Monday, May 24, 2010

လက်ကောက်ဝတ်အရိုးအား ပခုံးရိုးအဖြစ်ခွဲစိတ်တပ်ဆင်မှု

လက်ကောက်ဝတ်အရိုးအား ပခုံးရိုးအဖြစ်ခွဲစိတ်တပ်ဆင်မှု




၂၀၀၈ ခုနှစ်မှာ အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ Tom Lemm ဟာ သူ့ရဲ့လက်မောင်း ၊ ပခုံးရိုးတွေကို Tumor (ကျူမာ - အလုံးအကျိတ်ကင်ဆာ) တစ်ခုကြောင့်ဖြတ်တောက်ခဲ့ရပါတယ် ။ အဲဒီနောက်မှာ ခွဲစိတ်ဆရာဝန်တွေဟာ သူ့ရဲ့ ဆုံးရှုံး သွားပြီဖြစ်တဲ့ လက်ကောက်ဝတ်က အရိုးတွေ နဲ့ တစ်ရှုးတွေကို သူ့ရဲ့ ပခုံးရိုးအသစ် အဖြစ်ခွဲစိတ် ပြုပြင် ပေးခဲ့ပါတယ် ။ တပြိုင်နက်တည်းမှာပဲ Professor Simon Kay's အရဲ့အဖွဲ့ဦးဆောင်ပြီး Tom ရဲ့လည်ပင်း ရိုးနေရာမှာ Metal Plate တစ်ခုကို အစားထိုး ခွဲစိတ်ပြုပြင်ပေးခဲ့ပါသေးတယ် ။ ဒါဟာ ဒီကောင်လေးကို လက်အတုဝတ်ဆင်တဲ့နေရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက်ပဲ ဖြစ်ပါတယ် ။

West Yorks, Pontefract မှာနေထိုင်တဲ့ Tom ဟာ ဆိုးရွားလှတဲ့ ကင်ဆာရောဂါကို သုံးနှစ်တိတိ ရင် ဆိုင်အန်တုခဲ့ရပါတယ် ။ ဗြိတိန်မှာ ၇ နာရီကြာမြင့်တဲ့ခွဲစိတ်မှုတွေထဲမှာ Tom ဟာ ပထဆုံးလူဖြစ်လာခဲ့ပြီး

" ကျွန်တော့်ရဲ့ လက်ဆုံးရွာသွားတဲ့အတွက် ကျွန်တော်အလွန်အမင်းစိတ်ထိခိုက်ခဲ့ရပါတယ် ..ဒါပေမယ့် ပရော်ဖက်ဆာက သူကျွန်တော့်ကိုဘာလုပ်မယ်ဆိုတဲ့အစီအစဉ်ကိုပြောပြခဲ့ပါတယ်...အဲဒီအရာဟာ ကျွန်တော့်ရဲ့ ပျောက် ဆုံး သွားတဲ့မျှော်လင့်ချက်တအတွက် နောက်ထပ်အသစ်ရောက်လာမယ့် မျှော်လင့်ဖြစ်ပါစေလို့ ကျွန် တော်ဆုတောင်းနေပါတယ် "

လို့ သူက ပြောဆိုခဲ့ပါတယ် ။


သက်တန့်ချို
24 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment