Friday, August 14, 2009

အချစ် သင့်ခြင်း..

အချစ် သင့်ခြင်း..

တစ်ခါကတောရွာတစ်ရွာမှာ…ကောင်လေးတစ်ယောက်ရှိတယ်..သူကဆင်းရဲလွန်းတဲ့အတွက် သူတို့ရွာကလူတွေက သူ့ကို မြို့တက်ပြီးအလုပ်လုပ်စေချင်ကြတယ်…သူလဲလူတွေကသူ့ကို
ပြောပေါင်းများတော့ မြို့တက်ပြီးအလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်….

မြို့ကိုရောက်တော့ မြို့ကြီးပြကြီးမှာသူလဲယောင်လည်လည်နဲ့ပေါ့..ငယ်ငယ်ကတည်းကမိဘ
တွေရဲ့ စွန့်ပစ်ခြင်းခံရတဲ့အတွက်…သူက စိတ်ဒါဏ်ရာတွေလဲအများကြီးနဲ့ပေါ……ပတ်ဝန်းကျင်
နဲ့လဲတစ်ဖြည်းဖြည်းကင်းကွာလာတယ်…..သူရောက်နေတဲ့မြိုမှာဘဲ အတည်တကျနေထိုင်ဖို့
ဆုံးဖြတ်လိုက်တယ်……

အိမ်ခန်းတစ်ခန်းကိုတစ်လ ၃ ကျပ်နဲ့သူငှားရမ်းလိုက်တယ်….အလုပ်ကတော့ကြုံရာကျပန်း
လုပ်မယ်ပေါ့……သူကသူများတွေနဲ့မတူဘဲရူးပေါပေါဖြစ်နေတဲ့အတွက် ဘယ်သူမှလဲသူ့ကိုမ
ခန့်ချင်ကြဘူး..အလုပ်လဲမပေးကြဘူး…ဒါပေမယ်..ကံတရာကသူ့ကိုဖေးမလိုက်တယ်တူပါ
ရဲ့…ကုန်တွေသယ်တဲ့အလုပ်တစ်ခုမှာအလုပ်ရသွားတယ်…..

သူအလုပ်လုပ်တဲ့ကုန်သည်ပိုင်ရှင်မှာ…အရမ်းကိုချောမောတဲ့ ကောင်မလေးတစ်ယောက်ရှိ
တယ်……ဒါပေမယ့်သူအလုပ်လုပ်တာတစ်လကျော်ကြာတဲ့အထိ…ကောင်မလေးကိုမတွေ့
ဖူးဘူး…ဒီလိုနဲ့ဘဲ……………………..

တစ်နေ့မှာတော့သူကုန်တွေထမ်းနေရင်းက ကောင်မလေးကိုအမှတ်မထင်မြင်သွားတယ်..
အဲဒီအချိန်လေးအတွင်းမှာဘဲ သူ့ရဲ့စိတ်ထဲမှာ..တစ်ခါမှမခံစားဘူးတဲ့ရင်ခုန်မှုတွေဖြစ်သွား
တယ်….သူ့ရဲ့ ပတ်ဝန်းကျင်ဟာ တစ်ခဏလေးတိတ်ဆိတ်သွားတယ်လို့သူထင်လိုက်မိ
တယ်….သူ့လိုဆင်းရဲသားတစ်ယေက်မှာရင်ခုန်တယ်ဆိုတာ…မမြင်ဘူးတဲ့အထူးဆန်းဆုံး
အရာတစ်ခုကို…ကြုံတွေ့လိုက်ရသလိုမျိုးပေါ့……သူကောင်မလေးကိုအရမ်းကိုချစ်မိသွားပါ
တယ်………………………………………
ဒါပေမယ့်ကောင်မလေးကသူ့ကိုသတိတောင်မထားမိပါဘူး…..သူကလဲနေ့စဉ်နေ့တိုင်းကောင်
မလေးကို အရိပ်ကလေးလို ကြည့်နေတာပေါ့….

တစ်ညမှာတော့သူစဉ်းစားမိလိုက်ပါတယ်…..ကောင်မလေးကိုလဲဖွင့်မပြောရဲ…မနီးစပ်မယ့်အတူတူ
….ကောင်မလေးဆီကအမှတ်တရ တစ်ခုကိုရအောင်ယူမယ်လို့ပေါ့…..သူဆုံးဖြတ်ချက်ကို အခိုင်အ
မာချလိုက်ပါတယ်………

နောက်တစ်နေ့မှာတော့…သူအလုပ်ကစောစောဆင်းပြီး ကောင်မလေးနေတဲ့နေရာကိုရောက်
အောင်သွားမိပါတယ်…ကောင်မလေးကိုတော့အရိပ်အယောင်တောင်မတွေ့ရပါဘူး…ဒါပေမယ့်
သူ့မျက်လုံးထဲမှာ….ကောင်မလေး ကောင်မလေးလှန်းထားတဲ့အ၀တ်အစားတွေကိုသွားမြင်မိပါ
တယ်……ဒါနဲ့သူက ကောင်မလေးရဲ့ အ၀တ်တစ်ထည်ကိုဘယ်သူမှမမြင်အောင်ယူလိုက်တယ်.

ဒါပေမယ့်ကံတရားကသူ့ကိုမျက်နာသာမပေးခဲ့ဘူး…သူယူတာကိုလူတစ်ယေက်ကတွေ့သွားခဲ့
တယ်….ဒါနဲ့ သူခိုး သူခိုး လို့ အော်တာပေါ့…..လူတွေကလဲ အရင်ထဲက ပေတိပေစုတ်နဲ့သူ့ကို
ကြည့်မရတာနဲ့ အခွင့်ရတုန်းဝိုင်းရိုက်ကြတာပေါ့…..ကောင်လေးရဲ့မျက်နာမှာသွေးအလူးလူးနဲ့
ပါ…..ကောင်လေးလဲ ကြောက်လန့်တကြားထွက်ပြေးပြီး….ရေမြောင်းထဲကို ၀ုန်းကနဲ့ ကျသွား
ပါတယ်…..တစ်ကိုယ်လုံးမှာရတဲ့ဒါဏ်ရာတွေ ..ကြောက်လန့်မှုတွေနဲ့ ရေမြောင်းထဲမှာဘဲသေ
ဆုံးသွားခဲ့ပါတယ်
ဒါပေမယ့် …ထူးဆန်းတာတစ်ခုက ကောင်မလေးရဲ့အ၀တ်လေးကို သူ့ရဲ့ရင်ခွင်ထဲမှာမြဲမြဲပိုက်
လို့ပေါ့……………………………………

ရုတ်ရုတ်သဲသဲအသံတွေကြောင့်ကောင်မလေးလဲ လူတွေစုနေတဲ့ ရေမြောင်းဆီကိုလာကြည့်
ပါတယ်…ဒီအခါမှာသူမမြင်လိုက်ရတာက ..သူမတစ်ခါမှမမြင်ဘူး သတိမထားမိဘူးတဲ့ကောင်
လေးတစ်ယေက်က…သူမရဲ့ အ၀တ်အစားလေးကိုရင်ခွင်မှာအမြတ်တနိုးပိုက်ထားတာကိုပေါ့..
………………………………………….
သူမသိလိုက် ခံစားမိလိုက်တာကတော့..ကောင်လေးဟာသူ့ရဲ့အ၀တ်အစားတွေကို ..ခိုးယူသွား
ခြင်းမဟုတ်ဘူးဆိုတာပါဘဲ…………စိုက်ကြည့်နေတဲ့ကောင်လေးရဲ့မျက်ဝန်းကိုသူမရင်မဆိုင်နိင်
တော့ဘဲ ..သူမရဲ့ မျက်ဝန်းမှာလဲမျက်ရည်တွေဆို့နင့်လာခဲံ့ပါတယ်….သူမဆီက ရင်ထဲကလာ
တဲ့အသံတစ်သံထွက်လာပါတယ်………….

“ သူခိုးခဲ့တာမဟုတ်ဘူး…သူသူခိုးမဟုတ်ဘူး……သူ ..သူဟာကျွန်မအ၀တ်အစားကို အမြတ်
တနိုးနဲ့ ..ဘဲ သိမ်းထား ချင်..ခဲ့..တာ…ပါ..”

ရေးသားသူ။…….သက်တန့်ချို ၂း၂၅ နေ့လည် (၁၄.၈.၀၉)

2 comments:

  1. သနားစရာကောင်းလိုက်တာနော်..

    ReplyDelete
  2. သနားစရာကောင်းလိုက်တာနော်...

    ReplyDelete