Thursday, April 1, 2010

အိန္ဒိယနိုင်ငံမှ ဆက်လက်ကြီးထွားနေသော သက်ရှိတံတား

အိန္ဒိယနိုင်ငံမှ ဆက်လက်ကြီးထွားနေသော သက်ရှိတံတား


ယနေ့လို ခေတ်ကြီးထဲမှာ ကိရိယာ တန်ဆာပလာမပါပဲနဲ့ လူတွေအတွက် အသေးငယ်ဆုံး တံတားလေးတစ်ခု တည်ဆောက် မယ်ဆိုရင်တောင်မှ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး ။ သဘာဝတရားကြီးက ကျွန် တော် တို့ကို အံ့သြဖွယ်ရာတွေ ဆောင်ယူလာပေးပါတယ် ။ အိန္ဒိယနိုင်ငံမှ မိုးသစ်တောတွေထဲမှာ သဘာဝ အ လျောက်ရှင်သန်ကြီးထွားနေတဲ့ တံတားတစ်စင်းကို ဖော်ပြပေးလိုက်ပါတယ် ။







အိန္ဒိယမှ Cherraphunji , Meghalaya မှာ သဘာဝအလျောက် ရှင်သန်ကြီးထွားနေတဲ့ သက်ရှိတံတားရဲ့ ပုံတွေ ကို သင်တွေ့မြင်နိုင်ပါတယ် ။ Ficus elastica ဆိုတာကတော့ သဘာဝအလျောက် ဒုတိယအမြစ် (secondary roots) တွေကို ပွားများစေတဲ့ အပင်တစ်မျိုး ဖြစ်ပြီး အဲဒီအပင်တွေ စုပေါင်းခြင်းအားဖြင့် တံတားတစ်စင်း ဖြစ်ပေါ် နေတာကို အံ့သြဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ် ။ အချို့သော လူမျိုးစုတွေဟာ မိုးရသီ ရေလွှမ်းမှုတွေနဲ့ ကြုံတွေ့ ရတဲ့အခါ ဒီအပင်တွေကို အသုံးပြုပြီး တကယ့်တံတား ဖြစ်အောင်လည်း ပြုလုပ်ကြပါသေးတယ် ။

စာရေးသူ.....သက်တန့်ချို (၁.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. အဲ့ဒါ နွယ်တွေ မလားး ..
    ရုပ်ရှင်တွေထဲကလို
    ကိုယ်တံတားဖြတ်တဲ့အချိန်
    လာပြီး ပတ်လိုက်လို့ကတော့ .. >>>

    ReplyDelete
  2. သက်တန့် ချိုရေ တံတားတွေဆို စိတ်ဝင်စားတတ်သူမို့ သေချာဖတ်သွားတယ်

    ReplyDelete
  3. သဘာဝတရားဆန်းကျယ်ပုံကိုလေ့လာသွားတယ်ဗျို့...
    လှမှလှပဲ...

    ReplyDelete
  4. snwchitthu88@gmail.comMarch 20, 2012 at 1:51 PM

    ကိုသက်တန့်တံတားကအရမ်းမိုက်တယ်နော်
    တစ်ခါမှမမြင်ဘူးသေးဘူးနောက်တစ်ခေါက်ထပ်
    ကြည့်လိုက်ဦးမယ်သိလား

    ReplyDelete