Monday, May 17, 2010

Switzerland နိုင်ငံမှ ရွှံ့လူးပွဲတော်

Switzerland နိုင်ငံမှ ရွှံ့လူးပွဲတော်

Paleo ဆိုတာ Switzerland နိုင်ငံရဲ့ အကြီးဆုံး ဂီတပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ် ။ New York မှာ ၁၉၆၉ မှစတင်ပြီး ကျောင်းသားတွေနဲ့ ပွဲတော်လာသူတွေဟာ နှစ် ၄၀ ပြည့် ဂီတပွဲတော်မှာ ရွှံ့တွေနဲ့ လူးခဲ့ခြင်းအားဖြင့် သူတို့ရဲ့ ပျော်ရွှင်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ် ။ ဒီအဖွဲ့အစည်းပွဲတော်ရဲ့ အဆိုအရ " ကမ္ဘာမြေပေါ်သို့ တဖန် " ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ စိတ်လှည့်စားမှု ဥာဏ်ကွန့်မြူးမှုနဲ့ ၁၀၀ ရာခိုင်နှိုင်း ပြန်လည်အသုံးပြုမှု Recyclable တို့ကို ရည်ညွှန်းပါတယ် ။



ရွှံ့နွံဆိုတာ ဆေးပညာရည်ရွယ်ချက်တွေနဲ့ သုံးလေ့ရှိပေမယ့် ရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ သိပ္ပံနည်းအရ ထောက်ခံထားခြင်းမရှိသေးပါဘူး ။ ဒါပေမယ့် ဘယ်လိုခံစားရမယ်ဆိုတာကိုတော့ သင်သိပြီး ဖြစ်မှာပါ ။ ရွှံ့ဓါတ်ဟာ ဆို့နေတဲ့ ချွေးပေါက်တွေကို ကျယ်စေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်တဲ့ ။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးပြီး ကြွက်သားနာတဲ့သူတွေနဲ့ အဆစ် အမြစ်နာတဲ့လူတွေဟာ ဒီရွှံ့ရေလူးခြင်းအားဖြင့် သက်သာစေပါတယ် ။







ဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ်ကို ကုသဖို့ ဂီတပွဲတော်ကိုခံစားဖို့နဲ့ ရွှံ့တွေနဲ့လူးနေတဲ့အလှအပကို သင်ခံစားနိုင်ဖို့ အလည်တခေါက်သွားရောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

သက်တန့်ချို
17 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. အဆစ်အမြစ်နာပျောက်တယ်ဆိုတော့ လူးသင့်ရင်လည်း လူးရတာပေါ့လေနော်။ အဖော်လေးနဲ့မှ လူးချင်တယ်ဝေ့။

    ReplyDelete
  2. ကြည့်ရတာ ပျော်စရာ
    ဒါပေမဲ့.. ဒါပေမဲ့
    ဘီကနီနဲ့မှ ဆိုရင်တော့ ဖြစ်သေးဘူး..
    တော်ကြာ တွေ့သွားပြီး ဂျိမ်းစဘွန်းမင်းသမီးတင်ရိုက်ချင်လို့ဆို
    ဒုက္ခး)း)

    ReplyDelete
  3. မြန်မာ လယ်ကွင်းတွေထဲမှာလည်းငယ်ငယ်က လူးခဲ့ ဘူးတယ်လေ.. အရိုက်တောင်ခံ၇သေးတယ်

    ReplyDelete
  4. အင်း...သူတို့ဆီမှာက ရွှံနွံတွေသိပ်မတွေ့ရတော့ တကူးတကပွဲတော်တောင်လုပ်ယူရတယ် ...။
    ရွှံပေပေကြီးတွေနဲ့ အနမ်းပေးတာတော့ အသဲယားစရာ..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  5. ရွှံတွေ ပေပေမယ့် အချစ်က အရာရာကို တတ်နိုင်ပါပေတယ်။ ရွှံဆိုလို ဂျာမုန်းငယ်ဘ၀ကိုတောင် သွားသတိရတယ်။ ရွှံနဲ့ ကိုင်ပေါက်ခဲ့ကြတဲ့ ငါးသွားဖမ်းခဲ့တဲ့ အိုင်တစ်အိုင်ကိုပေါ့။ ရွှံထဲမှာ ငရံ့ကို ဖမ်းရတာအခက်ဆုံးပဲ။

    ReplyDelete
  6. ဟော ဗျာ သူတို့ ခမျာ လဲ ပွဲတော် က ရွှံ့ နွံလူးရတယ်လို့ များနော်။
    ရှာဖွေလေ တွေ့ ရှိလေ လုပ်ပေးတဲ့ ကိုသက်တန့်ချို ရေ
    ကျေးဇူးတင်ရှိကြောင်းပါနော်။

    ReplyDelete
  7. သွားလူးအုံးမယ် ဒီလောက်အဆစ်မြစ်ကိုက်ချင်နေတာ
    ဟင်း

    ReplyDelete
  8. ဟွန်းးးးးးးးးးးးးးး

    အဆစ်မြစ်ကိုက် မသက်သာလဲ နေပါစေတော့ အကိုရာ။
    မလူးတော့ပါဘူး။
း)

    ရွှံတွေနဲ့ အကြင်နာပေးတော့ ပါးစပ်ထဲ ရွှံတွေ မရောက်ကုန်ဘူးလား။ သန်ကောင်တွေ ၀င်လာမှာပေါ့။

    မမှီတမှီ အတွေးနဲ့  ၀င်ပြောသွားတယ်နော်။
း)

    ReplyDelete
  9. သူတို့ ဆီမှာ ရွံ့ သိပ်မရှိလို့ လည်းနေမှာပေါ့ နော်
    ဒီမှာရွံ့ လူးချင်တယ်ဆိုရင်တော့ 
    ဒဂုံ .... ထဲ ခေါ်သွားလိုက်မယ် .. ခိခိ

    ReplyDelete