Wednesday, December 9, 2009

ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၃)

ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၃)



(၃)

ဘယ်နေရာတွေကမှန်နေသလဲ...
ဒီလောကနိယာမတရားမှာ...
လေးလံတဲ့တောင်ပံရိုက်သံနဲ့....
ငှက်တစ်ကောင်မဟုတ်တာတော့သေချာတယ်....
အစွန်ဆုံးကမ္ဘာဦးမှာ...
ယဉ်ကျေးမှုတစ်ခေတ်ထွန်းခဲ့တယ်...
အနမ်းတွေနဲ့လမ်းဆန်းလို့...
ဧဒင်ရဲ့ သစ်သီးထဲမှာပေါ့........။
(သက်တန့်ချို)

ဒီနေ့ကျောင်းစတက်ရမည်မို့ မထချင်ထချင်နဲ့ ထလာခဲ့သည်။ ကျောင်းပိတ်ထားသည်မှာ ကြာနေပြီဖြစ်၍ ကျောင်းပြန်တက်ရတော့ တစ်မျိုးကြီးဖြစ်နေခဲ့သည်။ ၁၀ တန်းဆောင်တွေဖက်သို့ ခြေလှမ်းကို ဦးတည်လိုက်သည်။ ဟော တွေ့ပါပြီ အေ ခန်းတဲ့ ။ သူနှင့် သူငယ်ချင်း ငါးယောက် အခန်းတွေကွဲသွားခဲ့သည် ။ ဟို သုံးကောင်က စီခန်း သူနှင့် အေခန်းမှ တူတာဆိုလို့ ကျော်ငြိမ်းတစ်ယောက်သာလျှင်ရှိသည်။ အခန်းထဲသို့ ခေါင်းငိုက်စိုက်နဲ့ဝင်လာခဲ့သည်။ ထိုအခိုက် “ခွပ်”ကနဲမြည်သံနှင့်အတူ ခေါင်းတစ်ခုလုံးကြယ်တွေလတွေမြင်ကာ ဖင်ထိုင်ရက်လဲကျသွားခဲ့သည် ။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ရှေ့မှာ ကောင်မလေးတစ်ယောက် နှဖူးလေးပွတ်ပြီး ငုတ်တုတ်လေးထိုင်နေသည်။

“ ဒီမှာ ရှင်ဘယ်လိုလူလည်း မျက်စိမပါဘူးလား ဟင်”

ပြောပြောဆိုဆို ကျနော့်မျက်နှာကို အသေအချာကြည့်ပြီး မျက်နှာနီရဲလာခဲ့သည်။ နောက်စကားသံတို့ ဆွံအကာ တစ်ယောက်နဲ့ တစ်ယောက်အကြာကြီး စိုက်ကြည့်နေခဲ့သည်။ နောက်ဘာမှမပြောတော့ပဲ သူ့ခုံသို့ အသာအယာသွားထိုင်နေတော့သည် ။ ကျနော်လည်း အခန်းထဲဝင်လိုက်ကာ
ကောင်မလေးနားသို့ကပ်ပြီး

“ကျနော်တောင်းပန်ပါတယ် ဆီးနှင်းဖြူ မျက်နှာကို အောက်ငုံ့ပြီးလျောက်လာလို့ မတွေ့လိုက်တာပါ”

“ ရှင်ဘယ်သူ့ကိုပြောနေတာလည်း ကျမနာမည် ဆီးနှင်းဖြူမဟုတ်ဘူး”

ဟုတ်သား ကိုယ့်ဘာသာစိတ်ထဲမှနာမည်ကို ခပ်တည်တည်ပြောပြီးသွားတောင်းပန်နေမိသည်။ မင်းအတော်တုံး သေးတာပဲ သက်တန့် ။

“ဟို...ဟို....”


စကားကိုရှေ့မဆက်ဖြစ်ပဲ ကောင်မလေး ရှေ့မှ စာအုပ်ကို ဖျက်ကနဲလှမ်းကြည့်လိုက်သည်။ ကောင်မလေးက ရုတ်တရက် မျက်နှာပေါ်မော့လာကာ

“ ရှင်ဘာကြည့်နေတာလဲ ဟွန်းရုပ်ကိုက အူကြောင်ကြောင်နဲ့”

“ ဟို...စာအုပ်ကနာမည်ကိုလှမ်းကြည့်တာပါ နှင်းပွင့်ဖြူ...အထင်မလွဲပါနဲ့ ကျနော်တောင်းပန်ပါတယ် ဟိုတစ်ခါကလည်း”

“ အို..ရှင်ဘာတွေပြောနေတာလည်း တော်တော့....xxxxxx”

ကောင်မလေးက ချက်ချင်းမျက်နာနီရဲတက်လာသည်။ မိန်းမပျိုလေးတစ်ဦး၏ ၇ှက်သွေးစိုနေသော ပါးပြင်လေးကို အနီး
ကပ်ကြည့်ရခြင်းမှာ ဒါပထမဆုံးပင် ။ ရင်ထဲမှာ ဘယ်လိုကြီးကိုဖြစ်နေမှန်းမသိ ။ ကိုယ့်ကိုယ်ကို သတိထားမိလိုက်တော့ ခြေဖျားလက်ဖျားတွေအေးစက်နေမှန်းသတိထားမိလိုက်သည်။ ဘာဖြစ်တာပါလိမ့် ။ ဒါမျိုး အရင်ကတစ်ခါမှ မဖြစ်ဖူးပါဘူး ။ ထိုအခိုက် အတန်းပိုင်ဆရာမ၀င်လာ၍ နှင်းဆီဖြူရဲ့နောက်တစ်တန်းမှာ ၀င်ထိုင်လိုက်သည် ။ တိုက်ပဲတိုက်ဆိုင်လွန်းလှသည်။ ဧဒင်ရဲ့နတ်သမီးလေးကို သူပြန်တွေ့လိုက်ရသည်။ ဒီလိုဆိုတော့လည်း ကမ္ဘာကြီးက တဖန်ပြန်လည်သာယာလာသည်ဟု ထင်မိပြန်သည် ။ သူ့ရင်ထဲမှာ တိတ်တိတ်လေးပေးထားတဲ့ကောင်မလေးနာမည်က ဆီးနှင်းဖြူ ။ ကောင်မလေးရဲ့ တကယ့်နာမည်အရင်းက နှင်းပွင့်ဖြူ.. ။

ငါ့ရင်ခွင်ကို သိမ်းပိုက်...
ခိုက်ခိုက်တုန်အောင်ပြုစား...
ဒီနတ်တစ်ပါး...ရဲ့ အလှ...
မင်းအောင်ခဲ့တဲ့ မှော်အတတ်နဲ့...
ဒီကကြိုးတွေဖန်ဆင်း...
ငါ..လည်း သက်ဆင်းခဲ့ပြီ...
နှင်းဆီဖြူရေ...
ပန်းဥယျာဉ်ကြီးထဲ...
ငါက ပန်းလေးတွေပျိုးပေးယုံပါ...။

(သက်တန့်ချို)

ဆက်လက်ရေးသားပါဦးမည် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. အပိုင်းတစ်ခုတစ်ခုက အပိုဒ်တွေနည်းနေတယ် များများရေးနော်...ဖတ်ရတာ ဆန့်ငင်ငင်ဖြစ်နေပြီ

    ReplyDelete
  2. ဇာတ်လမ်းက တပိုင်းတစကြီး ဆက်လက်ရေးသားပါဦးမယ် ဆိုတာက ဆက်ရန် ရှိသေးတယ်လို့ ပြောတာလား။

    ReplyDelete
  3. နေပြည်တော်က ပျင်းစရာကောင်းသလားတော့ မမေးနဲ့။ ကျနော့်ဆီ လာလည်လေ။ ကျနော် ရှိပါတယ်။

    ReplyDelete
  4. ကို သက်တန့် မြန်မြန်ဆက်တင်ပါ...လာဖတ်ပါအုံးမယ်ရှင်..

    ReplyDelete
  5. လာဖတ်သွားကြောင်းပါ စီပုံးက ဝေးလို့ ဒီမှာပဲရေးသွားတယ်နော် :P

    ReplyDelete
  6. မောင်လေးရေ .. အပိုင်းလေးတွေနဲ့ ဖတ်ရတာ အားမရဘူး။း)
    အခု ၁ ကနေ ၃ အထိ ဆက်တိုက် ဖတ်လိုက်တယ်။ ဒါပေမယ့် မမန့်သေးဘူးနော်။ ဇတ်လမ်းလေး ပြီးလို့ ဇတ်ရည်လည်မှ ကွန့်မန့်ရေးမယ်။း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  7. မင်္ဂလာပါ ကိုသက်တန့် ရေ..

    လာလည်ပါတယ်။ ဆက်ရေးမယ့် အပိုင်းကို စောင့်ပြီး ဖတ်ပါအုံးမယ်။ ပြီးမှ ကွန်မန့် ရေးပေးမယ်။ :)

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  8. ကောင်မလေးက တော်တော်ရိုင်းတာပဲ...

းဝ)

    ReplyDelete