သူငယ်ချင်းတွေဘယ်လိုကွဲကွာသွားကြသလဲ…
ဘလော့ဂါသူငယ်ချင်းတွေထဲမှာတစ်ယောက်နဲ့တစ်ယောက်အထင်လွဲနေသူတွေအတွက်
ရည်ရွယ်ပါတယ်.....
သူငယ်ချင်းနှစ်ယောက်လုံးကအခြားတစ်ယောက်ကအလုပ်များနေမှာဘဲလို့တွေးကြတယ်..
ပြီးတော့တစ်ယောက်နဲ့စခေါ်လိုက်ရင်သူ့ကိုအနှောက်အယှက်ဖြစ်စေမှာဘဲလို့တွေးမိကြပြီးမ
ဆက်သွယ်မိကြဘူး…
အချိန်တွေကြာလာတာနဲ့အမျှ
နှစ်ယောက်စလုံးကအခြားသူကစပြီးဆက်သွယ်လာမှာကိုဘဲစောင့်နေကြတယ်..
အဲဒါပြီးတော့ တစ်ယောက်ခြင်းဆီက ငါကဘာလို့အရင်ဆက်သွယ်ရမှာလဲလို့တွေးမိကြတယ်…
ဒီအချိန်မှာအစပိုင်းက သူငယ်ချင်းအချစ်တွေကအမုန်းတွေအဖြစ်ကိုပြောင်းလဲသွားကြတယ်…
သူတို့နှစ်ယောက်ဟာတစ်ဦးနဲ့တစ်ဦးမေ့သွားကြတယ်…..
ဒါကြောင့်ဒီလိုမဖြစ်စေဖို့…သူငယ်ချင်းအားလုံးကိုဒီဟာလေးကိုသိမ်းထားပြီးပို့ပေးကြပါ..
ငါဒီထဲကလိုမျိုးတစ်ယောက်မဖြစ်ချင်ပါဘူးသူငယ်ချင်းရယ်…..
ဒါကြောင့်ငါလူတိုင်းဆီကိုမေးလ်တွေပို့နေတယ်…
နှလုံးသားထဲကလှိုက်လှိုက်လှဲလှဲပြောရမှာကတော့…
ငါနေကောင်းပါတယ်ကွာ..ကျေးဇူးပြုပြီးငါနဲ့ဆက်သွယ်ပေးပါသူငယ်ချင်း……
စာရေးသူ..သက်တန့်ချို..( ၄း၅၅ ညနေ ၂၁.၈.၀၉)
သက်ရေ သက်ရဲ့ အီးးးဟီးးးးးးးးး သွားပြီလား သက်ရဲ့ အဟင့် ရွှတ် အဲ ငါ့နှပ်တွေ အဒူ ကောက်စားလိုက်တုံး ကဲ ကြော ဟဲဟဲ လာပေါသွားတယ် သိရား
ReplyDeleteသက်တန့် ......ငါ
ReplyDeleteရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့တင်ထားတဲ့ပိုစ်တစ်ခုပါပဲ
ReplyDeleteဘလော့မှာတင်မကဘူး အခြားလူမှုရေးဝက်ဆိုက်တော်တော်များတွေမှာတောင် အနေကြာလို့ သွေးအေးသွားကြရတာတွေရှိတယ်
ကျနော့ဆီမလာကြတာတောင် သူတို့မအားကြလို့နေမှာပါလို့ပဲ
ကျနော်ဖြည့်တွေးတယ် အချိန်ရတိုင်းအလည်သွားပြီး
ကွန်မန့်လေးတွေ ပို့ပေးတယ်
အဓိကကတော့onlineမှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ်
နားလည်မှုလေးတွေရှိဖို့ပဲလိုတာပေါ့ဗျာ နော် ။
အပုံနဲ့စာတွဲပြီးတင်ထားတာလေးကို
ReplyDeleteသဘောကျတယ်
ပျော်ရွှင်ပါစေဗျာ ။
ဒီပိုစ့်လေးကို အရင်ကဖတ်ဖူးတယ်ဆိုတာပြန်မှတ်မိပါပြီ...သဘောကျလို့ ပြန်ဖတ်တယ်.... :)
ReplyDeleteကိုသက်တန့် တင်ထားတဲ့ စာလေးက ညီမ နဲ့မှ ကွက်တိ ဖြစ်နေတယ် သိလား အရမ်းချစ်ရတဲ့ သူငယ်ချင်းနဲ့ ကျောင်းပြီး ကတည်းက အဆက်အသွယ် ပြတ်သွားတာ အခု 4 လလောက်ရှိနေပြီ အရမ်းအလုပ်ရှုပ်နေတာနဲ့ သူစ ဆက်သွယ်မလား ကိုယ် စဆက်သွယ်ရမလား မသိဘူးဖြစ်နေတာ သူ့အိမ်က လူတွေနဲ့ မပတ်သတ်ချင်လို့လေ ညီမ ဘာဆက်လုပ်ရင်ကောင်းမလဲ ညီမ ကိုအကြံ တခုလောက်ပေးပါလား ကျေးဇူးတင်နေမှာပါ
ReplyDeleteဟုတ်တယ်နော်..သူငယ်ချင်းတွေ ပဲ၊ အဲလို တွေ တွက်နေရင်းက ကွဲသွားကြတယ်နော်..။
ReplyDelete