Thursday, May 6, 2010

ကမ္ဘာမြေပြင်ပေါ်မှ ထူးဆန်းသောသတ္တ၀ါ

ကမ္ဘာမြေပြင်ပေါ်မှ ထူးဆန်းသောသတ္တ၀ါ


ဒီသတ္တ၀ါကိုကြည့်ပြီး ထင်မြင်ချက်ပေးဖို့ရာ ခက်ခဲလှပါတယ် ။ ကျွန်တော်တို့အတွက် တွေ့ဖူးသမျှ သတ္တ၀ါတွေ ထဲမှာ အဆန်းဆုံးလို့ ပြောရမှာ ဖြစ်ပါတယ် ။ အရှင်းဆုံးပြောရရင်တော့ ဒီဟာ ဘာကောင်လဲဆိုတာ ခန့်မှန်းဖို့ ကျနော် မတွေးတတ်ပါဘူး ။ ဒီတော့ ဒီသတ္တ၀ါဟာ အဖြေတက် မေးခွန်းတွေ ပိုများလာစေမယ့် သတ္တ၀ါပဲ ဖြစ်ပါ တယ် ။ ရရှိတဲ့နေရာကတော့ ထိုင်းနိုင်ငံ ကျေးရွာလေးတစ်ရွာကလို့ သိရပါတယ် ။ ဒေသခံတွေကတော့ နတ်ရိုးရာ ယုံကြည်မှုရှိသူတွေပီပီ ဒီသတ္တ၀ါကို လာဘ်လာဘတိုးပွားစေတဲ့အဆောင်အဖြစ် ပူဇော်ပသ နေကြ တာကို လည်း တွေ့မြင်နိုင်ပါတယ် ။

အသက်ရှိတဲ့ သက်ရှိသတ္တ၀ါလို့ ယူဆတဲ့အတွက် ပန်ကာ ဖွင့်ပေးထားပြီး အမျိုးမျိုးသော ဆုတောင်းမှု တွေပြု လုပ်ကြတဲ့အတွက် လာရောက်လေ့လာသူတွေနဲ့ စည်ကားလျှက်ရှိတယ်လို့ သိရပါတယ် ။







သက်တန့်ချို (6 May 2010)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ဘာကောင်မှန်းတော့မသိဘူး လူတွေကတော့ ကိုယ့်အတ္တနဲ့ကိုယ် ကိုးကွယ်နေကြတယ်။ မိမိအဆင်ပြေဖို့ ၊ ချမ်းသာဖို့ အတွေးထဲမှာပဲ ရှိတော့ ဆင်ခြင်နိင်စွမ်းလည်း နည်းကုန်တာပဲ။

    ReplyDelete
  2. ဘာကောင်များပါလိမ့်နော်။။ ET လေးနဲ့ တူသလိုလို..။
    တွေ့ ဖူးတာမဟုတ်ပေမဲ့.TV ထဲက..ET ပုံမျိုးလေးနဲ့ မို့ ။
    အဲဒီ့လိုတွေ ပူဇော်ပသနေတော့ သူကထကောစားလား။
    မှန်တာဝန်ခံရရင်....သွားကိုင်သွားထိကြည့်ချင်စိတ်တွေ
    လက်တလောမှာပေါက်လာတယ်။ စိတ်ဝင်စားမိလို့ ပါ။
    တကယ်။။ ပူဇော်ပသနေတယ်ဆိုတာကိုတော့
    တော်တော်လေးကို အံ့သြမိတယ်။ အော်....
    ...ခင်မင်လျှက်...ခင်မာလာအောင်..:)

    ReplyDelete
  3. ထိုင်းနိုင်ငံ ဘယ်နေရာလဲဆိုတာ သိချင်လိုက်တာ။ အားကိုးရာအစစ်ဖြစ်တဲ့ ရတနာသုံးပါးကို မသိမြင်နိုင်သ၍တော့ ဒါမျိုးတွေ ရှိနေကြအုံးမှာပဲ။

    ReplyDelete
  4. ထူးဆန်းလိုက်တာ ဘာကောင်ကြီးလဲမသိ ထိုင်းတွေကလည်း နတ်ကိုးကွယ်မှုတော်တော်များတာပဲနော့် ။

    ReplyDelete
  5. cooking and eating.

    ReplyDelete
  6. အင်း ထိုင်းတွေလဲမြန်မာတွေလိုပါဘဲလား

    ReplyDelete
  7. ကိုသူကြီးရေ
    အဲဒိအကောင်ကအီးတီနဲ့လည်းတူသလိုခြေ
    ထောက်တွေကြည့်ရတာတော့နွားသားပေါက်
    လိုလိုမြင်းလိုလိုနဲ့နော်အင်းဘာကောင်လဲလို့
    တော့မတွေးတတ်တော့ဘူးလောလောဆယ်
    တော့သူကြီးဆိုဒ်ထဲကိုပဲအလည်လာသွားတော့တယ်အကောင်လေးရဲ့ဇစ်မြစ်ကိုသိရင်လည်း
    ပြောပြအုံးနော်အော်ဒါနဲ့မန်းလေးကိုလည်း
    အလည်လာနေတယ်ဆိုသူများတို့ဆီဝင်လည်ပါဦးနော် ဟီး

    ReplyDelete