Monday, December 14, 2009

ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၆)

ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၆)




(၆)
ကျူရှင်မှအပြန် မိုးကရုတ်တရက် ၀ုန်းကနဲရွာချလိုက်သည်။ သူလည်း မိုးရွာထဲမှာ လမ်းလျောက်လာနေကြမို့ တစ်ယောက်တည်းပဲ တိတ်တဆိတ်လျောက်လာနေမိသည်။ လမ်းချိုးတစ်ခုသို့ ကွေ့ကာနီးတွင် စိတ်ထဲမှ အန္တရာယ်၏ အငွေ့အသက်တစ်ခုကို တွေ့လိုက်ရသည် ။ လမ်းကွေ့လူပြတ်နေရာတွင် ကုက္ကိုလ်ပင်ကြီး တစ်ပင်ရှိသည် ။ ထိအပင်ကြီးအောက်တွင် သူနှင့်ရွယ်တူလေးယောက် ပေစောင်းစောင်းနှင့်သူ့ကို ကြည့်နေသည် ။ ဖြေးဖြေးမှန်မှန်ပဲ လမ်းကို လျောက်လာခဲ့သည် ။ ထင်သည့်အတိုင်းပင် သူတို့ အရှေ့မှ ဖြတ်
လျောက် တော့ လေးယောက်စလုံး သူ့ရှေ့မှ ပိတ်ရပ်လိုက်ကြသည် ။ အဲဒီထဲက တစ်ကောင်က ကျူရှင်မှာ တွေ့ခဲ့သည့် " ကျော်ဇေယျာဝင်းတင့်” ဆိုသူ ဖြစ်သည် ။ ထိုသူကပင်စ၍

“ ဒီမှာ ဘော်ဒါ မင်းက နှင်းလေးကို လိုက်နှောက်ယှက်နေတယ်ဆိုတဲ့ ကောင်လား”

“ နေပါဦး မင်းမေးတိုင်း ငါက ဖြေရမှာလား”

“ ဟဟ.. ချာတိတ်က အလာကြီးပါလား မင်းင့ါကို မသိသေးဘူးနဲ့ တူတယ် ငါ့နာမည် လက်မရွံ့ဇေယျာတဲ့ မှတ်ထားဦးချာတိတ်”

( အော်ဒုက္ခ ဒုက္ခ .. ဘယ်တုန်းက သူ့နာမည်သူပေးလိုက်သလဲ မသိ )

“ ကဲ ကြာပါတယ်ကွာ ဘော်ဒါတို့ရေ စလိုက်ကြရအောင်”

“ ခွပ်”

စကားပင်မဆုံးသေး သကောင့်သား ပက်လက်လန်သွားသည် ။ ဟုတ်တယ်လေ သိုင်းပြိုင်ပွဲမှ မဟုတ်တာ တိုက်စစ်တွေခံစစ်တွေ မစဉ်းစားနိုင်တော့ ။ မျက်နှာကို ပယ်ပယ်နယ်နယ်တွယ်ထည့်လိုက်သည် ။

“ ၀ှီး”

“ ခွပ်”

နောက်တစ်ကောင်က တုတ်နှင့် ၀င်အရိုက် ခေါင်းကို အသာငုံ့ပြီး မေးစေ့ကို လက်ဖမိုးနှင့် ပင့်တင်ပေးလိုက်သည် ။ သွားရှာပြီတစ်ကောင် ။ ထိုစဉ် တစ်ကောင်က လှစ်ကနဲ စကေဘာနှင့် ၀င်ထိုးသည် ။ သူ့ထိုးချက်ကို ရှောင်လိုက်စဉ်မှာပင် နောက်မှ ပစ်ထည့်လိုက်သော အုတ်ခဲ့အကျိုးကြောင့် ဦးခေါင်းတစ်ခုလုံး ပူထူသွားသည် ။ ကျနော်သွေးတွေနှင့် လဲကျသွားတာမြင်တော့ လေးယောက်စလုံး ကြောက်အားလန့်အားထွက်ပြေးသွားကြသည် ။ သတိမလစ်အောင်ထိမ်းရင်း လမ်းမှာ လာသည့် ဆိုက္ကားကို တားကာ ဆေးခန်းသို့လစ်ခဲ့သည် ။ အကျိုးဆက် ကား လေးချက်ချုပ်လိုက်ရသည် ။ အင်း ဒီတိုင်းဆို ကျောင်းပေါင်းစုံ သိုင်း ပြိုင်ပွဲတောင် ၀င်ပြိုင်နိုင်ပါ့မလား ။

အိမ်ရောက်တော့ ချော်လဲ၍ ချုပ်လိုက်ရသည် ဟုလိမ်ပြောလိုက်သည် ။ အိမ်က သိပ်တော့မယုံချင် ။ သို့သော်ကိုယ်က ရန်တွေဘာတွေ အချိန်တိုင်း ဖြစ်နေတတ်တဲ့သူမဟုတ်၍ မယုံချင့်ယုံချင်နှင့် ယုံလိုက်ကြသည် ။ ဒီလိုပါပဲ ဘ၀မှာ လူသားတိုင်း အနဲဆုံး တစ်ကြိမ်တစ်ခါတော့ လိမ်ဖူးသောသူချည်းပင် ။ ခေါင်းကတစ်ဆစ်ဆစ်ကိုက်လာသောကြောင့် ဆေးတစ်ခွက်သောက်ပြီး အိပ်ရာထဲမှိန်းနေလိုက်သည် ။

ပူပြင်းမှုက...
စူးရှအက်ကွဲစွာ.....
နှလုံးသားထက်ထက်မှာ......
တစ်ဝက် တစ်ပျက်နဲ့.....
ဒီလိုသွေးမပျက်ချင်ဘူး....
ကောင်မလေးရေ....
ဆောင်းငွေ့ဝေတဲ့ မနက်ခင်းဆို.....
ပွင့်ဖတ်ဖြူဖြူလေးတွေ.....
ဒီကန်ရေပြင်မှာ.....
အစီအရီပြန့်ကျဲနေကျပေါ့.....
မိုးစက်လေးတွေကျီစယ်တိုင်း....
ဒီရင်က လွမ်းဆွတ်မှုတွေက...
တရိပ်ရိပ်....
ငါ့လိပ်ပြာတွေတောင်....
နှုတ်ယူသွားတယ်....

(သက်တန့်ချို)

ဆက်လက်ရေးသားပါဦးမည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. အပိုင်းဆက်တိုင်းမှာပါတဲ့ ကဗျာလေးတွေသိပ်လှတယ်...

    ReplyDelete
  2. အလင်းရောင်
    ရင်ထက်ထက်ကဆီးနှင်း...........ဆိုတဲ.ကဗျာလေးကြိုက်တယ်

    ReplyDelete
  3. ရေးပီးသားအပိုင်းတွေလည်းဖတ်ချင်တယ် ရှာမတွေ့ ဘူးဖြစ်နေတယ်

    ကူညီပါဦးကိုသက့် တန့် 

    ReplyDelete