မုတ်သုံက သာမန်နှစ်များနှင့်မတူပဲ ဒီနှစ်မှ နောက်ကျလွန်းနေသည် ။ တလှပ်လှပ်ထနေသော ကတ္တရာ လမ်းမထက် အပူရှိန်က အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေဆဲ ။ ပြင်ပအပူရှိန်သည် ရင်ထဲက ဖြစ်ပေါ် နေသော လွမ်းဆွတ်မှု ဒါဏ်ရာနှင့် နှိုင်းယှဉ်လျှင် မြူမှုံတမျှ ဝေးလွင့်သွားစမြဲပင် ။ မျက်..၀န်း..နက်... ဒီနာ မည်လေး တစ်ခုနဲ့တင် ကျွန်တော်အကြိမ်ကြိမ်သေခဲ့ရပါတယ် ။ မျက်ဝန်းနက်ဆိုတာ သူမရဲ့ နာမည် အရင်း မဟုတ်ပါဘူး ။ သူမနဲ့ စတွေ့တိုက်အခိုက်လေးမှာ ကျွန်တော့်ရဲ့ရင်တွေ တလှပ်လှပ်နဲ့ ဘာမှန်းမသိပဲ နှုံးခွေ သွားတတ်ပြီး အာရုံထဲမှာ မျက်ဝန်းနက်နက်လေးတွေပဲ စွဲကျန်ရစ်ခဲ့တယ် ။ သူမက ကျွန်တော့်ရဲ့ တစ်ဦး တည်း သော မိန်းကလေး သူငယ်ချင်းဖြစ်သလို ပထမဆုံးနဲ့ နောက်ဆုံး ချစ်သူလည်းဖြစ်ခဲ့တယ် ။ သူမ အကြောင်းတွေ ပြန်တွေးမိတိုင်း ကျွန်တော့်ရဲ့ရင်ခုန်သံတွေ မှုမမှန်ပဲ ဗြောင်းဆန် လှုပ်ရှားသွား တတ်တာ ကိုတော့ ရိုးသားစွာ ၀န်ခံပါရစေ ။ မိုးရာသီရောက်တိုင်း ကျွန်တော့်ရဲ့ ရင်တွေနာကျင်ရစမြဲပါ ။ သူမနဲ့ ကျွန်တော့် ရဲ့တွေ့ဆုံမှုက မိုးရာသီမှာ စတင်ခဲ့သလို မိုးတွေ သည်းကြီးမည်းကြီး ရွာနေတဲ့ ညနေခင်းတစ်ခုမှာပဲ သူမ ကျွန်တော့်ကို ခွဲခွာသွားခဲ့တယ် ။
အချစ်ဆိုတာ ဘာလဲလို့ သိလိုက်ရချိန်မှာ သူနဲ့ကျွန်တော်က ကမ္ဘာကြီးရဲ့ ပြန်မဆုံနိုင်တော့တဲ့ ၀န်ရိုးစွန်း တစ်ဖက် စီမှာ ရောက်ရှိနေပြီလေ ။ အခုတော့ မိုးတွေလည်း ရွာမနေခဲ့ဘူး ။ ပြင်းပြတဲ့ နေရောင်ကြောင့် ကိုယ်ပေါ် မှာ ပူရှိန်းရှိန်းဖြစ်နေခဲ့တယ် ။ အချိန်တိုင်းအချိန်တိုင်းအုံ့ ဆွေးဆွေးနဲ့ သူမကို လွန်းတတ်တဲ့ ကျွန်တော့်ရဲ့အကျင့်ကိုလည်း မဖျောက်ဖျက်နိုင်ခဲ့ဘူး ။ အခုလည်း မေလရဲ့ပူပြင်းတဲ့ နွေနေ့လည်ခင်းမှာ သူမရဲ့ အကြောင်းကို ဘာရယ်မဟုတ်ပဲ စာရွက်ဖြူဖြူတစ်ရွက်ပေါ် ကျွန်တော်ချရေးနေမိတယ် ။
" လွမ်းလိုက်တာ မျက်ဝန်းနက်ရယ် ...."
ကျွန်တော်မှတ်မိပါသေးတယ် ။ အဲဒီမိုးတွေရွာသည်းနေတဲ့ တစ်နေ့မှာ ကျွန်တော်က ဘာရယ်မဟုတ်ပဲ မိုးရေ ထဲမှာ မျက်နှာပေါ် မိုးစက်တွေလာမှန်တဲ့ အရသာကို နှစ်ခြိုက်လွန်းတဲ့အတွက် မိုးရေထဲ လမ်းလျောက် နေ မိတယ် ။ အပေါ်ကို မော့ကြည့်မော့ကြည့်နဲ့ လျောက်လာတဲ့ ကျွန်တော့်ကို နောက်က တစ်စုံတစ်ခုက အရှိန်ပြင်း ပြင်းနဲ့ ၀င်တိုက်လိုက်တဲ့အတွက် ကျွန်တော်ကတ္တရာလမ်းပေါ် ဗိုင်းကနဲ ပစ်လဲကျသွားခဲ့တယ် ။
ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ ကျွန်တော့်ကို တိုက်သွားတဲ့အရာကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ ကျွန် တော့် အသွေးအသားတွေကို ခေတ္တခဏ ရပ်တန့်သွားစေတဲ့ မျက်ဝန်းနက် နဲ့ စတင်တွေ့ဆုံရတာပါပဲ ။ မိုးတွေ ထဲမှာ စက်ဘီးလေးကိုင်ပြီး တုန်တုန်ရီရီနဲ့ ကျွန်တော့်ကို ကြည့်နေတဲ့ ကောင်မလေးတစ်ယောက် ။ အဲဒီဖြစ် ရပ်လေးကနေစတင်ပြီး မျက်ဝန်းနက် ဆိုတဲ့ကောင်မလေးနဲ့ ကျွန်တော်နဲ့ စတင်ရင်းနှီးခဲ့ပါတယ် ။ မိုးတွေ အုံ့အုံ့သည်းသည်းရွာသွန်းတဲ့ နေ့ရက်တိုင်းဟာ သူမနဲ့ ကျွန်တော့်အတွက် အမှတ်ရစရာ နေ့ရက်တွေချည်းပါပဲ ။ မျက်ဝန်းနက်က ကျွန်တော်နဲ့ စတွေ့ပြီး ရက်ပေါင်း ၉၉ ရက်မြောက်တဲ့နေ့မှာ ကျွန်တော့်ကို " သိပ်ချစ်တယ် " ဆိုတဲ့ အဖြေကို ပေးခဲ့တယ် ။ အဲဒီအဖြေဟာ မုသားတွေနဲ့ ရောနှောနေတဲ့ အဆိပ်ရည်တစ်ခွက် မှန်း ကျွန်တော် မသိခဲ့ဘူး ။ အဲဒီအဆိပ်တွေကပဲ ကျွန်တော့်နှလုံးသားတွေ အတုံးအရုန်းကျဆုံးကုန်အောင် လောင်ကျွမ်း စေခဲ့တာ ပေါ့ ။
" လွမ်းလျှက်ပါပဲ မျက်ဝန်းနက်ရယ်...."
ကျွန်တော်ခင်ဗျားကို တစ်ရက်မှမေ့မရခဲ့ပါဘူး ။ ကျွန်တော်တို့နှစ်ယောက်ဟာ မိုးပြိုမှာစိုးတဲ့ တစ်တီတူးတွေလို တစ်စုံ တစ်ခုကြောင့်ဝေးလွင့်သွားမှာ စိုးတာကြောင့် တစ်ယောက်လက်နဲ့ တစ်ယောက် ခိုင်မြဲစွာ တွဲခဲ့ကြတယ် ။ ဘယ်အရာကမှ ခွဲလို့မရအောင် ခိုင်မြဲလွန်းတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ လက်တစ်စုံကို သူမဖက်က စတင် ဖောက်ဖျက်သွားတာဟာ သူမရဲ့ ဘာမဟုတ်တဲ့ အတ္တလေးတစ်ခုကြောင့်ဆိုတာ ကျွန်တော် သိလိုက်ရ တဲ့ အချိန်မှာ လောကကြီးကို မယုံကြည်နိုင်ခဲ့ဘူး ။ " မျက်ဝန်းနက်ရယ်.. ခင်ဗျားရက်စက်တယ် " လို့ ကျွန်တော် ပြောမထွက်ခဲ့ဘူး ။
နေ့တစ်နေ့ပေါ့... ။ မှတ်မှတ်ရရ အဲဒီနေ့က မိုးတွေသည်းကြီးမည်းကြီး ရွာတဲ့ တနင်္ဂနွေတစ်နေ့ရဲ့ ညနေခင်း တစ်ခုပေါ့ ။ ဘာမှမထူးခြားတဲ့တစ်နေ့ ... ။ ကျွန်တော့်ကို သေမိန့်ချခဲ့တဲ့နေ့ ... ။ ကျွန်တော်နဲ့ မျက်ဝန်းနက် စ တွဲခဲ့တဲ့နေ့ကစပြီး ၉ လနဲ့ ၉ ရက်ပြည့်တဲ့နေ့ပေါ့ ။ ၉ ဂဏန်းတွေဟာ ကံကောင်းခြင်းကို ယူဆောင် လာပေးတယ်ဆိုပြီး ဘာကြောင့် ကျွန်တော့်အလှည့်ကျမှ လွဲချော်ခဲ့ပါသလဲ .... ။
" မောင်...ကျွန်မ.. နိုင်ငံခြားသွားတော့မယ် ဒီမှာနေလို့ ကျွန်မရဲ့ ဘ၀က ဘယ်လိုမှ အောင်မြင်ကျော်ကြားမှု လမ်းကြောင်းကို ရှာတွေ့မှာ မဟုတ်ဘူး မောင်ကျွန်မကို တကယ်ချစ်ရင် နိုင်ငံခြားကို အပြီးလိုက်ခဲ့ပါလားဟင် "
အဲဒီစကားသံကြားကြားချင်း ကျွန်တော်ဟာ ကျောက်ရုပ်တစ်ရုပ်လို ဆွံ့အသွားခဲ့မိတယ် ။ ဒီနိုင်ငံကနေ ခဏ တဖြုတ် မဟုတ်ပဲ အခြားနိုင်ငံမှာ နိုင်ငံခြားသားခံယူရမယ့်ဘ၀.. ကိုယ့်အမိရင်ခွင်ကို ကိုယ်ခြေစုံကန်ရသလိုပါပဲ ။ ကျွန်တော်ဆက်မတွေးရဲတော့ဘူး ။ နောက်ဆုံးပင့်သက်ကိုရှိုက်ပြီး သူမကို တစ်ခွန်းပြန်မေးလိုက်တယ် ။
" ကိုယ်မလိုက်နိုင်ရင်ရော...."
" ကျွန်မတို့ တစ်သက်လုံးဝေးကြယုံပဲပေါ့ မောင်...စဉ်းစားပါဦး "
" ................"
ကျွန်တော်နောက်ဆုံး ရင်နဲ့ ရင်းတဲ့ ဆုံး ဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ် ။
(၁) ကိုယ့်နိုင်ငံမှာ မဟုတ်ပဲ အခြားနိုင်ငံခြားသားဘ၀ ခံယူပြီး ချစ်သူနဲ့အတူနေရခွင့်
(၂) ချစ်သူကို လက်တွဲဖြုတ်ပြီး အမိရင်ခွင်ထဲမှာ ကျန်နေခွင့်
ကျွန်တော် ဒုတိယ အရာကိုရွေးချယ်ခဲ့တယ် ။
" ကိုယ်မလိုက်နိုင်ဘူး "
" ဒီမှာမောင်.. ဘာမဟုတ်တဲ့ နိုင်ငံသေးသေးလေးမှာပဲ မောင့်ဘ၀ကို မြှုပ်နှံပြီးနေရစ်ခဲ့ပေတော့ ကျွန်မကတော့ ဆုံးဖြတ်ချက်ကို မပြင်နိုင်တော့ဘူး တကယ်တော့ မောင်ဟာ နွားခြေရာခွက်ထဲက ဖားလိုပဲ ဒီပတ်ဝန်း ကျင်လေးကိုပဲ အရမ်းတွယ်တာလွန်းတယ် ဆောရီးပဲ မောင် ဒီနေ့ဟာ ကျွန်မတို့ရဲ့နောက်ဆုံးတွေ့ဆုံခြင်းနေ့ပေါ့ ...Good Bye.."
ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ခင်ဗျားတို့ မှားတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ် ။ သတ္တိမရှိသူလို့ လည်း စွပ်စွဲချင်စွပ်စွဲလိမ့်မယ် ။ ဒါပေမယ့် ဒီရေဒီမြေကနေခွာပြီး တိုင်းတပါးသားဘ၀ ခံယူဖို့ဆိုတာ ကျွန်တော့် ၀ိဥာဉ် တစ်ခလုံး လွင့်ပြယ်သွားမှ ဖြစ်နိုင်မှာပါ ။ အဲဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော့်ရင်တွေအခုထိ...နာကျင်ဆဲပါ ။ ကြေမွဆဲပါ... ။ နောက်ဆုံး သူမရဲ့ Email လေးတစ်ခုတောင် ကျွန်တော်သိခွင့်မရခဲ့ဘူး ။ အခုလောက်ဆို မျက်ဝန်းနက် ... နိုင်ငံခြားသူကြီး ဖြစ်နေလောက်ရောပေါ့ ။ သူမ ရှာဖွေနေတဲ့ ဘ၀ တိုးတက် အောင်မြင် ရေးလမ်းကြောင်းတွေကိုလည်း တွေ့နေလောက်ရောပေါ့ ... ။
ကျွန်တော်ကတော့ အခုထက်ထိ.. ကဗျာတွေရေးနေတုန်း .. အဆုံးမဲ့ညတွေထဲ သူမနာမည်ကို ရေရွတ်နေ တုန်း.... သူမရဲ့ အမှတ်တရတွေကို သိမ်းထားတတ်နေတုန်း...သူမအတွက် အလွမ်းဖွဲ့တေးသီချင်းတွေ ဆိုညည်း မိနေတုန်း......
မျက်...၀န်း...နက်...ရေ...ခင်ဗျားကို ကျွန်တော်ဆက်လက် စောင့်မျှော်နေဆဲပါ....နောက်ထပ် ဘ၀တွေ.. အသင်္ချေ...အသင်္ချေ...အသင်္ချေ....ထိတိုင်အောင်...............။
သက်တန့်ချို
25 May 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

is it a true story that you or somebody had or is it your imagination?
ReplyDeleteI read one story in which the guy wanted to take his girlfriend to US but the girl denied and stayed in MM
Nice plot! I feel unmentionable pain in my heart.
ReplyDeleteဖတ်နေရင်းနဲ့တောင်ရင်မောသွားရပါလား....။
ReplyDeleteနောက်ဆုံးတော့ဖူးစာကိုပဲပုံချလိုက်ပါတော့.....
ခင်တဲ့
သဒ္ဓါ
Facebook မှာခေါက်လိုက် ထွက်လာမယ် ...
ReplyDeleteနောက်တာမဟုတ်ဘူးနော်.
ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်...
ReplyDeleteချစ်တဲ့သူတိုင်း ဆုံတွေ့ကြပါစေ....
ဟာဗျာ ရင်နှစ်ခနဲ့ပဲ
ReplyDeleteဒီစာလေးဖတ်နေချိန်မှာ မိုးကလဲ သည်းကြီးမဲကြီးရွာနေတယ် စိတ်မကောင်းလိုက်တာ..။
ReplyDeleteဘယ်တတ်နိုင်မလဲနော် သူကပြတ်သားသွားနိုင်တာပဲ..။
ခင်မင်စွာဖြင့်
မိုးငွေ့
Vista ပြောသလိုပဲ.... များသောအားဖြင့်တော့ရှာတွေ့တတ်တယ် သူငယ်ချင်းရေ....
ReplyDeleteခင်မင်စွာဖြင့်
ပူးတေ
စိတ်ထဲမကောင်းဘူး...ဒါပေမဲ့ကျနော်ကပိုပြီးကံဆိုးတယ်ဗျာ...
ReplyDelete“ကျွန်တော်” ဆိုတဲ့သူရဲ.ဆုံးဖြတ်ချက် လုံးဝမမှားဘူး။အမိနိုင်ငံ ကိုချစ်တဲ့စိတ် ပိုပြီးထင်ရှားတဲ့အတွက် “ကျွန်တော်” ဆိုတဲ့သူကိုယ်စား
ReplyDelete“ကျွန်မ” ဆိုတဲ့ဖြူစင်သန်. ကအရမ်းကိုဂုဏ်ယူပါတယ်။