Wednesday, December 9, 2009

ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၂)

ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၂)





(၂)

ရုတ်တရက် အနောက်မှ တစ်စုံတစ်ခုကဆောင့်ပြီး တွန်းလိုက်သလို ဖြစ်ပြီး လူကယိုင်ထွက်သွားသည် ။ လူက ခါးနားမှ အတော်လေးနာသွားသည် ။ တစ်ဖက်မှဝင်တိုက်သည့်လူက သူ့ကို ဂရုပင်မစိုက်ပဲ ဆက်၍ ထွက်သွားခဲ့သည် ။ ကျနော်လည်း ဒေါသထွက်ထွက် နဲ့

“ဟေ့ကောင်ခဏနေဦး”

ဆိုပြီး လက်ကို လှမ်းဆွဲလိုက်သည် ။ ထိုလူက ယိုင်နဲ့စွာသူလှမ်းဆွဲသည့်ဖက်သို့ ပါလာခဲ့သည်။ ဟိုက် အသေအချာကြည့်မိတော့မှ မိန်းမကလေးဖြစ်နေမှန်းသိသည်။ ရုတ်တရက်ဆိုတော့ ဘယ်သိမလဲလေ ။ သူက ယောင်္ကျားလေးပုံစံဝတ်ထားတာကိုး ။

“မင်း ယဉ်ကျေးမှုအတော်နဲတဲ့ ဒေသကနေလာတာထင်တယ် လူတစ်ယောက်လုံးကို လဲကျသွား အောင်ဝင် တိုက်ပြီးမှ တောင်းပန်စကားဆိုရတဲ့ ထုံးစံကို မသိဘူးလား ကွ”

“ ရှင်ရော မျက်စိမပါဘူးလား လူတစ်ယောက်လုံး အမြန်လာတာကို ဘာကိုငေးနေမှန်းမသိ အတော်အူ ကြောင်ကြောင်နဲ့ဟွန်း”

“ ဘာကွ ငပြူးကပဲ ပြန်ပြဲပြနေသေးတယ်”

“ ရှင်မိုက်ရိုင်းလှချည်လား ဘာပြဲတာလည်း”

“ စကားပုံကိုပြောတာကွ ဒါတောင်မသိဘူးလား တောက်...”

“ ရှင်ကဘာမို့တောက်ခေါက်တာလဲ ဒီကမ္ဘာမှာကျမကို တောက်ခေါက်ရဲတဲ့သူ ဘယ်သူမှမရှိမဘူး မှတ်ထား”

“ ဘာကွ မင်းကိုတောက်မခေါက်ရဲရအောင် မင်းကဘုရင့်သမီးတော်မို့လို့လား ငါကွာ”

“ အောင်မာ လုပ်ရဲလုပ်ကြည့်စမ်းပါ ဟွန်းမီးတောက်သွားမယ်”

“ ငါကွာ...မင်း မိန်းကလေးဖြစ်နေလို့ သက်သာသွားတယ်မှတ်ပါ”

“ အောင်မာ ရှင်ကများ ဒီမှာ ရှင်လဲကျတဲ့အတွက် ဘယ်လောက်လျော်ကြေးပေးရမလဲ ရော့”

ဟုဆိုက လက်ထဲက ထောင်တန်တစ်ဆုပ်ကို ဟန်ပါပါပေးနေသည်။ ကျနော်လည်း ထိုထောင်တန်ကို ကြည့်ပြီးစိတ်ထဲကအတော်တော့ဖုသွားသည်။ ကောင်မလေးကို ငေးကြည့်မိတော့ နှုတ်ခဲလေးက နီရဲငုံထွေးပြီး ဖူးဖူးလေးနဲ့ သူ့ကို ဒေါသထွက်နေသည်မှာလည်း မပြေသေးသည့်ဟန်ပင် ။ လူတွေကလည်း ၀ိုင်းပြီးအုံကြည့် နေကြသည်။ အရပ်ကတော့ သူနှင့်မတိမ်းမယိမ်း အသားအရေက ဖြူဖွေးနေပြီး တစ်ကိုယ်လုံးကိုငုံကြည့်လျင် ဆီးနှင်းပွင့်လေးတွေနှင့်တူသည်။ စိတ်ထဲကတော့သူ့ကို “ ဆီးနှင်းဖြူ” ဟုကိုယ့်ဘာသာနာမည်ပေးလိုက်သည် ။

" ဒီမှာ ရှင့်ကို အလျော်ပေးနေတာ မယူဘူးလား နားလည်းလေးနေတယ်ထင်တယ်"

ကျနော်ငေးကြည့်နေမိတော့ကောင်မလေးက စိတ်မရှည်စွာဆိုသည် ။

" မင်းတကယ်အလျော်ပေးချင်တာလား"

" အင်းပေါ့"

ဟုဆိုပြီး ထောင်တန်တွေကို ရှေ့သို့ တိုးပေးသည်။ ကျနော်လည်း ဘာမှဆက်ပြောမနေတော့ပဲ ကောင်မလေး လက်ကိုဆွဲယူကာ ကမ္ဘာပေါ်ရှိအနူးညံ့ဆုံး ကဗျာ တစ်ပုဒ်ကို တီးတိုးသင်ပေးလိုက်သည် ။ နီရဲနေသော မျက်နှင့် ကျနော့်ကို တအံ့တသြကြည့်ပြီး အနောက်ဖက်သို့ပြန်လည်ပြေးထွက်သွားခဲ့သည် ။

ဆီးနှင်းဖြူရယ်...
အဲဒီ တိမ်တိုက်တွေထဲမှာ...
လှပတဲ့ တေးတစ်ပုဒ်ရှိတယ်...
ဧဒင်ဥယျာဉ်က ပန်းတွေပွင့်တဲ့တစ်နေ့...
ပိုးသားဇာဝတ်ရုံကိုခြုံပြီး....
ငါ့ရဲ့...ချစ်ခြင်းကဗျာတွေ...
သင်ကြားပေးမယ်....
ရင်ခုန်ခြင်းရဲ့ကျောင်းတော်ထဲမှာပေါ့.....

(သက်တန်ချို)

အခြေအနေက ရုတ်တရက်ကြီးဖြစ်သွားသည့်အတွက် အကုန်လုံးကြောင်ပြီး ကြည့်နေကြသည် ။ ကျနော်က ခပ်တည်တည်နဲ့ လူအုပ်ကြီးကြားထဲတိုးဝင်လာခဲ့သည်။ ကျောင်းအပ်ပြီးတော့ ရသည့်အခန်းက အေခန်းတဲ့ ။ အင်း သိပ်ပြီးတော့လည်း မထူးခြားသလိုပါပဲ ။ လာမည့်တနင်္လာနေ့ပေါ့ ။ ကျောင်းတော်ကြီးသို့ တစ်ခေါက်ပြန်ရောက်ပေဦးမည်။ ညနေသူငယ်ချင်းတွေနဲ့ ချိန်းထားသေးသည် ။ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်မှာ ပင်ဖြစ်သည်။ ရုတ်တရက် အတွေးကောင်းနေတုန်းမှာပင် မိုးက ၀ုန်းကနဲ သည်းကြီးမဲကြီး ရွာချလိုက်သည် ။ ဒါပေမယ့် ကောင်းကင်ကို အမှတ်တမဲ့ကြည့်မိလိုက်တော့" ဆီးနှင်းဖြူ" ရဲ့ မျက်နှာဖူးဖူးလေးကို လှစ်ကနဲတွေ့လိုက်ရသည်။ မိုးရေထဲမှာပင် အိမ်သို့တန်းပြန်လာခဲ့သည်။ သူကတော့ ထုံးစံအတိုင်း ဘယ်တော့မှ ထီးကို ယူဆောင်လာလေ့မရှိပေ ။ ထီးဆောင်သွားရမည့်အလုပ်ကို သူအပျင်းရိဆုံးဖြစ်သည် ။ မိုးရေစက် တွေထဲမှာ လမ်းလျောက်သွားရသည့် အရသာကို ငယ်စဉ်ကတည်းကို သူ အနှစ်သက်ဆုံးပင် ။ ထို့ကြောင့်ပင် ဖျားနာခဲ့ရသည့် အကြိမ်းပေါင်းလည်း မနဲတော့ပြီ ။ သူကလည်း ဘယ်တော့မှ အမှတ်မရှိ ။ ဒီလိုပါပဲ သူက သူနှစ်သက်လျင် သူ့ကို ဒုက္ခပေးသည့်အရာကိုတောင် မက်မက်မောမောဖက်တွယ်တတ်သည်ပဲလေ ။

"ဟဲ့သား ဒါကဘယ်ကို ပြန်ထွက်အုန်းမလို့လဲ နင်နော် အတော်ခြေများနေတယ် ညနေတိုင်း လက်ဖက်ရည် ဆိုင်ထိုင်လိုက်နဲ့ ဟွန်း မပြောချင်လို့နေနေတာ အကောင်းမှတ်နေတယ် ဟုတ်လား"

" အာ အမေကလည်း အထူးအဆန်းလုပ်လို့ သွားပြီ"

သူနောက်သို့ လှည့်ပင်မကြည့်ပဲ တစ်ချိုးတည်းလစ်ခဲ့သည်။ လက်ဖက်ရည်ဆိုင်ရောက်တော့ လှမိုးကလွဲ၍ ဘယ်သူမှမရောက်သေး ။

" လာသက်တန့် ငါလည်း အခုလေးတင်ရောက်တာ ညီလေးရေ ပေါ့ဆိမ့်လုပ်ဦးဟေ့"

ပြောပြောဆိုဆို လှမိုးက ခုံတစ်ခုံလှမ်းပေးသည် ။ သူလည်း ခုံကိုလှမ်းယူ၍ ထိုင်လိုက်သည် ။ ခဏကြာတော့ ဟိုကောင်တွေအကုန်လုံး အလျှိုလျှိုရောက်လာကြသည် ။ စကားဝိုင်းလေးကနဲနဲစိုပြည်သွားသည်။

" ဒါနဲ့နေစမ်းပါဦး သက်တန့်ရ မင်းနေ့လည်က ကောင်မလေးတစ်ယောက်နဲ့ ကွိုင်တက်သေးတယ်ဆို ဟုတ်လား"

"ကွိုင်တက်ရအောင်ငါက လျှပ်စစ်မီးဖိုမှမဟုတ်လာ ကွိုင်လည်းမတတ်ဘူး ကွိုင်လည်း မပျက်ဘူး အ ကောင်းကြီး”

“ အာ ဒီကောင်အကောင်းမေးနေတာကို မင်းနေ့လည်က မိန်းကလေးတစ်ယောက်နဲ့ပြသာနာတက်တယ်ကြားလို့ ဟုတ်လားလို့”

“ ပြသာနာမဟုတ်ဘူးကွ ဧဒင်ဥယျဉ်ကြီးရဲ့ နတ်သမီးတစ်ပါးကို အမှတ်မထင်တွေ့လိုက်တာပါကွာ သူ့နာမည်က ဆီးနှင်းဖြူတဲ့”

“ ဟမင်းကနာမည်ကို ဘယ်လိုလုပ်သိတာတုန်း”

“ ငါ့ဘာသာပေးထားတာ”

“ အာ...ဒီကောင်"

လိုနဲ့ မုန့်တွေလာချပေးတော့ စကားဝိုင်းကခဏ ပြတ်တောက်သွားသည် ။

“ဘယ်ကနေဘယ်လိုစဖြစ်တာလဲ ပြောစမ်းပါဦး”

“ ဒီလိုပါပဲ ....xxxxx”

“အဲဒီတော့ မင်းကဘာပြန်လုပ်လိုက်လဲ”

“ ဒီလိုပါပဲ xxxxxx”

“ ဖြစ်မှဖြစ်ရလေကွာ အဲဒီတော့ကောင်မလေးက မင်းကိုပါးမရိုက်သွားဘူးလား”

“ နောက်တစ်ခါတွေ့ရင်တော့ ရိုက်မယ်ထင်တယ်ကွ”

ဟိုကောင်တွေမျက်နှာတွေ အကုန်လုံး ရှုံ့မဲ့သွားကြသည် ။ ကောင်းကင်မှာ ငှက်အချို့ ရေးကြီးသုတ်ပြာ ထွက်ပြေးသွားကြသည် ။ ကြည့်လိုက်တော့လည်း ပုံမှန်အတိုင်းပင် .... ။

ခပ်မဆိပ်...
တိတ်တိတ်လေးပဲ...
နင်ယူသွားတယ်..
ဒီရင်ဘတ်ထဲက...
အသဲနှလုံးတစ်စုံကို................။

ဆက်လက်ရေးသားပါဦးမည် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းလာပြီ

    ReplyDelete
  2. အပိုင်း ၁ မှာ တွေ့ခဲ့သလိုပဲ ကောင်မလေး အတော်ရိုင်းတာပဲ တွေ့မိတယ်...

    အချစ်ကဗျာတွေ ဧဒင်ဥယျာဉ်တွေကို မတွေ့မိပါဘူး...

းဝ)

    ReplyDelete