Wednesday, May 19, 2010

ထူးဆန်းအံ့သြဖွယ်ရာရေပြင်ပေါ်မှအပေါက်ကြီးများ

ထူးဆန်းအံ့သြဖွယ်ရာရေပြင်ပေါ်မှအပေါက်ကြီးများ



အမှတ်တမံ ကြည့်မိမယ်ဆိုရင်တော့ ခေါင်းလောင်တစ်ခုရဲ့ နှုတ်ခမ်းဝနဲ့ ဆင်တူလှပါတယ် ။ အသေအ ချာလေ့ လာကြည့်မယ်ဆိုရင်တော့ ရေထဲက ကြီးမားတဲ့အပေါက်ကြီးတွေဟာ ဆည် (သို့မဟုတ်) ကန်ထဲက ရေစီး ဆင်းမှုကို ထိန်းချုပ်ဖို့နဲ့ အောက်ဖက်ဧရိယာမှာ ရှိတဲ့ ရေစီးကြောင်းတစ်ခုနဲ့ ဆက်သွယ်ဖို့အတွက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ။ ဒီရေလွှဲတဲ့အပေါက်ကြီးတွေ (သို့မဟုတ် ) တွင်းနက်ကြီးတွေဟာ ရေကန်ကို ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ပြီး ရေကန် သို့မဟုတ် ဆည်တွေ ပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ် ။



ရေလွှဲလမ်းကြောင်းဆိုတာ ကန်တစ်ခုကနေ ရေစီးကြောင်းထွက်ပေါ်မှုကို ထိန်းချုပ်ဖို့ နဲ့ ရေအောက်ဧရိယာကို ရေလွှဲ ပေးဖို့ အထူးသဖြင့် မြစ်တစ်ခုကို တားဆီးပြီး ဆည်အဖြစ်ပြုလုပ်တဲ့အခါမှာ အလွန်ကို အသုံးဝင်ပါတယ် ။ ရေလွှဲအပေါက်ကြီးတွေဟာ ရေလျှံမှုမဖြစ်အောင်ကာကွယ်ပေးပြီး ရေတက်တဲ့အချိန် ရေလျှံတဲ့အ ချိန်တွေမှာ တောင်မှေ၇တွေဟာ ပုံမှန်အတိုင်း ဒီရေလွှဲလမ်းကြောင်းထဲကို စီးဝင်နိုင်ပါတယ် ။




အချို့အပေါက်ကြီးတွေဟာ ခေါင်းလောင်းကို ပြောင်းပြန်လှန်သကဲ့သို့ တည်ဆောက်ထားတာဖြစ်ပြီး အရပ် မျက်နှာ အကုန်လုံးက ရေတွေဟာ ညီတူညီမျှ စီးဝင်နိုင်ပါတယ် ။ အချို့ အလွန်အေးတဲ့ဒေသတွေမှာဆို ဒီ အ ပေါက် ကြီးတွေကို ရေမခဲသွားစေဖို့ ရေခဲခြင်းကို ကာကွယ်နိုင်တဲ့ အရာ (Ice - Breaking arrangements) တွေ နဲ့ ပြုလုပ်ထားရပါတယ် ။ ဒီအပေါက်ကြီးကို ရေတွေခဲပြီး ပိတ်ဆို့သွားခြင်းမှ ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ် ။



England နိုင်ငံ Derbyshire မှ အပေါ်ဖက် Derwent တောင်ကြားမှ ရေလှောင်တမံမှ ပုံများဖြစ်ပါတယ် ။ ဒီရေ လှောင်တမံဟာ ၀ိုင် (Y) ပုံသဏ္ဍာန်ရှိပြီး Ashop မြစ်ဟာ ဒီရေလှောင်တမံထဲကို အနောက်ဖက်မှ စီးဝင်ပါတယ် ။ Derwent မြစ်က တောင်ဖက်မှစီးဝင်ပြီး Howden ရေလှောင်တမံကို ဖြတ်သန်းပြီးလာခြင်းဖြစ်ပါတယ် ။ ပြီးမှ Derwent ရေလှောင်တမံကို ဖြတ်ပြီး နောက်ဆုံး Ladybower ရေလှောင်တမံထဲကို စီးဝင်ပါတယ် ။ အရှည် ကတော့ ၃ မိုင်ရှိပြီး အဲဒီရေလှောင်တမံတည်ဆောက်တဲ့အချိန်က ၁၉၄၃ ခုနှစ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ အကြီး ဆုံးရေလှောင်တမံဖြစ်ခဲ့ပါတယ် ။



Monticello ဆည်ကတော့ ကန်တစ်ခုဖြစ်ပြီး California နိုင်ငံ Napa မြို့မှာတည်ရှိပါတယ် ။ ၁၉၅၃ နဲ့ ၁၉၅၇ ကြားမှာတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။ အမြင့်ပေ ၂၀၄ ပေ၇ှိပြီး အရှည်ကတော့ ၁၀၂၃ ပေရှိပါတယ် ။ ကယ်လီဖိုးနီးယားမှာရှိတဲ့ ဒုတိယအကြီးဆုံးကန်ကြီးလည်း ဖြစ်ပါတယ် ။












သက်တန့်ချို
19 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ထူးထူးဆန်းဆန်းလေးတွေကို သေသေချာချာ
    ရှာပြီးတင်ပေးထားတာကျေးဇူးပဲ တချို့ပုံလေး
    တွေကူးပြီးသွားတယ် သူငယ်ချင်းတွေကိုပြရ
    အောင်လို့ ရေထဲမှာအပေါက်တွေရှိနေမယ်
    တစ်ခါမှကိုမထင်ဖူးဘူး.. ထူးဆန်းပါပေ့ဆရာ
    တွတ်ရယ်..

    ReplyDelete
  2. အဲ့ တွင်းထဲ ကျသွားခဲ့ ရင်ဆိုပြီး
    မဆီမဆိုင် ထိတ်လန့် သွားသေးတယ် :)
    ထူးထူးဆန်းဆန်းလေးတွေ ဝေမျှပေးတာ ကျေးဇူးပါအကိုတော် ... :P

    ReplyDelete
  3. ထူးဆန်းဖွယ်ရာလေးတွေမြင်လိုက်ရလို့ ကျေးဇူး
    မြန်မာပြည်က ဆည်တွေ ဒီလိုလုပ်ရင်ကောင်းမယ်နော်
    ဒါမှရေများလို့ ဆည်ကျိုးပေါက်တာတွေ မဖြစ်မှာလေ..
    အတုယူစရာလေးတွေဆို ယူသင့်တယ်မဟုတ်လား

    ReplyDelete
  4. အော် .. အဲ့ဒါ မြန်မာလို ရေပိုလွဲလို့ခေါ်တယ် .. ဘာမှ မထူးဆန်းဘူး ဆည်တိုင်းမှာရှိတယ် ...
    ပုံစံကွာတာဘဲရှိတယ် ..

    ReplyDelete
  5. အမည်မသိသတ္တ၀ါတစ်ကောင်အဲဒီထဲကျသွားစေချင်တာ....ကန်ချလိုက်မယ်

    ReplyDelete