Saturday, August 29, 2009

ရွှေတွေချည်းပဲ မယုံမရှိနဲ့

ရွှေတွေချည်းပဲ မယုံမရှိနဲ့

Gold Plated AK-47


ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ Kalashnikov AK 47 နဲ့ SVD (AI Kadisha) တို့ဖြစ်ပါတယ်။ ဆက်ဒမ်ဟုစိန်က သူ့သားကို ပေးခဲ့တာလို့ သိရပါတယ်။ ဘက်ကဒက်နန်းတော်မှာ တွေ့ရှိနိုင်ပါတယ်။


Gold Plated Vibrator




ဘာရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတယ်တော့ ဘယ်သူမှ မသိရပါဘူး။


Gold-plated Porsche



ဒီကားရဲ့ အဓိကအစိတ် အပိုင်းအားလုံးလိုလိုကို အထူးသဖြင့် steering , wheel, door knobs ,car body, alloy rims တွေ အားလုံးကို ရွှေအစစ်နဲ့ ပြုလုပ်ထားတာပါ။ ထိုင်ခုံ ၂ ခုသာလျှင် သားရည်နဲ့လုပ်ထား ပြီး အဲဒါကလည်းတန်ဖိုး ကြီးလွန်းလှ ပါတယ်။ ဒါဟာ ၂၂ ကာရက်လေးတဲ့ရွှေနဲ့ လုပ်ထားတာဖြစ်ပြီး Pforzheim မှာ မျက်မြင်တွေ့ရှိနိုင်ပါတယ်။ Porsche အမျိုးအစား ကား ၉စီးလုံးကို တစ်ပုံစံတည်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။ တစ်ပြိုင်တည်း တစ်ချိန်တည်း နဲ့ ပြုပြင် မှုတွေ အားလုံးကိုလည်း တစ်ချိန်တည်း ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီကားတွေကို ဈေးမဖွင့်ရသေးသော်လည်း Petra Koehler ရဲ့တင်ပြချက်မှာတော့ စပ်စုလိုတဲ့လူအများစုဟာ ဒီလိုတန်ဖိုးကြီးမားတဲ့ကားရဲ့ ပိုင်ရှင်ဟာ ဘယ်သူဖြစ်မလဲလို့ စိတ်ဝင်စားနေကြပါတယ်။

Nikon Gold


2000 ခုနှစ်ပတ်ဝန်းကျင်လောက်က ထုတ်လုပ်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဒီကင်မရာရဲ့ အစိတ်အပိုင်း ၂၀ ကို ရွှေ ၂၄ K နဲ့ပြုလုပ် ထားတာ ဖြစ်ပါတယ်။ သူ့ကိုကာထားတဲ့ အခွံကတော့ တစ်ကယ့်ကို အသုံးအ၀င် အဖိုးနည်းတဲ့ အနီရောင် skin တစ်ခုနဲ့ပါ။ အလွယ်တကူ ခြစ်ရာထင်နိုင်တဲ့ ဒီအရာကို အထူးထုတ်လုပ်ထားတဲ့Nikon gold cleaners နဲ့ ဖုံးအုပ်သန့်စင်ပေးပါတယ်။

LG gold plated 71PY10 71 inch plasma TV





Mercedes တွေပိုင်တဲ့ သူဌေးတွေက ရိုးရှင်းစွာဒီဇိုင်းထုတ်ထားတဲ့ ၂၄ ကာရက် ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ LG'S LH-C643 model ဖြစ်ပါတယ် ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ဇိမ်ခံပစ္စည်းဖြစ်တယ်လို့ LG က ပြောဆိုထားပါတယ်။ 24 Karat Gold with Diamonds MacBook Pro ဒီ blingified Golden Macbook ကို Alex Wiley က ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ လေးသလား ပေါ့သလားလို့တော့ မေးနေစရာမလိုပါဘူး ။ အမျိုးအစား ၂ ခုရရှိနိုင်ပါတယ် ။ 24kt Gold ( Diamonds 15 Macbook pro ) နဲ့ 24kt Gold Macbook pro တို့ပဲဖြစ်ပါတယ် ။

စာရေးသူ...သက်တန့်ချို.....( ၁၁း၃၀ နေ့လည် ၂၉.၈.၀၉)

10 comments:

  1. ရွှေဆိုတာ လူတိုင်းတပ်မက်တာပဲဗျို့ ကြည့်
    လို့ အင်မတန်ကောင်းပါတယ် လှလည်းလှပါ
    တယ် ဘာရည်ရွယ်ချက်နဲ့ ထုတ်ထားတာ
    မှန်းမသိတဲ့ အရာကလွဲလို့ ပေါ့ :P
    အေးမြသာယာပါစေ
    ရန်ကုန်သား :D

    ReplyDelete
  2. http://thettantcho.ning.com/
    ဟိုကနေဖတ်ရင်း ဒီကိုရောက်လာပါတယ်
    နောက်လည်းလာလယ်ပါမယ်
    အောက်ဆုံးက ရွှေရောင်လက်တော့လေးလိုချင်တယ်...:))

    ReplyDelete
  3. သက်တန့်ရေ...
    ထူးထူးဆန်းဆန်းလေးတွေပဲနော်..။
    မြင်ဘူးတယ်ရှိတာပေါ့လေ...။ဗဟု နဲ့ သူတလေးတွေ
    ခုလိုဝေမျှပေးတာ ကျေးဇူး...းp
    ခင်မင်စွာဖြင့်
    နှင်း

    ReplyDelete
  4. လှတယ်နော့။ :) ကိုယ်တို့တော့ မြင်ဖူးမှာ မဟုတ်ဘူး။ အခုတော့ ပုံလေးပဲကြည့်ပြီး ငေးသွားတယ်။ လိုချင်တာကတော့ ကားပဲ သက်တန့်ရေ.

    ReplyDelete
  5. ရွှေတွေနော် သူများဆီမှာများးဟွန်း နာလိုဘူး ။ ကြည့်သွားတယ် ဒီလောက်ပဲ။ လိုတော့ လိုချင်သား ။ ခုတော့လည်း အဝေးကနေပဲ.....

    ReplyDelete
  6. အဝေးဆုံး (ခိုင်းထူး) ပါ ကိုယ်နဲ့တော့လေ....

    ReplyDelete
  7. သက်တန့်ရေ.....
    ရွှေတွေ ဖွက်ထားဦး။
    ကိုရွှေ လိုချင်လို့  ဓားပြလာတိုက်မှ နင့်ဘလော့ကေ၇ွှတွေ အကုန်ပါဦးမယ်။။ ဟဟားးးးးးးး

    ReplyDelete
  8. ရွှေပစ္စည်းတွေကို တအံ့တသြ ငေးမောသွားတယ် မောင်လေး သက်တန့်ချိုရေ...

    ReplyDelete
  9. ကျော်ကျော်အောင်August 30, 2009 at 10:11 PM

    သက်သက်ရေအနော်ကို
    အဲ့ဒီကားကြီးဝယ်ပေးပါလား
    ဗျ..အနော်ကျေးဇူးကြီးအများ
    ကြီးတင်နေမှာပါနော်..

    ReplyDelete
  10. သက်ရေ သက်ရဲ့ အောက်ဆုံးက ရွှေ ပုံ လက်တော့လေး ဝယ်ပေးမလား ဟင် ဟဲဟဲ

    ReplyDelete