုလုံးပျက်စီး
သွားတဲ့အထိမဖြစ်သင့်ဘူးလို့ဆရာထင်တယ်…..ဒီမှာသား…လူဆိုတာတစ်သက်မှာတစ်ခါ…
တော့မှားတတ်ကြတယ်……မမှားခင်ကကြိုတင်ကာကွယ်ရမယ်…..မှားခဲ့ပြီးပြီဆိုရင်လည်း…
နောင်တရနေလို့အပိုဘဲကွယ့်……အကောင်းဆုံးနည်းကိုရှာဖွေပြီး….ရှေ့ဆက်ရမယ့်ဘ၀ကို……
ကောင်းကောင်းမွန်မွန်ရင်ဆိုင်သွားရမယ်…..HIV +တွေ့တိုင်းမင်းဟာ AIDS အဆင့်မကိုမ
ရောက်သေးပါဘူးကွာ….လူတိုင်းကဒါကိုရောထွေးနေကြတယ်….ပိုးတွေ့တိုင်းရောဂါဖြစ်ပြီလို့မဆိုနိင်ဘူးကွယ့်….
AIDS ဆိုတာကုရာနတ္ထိဆေးမရှိဘူးဆိုပေမယ့်…..ဒီနေ့ခေတ်ကြီးမှာ…ဒီရော
ဂါအတွက်…..ကုသတဲ့ဆေးတွေပေါ်နေပြီကွယ့်…..ဆေးတွေကလည်း…တစ်မျိုး နှစ်မျိုးပေါင်း…
သုံးမျိုးပေါင်း….အစုံရှိတယ်…….သားဘာမှအားငယ်စရာမလိုဘူး…..အစားအသောက်အနေအထိုင်နဲ့….
.ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် Immune System ကိုလဲတိုးတက်အောင်လုပ်ရမယ်…
တစ်ဖက်ကလည်း…ဆေးသောက်မယ်ဆိုရင်..အလွယ်တကူတခြားရောဂါပိုးတွေမ၀င်နိုင်တော့ဘူး….
ဒါဆိုမင်းဟာ..သာမန်လူလိုဘဲ….လူ့လောကမှာ..သက်တမ်းစေ့…နေထိုင်နိုင်သွားပြီပေါ့ကွယ်….”
ဆရာ့စကားသံတို့ကသူ့နှလုံးသားထဲသို့..စမ်းချောင်းပမာစီးဝင်လာခဲ့၏….
“ကျွန်တော်ဒီအကြောင်းတွေကို..အရင်ကမသိခဲ့ဘူးဆရာ…ဒီဆေးတွေမြန်မာနိုင်ငံမှာရှိမှန်း
လည်းမလေ့လာမိခဲ့ဘူး….ကျေးဇူးတင်ပါတယ်ဆရာ…ကျွန်တော့ကိုစိတ်ဓါတ်ခွန်အားတွေပေး
တဲ့အတွက်ပါ….ဆရာ…ဒီဆေးတွေကို….ဘယ်မှာဝယ်လို့ရလဲ ..ဘယ်ကထုတ်လဲ ရှေ့ဆက်
ဘာလုပ်ရမလဲဆိုတာလမ်းညွှန်ပေးပါအုန်းဆရာ….”
“မင်းဆရာစစ်ခိုင်းတဲ့သွေးစစ်ချက်တွေနဲ့လိုအပ်တဲ့..စစ်ဆေးမှုတွေကိုအရင်လုပ်ပါ..ပြီးရင်ဘာ
ဝယ်ရမယ်ဘယ်ကထုတ်တယ်…ဆိုတာဆရာညွှန်ပေးမယ်….”
ဆိုပြီးကျွန်တော့အနာဂါတ်အတွက်..လမ်းညွန်ပေးပါတယ်…ဒီလိုနဲ့…သူ့ဘ၀အတွက်..
မျှော်လင့်ခွင့်အသင်္ချေ..လေးရှိခဲ့ပါပြီ……….
မျက်နှာကိုနှင်းမှုန်တို့လာထိတွေ့တော့မှသူ့အတွေးတို့ရပ်တန့်သွားခဲ့၏…ဒီလိုနဲ့..ဆရာ့ရဲ့ညွှန်ပြတဲ့ဆေးဝါးတွေနဲ့…
သူ့အနာဂါတ်ကိုဖန်တီးခဲ့တာ… ၁၀ နှစ်ကျော်လာခဲ့ပြီဖြစ်၏..ယခုဆိုလျှင်ပရ
ဟိတလုပ်ငန်းတွေမှာသူတစ်တပ်တစ်အားပါဝင်ဆောင်ရွက်နိင်ခဲ့ပြီ…..သာမန်လူတစ်ယေက်ကဲ့
သို့ပင်…လူ့လောကမှာ…၀င်ဆန့်နိုင်ပြီဖြစ်၏…ဆရာ၏မျှော်လင့်ခွင့်အသင်္ချေကိုလည်း.သူ……
အမြတ်တနိုးကျေးဇူးတင်နေမိတော့၏………….
စာရေးသူ……………..သက်တန့်ချို..(၁၁း၀၀ မနက်..၁၇.၈.၀၉)

ဒီအိမ်က တော်တော်ဆွဲဆောင်မှုကောင်းတယ်..နေ.တိုင်းကိုရောက်နေတာပဲ...
ReplyDeleteကောင်းလိုက်တာ
ReplyDeleteကြိုက်တယ်ဒျီပိုစ့် လေးကို
imm,,very common ,,,,everybody should read this post.
ReplyDeleteလူငယ်တွေအတွက် ပညာပေးတဲ့ web size လေးလုပ်ထားပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
ReplyDeleteအမှားတစ်ခုဆိုတာ မှားပြီးသွားရင် အကောင်းဆုံးဖြေရှင်းဖို့ ကြိုးစားရတယ်နော်....။ နောင်တတွေနဲ့ ထိုင်နေရင် ရှေ့မရောက်တော့ဘူး..။ တစ်ကယ့်ကို အားလုံးဖက်သင့် တဲ့ post တစ်ခုပါ...။
ReplyDeletenice
ReplyDelete