(၁)
အလွမ်းတွေနဲ့ထိုးခွဲထားတဲ့ ....
အဲဒီရင်ဘတ်ထဲက....
ခေါင်းလောင်းထိုးသံအို....
အနှစ်မဲ့တဲ့...ကာရံတစ်ပုဒ်နဲ့..
ငါ့ကိုယ်ငါ သွန်းလောင်း...
ပေါင်းသင်ထုဆစ်ခဲ့ရတာ...
အခုဆို....
ဆီးနှင်းတွေတောင်ခမ်းခြောက်နေပေါ့....
ဒီပင်လယ်ကြီးထဲမှာ...
(သက်တန့်ချို)
အလွမ်းတွေနဲ့ထိုးခွဲထားတဲ့ ....
အဲဒီရင်ဘတ်ထဲက....
ခေါင်းလောင်းထိုးသံအို....
အနှစ်မဲ့တဲ့...ကာရံတစ်ပုဒ်နဲ့..
ငါ့ကိုယ်ငါ သွန်းလောင်း...
ပေါင်းသင်ထုဆစ်ခဲ့ရတာ...
အခုဆို....
ဆီးနှင်းတွေတောင်ခမ်းခြောက်နေပေါ့....
ဒီပင်လယ်ကြီးထဲမှာ...
(သက်တန့်ချို)
နွေရာသီက ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်လွန်းလှသည် ။ အတိတ်တွေကပဲ မြန်လွန်းတာလား ။ အနာဂါတ်တွေကပဲ နှေးလွန်းတာလား ။ ဘာမှန်းမသိတဲ့ မရေရာမှုတွေနဲ့ပဲ နေ့တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည် ။ လာမည့်ရက်အနည်းငယ်အတွင်း ၁၀ တန်းတက် ရပေတော့မည် ။ သူပျင်းရီစွာ ရေးလက်စ ကဗျာစာအုပ်ကို ပိတ်လိုက်သည် ။ နာရီကို ကြည့်လိုက်တော့ ညနေ ၄ နာရီ ။ ဒီအချိန်ဆို ဟိုကောင်တွေအုပ်စု လမ်းထိပ်က လက်ဖက်ရည်ဆိုင်သို့ ရောက်နှင့်နေလောက်ပြီ ။ အိပ်ရာထက်မှ အလူးအလဲထ၍ အ၀တ်အစားလဲလိုက်သည် ။ ဘာကိုမှန်းမသိ ပျင်းနေရသော ဒုက္ခကြီးက အတော့်ကို ဆိုးရွားလွန်းလှသည် ။
ပျင်းတာကို လူလုပ် ....
အရိုးထုတ်ခဲ့ရတာ...
ငါ့တစ်သက်တာ တိုင်အောင်ပေါ့...
မရေရာခြင်းတွေနဲ့..
ဒီလိုပါပဲ ....အဆုံးသတ်သွားခဲ့ရတာ.....
ဘ၀တစ်ခုရဲ့ နေ့များစွာတိုင်အောင်......
အရိုးထုတ်ခဲ့ရတာ...
ငါ့တစ်သက်တာ တိုင်အောင်ပေါ့...
မရေရာခြင်းတွေနဲ့..
ဒီလိုပါပဲ ....အဆုံးသတ်သွားခဲ့ရတာ.....
ဘ၀တစ်ခုရဲ့ နေ့များစွာတိုင်အောင်......
" ဟေ့ကောင် သက်တန့် နောက်ကျလှချည်လား အိပ်ပုပ်နေတယ်ထင်တယ် ဟုတ်လား "
ကျော်ကြီးခေါ် ကျော်ငြိမ်းက လှမ်းမေးသည် ။ သူ့ဘေးမှာတော့ ဌေးအောင် ၊ လှမိုး ၊ ၀တုတ်တို့ ထိုင်နေကြသည် ။ သူတို့ အုပ်စုက စုစုပေါင်း ၅ ယောက် ရှိသည် ။ ငယ်ငယ်ကတည်းက ကျောင်းအတူတူ မှုလတန်း ၊ အလယ်တန်း ၊ အထက်တန်းထိတိုင်အောင် တက်လာခဲ့သည် ။
" အေးကွာ ပျင်းလို့ကဗျာရေးနေတာ အခု မင်းတို့ရောက်နေလောက်ပြီ ထင်ပြီးထွက်လာတာကွ”
ပြောပြောဆိုဆိုဆို ကျနော်ထိုင်ခုံကို လှမ်းဆွဲပြီးထိုင်လိုက်သည် ။ လှမိုးက
" ညီလေးရေ ပေါ့ဆိမ့်တစ်ခွက်ဟေ့”
ဟု စားပွဲထိုးကို လှမ်းမှာသည် ။.
“ နောက်တစ်ပတ်ဆို ကျောင်းပြန်တက်ရတော့မယ်နော် ၁၀ တန်းတက်ရမှာ တစ်မျိုးကြီးပဲကွာ ရင်တုန် သလိုလိုပဲ”
ဟု ကျနော်က ဆိုလိုက်ရာ ၀တုတ်က
“ သက်တန့်ရာ မင်းက အကုန်လုံးကို လိုက်ပြီး ရင်တုန်နေတာပဲနော် သူ့ဘာသာကျောင်းပြန်ဖွင့်တာတောင် ရင်တုန်ရတယ်လို့ ဟွန်း”
“ အေးပေါ့ဝတုတ်ရ မင်းကတော့ စားစရာတွေ့မှ ပဲရင်တုန်တာမဟုတ်လား”
ဟု ဆိုလိုက်ရာ ရယ်ကျဲကျဲပြန်လုပ်နေသည် ။ ရောက်လာသော လက်ဖက်ရည်ကို ဘာရယ်မဟုတ် ငေးစိုက် ပြီးကြည့်နေမိသည် ။ ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး သူငယ်ချင်းတွေနဲ့လမ်းခွဲပြီး ပြန်လာခဲ့သည်။ အိမ်ပြန်ရာ လမ်းတလျောက်မှာ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာ ။ ပျင်းရိဖွယ်ကောင်းသော ကမ္ဘာကြီးထဲ တစ်ဖန်ပြန်ဝင်ရေပေအုန်းတော့မည် ။
ဒီနေ့ ကျောင်းသွားအပ်ရပေတော့မည် ။ စိတ်ထဲ ထူးထူးခြားခြား တုန်လှုပ်မှုတော့မဖြစ်ခဲ့ပေ ။ သူက ခြောက်တန်းနှစ်ကတည်းက ပုံမှန်သာ စာကိုကြိုစားခဲ့သည် ။ ထူးထူးခြားခြားကြီး ပျံလန်နေအောင်တော့ မကြိုစားခဲ့ ။ အတော်အသင့်သာစာကျက်ခဲ့ပြီး ၆ တန်းမှ ၉ တန်းအထိ အေခန်းသာ ရရှိခဲ့သည် ။ ၁၀ တန်းမှာရော ဘာအခန်းရမည်နည်း ။ သိပ်တော့ စိတ်ဝင်တစားမဖြစ်ခဲ့ပေ ။ ကျောင်းဝင်းထဲကို စ၀င်လိုက်တော့ မွန်းကျပ်ဖွယ်ရာ လူအုပ်ကြီးကို စတင်တွေ့လိုက်ရသည် ။ လူအုပ်ကြီးက နဲနဲနောနောမဟုတ် ။ သူစိတ်ပျက်စွာ ငေးမောကြည့်နေမိသည် ။ နောက်တော့ လေးလံသော ခြေလှမ်းတွေက ကျောင်းဝင်းထဲသို့ ဦးတည်လာခဲ့သည် ။ ဘေးဘီကို ဝေ့၀ဲကြည့်လိုက်ရာ ကျောင်းသူ ၂ ဦး၃ဦးက မျက်နှာမကောင်းကြ ။ ငိုမဲ့မဲ့ဖြစ်နေသည် ။ အင်း အခန်းနောက်ဆုတ်သွားလို့ ဖြစ်နိုင်သည် ။ လူအုပ်ကြီးကြားထဲမှာ လှမိုးကို လှမ်းမြင်လိုက်သည် ။ သူ့ကိုမြင်တော့ လူအုပ်ကြားထဲမှ တိုးထွက်လာခဲ့သည် ။ ကြည့်ရသည်မှာ ရုပ်ရှင်ရုံ လွှတ်ပြီး ပြန်တိုးထွက် လာကြည်သည်နှင့်တူသည် ။ နဲနဲမှ သက်သက်သာသာမရှိလှ ။ လှမိုးလည်း အပြင်ရောက်သည်နှင့်တစ်ပြိုင် အသက်ကို မနဲဝအောင်ရှုနေသည် ။ စကားတော့မပြောနိုင်သေး ။ အတန်ကြာအောင်အမော ပြေပြီးတော့မှ
“ သက်တန့် မင်းအခန်းသိရပြီလား ငါတော့အခန်းကျသွားတယ်ကွာ စီခန်းပဲရတယ် ဇင်မာနဲ့တော့လွဲပါပြီကွာ သူက ဘီခန်းရောက်သွားတယ်ကွ”
ဒီကောင်က သူကြိတ်ပိုးနေသည့် ကောင်မလေးနှင့် အခန်းကွဲသွားသည့်အတွက် ၀မ်းပမ်းတနည်းဆိုသည် ။ ရှိစေတော့ ။
“အေးကွာ လူကလည်းများလိုက်တာ ဘာလို့ဒီလောက်တောင်များနေရလဲ မသိပါဘူး ဘယ်အချိန်အပ်အပ် ဒီအခန်းပဲဟာကို လက်ဖက်ရည်ဆိုင်သွားရအောင်ကွာ ပြီးမှပြန်လာမယ်”
ကျနော်ဆိုလိုက်တော့ လှမိုးကမငြင်း ။ လက်ဖက်ရည်ဆိုင်ဖက်သို့ ခြေလှမ်းကို စတင်လိုက်သည် ။
ဆက်လက်ရေးသားပါဦးမည် ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ဟားး..တစ်ပဲဒီတစ်ခါတော့...
ReplyDeleteသက်တန့်ချို ခရီးကပြန်ရောက်နေပြီပေါ့လေ..
ရောက်တာနဲ့ ဖတ်စရာလေးတွေတင်ပေးတဲ့အတွက် ကျေးဇူးပဲ ကဲ အပိုင်း ၂ တွေ ၃တွေဖတ်လိုက်ဦးမယ်