Friday, May 28, 2010

ရုရှားစစ်သားတွေရှာတွေ့ခဲ့တဲ့ ထူးဆန်းသောသတ္တ၀ါ

ရုရှားစစ်သားတွေရှာတွေ့ခဲ့တဲ့ ထူးဆန်းသောသတ္တ၀ါ


Sakhalin Shoreline မှာ ရုရှားစစ်သားတွေဟာ အမည်မသိ သတ္တ၀ါတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ Sakhalin ဧရိယာဟာ ဂျပန်နိုင်ငံနားမှာတည်ရှိပြီး ရုရှားနိုင်ငံရဲ့ အရှေ့ဖက်အကျဆုံး နေရာ တစ်ခု လည်းဖြစ် ပါတယ် ။ ဒါ့အပြင် Moscow မှလည်း အရှေ့ဖက်ကို မိုင် ၅၀၀၀ လောက်ဝေးတဲ့နေရာလည်းဖြစ်ပါတယ် ။ လူတွေ ကတော့ ဒီသတ္တ၀ါဟာ ဘာကောင်ဖြစ်မယ်ဆိုတာ မသိကြပါဘူး ။ အရိုး နဲ့သွားတွေအရတော့ ဒီကောင်ဟာ ငါးတစ်ကောင်မဟုတ်ဘူးလို့တော့ ပြောနိုင်ပါတယ် ။ သူ့ရဲ့ အရိုးဖွဲ့စည်းပုံအရ ဒါဟာ မိချောင်း (သို့မဟုတ်) ဖွတ် တစ်ကောင်လည်းမဟုတ်ပါဘူး ။ သူ့မှာ သားမွှေးတွေနဲ့ အမွှေးတွေပါရှိတဲ့ အရေခွံပါရှိပါတယ် ။ အဲဒီအမည် မသိသတ္တ၀ါကောင်ကို ရုရှားနိုင်ငံကို အထူးလုပ်ဆောင်ချက်အနေနဲ့ နက်ရှိုင်းတဲ့လေ့လာမှုတွေပြုလုပ်ဖို့ သယ်ဆောင်သွားခဲ့ပါတယ် ။ ပြီးတော့ ကျွန်တော်တို့ဟာ ဒီကောင်ကြီးကို သူတို့ သယ်ယူမသွားခင် ဓါတ်ပုံရိုက် ထားနိုင်ခဲ့တဲ့အတွက် အမည်မသိသတ္တ၀ါကို ပထမဆုံး လေ့လာခွင့်ရတဲ့ ကံကောင်း တဲ့သူများ ဖြစ်ပါတယ် ။






သက်တန့်ချို
28 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. ဘာကောင်မှန်းမသိတဲ့ အကောင်ကြီးကလည်း ကြောက်စရာကြီး

    ReplyDelete
  2. ထူးထူးဆန်းဆန်းတွေ မြင်ရတွေ့ ရတာ
    အံ့ သြစရာပဲ ...
    ဘာမှန်းမသိတဲ့ အကောင်ကြီးက ကြောက်စရာကြီးနော်

    ခင်မင်စွာနဲ့ 

    ညီမငယ်

    ပန်းခင်း

    ReplyDelete
  3. ခုတလော...ဘာမှန်းမသိတဲ့ အကောင်တွေ တွေ့ တွေ့ နေတယ်လို့ ဘလော့တော်တော်များများမှာ ဖတ်ရပါတယ်...ပုံတွေမြင်ရတော့ လန့် လန့် သွားတယ်..ဟို သိပ္ပံပညာရှင်ပြောသလို ကမ္ဘာမြေကို ဂြိုဟ်သားတွေများ လာတော့မှာလား မသိဘူးနော်...

    ReplyDelete
  4. ကြောက်စရာကြီးး ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  5. ကောင်းထက်January 5, 2012 at 9:50 PM

    အဲဒါ....အသေလားဟင်

    ReplyDelete
  6. ဟုတ်ဖူး အရိုးတွေနဲ့ဆိုတော့ အ၇ှင်ပေါ့ကွ။။

    ReplyDelete
  7. This could be a crocodile

    ReplyDelete
  8. အဲဒါအရှင်လားမေးတဲ့သူကရှိသေးတယ် xD

    ReplyDelete