Thursday, April 8, 2010

ပင်လယ်ပြင်မှ ရေသရဲများ (အပိုင်း ၂)

ပင်လယ်ပြင်မှ ရေသရဲများ (အပိုင်း ၂)

အပိုင်း (၁) ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ် ။

ပင်လယ်ကမ်းခြေမှာ သင့်ရဲ့ အားလပ်ရက်ကို ကုန်ဆုံးစေခြင်းနဲ့ ပင်လယ်ပြင်မှာ ရေကူးခတ်ခြင်းတို့ဟာ အားလပ် ရက်မှာ ပျော်ရွှင်စေဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ် ။ ပင်လယ်ပြင်ဟာ ကျွန်တော်တို့အတွက်တော့ အရမ်းကို ကောင်းမွန်ပြီး ဘဘာဝအလှတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ် ။ ပင်လယ်ထဲမှာ သင်ဟာ ပင်လယ် ပြင်ရဲ့ အံ့သြဖွယ်ရာ ဗဟုသုတတွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ် ။ ဒါပေမယ့် တစ်ချိန်ချိန် တစ်နေရာရာမှာတော့ ဒီစိတ်လှုပ်ရှားဖွယ်ရာ ကြောက်မက်ဖွယ် ရေသရဲတွေကို သင် တွေ့မြင်နိုင်ပါတယ် ။

သူတို့တွေထဲက အချို့ဟာ တကယ်ပဲ ချွန်ထက်ပါးလွှာတဲ့ သွားတွေရှိပြီး သူတို့ရဲ့ အဆိပ်တွေနဲ့ သင့်ကို မိနစ်ပိုင်း အတွင်း သေစေအောင်စွမ်းဆောင်နိုင်ပါတယ် ။ တစ်ချို့ ရေသရဲတွေကတော့ တကယ့်ကို တစ္ဆေဇတ်ကား တွေ ထဲက ဇတ်ကောင်တွေနဲ့ ဆင်တူလှပါတယ် ။ သင်ဟာ ပင်လယ်ထဲကို ရောက်ရှိနေတယ်ဆိုရင်တော့ သူတို့နဲ့ မတွေ့ ခင် သင့်ကိုယ်သင် ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်းကို ကြိုတင်ကြံဆထားပါ ။


ကြီးမားတဲ့ သွားကြီးတွေဟာ ချွန်ထက်လှပြီး ဒီငါးတွေကို La Sabina လို့ခေါ်ကြပါတယ် ။ ဒီကောင်တွေဟာ ရေ နက်ပိုင်း မှာ နေလေ့ရှိပြီး အသားစားငါးတွေ ဖြစ်ပါတယ် ။ သူတို့ရဲ့ သွားတွေက 15 cm လောက်ရှည်ပါတယ် ။

ဒီကောင်ကတော့ ချွန်မြတဲ့သွားတွေပါရှိပြီး ပင်လယ်ရေနက်ကြမ်းပြင်မှာ ကျက်စားလေ့ရှိပြီး ကြောက်မက်စရာ ဒီငါး ကို Anglerfish လို့ခေါ်ကြပါတယ်။

အရွယ်အစားကတော့ ဂေါ့ဖ် ဘောလုံးစာလောက်ပဲ ရှိပေမယ့် ဒီကောင်က အမှန်တကယ်ပဲ အဆိပ်ပြင်းတဲ့ သတ္တ၀ါ ဖြစ်ပါတယ် ။ သူ့ရစ်ခြစ်ရာလေးတစ်ခုက လူတစ်ယောက်ကို သေစေနိုင်ပြီး ယခုချိန်ထိ ဖြေဆေး မရှိသေး ပါဘူး ။

ဒီသရဲငါးကတော့ အေးမြတဲ့ ရေနက်ပိုင်းမှာ အနေများပါတယ် ။ သူတို့နဲ့ မျက်နှာချင်းဆိုင်ကြည့်ဖို့ဆိုတာ အလွန်ရ ခဲတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ပင်လယ်ရေအောက်အနက် မီတာ ၅၀၀၀ လောက်မှာ နေထိုင်ကြလို့ပါပဲ ။

အလွန် အစွမ်းထက်တဲ့ အသားစားဝေလငါးတွေက ငါးတွေ ပင်လယ်ကောင်တွေနဲ့ ငါးမန်းကောင်တွေကိုတောင် စား သောက်ပါတယ် ။

ထင်ရှားတဲ့ လေ့လာမှုတွေအရ coelacanths တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ မီလီယံလောက်ကတည်းက ရှိနေခဲ့ တာပါ ။ ဒီငါးကို ၁၉၈၃ ခုနှစ်ကမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာပါ ။

အဆိပ်ဘုရင်လို့ တင်စားခေါ်ဝေါ်လောက်တဲ့ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးကောင်ကတော့ Borodavchatka ဆိုတဲ့ ရေသတ္တ၀ါပဲ ဖြစ်ပါတယ် ။ သူဟာ တခါတရံ ပင်လယ် ရေအောက်ကြမ်းပြင်နဲ့ ရောနှောနေတတ်ပါတယ် ။ ဒါပေမယ့် သင်ဟာ သူနဲ့ သွားထိလိုက်တယ်ဆိုတာနဲ့ သင့်ကို ကိုယ်တစ်ခြမ်းသေစေပြီး အသက်ပါ ဆုံးရှုံး တဲ့အထိ ဖြစ်စေနိုင်ပါတယ် ။

ကြီးမားလှတဲ့ ထူးဆန်းသော squid တွေကို သိရှိသူနည်းပါးလှပါတယ် ။ ကျောက်မီးသွေးလို မဲနက်တဲ့ ရေမျက်နှာ ပြင်တွေမှာ အနေများပြီး အထူးသဖြင့် Pacific Ocean မှာ တွေ့ရတတ်ပါတယ် ။ ဟိုးရှေးယခင်က သဘောင်္သား တွေခဏခဏ ကြုံတွေ့ရတဲ့ ဒဏ္ဍာရီတွေကြောင့် ဒီsquid တွေနဲ့ ကြုံတွေရရင် ထွက်ပြေးရလေ့ရှိပြီး သင်္ဘောတွေ ကိုတောင် နှစ်မြှုပ်ပစ်လေ့ ရှိတယ်လို့ သိရပါတယ် ။ တကယ်တော့ ဒီကောင်တွေဟာ အရှည်က ၁၈ မီတာ ရှိပြီး ကိုယ်အလေးချိန်က ၉၀၀ ကီလိုဂရမ်လေးပါတယ် ။

ပင်လယ်ထဲမှာ ရှိတဲ့ ဂဏန်းဘုရင်ဟာ အလွန်ကို ကြီးမားလှပါတယ် ။ အရှည်က ၁.၅ မီတာ ရှိပြီး အလေးချိန်က ၁၀ ကီလိုဂရမ်လေးပါတယ် ။

ပင်လယ်ထဲမှာ အကြီးဆုံးလို့ တင်စားရတဲ့ ဒီ Sperm whale ဟာ ချွန်ထက်တဲ့သွားတွေ ပါရှိပါတယ် ။ အကောင်ကြီး တွေက ၁၈ မီတာထိအောင် ကြီးထွားနိုင်ကြပါတယ် ။

စာရေးသူ......သက်တန့်ချို (၈.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ရေသရဲလား ၊ ငါးသရဲလားး)))

    ReplyDelete
  2. စိတ်ဝင်စားဖို့ ကောင်းတဲ့သတ္တဝါတွေပဲနော်။ မျှဝေတာ ကျေးဇူးတင်ပါတယ် သက်တန့်ရေ။

    ReplyDelete
  3. ကုသိုလ်ကံကိုက ဆိုးပါတယ်...ငါးဖြစ်တာတောင်...ဆိုးလိုက်တဲ့ရုပ်....

    ReplyDelete