Thursday, December 24, 2009

ပြင်သစ်နိုင်ငံမှ ရေအောက်ဖုန်းရုံလေး

ပြင်သစ်နိုင်ငံမှ ရေအောက်ဖုန်းရုံလေး










ရေအောက်ဖုန်းရုံ ဆိုလို့ရေအောက်ထဲမှာ လုပ်ထားတာလို့ မထင်ပါနဲ့ ။ ရေအောက်ထဲက ဒီဇိုင်းလေး အတိုင်းလုပ်ထားတာပါ ။ ထွင်လဲထွင်တက်ပါ့နော် ။ ဒါပေမေ့ တစ်မျိုးတော့ဆန်းသား ။ ရေအောက်ဒီဇိုင်းလေးကို ကြည့်ပြီး ဖုန်းဆက်လို့ရတာပေါ့နော် ။ တည်ရှိတာကတော့ ပြင်သစ်မှာ ဖြစ်ပါတယ် ။ ကမ္ဘာလှည့် ခရီးသည်တွေအတော်များများလည်း ဒီဖုန်းရုံလေးကို စိတ်ဝင်တစားလာ ကြည့်ကြတယ်လို့ သိရပါတယ် ။ ကဲ ဒို့တွေလည်း သွားကြည့်ကြရအောင်နော့ ။

စာရေးသူ....သက်တန့်ချို (၁၀း၀၀ ည ၂၃.၁၂.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. ထူးထူးဆန်းဆန်းလေးတွေ
    ကြည့်ဖူးမြင်ဖူးတယ်ဗျာ
    တိုင်းကြူးနော်
း)

    ReplyDelete
  2. လူက ဘယ်နားကပြောရလည်းဗျ
    ထူးထူးဆန်းဆန်း မြင်ရတာကျေးဇူးဘဲ ပြီးတော့ mobil ဖုန်းတွေ ဒီလောက်ပေါနေတော့ နိုင်ငံခြား မှာ ဖုန်းရုံလေး နဲ့ ဆက်သေးလားဗျ


    ကျေးဇူးဘဲနော်

    ReplyDelete
  3. နောက်တခါ Europe ကို သွားမှာ အဲဒီကိုသွားလည်တော့မယ်။

    ReplyDelete
  4. မင်္ဂလာပါ ကိုသက်တန့် ရေ..

    ဖုန်းလာဆက်တယ်။ ရေမွှန်လို့ ပြီးအောင် မဆက်လိုက်ရဘူး။ :)...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  5. အထူးအဆန်းလေး လာကြည့်တယ်နော်

    ReplyDelete
  6. အယ် ဘယ်လိုဝင်ပြောမလဲ..း)
    သူတို့တွေများနော် လုပ်လိုက်ရင် အထူးအဆန်းချည်းပဲ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  7. ဗဟုသုတရပါတယ်ဗျာ

    ReplyDelete
  8. ထူးထူးဆန်းဆန်းလေးမို့ စိတ်ဝင်စားစရာဘဲ..ဖုန်းမဆက်ချင်တောင် စပ်စုချင်စိတ်ကလေးနဲ့ ရုံထဲ ၀င်ချင်လာတယ်..

    ReplyDelete
  9. အထူးအဆန်းဆို သက်တန့်ချိုမှဟုတ်ပါလေစ။
    ပြင်သစ်တော့ သွားဖို့စရိတ်မရှိလို့ ဒီကပဲကြည့်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  10. ကိုသက်တန့်ရေ...
    အထဲဝင်ဆက်ရင် ရေမွန်းမှာကြောက်စ်လို့ လှည့်ပြန်သွားပြီဗျာ...ဟီးးးးးးးး
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete