Monday, August 24, 2009

ညဥ့ှ်ငှက်တစ်ကောင်ရဲ့တမ်းချင်း....



ညဥ့ှ်ငှက်တစ်ကောင်ရဲ့တမ်းချင်း....










ည...လေပြည်လေညှင်းလေးကတသွဲ့သွဲ့တိုက်ခတ်လာသည်။ သူမ ကျောက်ဆောင်ကဲ့သို့မာကျောအောင်ကျင့်
ကြံခဲ့သော်လည်း...တစ်ခါတစ်ရံတိုက်ခက်လာသည့်ရေလှိုင်းလုံးတွေကြောင့်....ပြိုလဲသွားရမည်ကိုကြောက်နေ
ရသည်ပင်...သူမနာမည်က...ညိုညို...အသာကတော့နာမည်လိုမညိုပါ....ခပ်လတ်လတ်..ကိုယ်ခန္တာကျော့ရှင်းပြီး
....ချောမောလှပသောမိန်းကလေးတစ်ဦးဟုဆိုရပေမည်..။ဒီလိုလရောင်လေးနှင့်..သာယာလှိုက်မောဖွယ်ကောင်း
သောညလေးက...သူမဆိုသောလူတစ်ယောက်အတွက်တော့...ဘယ်သောအခါမှကဗျာဆန်နိုင်မည်မဟုတ်ပေ...။
" ညိုရေ...အိပ်တော့လေကွယ်...နောက်နေ့တွေလည်းအလုပ်တွေရှိသေးတယ်မဟုတ်လား..နောက်ပြီး.မနက်ကျ
ရင်သူဋ္ဌေးနဲ့သွားတွေ့ရအုန်းမယ်လေ..."
"အင်းပါသီတာရယ်...ငါနဲနဲမျက်စိကြောင်နေလို့ပါဟာ....ငါတို့လဲဒီဘ၀ကဘယ်တော့မှလွတ်နိုင်မလဲမသိဘူး....
ဝဋ်ကြွေးတွေရှိလဲကျေချင်လှပြီဟာ..."
သူမသူငယ်ချင်းက ခေါင်းကိုဖြည်းညှင်းစွာယမ်းခါပြီး..အိပ်ခန်းဆီသို့ပြန်သွား၏ ။ သူမလက်ကနာရီကိုကြည့်မိ
တော့မနက် ၃ နာရီထိုးလုပြီ..။အော်..မကြာခင်မိုးလင်းတော့မှာပါလား...။တကယ်တော့..သူမဘ၀က..ပြန်တွေးချင်
လောက်အောင်..ဆိုးဝါးခဲ့တာ..ခါးသီးခဲ့တာ..နာကျည်းခဲ့တာတွေက..သူမနေ့စဉ်သီဆိုနေသောသီချင်း..သောက်နေ
သောကော်ဖီတစ်ခွက်ထက်ပင်...ရိုးအီနေခဲ့ပြီ...။

ငယ်စဉ်ကတည်းက..မိခင်ကနာတာရှည်ရောဂါသည်...။အဖေဆုံးပြီးကတည်းက တစ်ပင်လဲတစ်ပင်ထူခဲ့သောအမေ။
ဒါပေမယ့်သူထူခဲ့သောအပင်က...အဆိပ်ပင်ဖြစ်ခဲ့သည်ကို အမေကြုံတွေ့ခဲ့ရပြီးနောက် အိပ်ရာထဲဘုံးဘုံးလဲခဲ့သည်။
သူမ....ငယ်စဉ်ကတည်းက..ဆင်းရဲသည်ကိုဘယ်တော့မှမညီးညူတတ်..။ဘ၀ကံအကျိုးပေးဟုခံယူထားသူ......။
အပျိုပေါက်အရွယ်ရောက်တော့လည်း...သူများတွေဝတ်တာစားတာကြည့်ပြီး...မုဒိတာပွားသူ...။လိုချင်လှသည်ဟု
ဘယ်တော့မှမပူဆာဘူးသူ..။ပူဆာခွင့်မရသူဟုဆိုလျှင်ပိုမှန်၏ ။ သူမ၅ နှစ်သမီးအရွယ်မှာပင်ပထွေးနှင့်နေထိုင်ခဲ့
ရ၏...။ ပထွေးထဲမှာကောင်းတဲ့မထွေးလဲရှိမှာဘဲဟု....သူမဆုတောင်းမှုကမပြည့်ဝခဲ့ပေ..။ပထွေးကကြာလာတော့ဇာတိပြလာ၏..။
ညညဆိုအရက်လေးတမြမြနှင့်........။
သူမ ၁၆ နှစ်အရွယ်အပျိုဖြန်းကလေးဖြစ်လာတော့....ပထွေး၏အကြည့်ဒါဏ်...တဏှာမျက်လုံးတွေကလွတ်အောင်
ဖုံးဖုံးဖိဖိသိုသိုသိပ်သိပ်နေခဲ့ရ၏...။ဒါပေမယ့်သူမဘယ်အချိန်ထိပုန်းရှောင်နိုင်မှာတဲ့လဲလေ....။

တစ်နေ့.....အဲဒီတစ်နေ့က...သူမအနာကျည်းဆုံးနေ့...ဘယ်လိုမှဖျက်မရသောအမည်းစက်က...သူမဘ၀ကိုကျိန်
စာတစ်ခုလိုသင့်ခဲ့စေသောနေ့....။အဲဒီနေ့ကထုံးစံအတိုင်း..ပထွေးကအရက်မူးလာပြီးပြန်လာ၏....။
"ဟေ့ညိုညိုရေ....ညိုညို....ရှိလား...ကောင်မ...အားနေအလှပြင်နေတယ်..လာစမ်းငါ့ဖို့ထမင်းပြင်စမ်း......"
ပထွေးအသံကိုကြားလိုက်ကတည်းကသူမ...ကြောက်လန့်သွားခဲ့သည်ကအမှန်ပင်...။ အမေကလည်းမရှိ...သူ့ညီမ
အလှူပွဲသို့ညသွားအိပ်သည်လေ...။သမီးကိုစိတ်မချသော်လည်း...ခရီးဝေးသည်ကတစ်ကြောင်း...နှစ်ယောက်သွား
လျှင်လမ်းစရိတ်ထောင်းသည်ကတစ်ကြောင်း..ဘာမှမဖြစ်လောက်ပါဘူး..တစ်ညထဲဘဲလေ..ဟုထင်မိသည်ကတစ်
ကြောင်းကြောင့်...သူမကိုထားသွားရစ်ခဲ့၏....။ပထွေးပြန်လာသည့်အချိန်ကည ၆နာရီ...။သူမရေချိုးပြီးသနပ်ခါး
လိမ်းစအချိန်ပင်...။ထိုအခိုက်အသံတိတ်သွားသည်ကြောင့်...သူမစိတ်ထဲမသင်္ကာဖြစ်သွားခဲ့၏...။အင်္ကျီလဲပြီးထမင်း
မြန်မြန်သွားခူးပေးမည်ဟု....စိတ်ကူးတို့က...အကောင်အထည်ပေါ်မလာခဲ့တော့ပေ...။လှည့်ကြည့်မိတော့မထွေးက
သူမနောက်ရောက်နေခဲ့၏...။ရမက်ခိုးဝေနေသောမျက်ဝန်းတွေက...မကြာခင်မုန်တိုင်းတစ်ခုကိုဖန်တီးတော့မည့်အသွင်..။
တပ်မက်မှုပြင်းထန်သောပထွေး၏...တဏှာရှိုက်သံပြင်းပြင်းက...သူမဘ၀အတွက်...မည်သည့်အခါမှပြန်ဖျက်၍ မရ
သောအမည်းစက်ကို...ရက်ရက်စက်စက်ဆေးခြယ်သွားခဲ့၏....။ ချွေးသံတရဲရဲနှင့်...ပထွေး၏ကိုယ်ပေါ်မှကျဆင်း
လာသောချွေးစက်တို့က ...သူမကိုယ်ပေါ်သို့အက်စစ်များတစ်ပေါက်ပေါက်ကျနေသည့်နှယ်....။ဒီလိုနှင့်......သူမ
ဘ၀လေးပထမဦးဆုံးအညွန့်ကျိုးခဲ့ရ၏...။

နာကျည်းစိတ်တို့ကရင်နှင့်မမျှ....။ သူမအမြတ်တနိုးတန်ဖိုးထားသော..အပျိုစင်ဘ၀ကို...ပထွေးလက်ထဲသို့ရေနဲငါး
ပမာ ကျရောက်ခဲ့ရသည်မှာမည်သို့မှ ဖြည်မဆည်နိုင်...။ သူမ (မိုက်ရူးရဲဆန်သည်ဟုအများကထင်ကြသော ) ဆုံး
ဖြတ်ချက်တစ်ခု (မိမိကိုယ်ကိုမှန်သည်ဟုထင်သော ) ကိုချမှတ်ခဲ့သည်...။ မိခင်ကနောက်တစ်ရက်တွင်လည်း ကိစ္စ
များမပြီးပြတ်သေး၍ အိမ်သို့ပြန်မရောက်လာခဲ့ပေ...။ နောက်တစ်နေ့ည ၆နာရီ....
ပထွေးကအောင်သေအောင်သားစားရသည့်နှယ်....။ တစ်ခါရပြီးနောက်တစ်ခါလည်းရမှာဘဲဟု..ထင်မိသောပထွေး၏
ယူဆချက်က..ထိုညလေးမှာပင်အဆုံးသတ်သွား၏...။သူမ...ခါးကြားမှာကြက်သွန်လှီးဓါးကအဆင်သင့်...။ဆုံးဖြတ်
ချက်ချပြီးသောမျက်နှာကတည်ငြိမ်လွန်းလှ၏...။ပထွေးကအရက်မူးမူးနှင့်တစ်ဖက်သို့ထမင်းလှည့်စားနေ၏...။
သူမ...ပထွေး၏နောက်မှနေ၍ အားကုန်ဓါးကိုထိုးစိုက်ချလိုက်၏...။နာကျည်းချက်တိုင်းက ပထွေးကိုယ်ထဲသို့..ဓါး
ဒါဏ်ရာအချက်ပေါင်းများစွာဝင်ရောက်သွားစေ၏...။ သွေးအိုင်ထဲလဲနေသောပထွေးကိုကြည့်ရင်းသူမ...အားရပါးရ
အော်ဟစ်ရယ်မောလိုက်၏...။ထိုအခိုက်မိခင်ကအိမ်သို့ပြန်လာ၏....ရုတ်တရက်မြင်ကွင်းကိုမြင်လိုက်ရသော
အမေက..သတိလစ်ကာလဲကျသွား၏...။ထိုအချိန်မှစ၍ မိခင်သည်အိပ်ရာထဲတွင်လဲကာ...စိတ်ရောကိုယ်ပါပိန်ချုံး
ချိနဲ့ပြီး..ရောဂါသည်ဖြစ်ခဲ့၏...။သူမလည်းဥပဒေ၏ ဆေးကြောမှုကိုခံယူခဲ့၏...။ထောင်ဒါဏ် ၁၀ နှစ်က သူမ၏
ရိုးသားစွာနေထိုင်မှုနှင့်....အလုပ်ကြိုးစားမှုတို့ကြောင့်...လျှော့ရက်ရကာ...စောစောပြန်လွတ်ခဲ့၏.....................။

သူမထောင်မှပြန်လွတ်သည့်နေ့....အမေက..နောက်ဆုံးနေ၀င်ချိန်သို့ရောက်လုပြီ....။လက်ထဲတွင်ပိုက်ဆံကတစ်
ပြားမှမရှိခဲ့....။အမေ့ဆေးဖိုးအတွက်...လွယ်လွယ်နှင့်အမြန်ငွေရစေသောနည်းလမ်းကိုသူမစဉ်းစားလိုက်၏.....။
စားသောက်ဆိုင်တစ်ခုတွင်ညဥ့်ငှက်အဆိုတော်မလေးအဖြစ်ဦးစွာဝင်လုပ်ခဲ့၏....။စားသောက်ဆိုင်ပြီးချိန်မှာတော့
ယောက်ျားတစ်ယောက်၏အဖြည့်ခံအဖြစ်....ခါးသက်လှသောညပေါင်းများစွာကိုဖြတ်ကျော်ခဲ့၏...။ မနက်စောစော
တွင် ပင်ပန်းနွမ်းရိစွာပြန်လာသောသူမကို..လူတကာက...စက်စုပ်ရွံရှာသောအကြည့်များကို....သူမ၏အေးစက်
စက်မျက်ဝန်းများဖြင့်သာရင်ဆိုင်ခဲ့၏....။ဒီလိုနှင့်သူမထောင်မှလွတ်ပြီး ၃ လအကြာတွင်...အမေဆုံးသွားခဲ့...၏...။
ရုတ်တရက်သူမအတွက်...လောကဟင်းလင်းပြင်တစ်ခုလုံးက...အဓိပ္ပါယ်မဲ့သွားသိလိုခံစားရ၏...................။

ရုတ်တရက်အုန်းမောင်းခေါက်သံကြားမှ...မနက် ၄ နာရီထိုးမှန်းသတိရလိုက်၏...။သူမအိပ်ရာသို့ဖြည်းညှင်းစွာ
လှမ်းဝင်လာခဲ့၏...။
"ညိုရေ....မင်းထောမယ့်ဂွင်တစ်ဂွင်တော့တွေ့ထားတယ်ကွ...နာမည်ကကျော်ကျော်တဲ့..သူဌေးသား..ရေကတော့
ဘာလျှံသလဲမမေးနဲ့....နင်စိတ်ဝင်စာလား...."
"လုပ်ပေါ့...ကိုထွန်းရယ်...ဒါကညို့အလုပ်ပဲကို မေးနေစရာမှမလိုတာ..."
"အိုကေ..ဒီညမင်းတို့ ၂ ရောက်ညစာစားဖို့ကိုယ်စီစဉ်လိုက်မယ်...."

ကျော်ကျော်တဲ့....သူ့မျက်နာကိုစတွေ့ကတည်းက....သူမတစ်ခါမှမခံစားဘူးသော ...နူးညံ့သောရင်ခုန်သံတို့က
နှလုံးသားနက်နက်ထဲ...လှုပ်ရှားတုန်လှုပ်သွား၏....။သူ့ရုပ်သွင်က..ပကတိ...လောကကြီးအကြောင်းကို..ဘာမှ
မသိသေးသောကလေးငယ်တစ်ယောက်လို...အပစ်ကင်းစင်လှ၏....။
"နာမည်က ညိုတဲ့လား...တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ...ကိုထွန်းကသူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်ဆိုလို့
လာခဲ့တာပါ..."
"ဟုတ်ပါတယ်ရှင့်ကျွန်မတို့သိကျွမ်းခွင့်ရတာဝမ်းသာပါတယ်..ကိုကျော်ကျော်..."
"ရပါတယ်ဗျာ...ကျွန်တော့်ကို....ကိုကျော်လို့ပဲခေါ်ပါ..."
သူမ.....သူနှင့်စကားပြောသည့်အခိုက်...ထိမ်းမရအောင်ပင်အသံတွေက တုန်ခါနေခံ၏....။ဒီလိုနှင့်....သူမတို့
ရင်ထဲမှနှလုံးသားအစစ်အမှန်နှင့်...ရစ်ပတ်နှောင်ဖွဲ့ခဲ့ကြ၏...။သူမနှင့်သူ..အပြင်မှာတွဲသွားသည့်အခါတိုင်း
ပတ်ဝန်းကျင်ကအမျိုးမျိုးအကြည့်များဖြင့်စုပ်သပ်ကြသည်...။ကိုကျော်ကတော့ တကယ်ပင်...အရာအားလုံးကို
ဘာမှမသိရှာခဲ့ပေ....။

လမင်းကြီးကလောကကြီးအားပြုံးပြနေသည့်နှယ်...။သူမရင်ထဲကအပူတွေကတော့...တောက်လောင်သထက်
တောက်လောင်နေခဲ့၏...။ ဒီထက်ပိုပြီးတစ်ဦးနှင့်တစ်ဦးမရစ်ပတ်ခင်အချိန်လေးအတွင်းမှာဘဲ.....ပြတ်စဲဖို့ကို..
သူမ.....ရင်နာစွာနဲ့ဆုံးဖြတ်ချက်ချရပေတော့မည်...။ ဒုတိယအကြိမ်မြောက်..နှလုံးသားတွေပျက်ဆီးကြေမွခြင်းပါ...။
အော်......ညဥ့်ငှက်တစ်ကောင်ရဲ့ချစ်ခြင်းတွေကတော့တစ်ဖတ်သားအတွက်...အဆိပ်တစ်ခွက်ဖြစ်သွားမှာကို
သူမနားလည်၏...။ နားလည်သောကြောင့်ပင်...သူမနှလုံးသားကို ..သူမဘာသာ ဒုတိယအကြိမ်မြောက်....
ချေမွဖျက်ဆီးပစ်ခဲ့၏....။ကိုကျော်ရယ်......နင့်ဘ၀လေးအေးချမ်းသာယာပါစေ...နင့်ရဲ့အချစ်တွေနဲ့ငါမထိုက်တန်
ခဲ့လို့ပါ...။ ငါဆိုတဲ့....ညဥ့်ငှက်...နင့်ရဲ့အရှက်အတွက်..နှလုံးသားတစ်ခုလုံးပေးဆပ်ခဲ့ပါပြီ...။ နင်နားလည်နိုင်ပါစေ...။

နောက်တစ်နေ့မနက်မှာတော့..ထိုမြို့လေးမှ..ညိုညိုတစ်ယောက်..ပျောက်ဆုံးသွားခဲ့၏...။မည်သို့သွားသည်..
မည်သို့ဖြစ်သည်ကို...မည်သူမျှလည်းမသိကြပေ....။ ညိုညို နောင်ဘ၀ဆိုတာများရှိခဲ့ရင်....မင်းတစ်ယောက်
ထာဝရအေးချမ်းနိုင်ပါစေ.............................................။

စာရေးသူ...သက်တန့်ချို...( ၁၁း၀၀ ည ၂၃.၈.၀၉)

မှတ်ချက်။ ။ ထိုဇတ်လမ်းထဲမှကိုကျော်ဆိုသူမှာ ..ကျွန်တော်တို့၏သယ်ရင်းကြီးကော်ကျိုမဟုတ်ပါကြောင်း..
နာမည်တူချင်းသာဖြစ်ပါကြောင်း...။(ဟိဟိ...ကော်ကျိုလို့ထင်ကြမှာစိုးလို့)

11 comments:

  1. အဲလို နှလုံးသားတွေ ။ညိုညိုလို မိန်းကလေးတွေ ။ ပျက်စီးမှုထဲ အလိုက်သင့်အောင် ခြေကုပ်ရင်း မျောပါခံနေရတဲ့ ဘဝတွေ ခု ရှိနေသေးတယ် သက်တန့်ရေ။ နောက်ထပ်ရှိဦးမှာလား မရှိစေချင်တော့ဘူး ။ စာရေးကောင်းတဲ့သယ်ရင်းလေး ဒီထက်ကောင်းတာတွေ ရေးနိုင်ပါစေ

    ReplyDelete
  2. အင်း .. အများက သူတို့ကို မြင်တာနဲ့ အကြည့်တွေက တမျိုးဖြစ်သွားကြတယ်နော်....
    သူတို့မှာလဲ အချစ်စစ် ဆိုတာရှိမှာပဲနော်...

    သက်တန့်ရေ... ဆက်ရေးနော်... ငယ် အမြဲစောင့်ဖတ်နေတယ်ဟ....

    ReplyDelete
  3. အေးလေး ဒီလိုပဲဖြစ်ရမှာပေါ့....။
    လောကကြီးမှာ ခံစားချက်အတိုင်း လိုက်လို့မရတာတွေ ရှိသေးတယ်လေ...။

    စာရေးကောင်းပါတယ်...။
    အားပေးပါတယ် ကြိုးစားပါ...။

    ReplyDelete
  4. ဘဝက ရိုက်ပုတ်တိုင်း မချိအောင်ခံစားရသူ များ
    အေးချမ်းသာယာကြပါစေ စာရေးကောင်းလို့  ရင်ထဲမှာ မချိဘဲနဲ့ ပြန်သွားပါတယ်ဗျာ .....
    ရန်ကုန်သား

    ReplyDelete
  5. စာရေးအားကောင်းတော. ဖတ်ရတာ
    ဇာတ်နာလိုက်တာဗျာ ... အားပေးလျက်ပါ

    ReplyDelete
  6. ဝက်ဝံလေးAugust 24, 2009 at 3:05 PM

    သက်နော် ရေးပြန်ပြီ ဇာတ်နာတဲ့ဇာတ်လမ်းမျိုး ဟွင်းးးးး ငါက အသည်းနုပါတယ် ဆိုမှ နင်နောက်တခါ ဒါမျိုးရေးရင် ငါမလာဘူးမှတ် ဟွင်းးးးးး

    ဟိဟိ ငါက ငါတို့ကော်ကျိုကြီးလားး လို့အဟက်

    ReplyDelete
  7. ကောင်းပါတယ်။ သနားဖွယ် သူတို့ ဘဝပါပဲ။

    အားပေးလျက်
    :~)

    ReplyDelete
  8. မောင်လေး သက်တံ့ချိုရေ... အရေးအသား ပြေပြစ်လိုက်တာ။ ဖတ်ပြီး ညို့အတွက် စိတ်မကောင်း တော်တော် ဖြစ်မိပါတယ်... ထူးခြားတဲ့ ဇာတ်လမ်းလေးပါပဲ....

    ReplyDelete
  9. ကောင်းတယ်ဗျာ
    တကယ်ကို အရေးအသားကောင်းပါပေတယ်..ရင်ထဲထိကျန်ခဲ့ပါတယ်..အားပေးလျက်ပါဗျာ....

    ReplyDelete
  10. ကောင်းကင်February 18, 2012 at 12:09 PM

    ကောင်းပါတယ်

    ReplyDelete