Tuesday, May 18, 2010

ထူးဆန်းကြောက်မက်ဖွယ် ပင်လယ်ရေသတ္တ၀ါ

ထူးဆန်းကြောက်မက်ဖွယ် ပင်လယ်ရေသတ္တ၀ါ


လှို့ဝှက်ဆန်းကြယ်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တ၀ါဟာ Wales ပြည်နယ်ရှိ Gower Peninsula ရဲ့ကမ်း ခြေမှာ ရေထဲမှ ပေါ်ထွက်လို့လာခဲ့ပါတယ် ။ ပြည်ကြီးငါး ရေဘ၀ဲလက်မတွေလို အများကြီးပါရှိပြီး အဲဒီလက်မ တွေဟာ အစမှအဆုံးထိ ခြောက်ပေထိရှည်လျှားပါတယ် ။ တွဲကျလျှက်ရှိတဲ့ ရှည်လျားတဲ့ညှာတံပါရှိပြီး အဲဒီ သတ္တ၀ါရဲ့ အခွံနဲ့တွဲစပ်ထားလို့နေပါတယ် ။ အလွန်ကြီးမားတဲ့ ရေလှိုင်းလုံးတွေအောက်မှာတွေ့ရလေ့ရှိပြီး အခုအခါမှာ တော့ ကမ်းခြေမှာ လာပြီး သောင်တင်နေခဲ့ပါတယ် ။ ဒီ ခရင်းကောင်ဟာ ကြောက် မက်ဖွယ် သဏ္ဍာန်ရှိပြီး အမှန်တကယ်တော့ ရေသတ္တ၀ါအမျိုးနွယ် ပုဇွန် ကျောက်ပုဇွန် ၊ဂဏန်းတွေနဲ့ ဆက်နွယ်မှု ရှိပါတယ် ။ ဒီသတ္တ၀ါဟာ ပင်လယ်ပြင်ရဲ့ အမြှုပ်ထတဲ့ နေရာတွေမှာ ကျက်စားလေ့ရှိပါတယ် ။ ပင်လယ်ပြင်ရဲ့ ချွန်ထက်တဲ့ကျောက်ဆောင်အမြင့်တွေပေါ်ကိုတွယ်တက်လေ့ရှိပြီး ရေလှိုင်းတွေထဲမှာ ပျော်ရွှင်စွာ ကူးခတ်လေ့ ရှိပါတယ် ။ အထူးသဖြင့် ရေငံထဲမှာ ဥ ချလေ့ရှိပြီး ရေထဲက အောက်ဆီဂျင်နဲ့ပဲ အသက်ရှင်နေထိုင်ပါတယ် ။ အစာတွေကိုတော့ သူတို့ရဲ ခြောက်ပေရှည်တဲ့ လက်ချောင်းတွေနဲ့ ဖမ်းယူစားသောက်လေ့ရှိပြီး ထူးဆန်း တာကတော့ သူတို့ ဦးခေါင်းနဲ့ ကျောက်ဆောင်တွေပေါ် တွယ်ကပ်ခြင်းကိုလုပ်ဆောင်လေ့ရှိပြီး သူတို့ ခြေလက် တွေနဲ့ အစာစားလေ့ရှိပါတယ် ။





သက်တန့်ချို
18 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ထူးဆန်းတာတွေက တဖြည်းဖြည်း များလာပြီနော်။
    မမြင်ဘူးတဲ့ အကောင်ပလောင်တွေလဲ မြင်ဘူးလာပြီ။

    အခုအကောင်ရဲ့ ပါးစပ်နဲ့ ဦးခေါင်း လိုက်ရှာနေတာ။ ဘယ်နားမှာလဲဟင်။

    အဝေးကကြည့်ရင် ခြေသုတ်ပုဝါနဲ့ တူတယ်နော်။
    အဟီးးးးးးးး

    ReplyDelete
  2. ကုန်းသတ္တဝါတွေထက်ရေကပိုများတယ်ဆိုတာ ဟုတ်တယ်နော် ပုံစံအမျိုးမျိုးပဲ

    ReplyDelete
  3. ဟုတ်ပါ့ ခြေသုတ်ပုဝါလေးလိုပဲ။ သုတ်ကြည့်ရင် ပျော့စိစိလေးနေမှာပဲ။ အောင်မလေး အသဲယားတယ်။ :)

    ReplyDelete
  4. ထူးထူးဆန်းဆန်းတွေတစ်မျိုးပြီးတစ်မျိုးပဲနော်။
    ကြည့်ရတာနဲ့တင် အသဲယားတယ် ..:P

    ReplyDelete
  5. ခြေသုတ်ပ၀ါလို ထိကြည့်ဖို့ မပြောနဲ့ 
    ကြည့်ရင်းနဲ့ ကို အသဲယားလို့ 
    ရင်ထဲမှာ ကလိ ကလိ ဖြစ်နေပြီ .. :)

    ReplyDelete