ထိုမြင်ကွင်းကို ကြည့်ပြီး ငါးယောက်သား ပြိုင်တူ ကြက်သီးထမိသွား၏ ။ နွားသေကောင်ကြီးက သတ္တ၀ါ တစ်ကောင်ကောင် ကဗိုက်ကို ကိုက်၍ ဖောက်ထားသည့်နှယ် ။ ကျနော်တို့လည်း မြင်ကွင်းကို ဆက်မ ကြည့်ရဲတော့ပဲ ဓါတ်မီးကို အမြန်ကောက်၍ အိမ်ကြီးဆီသို့ ဆက်လက်ချီတက်ခဲ့ကြသည် ။ တခါတရံ ညဉ့်ငှက် တစ်ကောင် စူးစူးဝါးဝါး ထအော်သံ ကြောင့် ကြောက်စိတ်ကို ပို၍ အားပေးနေယောင်ပင် ။ အိမ်ကြီးဆီသို့ ရောက်ခါနီး လေ အနံ့များက ပို၍ ဆိုးလာလေပင်ဖြစ်၏ ။
(ဟေ့ကောင်ချိုကြီး ငါတို့ဒီထဲမ၀င်ပဲ ပြန်တက်ရအောင်ကွာ လုပ်ပါ ငါကြောက်နေပြီကွ )
( အာ..မင်းကလည်း ရောက်ပဲရောက်နေပြီ ငါးယောက်တောင်ကွာ ဘာမှမဖြစ်ပါဘူး ငါတို့ လက်နက် တစ်ခု ခုတော့ ရှာသွားရအောင် လိုလိုပိုပိုပေါ့ )
ဟု ဆိုပြီး အနေတော် တုတ်ချောင်းများကိုလိုက်ရှာကြလေသည် ။ ကျနော်ကတော့ ၃ ပေလောက်ရှိမည့် ၀ါးရင်းတုတ်တစ်ချောင်းကို ဆောင်ထားလိုက်သည် ။ အချို့ကလည်း ကျောက်ခဲ ၊ အချို့ကလည်း သစ်ကိုင်း စသဖြင့် ကိုယ့်ကြိုက်ရာ ကိုင်ဆောင်ထားကြတော့သည် ။
အိမ်ကြီးထဲသို့ စ၍ ၀င်ပါပြီ ။ တၾကြီၾကြီ မြည်သွားသော အသံကြောင့် လူမနေသည်မှာ ကြာပြီဖြစ်မှန်း ခန့်မှန်း၍ ရသည် ။ လူသုံးယောက် မနဲတွန်းဖွင့်ပါမှ တံခါးမကြီးက မပွင့်ချင်ပွင့်ချင်နှင့် ပွင့်သွားလေ၏ ။ ဓါတ်မီးနှင့်လျောက်ထိုးကြည့်တော့ နေရာတိုင်းမှာ ပင့်ကူမျှင်တွေနှင့် ပရိဘောဂအဟောင်းတွေသာရှိလေသည် ။ ဘေးပတ်ပတ်လည်ကို ကြည့်မိတော့ ပိတ်ထားသော အခန်းပေါင်း ၆ ခု နှင့် ပေါ်ထပ်သို့တက်သွားသော ကြောင်လိမ်လှေကား တစ်ခုကိုတွေ့ရ၏ ။ ရှေ့ဝင်ပေါက်တည့်တည့်မှာတော့ သတ္တ၀ါ မျိုးစုံ၏ အရိုးခေါင်းများကို အစီအရီချိတ်ဆွဲထား၏ ။ ငါးယောက်လုံး ပြိုင်တူရပ်ကာ အခြေအနေကို အကဲခတ်မိ၏ ။ ထူးခြားမှုမရှိသောအခါမှ ရှေ့သို့ ဆက်ပြီးလှမ်းလာခဲ့သည် ။ ထိုအခိုက် အရိပ်လိုလိုအရာတစ်ခုကို လှေကားထပ်မှာ တွေ့လိုက်ရ၍ ကြည့်လိုက်ကြရာ လှစ်ကနဲပျောက်သွားပြန်သည် ။ အလိုလိုကျောချမ်းသွားမိ၏ ။
ရှေ့သို့ အနည်းငယ်ခြေလှမ်းမိသောအခါမှ စောစောက ဖုန်တွေကပ်နေ၍ သေချာမကြည့်မိလိုက်သောအရာမှာ ပန်းချီကား တစ်ချပ်ဖြစ်နေသည် ။ ထိုပန်းချီကားမှာ နေ၀င်ချိန်တွင် အမဲသတ်သမားတို့က နွားတစ်ကောင်အား ဇာတ်မှပိုင်း၍ ခုတ်သတ်နေပုံကို ဆီဆေးဖြင့်ရေးဆွဲထားခြင်းပင်ဖြစ်သည်။ လက်ရာမြောက်လွန်း၍ ထိုအထဲမှ အမဲသတ်သမား၏ မျက်ဝန်းများမှာ တကယ်ပင် အသက်ဝင်နေသလားဟုပင်ထင်နေမိ၏ ။ ထိုပန်းချီကားကြီး၏ ဘေးမှာ တော့ သော့တွဲကြီး တစ်ခုကိုတွေ့ရလေသည် ။ ကျနော်လည်း သော့တွဲကို သွား၍ ဖြုတ်ယူလိုက်သည် ။ ပန်းချီကားထဲမှလူကြီးက ကျနော့ကို ကြည့်နေသယောင်ပင် ။ ကျောချမ်းချမ်းနှင့် သော့တွဲယူပြီးသည်နှင့် ဘေးဖက်တွေကို လျောက်ပြီး လေ့လာကြည့်မိသည် ။ အခန်းတိုင်းက ရှေးကိုလိုနီခေတ်တုန်းက ပုံသဏ္ဍာန်ဖွဲ့စည်းထားသည် ။
သော့တွဲတွေမှာလည်း သူ့နံပါတ်အလိုက်ရေးထားသည် ။ သော့တံပေါင်း ၄၄ တံတိတိရှိသည် ။ ထို့ကြောင့် အခန်းပေါင်း၄၄ ခန်းလောက်ရှိမည်ဟု ခန့်မှန်းရသည် ။ ထိုခန့်မှန်းချက်သည် နောင်အခါမှ မှားယွင်းခဲ့မှန်းသိလာခဲ့သည် ။ ကဲ ... အခန်းနံပါတ် ၁ ကနေစ၀င်ကြရအောင် ။ ကျနော်ကပြောပြောဆိုဆို ပန်းချီကားကို အမှတ်တမဲ့ပြန်ကြည့်လိုက်ရာ ကျောချမ်းသွားလေသည် ။ ကျနော်စောစောကကြည့်ခဲ့သော နွားသတ်သမား၏ နောက်တွင် ဘာမှမရှိ ။ အခုတော့ လူတစ်ယောက်ပုံစံရောက်နေခြင်းပင် ။ ကျနော်လည်း ဟိုကောင်တွေကြောက်လန့်မည်စိုးသဖြင့် ဘာမှမပြောတော့ပဲအခန်း၁ ထဲသို့စ၍ ၀င်လာခဲ့တော့သည် ။
(ကျွီ......ကျီ... )
(ဖလပ်....ဖလပ်...ဖလပ်....)
ဆီမ၇ှိသဖြင့် တံခါးက ခြောက်ခြားစရာ အသံဖြင့် တဖြည်းဖြည်းပွင့်လာလေသည် ။ လင်းနို့ငှက် တွေထပျံသွားသဖြင့် အကုန်လုံး မျက်နှာတွေ အုပ်လိုက်ကြရသည် ။ အခန်းထဲကိုကြည့်မိတော့ ကုတင်တလုံးနှင့် ဆေးလိပ်ပြာခွက်တစ်ခု ဗီဒိုအဟောင်းတစ်လုံးကို တွေ့ရလေသည် ။ ပုပ်စော်ကတော့နံနေတုန်းပင် ။ ထိုအခိုက် အခန်းထဲမှ ဗီဒိုထဲမှ တံခါးတချပ်က တ၀က်တိတိပွင့်သွားလေသည် ။ ကျနော်လည်း သိချင်စောနှင့် တံခါးကို သွား၍ ဆွဲဖွင့်လိုက်ရာ အထဲမှ သွေးသံရဲရဲနှင့် ယုန်ကလေးတစ်ကောင်ထွက်ကျလာသည် ။ ယုန်ကလေးက က တစ်ကိုယ်လုံး ဒါဏ်ရာတွေနှင့် သွေးအ လိမ်းလိမ်းနှင့် သနာစဖွယ် သေဆုံးနေပြီ ။ ကျနော်လည်း ယုန်ကလေးကို ကိုင်ကြည့်ရာ ပူပူနွေးနွေးပင်ရှိသေးသည် ။
(ဟင် ယုန်ကနွေးနေသေးတယ်ကွ..ဒါဆိုသေတာမကြာသေးဘူး ထင်တယ် )
ပြောပြောဆိုဆို ဟိုကောင်တွေကို ကြည့်လိုက်ရာ ကြောက်လန့်စိတ်ဖြင့်တစ်ကောင်မှ တုတ်တုတ်မလှုပ်ကြတော့ ။ ကျနော် လည်း ကုတင်ကို ပတ်ပြီးလေ့လာကြည့်ရာ လားလား ယခုမှ ဆေးပေါ့လိပ် တိုက မီးသေစ ပင်ရှိသေးသည် ။ မီးခိုးငွေ့လေးတွေ တလူလူ ပင်ရှိသေးသည် ။ ကျနော်တို့လည်း အခန်းထဲတွင် ကြာကြာမနေ၀ံ့ပဲ အပြင်သို့ ပြန်ထွက်ခဲ့၏ ။ ထိုအခိုက် ကျနော်တို့ဝင်ခဲ့သော တံခါးမကြီးမှာ လေတိုက်သော အရှိန်ကြောင့် ၀ုန်းဆို ပြန်၍ ပိတ်သွားလေသည် ။ ကျနော်တို့လည်း ပြေး၍ ဖွင့်ကြည့်ရာ ဘယ်လိုမှ ဖွင့်၍ မရတော့ပေ ။ အိမ်ကြီး၏ အပေါ်ထပ်ဆီမှ
(ဒင်...ဒေါင်....ဒင်....ဒေါင်...)
ဟူသောအသံကိုကြားလိုက်ရ၏ အသံကို ရေတွက်ကြည့်လိုက်တော့ ည ၁၂ နာရီတိတိရှိပြီ ။ အပြင်က လရောင်ကလည်း ရုတ်တရတ် ပိန်းပိတ်အောင်မှောင်သွားလေသည် ။ အော်..ဟုတ်သား ဒီနေ့လကွယ်ညပဲ ။ ယခုမှ ကျန်သော အခန်းတွေကို ဆက်မ၀င်သေးပဲ ( အမှန်တော့ကြောက်စိတ်မပြေသေး၍) ဓါတ်မီးနှင့် နှံ့စပ်အောင်ထိုးကြည့်သောအခါကြောင်လိမ်လှေကားအောက်တွင် ပန်းအိုးကြီး တစ်လုံးကိုတွေ့ရလေသည် ။ ထိုပန်းအိုးကြီး အရွယ်အစားအတော်ကြီးမားပြီး လှေကားကွယ်နေ၍ မမြင်ရခြင်းပင် ။ ကျနော်တို့ထဲမှ မဲလုံးက ပန်းမြင်လျင် အရာရာမေ့သွားပြီး ပန်းအိုးကြီးဆီသို့လျောက်သွားလေသည် ။
( ဟယ် ပန်းလေးတွေလှလိုက်တာ )
ပြောပြောဆိုဆို ပန်းအိုးကို ပန်းတစ်ပွင့်ကို ပန်းအိုးထဲမှ ထုတ်လိုက်ရာ....
( ဝေါ.........ဝေါ...........)
ဟုအသံမြည်လာပြီး တံခါးမကြီး၏ ရှေ့တည့်တည့်မှ ကြမ်းပြင်တွင် အပေါက်ကြီးတစ်ခုပွင့်လာခဲ့လေသည် ။ ကဲမထူးပါဘူး ကျနော်ဦးဆောင်၍ ထိုအပေါက်ကြီးထဲသို့ မီးထိုးကြည့်ရာ မြေအောက်ခန်းသို့ ဆင်းသော လှေကား တစ်ခုဖြစ်နေလေသည် ။
ကျနော်လည်း ဘာတွေရှိနေအုန်းမလဲဆိုသည့်အတွေးဖြင့် မြေအောက်ခန်းသို့ စ၍ ဆင်းလာခဲ့သည် ။ အောက်ခြေသို့ရောက်သောအခါ အား...ပါး...ပါး...ကြမ်းပြင်တစ်ခုလုံး သွေးတွေက ပြည့်လျှံနေသည် ။ အနဲဆုံး ၂ လက်မထုလောက်တော့ရှိမည် ။ ဒါကြောင့် သွေးညှီနံ့တွေ ပုပ်စော်တွေနံနေတာကိုး... ။
ဆက်လက်ရေးသားပါဦးမည် ။
စာရေးသူ.....သက်တန့်ချို (၁၁း၅၁ ည ၃၀.၁၁.၀၉)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အပိုင်း(၁) ဖတ်ပြီးတုန်းပဲ ရှိသေးတယ် ၂ ပါတက်လာတော့ စောင့်စရာမလိုတော့ဘူးပေါ့။ :P
ReplyDeleteလုပ်ပြန်ပြီ ..
ReplyDeleteဆက်စောင့်ရအုံးမယ် ..
typing ရိုက်တာ သိပ်မမြန်လို့ပါ သူငယ်ချင်းတို့ရေ..ဟီးး)
ReplyDeleteသက်တန့်ချိုရေ အဲဒါ တကယ်ကြုံခဲ့တာ ဟုတ်ကောဟုတ်ရဲ့လား။ လူစိတ်ဝင်စားအောင် ရေးထားတာလား။ ဆက်ရန်ကို စောင့်ဖတ်မယ်နော့်။
ReplyDeleteအာ ဇာတ်လမ်းပြီးမှ တကယ်လားဘာလားပြောမှာပေါ့ အခုကတော့ ဒီလောက်ပဲ ....ဟီး ပေါ့သွားမှာစိုးလို့ ကျိန်းသေတာကတော့ အဖြစ်အပျက်ကတော့ တကယ်ဖြစ်ခဲ့တာ ... ။
ReplyDeleteစောင့်မျှော်ဖတ်ရှုနေပါကြောင်း ....
ReplyDeleteဒီလောက် ပို့စ်တွေ ရေးနေတာတောင်
ReplyDeleteTyping ရိုက်တာ မမြန်လို့ ဆိုတာ
ဖြစ်နိုင်ပါဘူးးးးး ...
အဲ့လို လူကြီး တွေ ကို
ညာမပြောရဘူးကွဲ့ ....း)
လူကြီးကိုညာမပြောပါဘူး ဟီး ညဖက်လေး ခြင်ကိုက်ခံပြီးရိုက်တာပါခင်ဗျ ( အော်..င့ါနှယ် မဆီမဆိုင် ခြင်ကို ထည့်ပြောမိတယ် ချောရီးခြင်ရေ)
ReplyDeleteတကယ်ဖြစ်ခဲ့တာ ? အမလေး လေး .. ပို ကြောက်လာပြီ
ReplyDeleteအောင်မာ typing ကိုအပြစ်လွှဲမချနဲ့ နောက်တခါကျရင် ပါးစပ်နဲ့သာခေါ်ပေး ဒီကနေ လိုက်ရိုက်ပေးမယ် သိလား အဲလို ဆန့်တငင်ငင်ကြီး အားဂျီးအညင်ကတ်တယ် သက် အစုတ်ပလုတ် မ
ReplyDeleteဖတ်ပြီး ကျောချမ်းလာတယ် ..း(
ReplyDeleteမဖတ်ပဲလဲ မနေနိုင်ဘူး ...း((
အမယ်ရေးး ဂတ်ဂတ်ဂတ်... ဒေါက်တတတတာရယ်... ဂတ်ဂတ်ဂတ်... အဲလေ... ၁၂နာရီခွဲကျော်မှလာဖတ်မိတာ သေပါပီ....
ReplyDeleteအဲလိုပါဆို..... ခြင်တွေ အများရှိရက်သားနဲ့... ဒီခြင်ပဲ ကိုက်တယ်လို့ ဘတူပြောလဲ... ဒေါက်တတတတာရယ်...
မနက်ဖန် စောစောလာဖတ်မယ်ကွ ကြောက်ဘူး...
SWEET DECEMBERRRRRRRR....
ReplyDeleteကိုသက်တန့်ချိုရေ အပိုင်း(၃)လေးမြန်မြန်ရေးနော်။
ReplyDeleteကြောက်လိုက်ပါဘိအိုတစ္ဆေအပိုင်း(2)ကိုဒီနေ.မှဖတ်တာ
ReplyDeleteအရမ်းစိတ်ဝင်စားလို.အပိုင်း(1)နဲ.နောက်ဆက်တွဲအပိုင်းတွေရှာတာ1နာရီလောက်ကြာတယ်ခေါင်းတွေကိုမူးလို.
တွေ.လဲတွေ.ဖူး
ဘယ်လိုလုပ်ရမလဲ
ကူညီပါဦးနော်
ကျေးစူးမမေ.ပါဖူးလို. :(
မိုးနှင်းပွင့်ရေ Lablels ထဲက ရင်သို့ထိသောစာများဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပိုင်းဆက်တွေအကုန်လုံးရှိပါတယ်ခင်ဗျး)
ReplyDeleteကျနော်လည်း လိုက်ရှာနေတာ .. ခေါင်းတွေမူးနေပီ.. ရင်ကိုထိသောစာများ ဆိုတာ .. အချစ်စာ တွေမှတ်လို. ဟီးးးး
ReplyDeleteKAung Tal Kyut Bo ..... KO thet tan .... Chin kite yin ... chin taung the ko computer kaw lu kaw win pee type par lar..... phat ya tar...sat ta ngant 2 pyint nay lo...hehe !
ReplyDelete