Monday, August 17, 2009


ဧရာဝတီရဲ့ကော်ဖီတစ်ခွက်…….

ဧရာဝတီတဲ့…သိပ်ကိုကဗျာဆန်တဲ့သူ…လူတွေကိုလဲကောင်းကျိုးပေးရဲ့…အသက်ဆက်ဖို့အ
တွက်ခွန်အားတွေ…..တွန်းကန်အားတွေပေးစွမ်းနိင်စွမ်းရှိတဲ့သူ…..ကျွန်တော်ဆို ဧရာဝတီ
ကို ငယ်ငယ်ကတည်းကခုံမင်ခဲ့တာ……..ဟောက်ဆာဂျင်ပြီးတော့ ပို့စတင် စောင့်နေတုန်း
အန်ဂျီအို တစ်ခုမှာဝင်လုပ်ဖြစ်ခဲ့ပါတယ်…….အဲဒီအန်ဂျီအိုက ဧရာဝတီတိုင်းဘက်ကိုဆေး
လိုက်ကုပေးတဲ့အဖွဲ့ပါ…တစ်ပတ်ကိုတစ်ခါထွက်ပါတယ်..တစ်ခါသွားရင် အပြီးအစီးသိန်း
နစ်ဆယ်လောက်ကုန်ပါတယ်……ဒီလိုနဲ့ကျွန်တော်လဲ volunteer လုပ်ရင်း ၄ ခေါက်မြောက်
မှာပေါ့………………………………………………………………

နေလည်ခင်းကအစွမ်းကုန်ပူလှပါတယ်…….ရွာကပေးတဲ့ ဆေးပေးခန်းဇရပ်လေးမှာ..သက်
ကြီးရွယ်အို အရွယ်စုံအားလုံးစုပြုံနေကြပါတယ်…..ကျွန်တော်တို့လဲ ပူကလဲပူ လူတွေကလဲ
အုံနေတော့ချွေးတွေတပြိုင်းပြိုင်းနဲ့ပေါ့…..ဗိုက်ကလဲ နေ့လည်ရောက်ပြီဖြစ်လို့..နဲနဲဆာစပြု
လာပါပြီ…

“ ဆရာလေးတို့ ထမင်းစားကြရအောင်လေ ကျွန်မဒီနှစ်ယောက်ပြီးရင် ဒီတစ်သုတ်ဖြတ်လိုက်
တော့မယ်နော် ….တော်ကြာနေမြင့်သွားရင်ညနေရေမမှီဘဲနေအုန်းမယ်…” လို့ ဆရာမက
ကျွန်တော်တို့ကိုလှမ်းပြောပါတယ်……ဟုတ်ကဲ့ဆရာမ လို့ ပြိုင်တူ ဖြေလိုက်ကြပါတယ်…အ
ကုန်လုံးကလဲဆာနေကြပြီကိုး…………….

အဲဒီအချိန်မှာဘဲ…ခပ်နွမ်းနွမ်း ပုံစံနဲ့ အသက် ၅၀ အရွယ် အဒေါ်ကြီးက ကျွန်တော်တို့ဆီကိုကပ်
ပြီးတော့…” ဆရာလေးတို့ရယ် …အိမ်ကလူအတွက်ဆေးလေး ယူသွားချင်လို့ပါ….သူကဒီကို
မလိုက်နိုင်လို့ပါ….ဖြစ်နိင်ရင်ကူညီပါဆရာလေးတို့ရယ် “ လို့ ကျွန်တော်တို့ကို တိုးတိုးလေးပြော
ပါတယ်….ကျွန်တော်အပါအ၀င်ကျန်တဲ့ဆရာဝန် ဆရာမတွေအားလုံး နဲနဲတော့စိတ်ပျက်သွား
မိပါတယ်…တစ်နေ့လုံးအဲဒီပြသာနာဘဲဖြေရှင်းနေရတာကိုး….

“ ဒီမှာ အဒေါ် …လူနာကဘာဖြစ်မှန်းမသိ ဘာရောဂါမှန်းမသိ ..ဘာဆေးတွေနဲ့မတည့်မှန်းမသိ
ဘဲ ကျွန်တော်ကဘာဆေးကိုပေးရမှာတုန်း……အဒေါ်တို့အဲဒီလို ကျပ်ကျပ်လုပ် ..လူနာတွေအ
ကုန်သေကုန်လိမ့်မယ်…အိမ်ကလူကဘာလို့ဒီကိုမလာနိုင်ရတာတုန်း ….”
“ဆရာလေးရယ် လာရတာကနဲနဲဝေးလို့ပါ….”
“ဘယ်လောက်ဝေးမှာမို့လဲ ကျွန်တော်တို့တောင်ရန်ကုန်ကနေလာကုသေးတာဘဲ….”
အဒေါ်ကြီးလဲပြန်ဖြေစရာစကားမရှိတော့သလို ဆို့နင့်သွားပါတယ်…..
ကျွန်တော်လဲပြောပြီးမှတော်တော်လေးကိုစိတ်မကောင်းဖြစ်သွားပါတယ်…..
“ကဲဆရာတို့ရေ…စားထားနင့်ဗျို့…ကျွန်တော်ဒီအဒေါ်နဲ့လိုက်သွားအုန်းမယ် “
“ဟာ…ဆရာက မစားတော့ဘူးလား..”
“ပြန်လာမှဘဲ စားတော့မယ်ဗျာ “ ပြောပြောဆိုဆိုဆေးအိတ်ကိုဆွဲပြီးထွက်လာခဲ့ပါတယ်….အ
ဒေါ်ကြီးလဲ ကျွန်တော့ကိုတစ်အံတသြကြည့်ပြီး…နောက်ကခပ်သုတ်သုတ်လိုက်လာပါတယ်
အဒေါ်ကြီးလာတဲ့လှေနဲ့ဘဲကျွန်တော်လိုက်သွားပါတယ်….နဲနဲဝေလို့ဆိုတဲ့အဒေါ်ကြီးရဲ့စကားကို
အခုမှသဘောပေါက်မိပါတယ် …တစ်နာရီကျော်တဲ့အထိမရောက်သေးပါဘူး……..အဒေါ်ကြီး
ကိုလဲ ပြောမိတဲ့စကားတွေအတွက်အားနာမိသွားပါတယ်….အဒေါ်ကြီးကလဲ ကျွန်တော့ကိုအား
နာတဲ့ပုံနဲ့စိုက်ကြည့်နေပါတယ်….

ဒီလိုနဲ့တစ်နာရီကျော် ပြီး ခွဲလောက်မှာတော့ မြစ်ကမ်းဘေးကအဒေါ်ကြီးရဲ့တဲအိမ်လေးကို
ရောက်ပါတယ်…” ဆရာလေး ကြွပါရှင် အားနာလိုက်တာဆရာလေးရယ် အဝေးကြီးလိုက်လာ
ရတာ…..” “ ရပါတယ်ခင်ဗျ…” ပြောပြောဆိုဆို ကျွန်တော်လဲအိမ်ထဲကိုဝင်သွားပါတယ်……..
အိမ်ထဲမှာတော့ မီးစာကုန်ခါနီးဖယောင်းတိုင်လို ပိန်လှီနေတဲ့အသက် ၅၀ ကျော်လူကြီးတစ်
ယောက်လှဲနေပါတယ်…..

“ မနှစ်က နာဂစ်မုန်တိုင်းတိုက်တုန်းကပေါ့ဆရာရယ်………သမီးနဲ့သားကကျွန်မတို့လင်မယား
အတွက်အသက်ပေးသွားခဲ့ပါတယ်…အဲဒီထဲကစပြီး…ကျွန်မယောက်ျားဟာ အိပ်ရာထဲလဲတော့
တာအခုအထိပါဘဲ….ဆရာလေးကောင်းသလိုသာ လုပ်ပေးပါဆရာလေးရယ်….ကျွန်မတို့မှာ ဆရာလေးတို့ပေးတဲ့အသက်ဘဲရှိပါတော့တယ်….”

ဆို့နင့်တဲ့အသံ နဲ့မျက်ရည်တွေဝဲနေတဲ့ အဒေါ်ကြီး တစ်ယေက်…သူ့ဘေးမှာမျက်ရည်တွေဝဲနေ
ပြီး စကားမပြောနိင်တဲ့လူကြီးတစ်ယေက်……ကျွန်တော်ခဏတော့တိတ်ဆိတ်သွားပါတယ်…..

လူကြီးကို စမ်းသပ်ကြည့်လိုက်တဲ့အခါမှာ..stroke ရနေတဲ့လူကြီးဖြစ်နေပါတယ်…pressure ကလဲ
170/110 ….လူကမလှုပ်နိင်တဲ့အတွက် bed sore တွေတောင်ရနေပါပြီ..ကျွန်တော်
လဲစမ်းသပ်ပြီး လိုအပ်တဲ့ anti hypertensive တွေ နဲ့ supportive treatment တွေပေးခဲ့ပါ
တယ်….
အားလုံးပြီးစီးသွားတော့ အရှေ့ခန်းလေးမှာဘဲ ကျွန်တော့ကိုဖျာညစ်ညစ်လေးတစ်ချပ်ခင်းပေး
ပါတယ်…..နာရီကိုကြည့်လိုက်တော့ ၂နာရီခွဲနေပါပြီ စုရပ်ကို ၄နာရီအရောက်ပြန်ရမှာပါ အဲ
ဒီထက်နောက်ကျသွားရင် ရေကျသွားတဲ့အတွက်ချောင်းရိုးကနေပြန်လို့မရတော့ပါဘူး…
“ အဒေါ်ကျွန်တော်အကောင်းဆုံးလုပ်ပေးခဲ့ပါတယ်….ပြန်ခွင့်ပြုပါအုန်း “
“ခဏလေးနေပါအုန်းဆရာလေးရယ် ကော်ဖီလေးတော့သောက်သွားပါအုန်း ကျွန်မကထမင်း
ကျွေးချင်တာပါ….ဒါပေမယ်…..ပိုက်ဆံအဆင်မပြေလို့ ဒီမနက် မချက်ဖြစ်လို့ပါ…”
ကျွန်တော်ဘာပြန်ပြောရမှန်းမသိအောင်ကိုကြေကွဲသွားမိပါတယ်…..
“ဆရာလေးတို့က ဒီလိုကော်ဖီတွေမသောက်ချင်မှန်းသိပါတယ်…..အခုတော့ဒါဘဲအဆင်ပြေ
လို့ပါဆရာလေးရယ်..”
ကျွန်တော့်မှာငြင်းနိုင်စွမ်းမရှိတော့ပါဘူး…….ကျွန်တော်ကော်ဖီကိုကုန်အောင်သောက်လိုက်ပါ
တယ်ဝမ်းသာတဲ့အပြုံးနဲ့စိုက်ကြည့်နေတဲ့အဒေါ်ကြီးရဲ့မျက်နာကဘာနဲ့မှနှိုင်းယှဉ်လို့မရတော့ပါ
ဘူး…….အဲဒီကော်ဖီကတော့သောက်ခဲ့သမျှထဲမှာ အနှစ်သာရအပြည့်ဝဆုံးပါဘဲ……

ပြန်တော့ အဒေါ်ကြီးကစုရပ်အထိလိုက်ပို့ပေးပါတယ်…..ပြန်တဲ့လမ်းတစ်လျှောက်မှာကျွန်တော်
စဉ်းစားလာမိတယ်……

ဧရာဝတီမှာဒီလိုဘ၀မျိုးတွေဘယ်နစ်ခုများရှိသလဲ..မြစ်ချောင်းတစ်လျှောက်ကရေတွေဟာဧရာ
ဝတီသားတွေရဲ့မျက်ရည်တွေများလား…….ဆိုးလိုက်တဲ့ဘ၀တွေ……..ဘာကြောင့်များဒီ
လောက်တောင်ကွာခြားရတာလဲ………….၀ဋ်ကျွေးတွေရှိလဲ ကျေပါစေ….ထပ်ပြီးတော့ ………
လူတွေကိုအလင်းတွေနဲ့ခွန်အားတွေဘဲပေးနိုင်ပါစေ…….ဧရာဝတီ…………..
……………………………………….. …………………………………………….
စာရေးသူ..သက်တန့်ချို..(၁၂း၀၄ နေ့လည် ၁၅.၈.၀၉)

5 comments:

  1. သက်တန့်ချိုရေ...အမြဲတမ်းမွန်မြတ်တဲ့ ဆရာဝန်ဖြစ်ပါစေနော်...

    ReplyDelete
  2. ဆင်းရဲ ချမ်းသာ ဆိုတာကတော့ နိုင်ငံတိုင်းမှာ ရှိနေကြပါတယ် ။
    ဒါပေမဲ့ ဒီလောက်ကြီး ဆိုးဆိုးရွားရွား ကွာဟ မှု တော့ မရှိကြဘူးပေါ့ လေ ။
    ဒီကွာဟချက်တွေ က ဘယ်အပေါ်တည်နေသလည်းးး
    ရှင်းရှင်းလေးပါ ... စနစ် နဲ့ အုပ်ချုပ်သူ ပေါ်မှာ တည်နေတယ် ဆိုတာ လူတိုင်း သိကြပါလိမ့်မယ် ။

    နာဂစ် ရဲ့  နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို စိန်စီသောည က လူတန်းစားတွေ လျှစ်လျှုရှုထားကြသ၍ ဧရာဝတီလည်း ငိုရုံမှ လွဲ လို့  ဘာ တတ် နိုင် အုံး မှာ လည်း နော် ...

    ReplyDelete
  3. I love ayarwaddy too,,he is really doing so many for our people but still ,,,for those kind of life are suffering ,,,i hope he still can help to them,,together we must involve to save as much as we can,,thanks u.

    ReplyDelete
  4. ဒီပို့ စ်လေးက ခုဧရာဝတီတိုက်ပွဲစမှရေးထားတယ်ထင်တာ...နည်းနည်းတောင်ကြာပြီပဲ..... လေးစားပါတယ်ရှင်....

    ReplyDelete
  5. မျက်ရည်တောင် လည်တယ်။

    ReplyDelete